သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျပာေရာင္ အက်ႌဝတ္ လႈပ္ရွားမႈနဲ႔ ျမန္မာအႏွံ ဆႏၵျပ


အျပာေရာင္အက်ႌ၀တ္လႈပ္ရွားမႈနဲ႔ ျမန္မာအႏွံဆႏၵျပ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအနွံ႔မွာ စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈအျဖစ္ အျပာေရာင္ အကႌ်ဝတ္လႈပ္႐ွားမႈ Blue Shirt Campaign ကို ဒီကေန႔ဆင္ႏႊဲၾကပါတယ္။ အက်ဥ္းေထာင္ထဲမွာ ဝတ္ရတဲ့ အျပာေရာင္အိကႌ်ကိုပဲ အျပင္ထြက္တဲ့အထိ စြဲစြဲၿမဲၿမဲ၀တ္ခဲ့တဲ့ ႏုိင္ငံေရးအက်ဥ္းသားေဟာင္း၊ သတင္းစာဆရာႀကီး ဟံသာ၀တီဦး၀င္းတင္ ကြယ္လြန္ျခင္း ၇ႏွစ္ျပည့္ ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ စစ္ေကာင္စီက ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေရး ေတာင္းဆိုတဲ့အေနနဲ႔ ဒီလႈပ္ရွားမႈကို ဆင္ႏြြႊဲရတာလို႔ တက္ၾကြလႈပ္႐ွားသူေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို မဆုမြန္ ေျပာျပပါလိမ့္မယ္။

ႏိုင္ငံတဝန္း နယ္ေဒသအသီးသီးမွာ အက်ၤ ီအျပာေရာင္ဝတ္ဆင္ကာ လက္ဖဝါးမွာ မတရားအက်ဥ္းခ်ခံထားရသူေတြရဲ႕ အမည္ေတြ ေရးသားၿပီး ခ်က္ခ်င္းျပန္လႊတ္ေရးအတြက္ ေတာင္းဆို ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။

ရန္ကုန္မွာ လမ္းေပၚထြက္ ဆႏၵျပတာေတြက ေပ်ာက္ၾကားပုံစံမ်ိဳးရွိေနၿပီး ဒီရက္ပိုင္းအတြင္းမွာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာမွာ က်င္းပမယ့္ အာဆီယံအစည္းအေဝးနဲ႔ ပတ္သက္လို႔ ရန္ကုန္မွာ လမ္းေပၚထြက္ ဆႏၵျပမႈေတြရွိလာႏိုင္မယ္လို႔ ရန္ကုန္ အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္းမွာပါဝင္တဲ့ ေက်ာင္းသားတစ္ဦးက VOA ကိုေျပာပါတယ္။

“တစ္ခ်ိဳ႕က လမ္းေပၚထြက္ၾကတယ္။ တစ္ခ်ိဳ႕က Photo Campaign ေတြလုပ္ၾကပါတယ္။ သတင္းစာဆရာႀကီး ဟံသာဝတီဦးဝင္းတင္ ကြယ္လြန္တာ ၇ ႏွစ္ျပည့္ အထိမ္းအမွတ္နဲ႔ အျပာေရာင္ Shirt ေတြကို ဝတ္ၿပီး သူတို႔လြတ္ေစခ်င္တဲ့သူေတြကို နဖူးမွာေရးတာေသာ္လည္းေကာင္း၊ လက္မွာေရးတာေသာ္လည္းေကာင္း လုပ္ၾကပါတယ္ဗ်။ ရန္ကုန္လူထုက ၿငိမ္ေနပုံေတာ့မရပါဘူး။ အားယူေနပုံရပါတယ္။ တနည္းမဟုတ္တစ္နည္းနဲ႔ လမ္းေပၚျပန္ထြက္လာဖို႔ ရွိပါတယ္ခင္ဗ်။ အာဆီယံ အစည္းအေဝးလည္းးရွိတယ္ဆိုေတာ့ ဒီအစည္းအေဝးအတြက္ တစ္ခုခုလုပ္ၾကဖို႔ ရန္ကုန္လူထုက ရွိပါလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္ဗ်။”

အလားတူပဲ ေန႔စဥ္မျပတ္ သပိတ္စစ္ေၾကာင္း ခ်ီတက္ေနတဲ့ စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕မွာလည္း အျပာေရာင္အက်ၤ ီဝတ္ဆင္ၿပီး စစ္အာဏာသိမ္းဆန္႔က်င္လႈပ္ရွားမႈ ျပဳလုပ္ခဲ့ၾကပါတယ္။

မတရားဖမ္းဆီးခံထားရသူမ်ား ျပန္လြတ္ေျမာက္လာေစဖို႔နဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရးနဲ႔အတူ ဒီေန႔ ညေန ၄ နာရီမွာ မံုရြာပင္မသပိတ္စစ္ေၾကာင္း ခ်ီတက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတယ္လို႔ သပိတ္ဦးေဆာင္ေကာ္မတီ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္းအဖြဲ႕က ကိုဝင္းေဇာ္ခိုင္က ဗီြအိုေအကို ေျပာပါတယ္။

“ခ်ီတက္စနစ္လည္း ပါမယ္ခင္ဗ်၊ စု႐ုံး ေဟာေျပာျခင္းေတြ ဒီလက္နဲ႔ ကမ္းပိန္လုပ္တာလည္း ပါပါတယ္ခင္ဗ်၊ က်ေနာ္တို႔ရဲ႕ ေန႔စဥ္မပ်က္ထြက္တဲ့ ပင္မသပိတ္စစ္ေၾကာင္းရွိတယ္။ ပင္မသပိတ္နဲ႔အတူပဲ ဒီေန႔က အထူးအေနနဲ႔ က်ေနာ္တို႔က ဒီအျပာေရာင္လႈပ္ရွာမႈေပါ့ေနာ္၊ က်ေနာ္တို႔ရဲ႕ ျပည္သူလူထု မတရားဖမ္းခံထားရတဲ့ ျပည္သူလူထုအားလံုးကို လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့ဟာကို ထည့္သြင္းၿပီးေတာ့ လုပ္တာပါခင္ဗ်၊ ပံုမွန္အားျဖင့္ေတာ့ က်ေနာ္တို႔ ပင္မသပိတ္ကလည္း က်ေနာ္တို႔ ေန႔စဥ္မပ်က္ခ်ီတက္ႏိုင္ေအာင္လည္း က်ေနာ္တုိ႔ အျမဲတမ္းျပည္သူလူထုနဲ႔အတူဆက္လက္ၿပီးေတာ့မွာ ခ်ီတက္လ်က္ရွိပါတယ္။”

တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕မွာလည္း ဒီကေန႔မွာ အျပာေရာင္အက်ၤ ီဝတ္ၿပီး သပိတ္ေၾကာင္း ခ်ီတက္တာေတြလုပ္ခဲ့သလို လူမႈကြန္ယက္ေတြေပၚမွာ အျပာေရာင္အက်ီဝတ္ၿပီး အာဏာရွင္ဆန္႔က်င္ေၾကာင္းႏွင့္ မတရားဖမ္းဆီးခံရသူေတြကို လြတ္ေပးဖို႔ ေတာင္းဆိုတဲ့ ပုံေတြကို တင္ခဲ့ၾကပါတယ္။

ထားဝယ္မွာ မနက္ပိုင္းက အျပာေရာင္အက်ီဝတ္ၿပီး ခ်ီတက္ခဲ့ၾကတဲ့ သပိတ္စစ္ေၾကာင္းၿဖိဳခြဲခံရၿပီး ဖမ္းဆီးခံရမႈေတြ ရွိခဲ့ေပမယ့္ ညေနပိုင္းမွာ သပိတ္ေၾကာင္းထပ္ၿပီး ခ်ီတက္ခဲ့ၾကတယ္လို႔ ထားဝယ္ၿမိဳ႕ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက VOA ကို ေျပာပါတယ္။

“မနက္ကလည္း အျပာေရာင္အက်ီေတြဝတ္ၿပီးေတာ့ စစ္ေၾကာင္းမွာ လိုက္ပါၾကတယ္။ ညေနပိုင္း စစ္ေၾကာင္းမွာလည္း စစ္ေၾကာင္းမွာလိုက္မယ့္လူေတြအကုန္လုံးကို မေန႔ကတည္းက လူမႈကြန္ယက္ေပၚကေနၿပီးေတာ့ ေမတၱာရပ္ခံထားတယ္။ မနက္ျဖန္ထြက္မယ့္ စစ္ေၾကာင္းမွာ ဒီဟာကို Campaign သေဘာနဲ႔ လုပ္ၾကဖို႔။ အကုန္လုံး စစ္ေၾကာင္းမွာလိုက္ပါၾကတဲ့သူေတြက အျပာေရာင္အက်ီေတြဝတ္ၿပီးေတာ့ စစ္ေၾကာင္းခ်ီတက္ၾကတယ္။ အင္အားကေတာ့ ၁၅၀၊ ၂၀၀ ေလာက္ေပါ့။ ဘာလို႔လည္းဆိုေတာ့ မနက္ အင္ယာစစ္ေၾကာင္းၿဖိဳခြဲခံရၿပီးတဲ့ အခ်ိန္မွာ ညေနပိုင္းထြက္မယ့္ စစ္ေၾကာင္းက မနက္ပိုင္းက ဖမ္းဆီးတာေတြရွိခဲ့တဲ့အတြက္ေၾကာင့္မို႔ အင္အားက နည္းနည္းနည္းသြားတယ္။ၿပီးေတာ့ မူလက လုပ္မယ့္ ရပ္ကြက္၊ အစီအစဥ္ေတြလည္း ေျပာင္းလိုက္ရတယ္။ ၿပီးေတာ့ မူလစီစဥ္ထားတဲ့ ေနရာမဟုတ္ဘဲ တျခားေနရာမွာလုပ္ေတာ့ လူအင္အားေတာ့ နည္းသြားတာေပါ့။ အဲ့လိုေတာ့ ရွိတယ္။”

ဒီကေန႔ ဧၿပီ ၂၁ ရက္ေန႔ဟာ ျမန္မာႏုိင္ငံမွာ အာဏာရွင္အစုိးရအဆက္ဆက္ကုိ ေတာ္လွန္ တုိက္ပြဲ၀င္ခဲ့တဲ့ ႏိုင္ငံေရးအက်ဥ္သားေဟာင္း သတင္းစာဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္ကြယ္လြန္တာ ၇ ႏွစ္ျပည့္တဲ့ေန႔ျဖစ္တာေၾကာင့္ သူ႔ကို ေအာင္ေမ့ သတိရတဲ့အေနနဲ႔ အက်ၤ ီအျပာေရာင္ဝတ္ဆင္တဲ့ လႈပ္ရွားမႈကို ျပဳလုပ္တာလည္း ျဖစ္ပါတယ္။

ဟံသာဝတီ ဦး၀င္းတင္ဟာ ၁၉၈၈ ဒီမိုကေရစီ အေရးေတာ္ပုံေနာက္ပိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ စတင္တည္ေထာင္ရာမွာ ပါ၀င္ခဲ့ၿပီး၊ ပါတီအတြင္းေရးမႉး တာဝန္ကို ယူခဲ့ပါတယ္။ စစ္အစိုးရလက္ထက္ ၁၉၈၉ ကေန ၂၀၀၈ ခုႏွစ္ထိ ၁၉ ႏွစ္ၾကာ ေထာင္ဒဏ္က်ခံခဲ့ရပါတယ္။ အက်ဥ္းေထာင္ထဲမွာ ဝတ္ရတဲ့ အျပာေရာင္အက်ၤ ီကိုပဲ စြဲစြဲၿမဲၿမဲဝတ္ဆင္တဲ့ သူပါ။ အက်ဥ္းေထာင္က လြတ္ေျမာက္လာၿပီးမွာ NLD ပါတီနာယကအျဖစ္ ရပ္တည္ခဲ့တာပါ။ ေနာက္ပိုင္း ေဆးကုသမႈခံယူေနရင္း ၂၀၁၄ ခု ဧၿပီလ ၂၁ ရက္ေန႔ ရန္ကုန္ေဆး႐ုံႀကီးမွာ ကြယ္လြန္ခဲ့ပါတယ္။

ရန္ကုန္တိုင္း၊ တနသၤာရီတိုင္း ၊ စစ္ကိုင္းတိုင္း၊ ကခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္စတဲ့ ေနရာ ေဒသအသီးသီးမွာ အျပာေရာင္အက်ၤီဝတ္ဆင္ကာ အဖမ္းခံရသူေတြရဲ႕ အမည္ေတြ လက္ဖဝါးမွာ ေရးသားၿပီး သူတို႔ရဲ႕
ဓာတ္ပံုေတြကုိ လူမႈကြန္ရက္စာမ်က္ႏွာမွာ လႊင့္တင္ၾကၿပီး ကမ္းပိန္မွာ ပါဝင္ၾကတာပါ။

အြန္လိုင္းမွာလႈပ္ရွားတဲ့အျပင္ သပိတ္စစ္ေၾကာင္း ခ်ီတက္လမ္းေလွ်ာက္တာေတြလည္း ရွိပါတယ္။

ဒီကေန႔ ဧၿပီ ၂၁ ရက္ေန႔မွာ ေပါင္းတည္ၿမိဳ႕က လူငယ္ေတြ NUG ကို ႀကိဳဆိုတဲ့ လႈပ္ရွားမႈ၊ မိုးကုတ္ၿမိဳ႕က လူငယ္ေတြ ျပဳလုပ္တဲ့ ပိုက္ဆံသပိတ္၊ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕က ဆိုင္ကယ္သပိတ္၊ ျဖဴးၿမိဳ႕ က လူငယ္မ်ား အာဏာသိမ္းစစ္ေကာင္စီရဲ႕ စစ္ကၽြန္ပညာေရးစနစ္ကို အလိုမရွိေၾကာင္း လႈပ္ရွားမႈ စတဲ့ သပိတ္ပံုစံမ်ဳိးစံုေတြ ဆက္လက္လႈပ္ရွားေနၾကဆဲျဖစ္ပါတယ္။

................................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အပြာရောင် အင်္ကျီဝတ်လှုပ်ရှားမှု Blue Shirt Campaign ကို ဒီကနေ့ဆင်နွှဲကြပါတယ်။ အကျဉ်းထောင်ထဲမှာ ဝတ်ရတဲ့ အပြာရောင်အိင်္ကျီကိုပဲ အပြင်ထွက်တဲ့အထိ စွဲစွဲမြဲမြဲဝတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၇နှစ်ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ရော စစ်ကောင်စီက ဖမ်းဆီးထားသူတွေ ပြန်လွှတ်ရေး တောင်းဆိုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ဆင်နွှဲရတာလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြပါလိမ့်မယ်။

နိုင်ငံတဝန်း နယ်ဒေသအသီးသီးမှာ အင်္ကျ ီအပြာရောင်ဝတ်ဆင်ကာ လက်ဖဝါးမှာ မတရားအကျဉ်းချခံထားရသူတွေရဲ့ အမည်တွေ ရေးသားပြီး ချက်ချင်းပြန်လွှတ်ရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်နေကြပါတယ်။

ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေက ပျောက်ကြားပုံစံမျိုးရှိနေပြီး ဒီရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်လို့ ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိလာနိုင်မယ်လို့ ရန်ကုန် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက VOA ကိုပြောပါတယ်။

“တစ်ချို့က လမ်းပေါ်ထွက်ကြတယ်။ တစ်ချို့က Photo Campaign တွေလုပ်ကြပါတယ်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၇ နှစ်ပြည့် အထိမ်းအမှတ်နဲ့ အပြာရောင် Shirt တွေကို ဝတ်ပြီး သူတို့လွတ်စေချင်တဲ့သူတွေကို နဖူးမှာရေးတာသော်လည်းကောင်း၊ လက်မှာရေးတာသော်လည်းကောင်း လုပ်ကြပါတယ်ဗျ။ ရန်ကုန်လူထုက ငြိမ်နေပုံတော့မရပါဘူး။ အားယူနေပုံရပါတယ်။ တနည်းမဟုတ်တစ်နည်းနဲ့ လမ်းပေါ်ပြန်ထွက်လာဖို့ ရှိပါတယ်ခင်ဗျ။ အာဆီယံ အစည်းအဝေးလည်းးရှိတယ်ဆိုတော့ ဒီအစည်းအဝေးအတွက် တစ်ခုခုလုပ်ကြဖို့ ရန်ကုန်လူထုက ရှိပါလိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်ဗျ။”

အလားတူပဲ နေ့စဉ်မပြတ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း အပြာရောင်အင်္ကျ ီဝတ်ဆင်ပြီး စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

မတရားဖမ်းဆီးခံထားရသူများ ပြန်လွတ်မြောက်လာစေဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ ဒီနေ့ ညနေ ၄ နာရီမှာ မုံရွာပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင်ကော်မတီ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဝင်းဇော်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“ချီတက်စနစ်လည်း ပါမယ်ခင်ဗျ၊ စုရုံး ဟောပြောခြင်းတွေ ဒီလက်နဲ့ ကမ်းပိန်လုပ်တာလည်း ပါပါတယ်ခင်ဗျ၊ ကျနော်တို့ရဲ့ နေ့စဉ်မပျက်ထွက်တဲ့ ပင်မသပိတ်စစ်ကြောင်းရှိတယ်။ ပင်မသပိတ်နဲ့အတူပဲ ဒီနေ့က အထူးအနေနဲ့ ကျနော်တို့က ဒီအပြာရောင်လှုပ်ရှာမှုပေါ့နော်၊ ကျနော်တို့ရဲ့ ပြည်သူလူထု မတရားဖမ်းခံထားရတဲ့ ပြည်သူလူထုအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ဟာကို ထည့်သွင်းပြီးတော့ လုပ်တာပါခင်ဗျ၊ ပုံမှန်အားဖြင့်တော့ ကျနော်တို့ ပင်မသပိတ်ကလည်း ကျနော်တို့ နေ့စဉ်မပျက်ချီတက်နိုင်အောင်လည်း ကျနော်တို့ အမြဲတမ်းပြည်သူလူထုနဲ့အတူဆက်လက်ပြီးတော့မှာ ချီတက်လျက်ရှိပါတယ်။”

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီကနေ့မှာ အပြာရောင်အင်္ကျ ီဝတ်ပြီး သပိတ်ကြောင်း ချီတက်တာတွေလုပ်ခဲ့သလို လူမှုကွန်ယက်တွေပေါ်မှာ အပြာရောင်အကျီဝတ်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်းနှင့် မတရားဖမ်းဆီးခံရသူတွေကို လွတ်ပေးဖို့ တောင်းဆိုတဲ့ ပုံတွေကို တင်ခဲ့ကြပါတယ်။

ထားဝယ်မှာ မနက်ပိုင်းက အပြာရောင်အကျီဝတ်ပြီး ချီတက်ခဲ့ကြတဲ့ သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပေမယ့် ညနေပိုင်းမှာ သပိတ်ကြောင်းထပ်ပြီး ချီတက်ခဲ့ကြတယ်လို့ ထားဝယ်မြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက VOA ကို ပြောပါတယ်။

“မနက်ကလည်း အပြာရောင်အကျီတွေဝတ်ပြီးတော့ စစ်ကြောင်းမှာ လိုက်ပါကြတယ်။ ညနေပိုင်း စစ်ကြောင်းမှာလည်း စစ်ကြောင်းမှာလိုက်မယ့်လူတွေအကုန်လုံးကို မနေ့ကတည်းက လူမှုကွန်ယက်ပေါ်ကနေပြီးတော့ မေတ္တာရပ်ခံထားတယ်။ မနက်ဖြန်ထွက်မယ့် စစ်ကြောင်းမှာ ဒီဟာကို Campaign သဘောနဲ့ လုပ်ကြဖို့။ အကုန်လုံး စစ်ကြောင်းမှာလိုက်ပါကြတဲ့သူတွေက အပြာရောင်အကျီတွေဝတ်ပြီးတော့ စစ်ကြောင်းချီတက်ကြတယ်။ အင်အားကတော့ ၁၅၀၊ ၂၀၀ လောက်ပေါ့။ ဘာလို့လည်းဆိုတော့ မနက် အင်ယာစစ်ကြောင်းဖြိုခွဲခံရပြီးတဲ့ အချိန်မှာ ညနေပိုင်းထွက်မယ့် စစ်ကြောင်းက မနက်ပိုင်းက ဖမ်းဆီးတာတွေရှိခဲ့တဲ့အတွက်ကြောင့်မို့ အင်အားက နည်းနည်းနည်းသွားတယ်။ပြီးတော့ မူလက လုပ်မယ့် ရပ်ကွက်၊ အစီအစဉ်တွေလည်း ပြောင်းလိုက်ရတယ်။ ပြီးတော့ မူလစီစဉ်ထားတဲ့ နေရာမဟုတ်ဘဲ တခြားနေရာမှာလုပ်တော့ လူအင်အားတော့ နည်းသွားတာပေါ့။ အဲ့လိုတော့ ရှိတယ်။”

ဒီကနေ့ ဧပြီ ၂၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ အာဏာရှင်အစိုးရအဆက်ဆက်ကို တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်သားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်တာ ၇ နှစ်ပြည့်တဲ့နေ့ဖြစ်တာကြောင့် သူ့ကို အောင်မေ့ သတိရတဲ့အနေနဲ့ အင်္ကျ ီအပြာရောင်ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ပါတီအတွင်းရေးမှူး တာဝန်ကို ယူခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာ ဝတ်ရတဲ့ အပြာရောင်အင်္ကျ ီကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်တဲ့ သူပါ။ အကျဉ်းထောင်က လွတ်မြောက်လာပြီးမှာ NLD ပါတီနာယကအဖြစ် ရပ်တည်ခဲ့တာပါ။ နောက်ပိုင်း ဆေးကုသမှုခံယူနေရင်း ၂၀၁၄ ခု ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နေရာ ဒေသအသီးသီးမှာ အပြာရောင်အင်္ကျီဝတ်ဆင်ကာ အဖမ်းခံရသူတွေရဲ့ အမည်တွေ လက်ဖဝါးမှာ ရေးသားပြီး သူတို့ရဲ့
ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာ လွှင့်တင်ကြပြီး ကမ်းပိန်မှာ ပါဝင်ကြတာပါ။

အွန်လိုင်းမှာလှုပ်ရှားတဲ့အပြင် သပိတ်စစ်ကြောင်း ချီတက်လမ်းလျှောက်တာတွေလည်း ရှိပါတယ်။

ဒီကနေ့ ဧပြီ ၂၁ ရက်နေ့မှာ ပေါင်းတည်မြို့က လူငယ်တွေ NUG ကို ကြိုဆိုတဲ့ လှုပ်ရှားမှု၊ မိုးကုတ်မြို့က လူငယ်တွေ ပြုလုပ်တဲ့ ပိုက်ဆံသပိတ်၊ နေပြည်တော် ပျဉ်းမနားမြို့က ဆိုင်ကယ်သပိတ်၊ ဖြူးမြို့ က လူငယ်များ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း လှုပ်ရှားမှု စတဲ့ သပိတ်ပုံစံမျိုးစုံတွေ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG