သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်" - ဥရောပသမဂ္ဂ


ဖားကန့်ဒေသက ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်ပုံ၊ ၂၉ ဧပြီ ၂၀၂၁။
ဖားကန့်ဒေသက ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်ပုံ၊ ၂၉ ဧပြီ ၂၀၂၁။

(Zawgyi/Unicode)

ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာလူထုနဲ့အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်သလို လူသားချင်းစာနာမှု အကူအညီတွေလည်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ကြောင်းနဲ့ ဒီနှစ်ထဲမှာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက မြန်မာအတွက် ယူရိုငွေ သန်း ၂၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်နိုင်ဖို့အရေး ကူညီထောက်ပံ့သွားဖို့ အီးယူအနေနဲ့ အဆင်သင့် ရှိနေကြောင်းနဲ့ လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတွင်းက သက်ဆိုင်ရာအဖွဲ့တွေ ပါဝင်ပြီး ဆွေးနွေး အဖြေရှာနိုင်အောင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံက ဦးဆောင်ကြိုးပမ်းနေတာကိုလည်း အီးယူက ထောက်ခံတဲ့အကြောင်း ဥရောပကောင်စီက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ် ။မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည် ထွန်းကားလာဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းနေကြသူ အားလုံးနဲ့အတူ ရပ်တည်နေတဲ့အကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒီမိုကရေစီ အင်အားစုတွေကို ကြိုဆိုကြောင်းလည်း ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်အကြီးတန်းအရာရှိကြီး တွေနဲ့ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းရာမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေ အပေါ် အီးယူရဲ့ အရေးယူဒဏ်ခတ်မှုကို သက်တမ်း တနှစ်တိုးလိုက်အပြီး နောက်တရက် ဒီကနေ့မှာပဲ EU ထိပ်တန်းတာဝန်ရှိသူတဦးရဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။
မြန်မာအပေါ် အီးယူက ဒဏ်ခတ်အရေးယူထားသူ စာရင်းကိုတော့ အီးယူက အမြဲတမ်း ပြန်လှန်သုံးသပ်နေတာဖြစ်ပြီး နောက်ထပ်အရေးယူရမယ့်သူတွေ့ရင် စာရင်းထဲထပ်ဖြည့်မှာဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖော်ဝါရီလကတည်းက သတိပေးထားပါတယ်

...

(Unicode)


XS
SM
MD
LG