သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန္႔က်င္ေရး ျပည္ပေရာက္ျမန္မာေတြ ဆႏၵျပလႈပ္ရွား


ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္ သမၼတအိမ္ျဖဴေတာ္နား ကြင္းျပင္မွာ ေမလ၁)ရက္ ျမန္မာမ်ားရဲ႕ ေႏြဦးေတာ္လွန္းေရး ဒုတိယလႈိင္း ဆႏၵျပပဲြ။ photo - KMSM

[[ Zawgyi / Unicode ]]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာ ၃ လျပည့္လာတဲ့ အခ်ိန္မွာပဲ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ျပည္တြင္း၊ ျပည္ပမွာ ဆက္လက္ ေပၚေပါက္ေနဆဲ ျဖစ္ပါတယ္။ စေနေန႔ကလည္း အေမရိကန္၊ ဥေရာပနဲ႔ အာရွႏုိင္ငံေတြက ျမန္မာ့အေရး လႈပ္ရွားသူေတြ ကမာၻလုံးဆုိင္ရာ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈအျဖစ္ စုေ၀းဆႏၵျပခဲ့ၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္က ျမန္မာစစ္သံရုံးေရွ႕မွာ လူရာခ်ီ စုေဝးခ်ီတက္ၿပီး စစ္အာဏာရွင္စနစ္ အဆုံးသတ္ေရးအတြက္ဆိုၿပီး ေမလ(၁)ရက္ စေနေန႔က ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပဲြမွာ ပါဝင္တဲ့ ဝါရင့္ႏိုင္ငံေရးသမား ဦးေအာင္ေစာဦးကေတာ့ ခုခ်ိန္ဟာ ျပည္တြင္းျပည္ပ ျမန္မာျပည္သူေတြ အညီညြတ္ဆုံးအခ်ိန္ ျဖစ္တယ္လို႔ ဆိုပါတယ္။

" ဒီေန႔တုိက္ပဲြဟာ အၾကမ္းဖက္ စစ္ေကာင္စီကေန တိုက္ပဲြပုံသ႑န္ကို ျပဌာန္းလုိက္တဲ့အတြက္ လူထုက ၿမဳိ႕ျပ လက္နက္ကိုင္ တုိက္ပဲြပုံသ႑န္ ေျပာင္းသြားၿပီလို႔ အဲဒါကို က်ေနာ္တို႔ အဓိကထား ေျပာတာပါ။ ကုိယ္က ဘယ္လိုပဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပခ်င္တယ္ ျဖစ္ပါေစ သူတို႔ဖက္က အဲဒီလို ဆန္႔က်င္လာတဲ့အတြက္ က်ေနာ္တုိ႔က မိမိကုိယ္ကို ခုခံပိုင္ခြင့္ရွိတယ္ဆိုတဲ့ အေနနဲ႔ ဒီတိုက္ပဲြကို ေဖၚေဆာင္ၾကတာျဖစ္တယ္။ ေနာက္တခ်က္က ေဖေဖၚဝါရီ (၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းလုိက္ျခင္းဟာ စစ္အာဏာရွင္ စနစ္ရဲ႕ နိဂံုးပုိင္းရဲ႕ အဖြင့္အစပဲ ျဖစ္တယ္.. သူတို႔ က်ဆုံးသြားၿပီလုိ႔ က်ေနာ္တို႔က အဲဒီလုိပဲ ေျပာခ်င္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီတုိက္ပဲြဟာ လူထုအားလုံး ပါလာတဲ့တိုက္ပဲြျဖစ္တယ္။ အားလုံးကလည္း ခိုင္မာတဲ့ သႏၷိ႒ာန္ေတြ ခ်ထားၿပီးၿပီ ျဖစ္တဲ့အတြက္ ဒီကေန႔ ျပည္သူလူထု တရပ္လုံးက စစ္အာဏာရွင္စနစ္ကို အျမစ္ကပါ လွန္ၿပီးေတာ့မွ ေျမျမႇုပ္သၿဂၤဳိလ္ပစ္မယ့္ တုိက္ပဲြလည္း ျဖစ္တယ္။ ဒါဟာ ေနာက္ဆုံးတိုက္ပဲြနဲ႔ အဆုံးအျဖတ္ တိုက္ပဲြျဖစ္တယ္လို႔ အဲဒီလုိ ေျပာခ်င္ပါတယ္။ "

DC protest
DC protest

ဝါရွင္တန္ဒီစီ နည္းတူ ကယ္လီဖိုးနီးယားျပည္နယ္ L.A ေလာ့စ္အိန္းဂ်လိစ္ၿမဳိ႕က ျမန္မာမိသားစုေတြကလည္း ျပည္တြင္းျမန္မာျပည္သားေတြနဲ႔ ထပ္တူ ရပ္တည္သြားမွာ ျဖစ္ေၾကာင္း စေနေန႔က ဆႏၵထုတ္ေဖၚခဲ့ၾကတယ္လို႔ မသဲြ႔သဲြ႔ခင္က ေျပာပါတယ္။

" ဒီေန႔လုပ္တဲ့ ပဲြကေတာ့ က်မတို႔ရဲ႕ ေႏြဦးေတာ္လွန္ေရးကို ေနာက္တခါ ထပ္ေလာင္းၿပီး အားသစ္ျဖည့္တဲ့အေနနဲ႔ တကမၻာလုံးဆိုင္ရာ လုပ္တဲ့ပဲြပါ။ က်မတို႔ ျမန္မာျပည္တြင္းမွာ ျဖစ္ေနတာက အားလုံးလည္း သိတဲ့အတုိင္းပဲ တကယ့္ကို အဓမၼခံေနရတာဆိုေတာ့ ၊ လူတန္းစားအလႊာ အသီးသီးကလည္း ဒါႀကီးကို တိုက္ထုတ္ဖို႔အတြက္ စိတ္အားထက္သန္ေနၾကတယ္။ က်မတို႔ ဒီ L.A မိသားစုေတြ အားလုံးကလည္း ဒီကိစၥကို တကယ္ပဲ တုိက္ထုတ္ခ်င္ၾကတယ္။ အဓိကေတာ့ ျပည္တြင္းမွာရိွတဲ့ ေသြးခ်င္းညီေနာင္ေတြ သူတုိ႔ဟာဆုိရင္ ဒုကၡေတြကို ထိပ္တိုက္ တကယ့္ကို ခံစားေနရတယ္၊ အႏၱရာယ္ေတြကို ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ သူတို႔ကို အားမပ်က္ ေစခ်င္ဘူး။ သူတို႔အတြက္ ေနာက္ကေနၿပီးေတာ့ က်မတို႔တေတြက အျမဲတမ္းပဲ ရပ္တည္ေနတယ္ဆိုတာ သိေစခ်င္တဲ့ အတြက္ေၾကာင့္မို႔လုိ႔ က်မတို႔ ဒီေန႔ ဆႏၵျပရျခင္းျဖစ္ပါတယ္။ "

မက္ဆာခ်ဴးဆက္ျပည္နယ္ ေဘာ့စတြန္ၿမဳိ႕မွာေတာ့ ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ ေစ်းေရာင္းပဲြလုပ္ခဲ့ၿပီး အေမရိကန္ေတြေရာ ျမန္မာေတြပါ လူရာေက်ာ္ လာေရာက္အားေပးခဲ့တယ္လို႔ ေဘာ္စတြန္ၿမဳိ႕ခံ ကိုတူးက ေျပာပါတယ္။

" က်ေနာ္တို႔ ေဘာ္စတြန္ကေတာ့ ဒီ ျမန္မာျပည္အတြင္းမွာ လႈပ္ရွားေနတဲ့ ေႏြဦးေတာ္လွန္ေရးကုိ ေထာက္ပံ့ဖို႔အတြက္ ေစ်းေရာင္းပဲြ လုပ္ၾကတာပါ။ ေစ်းေရာင္းပဲြမွာ ဗမာအစားအေသာက္ေတြ အစုံပါပဲ။ ေႏြဦးေတာ္လွန္ေရး တီရွပ္ေတြရယ္၊ ဒန္ေပါက္၊ ျမီးရွည္ ရွမ္းေခါက္ဆဲြ အစားအစာ အမ်ဳိး ၂၀ ေလာက္ရွိမယ္။ လာတဲ့လူက အေတာ္မ်ားတယ္။ အရမ္း အားရဖို႔ေကာင္းတယ္။ လူက အရမ္းလာေတာ့ ၄၅ မိနစ္ေလာက္အတြင္းမွာ အေစာႀကီးပဲ ေရာင္းကုန္သြားတယ္။ ေစ်းေရာင္းထြက္သူ ဆုိင္(၂၀)ေလာက္ရွိမယ္။ ရန္ပုံေငြလည္း အေတာ္ေလးရမွာပါ။ ခုေတာ့ မေရတြက္ရေသးဘူး။ ရလာတဲ့ ေငြေတြကို CRPH ရယ္၊ NUG ရယ္ ၿပီးရင္ တုိင္းရင္းသား စစ္ေဘးေရွာင္ေတြကို ေပးပို႔လွဴဒါန္းသြားဖို႔ စီစဥ္ထားပါတယ္။ "

ေဘာ့စတြန္ၿမဳိ႕က ရန္ပုံေငြ ေစ်းေရာင္းပဲြ
ေဘာ့စတြန္ၿမဳိ႕က ရန္ပုံေငြ ေစ်းေရာင္းပဲြ

အေမရိကန္ႏိုင္ငံတြင္း နယူးေယာက္ၿမဳိ႕နဲ႔ ဆန္ဖရန္စစၥကိုၿမဳိ႕ေတြမွာလည္း ေႏြဦးေတာ္လွန္ေရး ဒုတိယလႈိင္း လႈပ္ရွားမႈကို စေနေန႔က လုပ္ခဲ့ၾကပါတယ္။

တုိက်ဳိၿမဳိ႕က ကမၻာလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရး ဆႏၵျပပဲြ (photo - Sai Lin)
တုိက်ဳိၿမဳိ႕က ကမၻာလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရး ဆႏၵျပပဲြ (photo - Sai Lin)

အာရွတုိက္ထဲက ဂ်ပန္ႏိုင္ငံမွာေတာ့ တုိက်ဳိၿမဳိ႕က ကုလသမဂၢဆိုင္ရာ အေဆာက္အဦ ေရွ႕မွာ ျမန္မာႏိုင္ငံသားေတြေရာ ဂ်ပန္လူမ်ဳိးေတြပါ ကုလသမဂၢအေနနဲ႔ ျမန္မာစစ္ေကာင္စီအေပၚ ထိေရာက္တဲ့ အေရးယူမႈေတြ ခ်မွတ္ေပးဖို႔ စေနေန႔က ေတာင္းဆိုခဲ့ၾကပါတယ္။ ျမန္မာ့ ဒီမုိကေရစီေရးေထာက္ခံတဲ့ ဂ်ပန္အလုပ္သမားေခါင္းေဆာင္တဦး ဆႏၵျပပဲြအတြင္း ေျပာတာကေတာ့ -

" ဒီမုိကေရစီေပၚထြန္းေရးအတြက္ ျမန္မာျပည္သူေတြကို ကုိယ္စားျပဳတဲ့ CRPH ေကာ္မတီ၊ NUG ၾကားကာလအစိုးရ ေတြကို ဂ်ပန္အစိုးရက အျမန္ဆုံး အသိအမွတ္ျပဳၿပီး ေဆြးေႏြးေဆာင္ရြက္မႈေတြလုပ္သြားႏိုင္ဖို႔ ဂ်ပန္အစိုးရကုိ က်ေနာ္တို႔ တိုက္တြန္းသြားမွာပါ။ ျမန္မာႏိုင္ငံတြင္း လက္ရွိ အဖမ္းဆီးခံေနရသူေတြအားလုံး အျမန္ဆုံး ျပန္လႊြတ္ေပးေရး၊ ျမန္မာႏိုင္ငံမွာ ဒီမုိကေရစီ ျပန္လည္ရရွိေရး၊ လြတ္လပ္စြာေနထိုင္ခြင့္ေတြ ခ်က္ခ်င္း ျပန္လည္ရရွိလာေစေရးအတြက္ ဂ်ပန္လူမ်ဳိးေတြအေနနဲ႔ ေထာက္ခံ ရပ္တည္သြားမွာပါ။ "

ဥေရာပတိုက္ထဲက နယ္သာလန္ႏိုင္ငံမွာေတာ့ နယ္သာလန္ႏိုင္ငံသားေတြ ယုံၾကည္မႈရွိၾကတဲ့ ပင္လယ္ကမ္းစပ္တခုနားက 'ေအာင္ေျမ' ေနရာကို သြားေရာက္ၿပီး ျမန္မာ့အေရးအတြက္ ဆႏၵထုတ္ေဖၚခဲ့ေၾကာင္း ကိုထင္လင္းက ေျပာပါတယ္။

" ဒီေန႔လုပ္တာက ႏွစ္ဖဲြ႔ရွိတယ္။ ပထမ တဖဲြ႔က ပိုစတာကမ္ပိန္းေတြလုပ္ၾကတယ္။ အဲဒီအဖြဲ႔က ဒီေန႔မနက္ ၁၀ နာရီ ၁၁ နာရီေလာက္မွာ နယ္သာလန္မွာ ထင္ေပၚေၾကာ္ၾကားတဲ့ ေျမာက္ပိုင္းက 'အ(ဖ္)စေလာက္ဒိုက္' ကမ္းေျခေပါ့။ ဒီပင္လယ္ႀကီးက ေရေတြကို တားႏိုင္ခဲ့တဲ့ ေနရာေပါ့ေနာ္။ ၁၉၁၃ ခုႏွစ္ေလာက္က နယ္သာလန္ ဒတ္ခ်္လူမ်ဳိးေတြဟာ ဒုိက္ေတြ ရႊံ႔ေတြကို တားႏိုင္ခဲ့တယ္ဆိုတဲ့ ေနရာႀကီးေပါ့ဗ်ာ ။ အဲဒီလို ရေအာင္တားႏိုင္ခဲ့လို႔ သူတို႔ရဲ႕ ေအာင္ေျမ ဆည္ႀကီးေပါ့ဗ်ာ။ ဒီေနရာဟာ ဒတ္ခ်္ေတြက ေရေတြကို တားႏိုင္ခဲ့သလိုပဲ ငါတို႔ျမန္မာေတြက စစ္အာဏာရွင္ကို တားႏုိင္ရမယ္ဆိုတဲ့ ယံုၾကည္မႈနဲ႔ေပါ့ ျပည္သူေတြ စိတ္ဓါတ္ မက်ပါနဲ႔ ၊ ငါတုိ႔ မင္းတို႔နဲ႔အတူ ရွိတယ္ဆိုတာမ်ဳိး ျပခ်င္လို႔ အဲဒီေနရာမွာ ပုိစတာကမ္းပိ္န္း သြားလုပ္ၾကတာပါ။ ေနာက္တဖြဲ႔က်ေတာ့ ေန႔လည္ ၂ နာရီေလာက္ကေနၿပီး ညေန ၄ နာေလာက္ထိေပါ့ ဒန္ဟတ္ျမိဳ႕ မာလီဘယ္ဆုိတဲ့ ကြင္းႀကီးမွာ ကမၻာလုံးဆုိင္ရာ လႈပ္ရွားမႈအျဖစ္ ဆႏၵသြားျပၾကတာပါ။ "

အလားတူ ဥေရာပတိုက္ထဲက ဘယ္လ္ဂ်ီယံႏိုင္ငံမွာလည္း ကမၻာလုံးဆုိင္ရာ ျမန္မာ့ေႏြဦး ေတာ္လွန္ေရးေန႔ လႈပ္ရွားမႈကို စေနေန႔က က်င္းပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


= = = = = = = = = = = = = = = = = = =

[[ Unicode ]]

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လပြည့်လာတဲ့ အချိန်မှာပဲ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ စနေနေ့ကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုအဖြစ် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာစစ်သံရုံးရှေ့မှာ လူရာချီ စုဝေးချီတက်ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက်ဆိုပြီး မေလ(၁)ရက် စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝါရင့်နိုင်ငံရေးသမား ဦးအောင်စောဦးကတော့ ခုချိန်ဟာ ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေ အညီညွတ်ဆုံးအချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

" ဒီနေ့တိုက်ပွဲဟာ အကြမ်းဖက် စစ်ကောင်စီကနေ တိုက်ပွဲပုံသဏ္ဍန်ကို ပြဌာန်းလိုက်တဲ့အတွက် လူထုက မြို့ပြ လက်နက်ကိုင် တိုက်ပွဲပုံသဏ္ဍန် ပြောင်းသွားပြီလို့ အဲဒါကို ကျနော်တို့ အဓိကထား ပြောတာပါ။ ကိုယ်က ဘယ်လိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်တယ် ဖြစ်ပါစေ သူတို့ဖက်က အဲဒီလို ဆန့်ကျင်လာတဲ့အတွက် ကျနော်တို့က မိမိကိုယ်ကို ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေနဲ့ ဒီတိုက်ပွဲကို ဖေါ်ဆောင်ကြတာဖြစ်တယ်။ နောက်တချက်က ဖေဖေါ်ဝါရီ (၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ စစ်အာဏာရှင် စနစ်ရဲ့ နိဂုံးပိုင်းရဲ့ အဖွင့်အစပဲ ဖြစ်တယ်.. သူတို့ ကျဆုံးသွားပြီလို့ ကျနော်တို့က အဲဒီလိုပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲဟာ လူထုအားလုံး ပါလာတဲ့တိုက်ပွဲဖြစ်တယ်။ အားလုံးကလည်း ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ ချထားပြီးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို အမြစ်ကပါ လှန်ပြီးတော့မှ မြေမြှုပ်သင်္ဂြိုလ်ပစ်မယ့် တိုက်ပွဲလည်း ဖြစ်တယ်။ ဒါဟာ နောက်ဆုံးတိုက်ပွဲနဲ့ အဆုံးအဖြတ် တိုက်ပွဲဖြစ်တယ်လို့ အဲဒီလို ပြောချင်ပါတယ်။ "

ဝါရှင်တန်ဒီစီ နည်းတူ ကယ်လီဖိုးနီးယားပြည်နယ် L.A လော့စ်အိန်းဂျလိစ်မြို့က မြန်မာမိသားစုတွေကလည်း ပြည်တွင်းမြန်မာပြည်သားတွေနဲ့ ထပ်တူ ရပ်တည်သွားမှာ ဖြစ်ကြောင်း စနေနေ့က ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်လို့ မသွဲ့သွဲ့ခင်က ပြောပါတယ်။

LA ေလာ့စ္အိမ္းဂ်လိဇ္က ျမန္မာ့ ေႏြဦးေတာ္လွန္ေရးလႈပ္ရွားမႈ (ေမ ၁ ရက္)
LA ေလာ့စ္အိမ္းဂ်လိဇ္က ျမန္မာ့ ေႏြဦးေတာ္လွန္ေရးလႈပ္ရွားမႈ (ေမ ၁ ရက္)

" ဒီနေ့လုပ်တဲ့ ပွဲကတော့ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးကို နောက်တခါ ထပ်လောင်းပြီး အားသစ်ဖြည့်တဲ့အနေနဲ့ တကမ္ဘာလုံးဆိုင်ရာ လုပ်တဲ့ပွဲပါ။ ကျမတို့ မြန်မာပြည်တွင်းမှာ ဖြစ်နေတာက အားလုံးလည်း သိတဲ့အတိုင်းပဲ တကယ့်ကို အဓမ္မခံနေရတာဆိုတော့ ၊ လူတန်းစားအလွှာ အသီးသီးကလည်း ဒါကြီးကို တိုက်ထုတ်ဖို့အတွက် စိတ်အားထက်သန်နေကြတယ်။ ကျမတို့ ဒီ L.A မိသားစုတွေ အားလုံးကလည်း ဒီကိစ္စကို တကယ်ပဲ တိုက်ထုတ်ချင်ကြတယ်။ အဓိကတော့ ပြည်တွင်းမှာရှိတဲ့ သွေးချင်းညီနောင်တွေ သူတို့ဟာဆိုရင် ဒုက္ခတွေကို ထိပ်တိုက် တကယ့်ကို ခံစားနေရတယ်၊ အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ သူတို့ကို အားမပျက် စေချင်ဘူး။ သူတို့အတွက် နောက်ကနေပြီးတော့ ကျမတို့တတွေက အမြဲတမ်းပဲ ရပ်တည်နေတယ်ဆိုတာ သိစေချင်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ ဒီနေ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။ "

မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာတော့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲလုပ်ခဲ့ပြီး အမေရိကန်တွေရော မြန်မာတွေပါ လူရာကျော် လာရောက်အားပေးခဲ့တယ်လို့ ဘော်စတွန်မြို့ခံ ကိုတူးက ပြောပါတယ်။

" ကျနော်တို့ ဘော်စတွန်ကတော့ ဒီ မြန်မာပြည်အတွင်းမှာ လှုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့အတွက် ဈေးရောင်းပွဲ လုပ်ကြတာပါ။ ဈေးရောင်းပွဲမှာ ဗမာအစားအသောက်တွေ အစုံပါပဲ။ နွေဦးတော်လှန်ရေး တီရှပ်တွေရယ်၊ ဒန်ပေါက်၊ မြီးရှည် ရှမ်းခေါက်ဆွဲ အစားအစာ အမျိုး ၂၀ လောက်ရှိမယ်။ လာတဲ့လူက အတော်များတယ်။ အရမ်း အားရဖို့ကောင်းတယ်။ လူက အရမ်းလာတော့ ၄၅ မိနစ်လောက်အတွင်းမှာ အစောကြီးပဲ ရောင်းကုန်သွားတယ်။ ဈေးရောင်းထွက်သူ ဆိုင်(၂၀)လောက်ရှိမယ်။ ရန်ပုံငွေလည်း အတော်လေးရမှာပါ။ ခုတော့ မရေတွက်ရသေးဘူး။ ရလာတဲ့ ငွေတွေကို CRPH ရယ်၊ NUG ရယ် ပြီးရင် တိုင်းရင်းသား စစ်ဘေးရှောင်တွေကို ပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ "

အမေရိကန်နိုင်ငံတွင်း နယူးယောက်မြို့နဲ့ ဆန်ဖရန်စစ္စကိုမြို့တွေမှာလည်း နွေဦးတော်လှန်ရေး ဒုတိယလှိုင်း လှုပ်ရှားမှုကို စနေနေ့က လုပ်ခဲ့ကြပါတယ်။

တုိက်ဳိၿမဳိ႕ ကုလသမဂၢ တကၠသိုလ္ေရွ႕ ဆႏၵျပပဲြ
တုိက်ဳိၿမဳိ႕ ကုလသမဂၢ တကၠသိုလ္ေရွ႕ ဆႏၵျပပဲြ

အာရှတိုက်ထဲက ဂျပန်နိုင်ငံမှာတော့ တိုကျိုမြို့က ကုလသမဂ္ဂဆိုင်ရာ အဆောက်အဦ ရှေ့မှာ မြန်မာနိုင်ငံသားတွေရော ဂျပန်လူမျိုးတွေပါ ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ စနေနေ့က တောင်းဆိုခဲ့ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးထောက်ခံတဲ့ ဂျပန်အလုပ်သမားခေါင်းဆောင်တဦး ဆန္ဒပြပွဲအတွင်း ပြောတာကတော့ -

" ဒီမိုကရေစီပေါ်ထွန်းရေးအတွက် မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ CRPH ကော်မတီ၊ NUG ကြားကာလအစိုးရ တွေကို ဂျပန်အစိုးရက အမြန်ဆုံး အသိအမှတ်ပြုပြီး ဆွေးနွေးဆောင်ရွက်မှုတွေလုပ်သွားနိုင်ဖို့ ဂျပန်အစိုးရကို ကျနော်တို့ တိုက်တွန်းသွားမှာပါ။ မြန်မာနိုင်ငံတွင်း လက်ရှိ အဖမ်းဆီးခံနေရသူတွေအားလုံး အမြန်ဆုံး ပြန်လွှွတ်ပေးရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ လွတ်လပ်စွာနေထိုင်ခွင့်တွေ ချက်ချင်း ပြန်လည်ရရှိလာစေရေးအတွက် ဂျပန်လူမျိုးတွေအနေနဲ့ ထောက်ခံ ရပ်တည်သွားမှာပါ။ "

ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံမှာတော့ နယ်သာလန်နိုင်ငံသားတွေ ယုံကြည်မှုရှိကြတဲ့ ပင်လယ်ကမ်းစပ်တခုနားက 'အောင်မြေ' နေရာကို သွားရောက်ပြီး မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း ကိုထင်လင်းက ပြောပါတယ်။

" ဒီနေ့လုပ်တာက နှစ်ဖွဲ့ရှိတယ်။ ပထမ တဖွဲ့က ပိုစတာကမ်ပိန်းတွေလုပ်ကြတယ်။ အဲဒီအဖွဲ့က ဒီနေ့မနက် ၁၀ နာရီ ၁၁ နာရီလောက်မှာ နယ်သာလန်မှာ ထင်ပေါ်ကြော်ကြားတဲ့ မြောက်ပိုင်းက 'အ(ဖ်)စလောက်ဒိုက်' ကမ်းခြေပေါ့။ ဒီပင်လယ်ကြီးက ရေတွေကို တားနိုင်ခဲ့တဲ့ နေရာပေါ့နော်။ ၁၉၁၃ ခုနှစ်လောက်က နယ်သာလန် ဒတ်ချ်လူမျိုးတွေဟာ ဒိုက်တွေ ရွှံ့တွေကို တားနိုင်ခဲ့တယ်ဆိုတဲ့ နေရာကြီးပေါ့ဗျာ ။ အဲဒီလို ရအောင်တားနိုင်ခဲ့လို့ သူတို့ရဲ့ အောင်မြေ ဆည်ကြီးပေါ့ဗျာ။ ဒီနေရာဟာ ဒတ်ချ်တွေက ရေတွေကို တားနိုင်ခဲ့သလိုပဲ ငါတို့မြန်မာတွေက စစ်အာဏာရှင်ကို တားနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ပေါ့ ပြည်သူတွေ စိတ်ဓါတ် မကျပါနဲ့ ၊ ငါတို့ မင်းတို့နဲ့အတူ ရှိတယ်ဆိုတာမျိုး ပြချင်လို့ အဲဒီနေရာမှာ ပိုစတာကမ်းပိန်း သွားလုပ်ကြတာပါ။ နောက်တဖွဲ့ကျတော့ နေ့လည် ၂ နာရီလောက်ကနေပြီး ညနေ ၄ နာလောက်ထိပေါ့ ဒန်ဟတ်မြို့ မာလီဘယ်ဆိုတဲ့ ကွင်းကြီးမှာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဆန္ဒသွားပြကြတာပါ။ "

နယ္သာလန္က ေအာင္ေျမမွာျပဳလုပ္တဲ့ ပိုစတာကမ္ပိန္း
နယ္သာလန္က ေအာင္ေျမမွာျပဳလုပ္တဲ့ ပိုစတာကမ္ပိန္း

အလားတူ ဥရောပတိုက်ထဲက ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ လှုပ်ရှားမှုကို စနေနေ့က ကျင်းပခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG