သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္အစိုးရရဲ႕ ျမန္မာ့ႏိုင္ငံေရးအက်ဥ္းသားမ်ား အေျခအေန စိတ္ဝင္စားမႈ


Woman prisoners carrying their belongings walk toward the entrance gate as they were released from Insein prison Tuesday, April 17, 2018, Yangon, Myanmar. Myanmar President Win Myint has granted amnesty to more than 8,500 prisoners, reportedly including at least three dozen polit
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ ရွိေနတယ္လို႔ အေမရိကန္ဘက္က ရႈျမင္သုံးသပ္ခ်က္ဟာ ျမန္မာႏိုင္ငံအေပၚ ခ်မွတ္မယ့္ ဂ်ိဳးဘိုင္ဒန္ အစိုးရသစ္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကို ဘယ္လို သက္ေရာက္မႈေတြ ရွိေနမလဲ။ ဇန္နဝါရီလ (၄) ရက္ေန႔ က ထုတ္ျပန္တဲ့ အေမရိကန္လႊတ္ေတာ္ သုေတသနဌာနရဲ႕ ျမန္မာႏိုင္ငံက ႏိုင္ငံေရးအက်ဥ္းသားမ်ားနဲ႔ အေမရိကန္မူဝါဒဆိုတဲ့ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) တြဲဘက္အတြင္းေရးမႉး ကိုဘိုၾကည္, ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုဘုိၾကည္။ အေမရိကန္လႊတ္ေတာ္ သုေတသနဌာနဘက္ကေန ျမန္မာႏိုင္ငံက ႏုိင္ငံေရးအက်ဥ္းသားေတြ ရိွေနတဲ့ကိစၥအေပၚမွာ သူတို႔ ေထာက္ျပထားတယ္။ ကိုဘိုၾကည္တိုိ႔ရဲ ႔ ထုတ္ျပန္တဲ့ မွတ္တမ္းေတြ၊ အစီရင္ခံစာေတြကိုလည္း သူတုိ႔က ကိုးကားထားပါတယ္။ ဆိုေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ကိုဘုိၾကည္တုိ႔ သံုးသပ္ခ်က္ ဘယ္လိုရိွပါသလဲရွင့္။

ေျဖ ။ ။ အေမရိကန္ႏိုင္ငံရဲ ႔ ႏိုင္ငံျခားေရးရာ ေပၚလစီမွာ ႏိုင္ငံေရးအက်ဥ္းသားဆိုတဲ့ ကိစၥရပ္ကလဲ ေတာ္ေတာ္ေလးကို အေရးႀကီးအျဖစ္နဲ႔ သတ္မွတ္ထားတဲ့အထဲ ပါပါတယ္။ တခ်ဳိ ႔ကိစၥေတြမွာေတာ့ အေမရိကန္ႏုိင္ငံရဲ ႔ ႏိုင္ငံေရးအေျခအေနေပၚ မူတည္ၿပီးေတာ့ ဒီအေပၚမွာ အတက္အက်ေတာ့ ရိွႏိုင္တယ္။ ဒါေပမဲ့ သူတို႔ေတြက ႏုိင္ငံေရးအက်ဥ္းသားကိစၥကို ဆက္ၿပီးေတာ့ စိတ္ဝင္စားေနေသးတယ္ဆိုတာကို ျပသရာေရာက္တယ္။ အထူးသျဖင့္ေတာ့ ဒီလို အစီရင္ခံစာ ေရးတယ္ဆိုတာက ေရးတဲ့သူက ကြန္ဂရက္ကို အစီရင္ခံစာ တင္ရတယ္။ ဒီ report ေပၚမွာ အေျခတည္ၿပီးေတာ့ ကြန္ဂရက္ကလည္း ျမန္မာႏုိင္ငံရဲ ႔ ႏုိင္ငံေရးအက်ဥ္းသားေတြရဲ ႔ အေျခအေန။ ေနာက္တစ္ခုက ျမန္မာႏုိင္ငံရဲ ႔ ႏုိင္ငံေရးျဖစ္စဥ္ တိုးတက္မႈျဖစ္စဥ္အေနအထားေတြ ဒါေတြကို သူတုိ႔ သံုးသပ္ၿပီးေတာ့ လာမယ့္ အေမရိကန္ႏို္င္ငံရဲ ႔ ႏုိင္ငံျခားေရးရာ မူဝါဒေတြမွာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုဆက္ဆံမလဲ။ ေနာက္ၿပီးေတာ့ ျမန္မာႏိုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ရင္းႏီွးျမဳပ္ႏံွမႈေတြ လာေရာက္တဲ့အခါမွာ အတိုးအေလွ်ာ့ေတြ ဘယ္လိုလုပ္မလဲ။ ဒီလိုပံုစံမ်ဳိးေတြ စဥ္းစားေလ့ ရိွပါတယ္။

ေနာက္တစ္ခုက အေမရိကန္ႏုိင္ငံက ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရးကိစၥဆုိတာ အခုမွလုပ္တဲ့ ကိစၥ မဟုတ္ပါဘူး။ ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၀) ေက်ာ္ေလာက္ကတည္းက ႏိုင္ငံေရးအက်ဥ္းသား လြတ္ေျမာက္ေရးကိစၥ၊ ႏုိင္ငံေရးအက်ဥ္းသားေတြကို ကူညီမယ့္ ကိစၥေတြကို တစိုက္မတ္မတ္ လုပ္ခဲ့တာပါ။ အဲဒီလိုပဲ လႊတ္ေတာ္အမတ္ေတြထဲမွာလဲ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တယ္ဆိုလို႔ရိွရင္ ႏိုင္ငံေရးအက်ဥ္းသားကိစၥကလဲ သူတို႔စိတ္ဝင္စားတဲ့ ကိစၥရပ္တစ္ခု ျဖစ္တယ္။ အဲဒီအတြက္ လႊတ္ေတာ္အမတ္ေတြ တစ္ဦးခ်င္း တစ္ဦးခ်င္းကလဲ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔ ေလ့လာၾကတယ္။ ေနာက္ၿပီးေတာ့ အစီရင္ခံစာေတြကို သူတုိ႔ ဖတ္ၾကတယ္။ ဒီလိုမ်ဳိးေတြလည္း ရိွပါတယ္။ ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံအစိုးရနဲ႔ သူတုိ႔စကားေျပာၿပီးဆိုရင္လဲ ႏုိင္ငံေရးအက်ဥ္းသားကိစၥကို ထည့္ၿပီးေတာ့ ေျပာေလ့ရိွပါတယ္။ ေနာက္တစ္ခုက ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာပဲျဖစ္ျဖစ္ နယူးေရာ့ခ္မွာ အေျခစိုက္တဲ့ အေထြေထြညီလာခံ၊ ကုလသမဂၢ အေထြေထြညီလာခံမွာပဲျဖစ္ျဖစ္ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာၾကၿပီဆိုရင္ ႏိုင္ငံေရးအက်ဥ္းသားကိစၥကေတာ့ အခုအခ်ိန္အထိ ပါေနေသးတဲ့ အေၾကာင္းအရာ ကိစၥတစ္ရပ္ေပါ့။ ေနာက္တစ္ခုက ဒီကိစၥရပ္ကို သူတုိ႔မပယ္ဘူး။ ေနာက္တစ္ခုက ဒီကိစၥရပ္ကို ဆက္ၿပီးေတာ့ ႀကိဳးစားေနတယ္ဆိုတာကို ျပသရာေရာက္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားဆုိတဲ့ အေခၚအေဝၚနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔ျပဌာန္းသတ္မွတ္ခ်က္က ဘယ္လိုရိွပါလဲ။ အခု ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရလက္ထက္မွာ။

ေျဖ ။ ။ အေမရိကန္ႏိုင္ငံကလည္း ႏုိင္ငံေရးအက်ဥ္းသားေတြနဲ႔ ပတ္သက္ၿပီး သူတုိ႔ သတ္မွတ္ခ်က္ေတြ ရိွပါတယ္။ အဓိက သူတို႔သတ္မွတ္ခ်က္က (၃) ခုကို အေျခတည္ၿပီးေတာ့ သတ္မွတ္တာေတြ ရိွတယ္။ အဲဒါကေတာ့ မတရားနဲ႔ ဥပေဒေတြနဲ႔ ဖမ္းဆီးခံရတယ္ဆိုရင္လဲ ဒီလိုကိစၥရပ္ေတြကို ႏိုင္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္တာ ရိွတယ္။ ေနာက္တစ္ခုက ဥပေဒအရေတာ့ တရားတယ္။ ဒါေပမဲ့ ခံရတဲ့ ျပစ္မႈျပစ္ဒဏ္ေတြက သူက်ဴးလြန္တဲ့ ျပစ္မႈျပစ္ဒဏ္ထက္ ပိုၿပီးေတာ့ ႀကီးမားေနတယ္၊ မ်ားျပားေနတယ္ဆိုရင္ ဒီလိုမ်ဳိးကို ႏုိင္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္တယ္။ ေနာက္တစ္ခုက ကိုးကြယ္တဲ့ ဘာသာေတြ၊ ယံုၾကည္ခ်က္ေတြ မတူလို႔ ဖမ္းဆီးထိန္းသိမ္းခံရတယ္၊ ေနာက္တစ္ခုက ႏိုင္ငံေရးအရ ဖမ္းဆီးထိန္းသိမ္းတယ္ - politically motivated arrest ႏုိင္ငံေရးအရ ရည္ရြယ္ခ်က္ရိွရိွနဲ႔ ဖမ္းဆီးတယ္ဆိုရင္လဲ ႏုိင္ငံေရးအက်ဥ္းသားလို႔ သတ္မွတ္တာ ရိွပါတယ္။ ေနာက္တစ္ခုက က်ေနာ္တို႔နဲ႔လဲ ႏိုင္ငံေရးအက်ဥ္းသား အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အျပန္အလွန္ ေဆြးေႏြးတာေတြလည္း ရိွပါတယ္။ ႏုိင္ငံတကာမွာေတာ့ ႏိုင္ငံေရးအက်ဥ္းသား အဓိပၸါယ္ဖြင့္ဆိုခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ဘံုသေဘာတူညီခ်က္၊ ႏိုင္ငံတကာ သေဘာတူညီခ်က္ေတာ့ မရိွေသးပါဘူး။ အဲဒီလိုပဲ ႏိုင္ငံအလိုက္ သတ္မွတ္ထားတဲ့ သေဘာတူညီခ်က္ေတြ ရိွပါတယ္။ အဲဒါက အေမရိကန္မွာလည္း သတ္မွတ္ထားတာ ရိွတယ္။ ဥေရာပသမဂၢမွာလည္း သတ္မွတ္ထားတာ ရိွတယ္။ ဥေရာပသမဂၢအဖြဲ႔ဝင္ေတြဆိုရင္ သူတုိ႔သတ္မွတ္ထားတဲ့ ႏုိင္ငံေရးအက်ဥ္းသား အဓိပၸါယ္ဖြင့္ဆိုခ်က္ဆိုတာကို ဥေရာပသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက လိုက္နာရတယ္။ ဒီလိုမ်ဳိးေတြ ရိွတယ္။

ေနာက္တစ္ခါ က်ေနာ္တို႔ ႏုိင္ငံမွာေတာ့ ျဖစ္ေအာင္လုပ္တာေတြ ရိွတယ္။ ဒါေပမဲ့ တရားဝင္ ဒီအခ်ိန္အထိ ျဖစ္မလာေသးဘူး။ ဒီလိုအခက္အခဲမ်ဳိးေတြ ရိွတယ္။ ေနာက္တစ္ခုက ႏုိင္ငံေရးအက်ဥ္းသားျပႆနာကို ေျဖရွင္းတဲ့အခါမွာ သုေသသနစာတမ္းကေန ေထာက္ျပေနတာက ျမန္မာႏိုင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသား ျပႆနာ မၿပီဆံုးေသးတဲ့ အဓိကအေၾကာင္း ရိွတယ္။ အေၾကာင္းအရပ္ (၃) ရပ္ကို ေထာက္ျပတာ ရိွတယ္။ အဲဒါကေတာ့ ႏိုင္ငံေရးအရ အဓိပၸါယ္ဖြင့္ဆိုခ်က္ မရိွတာ။ ႏုိင္ငံေရးအက်ဥ္းသား ရိွတယ္ဆိုတာကို အသိအမွတ္ မျပဳတဲ့ကိစၥ။ ဒါကလဲ သူတုိ႔ေထာက္ျပတဲ့ ေထာက္ျပခ်က္ ရိွပါတယ္။ ေနာက္တစ္ခုက ျမန္မာႏုိင္ငံက ဥပေဒေတြက ေခတ္ေနာက္က်ေနတယ္။ အဂၤလိပ္အစိုးရလက္ထက္ကတည္းက ေရးဆြဲထားတဲ့ ဥပေဒေတြ ျဖစ္ေနတယ္။ ဒီ ဖိႏိွပ္တဲ့ ဥပေဒေတြေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားေတြ ျဖစ္လာတယ္။ ေနာက္တစ္ခုကေတာ့ ျပည္တြင္းစစ္။ ျပည္တြင္းစစ္ေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားေတြ ျဖစ္လာတယ္။

ေနာက္တစ္ခုကေတာ့ အေျခခံလူ႔အခြင့္အေရးေတြကို အစိုးရက ေျဖရွင္းေပးတာမ်ုိးေတြ အားနည္းတယ္။ ေနာက္တစ္ခုက အဲဒါေတြကို ကန္႔သတ္တာမ်ားတယ္။ ဒါေတြေၾကာင့္ ႏုိင္ငံေရးအက်ဥ္းသားေတြ ျဖစ္လာတယ္ဆိုတဲ့ ေကာက္ခ်က္ေတြ ရိွၾကတယ္။

ေမး ။ ။ ဆိုေတာ့ အခုလို ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ ဆက္ၿပီးရိွေနတယ္လို႔ အေမရိကန္လႊတ္ေတာ္ဘက္က သတ္မွတ္လို႔ရိွရင္ ျမန္မာႏို္င္ငံနဲ႔ ပတ္သက္လို႔ သူတုိ႔ရဲ ႔ မူဝါဒေတြ ခ်မွတ္တဲ့အခါမွာ ဘယ္လိုသက္ေရာက္မႈေတြ ရိွနိုင္မလဲ။

ေျဖ ။ ။ ႏိုင္ငံေရးအက်ဥ္းသား ျပႆနာဆိုတာက အေရအတြက္ ျပႆနာ မဟုတ္ဘူး။ ႏိုင္ငံေရးအက်ဥ္းသား ျပႆနာသည္ ျမန္မာႏို္င္ငံေရးျဖစ္စဥ္ေတြ ေနာက္ လူ႔အခြင့္အေရးေတြနဲ႔ တိုက္ရိုက္ဆက္စပ္ေနတာ ရိွပါတယ္။ ႏိုင္ငံေရးအက်ဥ္းေတြ ရိွေနတယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ ႔ ႏုိင္ငံေရးျဖစ္စဥ္ တုိးတက္မႈေတြမွာ ေႏွးေကြးေနတယ္လို႔ အနိမ့္ဆံုးကေန ေကာက္ခ်က္ခ်ေလ့ရိွတယ္။ ေနာက္တစ္ခုက လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ တကယ့္လူ႔အခြင့္အေရး စံခ်ိန္စံႏႈန္းေတြနဲ႔ ျပည့္ေနတာမ်ဳိး မရိွဘူး။ လူ႔အခြင့္အေရးေတြက ဆက္လက္က်ဴးလြန္ေနဆဲပဲ ျဖစ္တယ္ဆိုတဲ့ ေကာက္ခ်က္မ်ဳိးကိုလည္း ခ်မွတ္ထားတာ ရိွပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူတုိ႔ေထာက္ျပတဲ့အထဲမွာ ျပည္တြင္းစစ္ေၾကာင့္ဆိုတာလဲ ပါတယ္။ ဒီေန႔ ျပည္တြင္းစစ္ေၾကာင့္ ရခိုင္ျပည္နယ္မွာဆိုရင္ တုိင္းရင္းသားေတြက သံသယနဲ႔ ဖမ္းဆီးခံေနရတာရိွတယ္။ ညဥ္းပန္းႏိွပ္စက္ခံေနရတာေတြ ရိွတယ္။ အဲဒီလိုပဲ စစ္ေၾကာေရးမွာ ေသသြားတာေတြလည္း ရိွတယ္။ ေနာက္ ေပ်ာက္ဆံုးေနတာေတြလည္း ရိွတယ္။ ဒီလိုကိစၥရပ္ေတြက အမ်ားႀကီးျဖစ္ေနတယ္။ အင္တာနက္ကို ပိတ္ထားတာေတြလည္း ရိွတယ္။ အင္တာနက္ပိတ္ထားတယ္ဆိုေပမယ့္ ဒီလိုသတင္းေတြကေတာ့ ေနရာအသီးသီးကေန ႏို္င္ငံတကာကိုလည္း ထြက္ေနတယ္ဆိုေတာ့ ဒီလိုမ်ဳိး ဖံုးအုပ္ထားလို႔ မရဘူး။ အင္တာနက္ ပိတ္ထားတယ္ဆိုတာကလည္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အင္တာနက္ပိတ္တယ္ဆိုတဲ့ ျဖစ္စဥ္ကုိ လက္ခံေလ့ မရိွဘူး။ ဒါကလဲ ႏိုင္ငံေတာ္အတြက္ တကယ္ကို ဂုဏ္သိကၡာပ်က္စရာ။ ေနာက္တစ္ခါ ႏုိ္င္ငံေတာ္အစိုးရအေနနဲ႔ ဒါက လူ႔အခြင့္အေရးကို ေလးစားလိုက္နာမႈ အားနည္းတယ္ဆိုတဲ့ သတ္မွတ္ခ်က္မ်ားကို ျဖစ္ေစတယ္။ ေနာက္တစ္ခုက လြတ္လပ္စြာ ေျပာဆိုလို႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေဒါင္းတို႔မ်ဳိးဆက္ေပါ့။ ဒီလိုမ်ဳိးကို ဖမ္းတယ္ဆိုရင္လဲ ဒါက ႏုိင္ငံေတာ္ရဲ ႔ ဂုဏ္သိကၡာ၊ အစိုးရရဲ ႔ ဂုဏ္သိကၡာေတြကို ေတာ္ေတာ္ေလး ထိခိုက္ေစၿပီးေတာ့ အဲဒီရဲ ႔ ေနာက္ဆက္တြဲအေနနဲ႔ သူတုိ႔က ျမန္မာႏိုင္ငံမွာ လာၿပီးေတာ့ ရင္းႏီွးျမဳပ္ႏံွေတာ့မယ္ဆိုရင္ အဲဒီႏုိင္ငံရဲ ႔ လူ႔အခြင့္အေရး အေျခအေနကို သံုးသပ္ေလ့ ရိွပါတယ္။ လူ႔အခြင့္အေရးအေျခအေန၊ တိုးတက္ေနတယ္၊ ေကာင္းမြန္ေနတယ္ဆိုရင္ ရင္းႏီွးျမဳပ္ႏံွမႈေတြ ပိုၿပီးေတာ့ လာႏိုင္တဲ့ အေနအထားမ်ဳိးေတြ ရိွတယ္။ တခ်ဳိ ႔ ကုမၸဏီႀကီးေတြက ဂုဏ္သိကၡာရိွတဲ့ ကုမၸဏီႀကီးေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့ ႏိုင္ငံေတြကို ေရွာင္ေလ့ရိွတယ္။ ဒါကိုေတာ့ က်ေနာ္တို႔က သတိထားရပါမယ္။ ႏုိင္ငံေရးအက်ဥ္းသား ျပႆနာဆုိတာက လူေတြကို ဖမ္းလိုက္လို႔ ငါတုိ႔ ဘာမွထိခိုက္စရာ မရိွဘူးလို႔ စဥ္းစားလို႔မရဘဲနဲ႔ ႏိုင္ငံေရးအက်ဥ္းသား ျပႆနာသည္ ျမန္မာႏုိင္ငံေရး ျဖစ္စဥ္တိုးတက္မႈကို ႏိုင္ငံတကာက တိုင္းတာနဲ႔ စံခ်ိန္စံတစ္ခုထဲမွာ ပါတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔အားလံုး နားလည္ထားဖုိ႔ေတာ့ လိုတယ္။

ေမး ။ ။ ဆိုေတာ့ အခုအေမရိကန္မွာ အေျပာင္းအလဲေတြ ျဖစ္လာၿပီ၊ ဒီမိုကရက္က ဂ်ဳိးဘိုင္ဒန္ ဦးေဆာင္တဲ့ အစိုးရတက္လာမယ္။ အထူးသျဖင့္ လႊတ္ေတာ္ထဲမွာလည္း ဒီမိုကရက္ေတြက ႀကီးစိုးထားၿပီဆိုေတာ့ အခုလို ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံေရးအက်ဥ္းသားကိစၥမ်ဳိး၊ တျခားျမန္မာႏုိင္ငံနဲ႔ ပတ္သက္တဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္က ဖိအားေပးေဆာင္ရြက္လာမယ္၊ ျပဌာန္းခ်က္ေတြ သတ္မွတ္လာမယ္ဆိုတဲ့ အေနအထားမ်ဳိး ဘယ္လိုရိွလာႏိုင္မလဲ။ အဲဒီအေနအထားနဲ႔ ပတ္သက္ၿပီး ဘယ္လိုျမင္သလဲ။

ေျဖ ။ ။ မ်ားေသာအားျဖင့္ ျမန္မာႏုိင္ငံကိစၥနဲ႔ ပတ္သက္လို႔ရိွရင္ အေမရိကမွာ ဒီပါတီႀကီး ႏွစ္ခုက သေဘာထားတူေလ့ရိွတယ္။ အျငင္းအခုန္ေတြ သိပ္မျဖစ္ၾကဘဲနဲ႔ ဆံုးျဖတ္ခ်က္ေတြကို ေထာက္ခံၾကတာ မ်ားပါတယ္။ အခု ဒီမိုကရက္ ရလာတဲ့အခါမွာလဲ က်ေနာ္တို႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္ေတြကို ဘယ္လိုဦးေဆာင္ၿပီး လုပ္မွာလဲဆိုတာကို က်ေနာ္တို႔ ျပန္စဥ္းစားရမယ္။ အဲဒီဦးေဆာင္ၿပီးလုပ္မယ့္ အမတ္ေတြကိုလည္း က်ေနာ္တို႔ ခ်ဥ္းကပ္ဖို႔လိုတယ္။ ခ်ဥ္းကပ္ၿပီးေတာ့ ဒီအဆိုကို ျပန္ၿပီး ဆက္ႀကိဳးစားမလားေပါ့။ ဒီလိုမ်ဳိးေတြကိုလဲ က်ေနာ္တိုိ႔က lobby နဲ႔ advocacy ေတြ လုပ္ၾကရမွာပါ။ လုပ္တဲ့အခါမွာလဲ က်ေနာ္တို႔က အစိုးရကလဲ သူ႔နည္းသူ႔ဟန္နဲ႔ သူလုပ္ရမယ္။ ဒါေပမဲ့ ဘာလိုအပ္တာလဲဆိုေတာ့ က်ေနာ္တို႔ လူ႔အခြင့္အေရးအေျခအေန ျမန္မာႏိုင္ငံထဲမွာ တကယ္တိုးတက္ဖိုိ႔ လုပ္ရတယ္။ အဲဒီလို တိုးတက္ဖို႔ကို အစိုးရအေနနဲ႔ လုပ္ဖို႔လိုတယ္။ ပထမဦးဆံုး က်ေနာ္တို႔ လြယ္လြယ္ကူကူ လုပ္လို႔ရတာရိွတယ္။ ႏိုင္ငံတကာကို အစိုးရအေနနဲ႔ ႏိုင္ငံေရးအရ ႏိုင္ငံေရးအက်ဥ္းသား ျပႆနာကို ေျဖရွင္းဖို႔၊ လူ႔အခြင့္အေရးအေျခအေနေတြ တုိးတက္ဖို႔အတြက္ စိတ္ဆႏၵျပင္းျပတဲ့ political will ကို ျပသရမယ္။ အဲဒီလို ျပႏိုင္ဖို႔ဆိုရင္ ကုလသမဂၢမွာ ICCPR ႏုိင္ငံသားနဲ႔ ႏိုင္ငံသားအခြင့္အေရး။ ေနာက္တစ္ခုက commission against torture ညဥ္းပမ္းႏိွပ္စက္မႈေတြက ဆန္႔က်င္တိုက္ဖ်က္တဲ့ ႏို္င္ငံတကာဥပေဒေတြ။ ဒီလိုဥပေဒေတြကို လက္မွတ္ထိုးျခင္းအားျဖင့္ ႏုိင္ငံတကာကိုလည္း က်ေနာ္တို႔က ဆႏၵရိွတယ္။ က်ေနာ္တို႔ လုပ္ဖို႔ႀကိဳးစားတယ္။ ဒါေၾကာင့္မို႔ ဒီဟာကို အတည္ျပဳလက္မွတ္ထိုးတာမ်ဳိးနဲ႔ က်ေနာ္တို႔ ျပတယ္။ အဲဒီလိုျပတဲ့ဆိုရင္လဲ ႏုိင္ငံတကာကလည္း သူတို႔က စဥ္းစားမယ္။ ျပႆနာတစ္ခုကို ေျဖရွင္းဖို႔ဆိုတာ အခ်ိန္ယူတတ္တယ္။ အခ်ိန္လည္း လိုတတ္တယ္။ ဒါေပမဲ့ အဲဒီျပႆနာကို တကယ္ေျဖရွင္းေနတဲ့ process ကို အစိုးရက ႏိုင္ငံတကာကို ခ်ျပဖို႔လိုတယ္။ အဲဒီလို ခ်ျပတယ္ဆိုရင္ အဲဒီခ်ျပမႈက တကယ္လုပ္ေဆာင္ေနတယ္။ မွန္ကန္တယ္၊ တိုးတက္ႏိုင္မယ္ဆိုရင္လဲ သူတုိ႔ရဲ ႔ ႏိုင္ငံျခားေရးရာ ေပၚလစီကို ျပန္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲဖို႔ စဥ္းစားလိမ့္မယ္။

အဲဒီလိုပဲ ႏုိ္င္ငံေရးအက်ဥ္းသားေတြ ရိွေနတာကလဲ၊ ႏိုင္ငံေရးအက်ဥ္းသားေတြဘက္က၊ မိသားစုဝင္ေတြဘက္က တကယ္နစ္နာသူေတြဘက္ကလဲ သူတုိ႔ရဲ ႔ သားသမီးေတြကို ျပန္လြတ္လာေအာင္။ အဲဒီလိုပဲ မတရားသျဖင့္ ဖမ္းဆီးမႈေတြ မရိွေတာ့ေအာင္ ဒါကိုေတာ့ လိုလားၾကပါတယ္။ ဆိုတဲ့အခါၾကေတ့ာ ဒီလူေတြကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔လိုတယ္။ လႊတ္ေပးတဲ့အခါမွာ အနိမ့္ဆံုးေတာ့ ျမန္မာႏိုင္ငံ ႏွစ္ဆန္းတစ္ရက္ေနေပါ့။ ျမန္မာႏွစ္သစ္ကူးေန႔ေပါ့။ အဲဒီလိုေန႔ရက္မ်ဳိးဆိုရင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးေလ့ရိွတယ္။ အဲဒီလို လႊတ္ေပးတဲ့အခါၾကရင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျခြင္းခ်က္မရိွ လႊတ္ေပးဖို႔လိုတယ္။ ၿပီးတဲ့အခါၾကေတာ့ အမႈရင္ဆိုင္ေနရတဲ့လူေတြကို ပလပ္ေပးဖို႔လိုတယ္။ အရင္တစ္ေခါက္ ၂၀၁၅-၁၆ အစိုးရ ျဖစ္လာၿပီးတဲ့အခါမွာ လႊတ္ေပးခဲ့တဲ့ နမူနာေတြ ရိွတယ္။ အဲဒီလုိပဲ အခု ၂၀၂၁ အစိုးရ ဖြဲ႔ၿပီးသြားလို႔ ႏွစ္သစ္ကူးေနမွာ ဒီလိုမ်ဳိး လႊတ္ေပးမယ္ဆိုရင္ေတာ့ ႏို္င္ငံတကာက ဒီအေပၚမွာ ေကာင္းခ်ီးေပးမယ္။ လက္ခုပ္ၾသဘာတီးၾကမယ္။ အဲဒီလိုမ်ဳိး လုပ္တယ္ဆိုရင္ သူ႔ရဲ ႔ ႏိုင္ငံျခားေရးရာ ေပၚလစီကို စဥ္းစားတဲ့အခါမွာ ဒါက တိုးတက္မႈျဖစ္စဥ္အျဖစ္နဲ႔ ထည့္သြင္းစဥ္းစားမွာျဖစ္တယ္။

ေမး ။ ။ အထူးသျဖင့္ ႏို္င္ငံတကာက ေထာက္ျပေနတာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနတဲ့ NLD အစိုးရ တက္လာတဲ့အခ်ိန္အထိ ႏို္င္ငံေရးအက်ဥ္းသားေတြ ကိစၥကို မေျဖရွင္းဘူးဆိုတဲ့ အေနအထားမွာ အစိုးရဘက္က သူတုိ႔က ဘာေၾကာင့္ ႏို္င္ငံေရးအက်ဥ္းသားေတြကို ဆက္ၿပီးေတာ့ သူတုိ႔လက္ထက္မွာ ဆက္ၿပီးေတာ့ ရိွေနတာကို ဘာေၾကာင့္ မေျဖရွင္းႏိုင္တာလဲလို႔ ျမင္မိပါလဲ။

ေျဖ ။ ။ အဓိကေတာ့ ႏိုင္ငံေရးအက်ဥ္းသား ရိွတယ္ဆိုတာကို အစိုးရကိုယ္တိုင္က အသိအမွတ္ျပဳေနတဲ့ အေနအထားမွာ ရိွမေနဘူး။ ရန္မံရန္ခါမွာေတာ့ သူတုိ႔က ႏိုင္ငံေရးအက်ဥ္းသားရိွတယ္။ ႏုိင္ငံေရးအက်ဥ္းသားကို ဘယ္လိုသတ္မွတ္တယ္ဆိုတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို သူတုိ႔ ေျပာဆိုတာမ်ဳိးေတြ ရိွတယ္။ ၂၀၁၆ တုန္းကလဲ ႏို္င္ငံေတာ္အတိုင္ပင္ရံုးက ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာတာရိွတယ္။ မေန႔တေန႔ကပဲ ႏိုင္ငံေတာ္သမၼတရံုးက ေျပာေရးဆိုခြင့္ရိွသူ ဦးေဇာ္ေဌးကလည္း ႏို္င္ငံေရးအက်ဥ္းသား အဓိပၸါယ္သတ္မွတ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာဆိုတာ ရိွတယ္။ အဲဒီသတ္မွတ္ခ်က္အရဆိုရင္ သူက ေဘာင္အရမ္းက်ဥ္းလြန္အားႀကီးတယ္။ သူတုိ႔ရဲ ႔ စဥ္းစားခ်က္ေတြက အျမင္က်ဥ္းတယ္။ ႏိုင္ငံေရးအက်ဥ္းသားကို အသိအမွတ္ မျပဳခ်င္ဘူးဆိုတဲ့ သေဘာမ်ဳိးကို သက္ေရာက္ေနတာကို ေတြ႔ရတယ္။ ဒီလိုပံုစံမ်ဳိးနဲ႔ေတာ့ ဒီျပႆနာကို ေျဖရွင္းလို႔ရမွာ မဟုတ္ဘူး။ ျပႆနာကို ေျဖရွင္းခ်င္တယ္ဆိုရင္ ျပႆနာ ရိွေနတယ္ဆိုတာကို နံပတ္တစ္ အသိအမွတ္ျပဳဖို႔လိုတယ္။ ၿပီးေနာက္ အဲဒီျပႆနာကို ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ဟာကို တိုင္ပင္ေဆြးေႏြးဖို႔လိုတယ္။ အဲဒီလို တုိင္ပင္ေဆြးေႏြးၿပီးတဲ့အခါမွာ ျပႆနာေတြကို ေျဖရွင္းႏိုင္တဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ဖြင့္မယ္ဆိုရင္ေတာ့ ျပႆနာက အေႏွးနဲ႔အျမန္ ၿပီသြားလိမ့္မယ္။ အခုကေတာ့ ျပႆနာကို အသိအမွတ္မျပဳတဲ့အတြက္ ျပႆနာက ၿပီမွာမဟုတ္ဘူး။

ေနာက္တစ္ခုက ႏိုင္ငံေရးအက်ဥ္းသား ျပႆနာေတြက ျမန္မာႏိုင္ငံရဲ ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး ျပႆနာနဲ႔ တိုက္ရိုက္သက္ဆိုင္ေနတယ္။ ဥပမာ တုိင္းရင္းသားေတြနဲ႔ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးလုပ္ဖို႔ ႀကိဳးစားတယ္။ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးလုပ္ဖို႔ ႀကိဳးစားတယ္။ တၿပိဳင္နက္ထဲမွာ တုိင္းရင္းသားေတြ ဖိႏိွပ္ခံေနရတယ္။ မတရားညဥ္းပမ္းႏိွပ္စက္ခံေနရတယ္။ သတ္ျဖတ္ခံေနရတယ္ဆိုလို႔ရိွရင္ ဒီတုိင္းရင္းသားေတြနဲ႔ ေျပလည္ေရးကို ဘယ္လုိသြားမလဲ။ ဒါက တကယ္ကို ႀကီးက်ယ္တဲ့ေမးခြန္း။ ႏို္င္ငံေရးအက်ဥ္းသားျပႆနာကို ေသးေသးေလး၊ မလုပ္လဲရပါတယ္ဆိုၿပီးေတာ့ ထားလို႔ မသင့္ေတာ္ဘူး။ အဲဒီလိုမ်ဳိးထားရင္ ျပႆနာက တျဖည္းျဖည္းနဲ႔ ပိုႀကီးလာႏိုင္တဲ့ အေနအထားမ်ဳိးေတြ ရိွပါတယ္။ ဒါေၾကာင့္မို႔ ျပႆနာကို ပိုၿပီးေတာ့ ကိုင္တြယ္ေျဖရွင္းလို႔ရတဲ့ အေနအထားမ်ဳိးမွာ ကိုင္တြယ္ေျဖရွင္းျခင္းသည္သာ ျပႆနာကို ေျဖရွင္းျခင္းက အထိေရာက္ဆံုး ျဖစ္တယ္။ ဒါကိုေတာ့ အစိုးရဘက္က ေသေသခ်ာခ်ာ ေလးေလးနက္နက္ စဥ္းစားဖို႔လိုတယ္။ ေျဖရွင္းခ်က္ေတြလည္း သူတို႔ဘက္က ရိွႏိုင္ပါတယ္။ သူတုိ႔က လက္နက္ကိုင္တပ္ဖြဲ႔ေတြကို ထိန္းခ်ဳပ္လို႔ မရတဲ့ အေနအထားမ်ဳိးေတြလည္း ရိွတယ္။ ၂၀၀၈ ဖြဲ႔စည္းပံုဥပေဒအရ ဒါေပမဲ့ အစိုးရက တရားစြဲေနတဲ့ ကိစၥေတြကလည္း ထုနဲ႔ထည္နဲ႔ ရိွတယ္။ အဲဒီေတာ့ အစိုးရက ဥပေဒေတြကို မတရားတဲ့ ဖိႏိွပ္တဲ့ အဂၤလိပ္အစုိးရ ခ်ထားတဲ့ ဥပေဒေတြ။ ေနာက္ထပ္ထပ္ဆြဲတဲ့တဲ့ ဥပေဒေတြထဲမွာလည္း ျပည္သူေတြရဲ ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္ေတြကို ခ်ဳပ္ခ်ယ္ထားတဲ့ ဥပေဒေတြကို အေၾကာင္းျပၿပီးေတာ့ ဖမ္းေနတာက တကယ္တမ္းၾကေတာ့ တရားမဝင္ဘူး။ ဒါက ႏို္င္ငံေရးအက်ဥ္းသားေျမာက္တယ္။ ဒါက အေမရိကန္ရဲ ႔ သတ္မွတ္ခ်က္ထဲမွာလဲ အဲဒီလိုရိွတယ္။ ဥေရာပသမဂၢရဲ ႔ ႏုိ္င္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္ခ်က္ထဲမွာလည္း ဒီလိုစံခ်ိန္စံႏႈန္းေတြ ပါတယ္။ ဆိုတဲ့အခါၾကေတာ့ က်ေနာ္တို႔ ႏိုင္ငံတကာ စံခ်ိန္စံႏႈန္းေတြကို ထည့္သြင္းစဥ္းစားဖို႔လိုတယ္။ က်ေနာ္တို႔နဲ႔ မဟာမိတ္ျပဳေနတဲ့ ဆက္သြယ္ေနတဲ့ ႏိုင္ငံေတြရဲ ႔ ႏိုင္ငံျခားေရးရာ ေပၚလစီထဲမွာ ဒါကို ထည့္သြင္းစဥ္းစားေနတယ္ဆိုရင္ ဒါကိုေျပလည္ေအာင္ က်ေနာ္တို႔က အလုပ္နဲ႔ သက္ေသျပဖို႔ လိုအပ္ပါတယ္။

မအင္ၾကင္းႏိုင္ -- AAPP တြဲဘက္အေထြေထြအတြင္းေရးမွဴး ကိုဘိုၾကည္ ကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။ ေက်းဇူးတင္ပါတယ္ ကိုဘုိၾကည္။


==Unicode ==

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်လို့ အမေရိကန်ဘက်က ရှုမြင်သုံးသပ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ချမှတ်မယ့် ဂျိုးဘိုင်ဒန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဘယ်လို သက်ရောက်မှုတွေ ရှိနေမလဲ။ ဇန်နဝါရီလ (၄) ရက်နေ့ က ထုတ်ပြန်တဲ့ အမေရိကန်လွှတ်တော် သုတေသနဌာနရဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများနဲ့ အမေရိကန်မူဝါဒဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်, ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုဘိုကြည်။ အမေရိကန်လွှတ်တော် သုတေသနဌာနဘက်ကနေ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့ကိစ္စအပေါ်မှာ သူတို့ ထောက်ပြထားတယ်။ ကိုဘိုကြည်တို့ရဲ့ ထုတ်ပြန်တဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေကိုလည်း သူတို့က ကိုးကားထားပါတယ်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကိုဘိုကြည်တို့ သုံးသပ်ချက် ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စရပ်ကလဲ တော်တော်လေးကို အရေးကြီးအဖြစ်နဲ့ သတ်မှတ်ထားတဲ့အထဲ ပါပါတယ်။ တချို့ကိစ္စတွေမှာတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီးတော့ ဒီအပေါ်မှာ အတက်အကျတော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့တွေက နိုင်ငံရေးအကျဉ်းသားကိစ္စကို ဆက်ပြီးတော့ စိတ်ဝင်စားနေသေးတယ်ဆိုတာကို ပြသရာရောက်တယ်။ အထူးသဖြင့်တော့ ဒီလို အစီရင်ခံစာ ရေးတယ်ဆိုတာက ရေးတဲ့သူက ကွန်ဂရက်ကို အစီရင်ခံစာ တင်ရတယ်။ ဒီ report ပေါ်မှာ အခြေတည်ပြီးတော့ ကွန်ဂရက်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုဖြစ်စဉ်အနေအထားတွေ ဒါတွေကို သူတို့ သုံးသပ်ပြီးတော့ လာမယ့် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆက်ဆံမလဲ။ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နံှမှုတွေ လာရောက်တဲ့အခါမှာ အတိုးအလျှော့တွေ ဘယ်လိုလုပ်မလဲ။ ဒီလိုပုံစံမျိုးတွေ စဉ်းစားလေ့ ရှိပါတယ်။

နောက်တစ်ခုက အမေရိကန်နိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စဆိုတာ အခုမှလုပ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်လောက်ကတည်းက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီမယ့် ကိစ္စတွေကို တစိုက်မတ်မတ် လုပ်ခဲ့တာပါ။ အဲဒီလိုပဲ လွှတ်တော်အမတ်တွေထဲမှာလဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားကိစ္စကလဲ သူတို့စိတ်ဝင်စားတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တယ်။ အဲဒီအတွက် လွှတ်တော်အမတ်တွေ တစ်ဦးချင်း တစ်ဦးချင်းကလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ လေ့လာကြတယ်။ နောက်ပြီးတော့ အစီရင်ခံစာတွေကို သူတို့ ဖတ်ကြတယ်။ ဒီလိုမျိုးတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံအစိုးရနဲ့ သူတို့စကားပြောပြီးဆိုရင်လဲ နိုင်ငံရေးအကျဉ်းသားကိစ္စကို ထည့်ပြီးတော့ ပြောလေ့ရှိပါတယ်။ နောက်တစ်ခုက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာပဲဖြစ်ဖြစ် နယူးရော့ခ်မှာ အခြေစိုက်တဲ့ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြောကြပြီဆိုရင် နိုင်ငံရေးအကျဉ်းသားကိစ္စကတော့ အခုအချိန်အထိ ပါနေသေးတဲ့ အကြောင်းအရာ ကိစ္စတစ်ရပ်ပေါ့။ နောက်တစ်ခုက ဒီကိစ္စရပ်ကို သူတို့မပယ်ဘူး။ နောက်တစ်ခုက ဒီကိစ္စရပ်ကို ဆက်ပြီးတော့ ကြိုးစားနေတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီးတော့ သူတို့ပြဌာန်းသတ်မှတ်ချက်က ဘယ်လိုရှိပါလဲ။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရလက်ထက်မှာ။

ဖြေ ။ ။ အမေရိကန်နိုင်ငံကလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သူတို့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဓိက သူတို့သတ်မှတ်ချက်က (၃) ခုကို အခြေတည်ပြီးတော့ သတ်မှတ်တာတွေ ရှိတယ်။ အဲဒါကတော့ မတရားနဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးခံရတယ်ဆိုရင်လဲ ဒီလိုကိစ္စရပ်တွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တာ ရှိတယ်။ နောက်တစ်ခုက ဥပဒေအရတော့ တရားတယ်။ ဒါပေမဲ့ ခံရတဲ့ ပြစ်မှုပြစ်ဒဏ်တွေက သူကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ်ထက် ပိုပြီးတော့ ကြီးမားနေတယ်၊ များပြားနေတယ်ဆိုရင် ဒီလိုမျိုးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်။ နောက်တစ်ခုက ကိုးကွယ်တဲ့ ဘာသာတွေ၊ ယုံကြည်ချက်တွေ မတူလို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်၊ နောက်တစ်ခုက နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းတယ် - politically motivated arrest နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးတယ်ဆိုရင်လဲ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တာ ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့နဲ့လဲ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် ဆွေးနွေးတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ ဘုံသဘောတူညီချက်၊ နိုင်ငံတကာ သဘောတူညီချက်တော့ မရှိသေးပါဘူး။ အဲဒီလိုပဲ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ အဲဒါက အမေရိကန်မှာလည်း သတ်မှတ်ထားတာ ရှိတယ်။ ဥရောပသမဂ္ဂမှာလည်း သတ်မှတ်ထားတာ ရှိတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်တွေဆိုရင် သူတို့သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက လိုက်နာရတယ်။ ဒီလိုမျိုးတွေ ရှိတယ်။

နောက်တစ်ခါ ကျနော်တို့ နိုင်ငံမှာတော့ ဖြစ်အောင်လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ တရားဝင် ဒီအချိန်အထိ ဖြစ်မလာသေးဘူး။ ဒီလိုအခက်အခဲမျိုးတွေ ရှိတယ်။ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားပြဿနာကို ဖြေရှင်းတဲ့အခါမှာ သုသေသနစာတမ်းကနေ ထောက်ပြနေတာက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ပြဿနာ မပြီဆုံးသေးတဲ့ အဓိကအကြောင်း ရှိတယ်။ အကြောင်းအရပ် (၃) ရပ်ကို ထောက်ပြတာ ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးအရ အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိတာ။ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို အသိအမှတ် မပြုတဲ့ကိစ္စ။ ဒါကလဲ သူတို့ထောက်ပြတဲ့ ထောက်ပြချက် ရှိပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံက ဥပဒေတွေက ခေတ်နောက်ကျနေတယ်။ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေတယ်။ ဒီ ဖိနှိပ်တဲ့ ဥပဒေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်လာတယ်။ နောက်တစ်ခုကတော့ ပြည်တွင်းစစ်။ ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်လာတယ်။

နောက်တစ်ခုကတော့ အခြေခံလူ့အခွင့်အရေးတွေကို အစိုးရက ဖြေရှင်းပေးတာမျိုးတွေ အားနည်းတယ်။ နောက်တစ်ခုက အဲဒါတွေကို ကန့်သတ်တာများတယ်။ ဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်လာတယ်ဆိုတဲ့ ကောက်ချက်တွေ ရှိကြတယ်။

မေး ။ ။ ဆိုတော့ အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီးရှိနေတယ်လို့ အမေရိကန်လွှတ်တော်ဘက်က သတ်မှတ်လို့ရှိရင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ရဲ့ မူဝါဒတွေ ချမှတ်တဲ့အခါမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဖြေ ။ ။ နိုင်ငံရေးအကျဉ်းသား ပြဿနာဆိုတာက အရေအတွက် ပြဿနာ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသား ပြဿနာသည် မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ နောက် လူ့အခွင့်အရေးတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းတွေ ရှိနေတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုတွေမှာ နှေးကွေးနေတယ်လို့ အနိမ့်ဆုံးကနေ ကောက်ချက်ချလေ့ရှိတယ်။ နောက်တစ်ခုက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ တကယ့်လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ ပြည့်နေတာမျိုး မရှိဘူး။ လူ့အခွင့်အရေးတွေက ဆက်လက်ကျူးလွန်နေဆဲပဲ ဖြစ်တယ်ဆိုတဲ့ ကောက်ချက်မျိုးကိုလည်း ချမှတ်ထားတာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထောက်ပြတဲ့အထဲမှာ ပြည်တွင်းစစ်ကြောင့်ဆိုတာလဲ ပါတယ်။ ဒီနေ့ ပြည်တွင်းစစ်ကြောင့် ရခိုင်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားတွေက သံသယနဲ့ ဖမ်းဆီးခံနေရတာရှိတယ်။ ညဉ်းပန်းနှိပ်စက်ခံနေရတာတွေ ရှိတယ်။ အဲဒီလိုပဲ စစ်ကြောရေးမှာ သေသွားတာတွေလည်း ရှိတယ်။ နောက် ပျောက်ဆုံးနေတာတွေလည်း ရှိတယ်။ ဒီလိုကိစ္စရပ်တွေက အများကြီးဖြစ်နေတယ်။ အင်တာနက်ကို ပိတ်ထားတာတွေလည်း ရှိတယ်။ အင်တာနက်ပိတ်ထားတယ်ဆိုပေမယ့် ဒီလိုသတင်းတွေကတော့ နေရာအသီးသီးကနေ နိုင်ငံတကာကိုလည်း ထွက်နေတယ်ဆိုတော့ ဒီလိုမျိုး ဖုံးအုပ်ထားလို့ မရဘူး။ အင်တာနက် ပိတ်ထားတယ်ဆိုတာကလည်း နိုင်ငံတော်တော်များများမှာ အင်တာနက်ပိတ်တယ်ဆိုတဲ့ ဖြစ်စဉ်ကို လက်ခံလေ့ မရှိဘူး။ ဒါကလဲ နိုင်ငံတော်အတွက် တကယ်ကို ဂုဏ်သိက္ခာပျက်စရာ။ နောက်တစ်ခါ နိုင်ငံတော်အစိုးရအနေနဲ့ ဒါက လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အားနည်းတယ်ဆိုတဲ့ သတ်မှတ်ချက်များကို ဖြစ်စေတယ်။ နောက်တစ်ခုက လွတ်လပ်စွာ ပြောဆိုလို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါင်းတို့မျိုးဆက်ပေါ့။ ဒီလိုမျိုးကို ဖမ်းတယ်ဆိုရင်လဲ ဒါက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ အစိုးရရဲ့ ဂုဏ်သိက္ခာတွေကို တော်တော်လေး ထိခိုက်စေပြီးတော့ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့က မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြုပ်နံှတော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ လူ့အခွင့်အရေးအခြေအနေ၊ တိုးတက်နေတယ်၊ ကောင်းမွန်နေတယ်ဆိုရင် ရင်းနှီးမြုပ်နံှမှုတွေ ပိုပြီးတော့ လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ တချို့ ကုမ္ပဏီကြီးတွေက ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီကြီးတွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို ရှောင်လေ့ရှိတယ်။ ဒါကိုတော့ ကျနော်တို့က သတိထားရပါမယ်။ နိုင်ငံရေးအကျဉ်းသား ပြဿနာဆိုတာက လူတွေကို ဖမ်းလိုက်လို့ ငါတို့ ဘာမှထိခိုက်စရာ မရှိဘူးလို့ စဉ်းစားလို့မရဘဲနဲ့ နိုင်ငံရေးအကျဉ်းသား ပြဿနာသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်တိုးတက်မှုကို နိုင်ငံတကာက တိုင်းတာနဲ့ စံချိန်စံတစ်ခုထဲမှာ ပါတယ်ဆိုတာကိုတော့ ကျနော်တို့အားလုံး နားလည်ထားဖို့တော့ လိုတယ်။

မေး ။ ။ ဆိုတော့ အခုအမေရိကန်မှာ အပြောင်းအလဲတွေ ဖြစ်လာပြီ၊ ဒီမိုကရက်က ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အစိုးရတက်လာမယ်။ အထူးသဖြင့် လွှတ်တော်ထဲမှာလည်း ဒီမိုကရက်တွေက ကြီးစိုးထားပြီဆိုတော့ အခုလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားကိစ္စမျိုး၊ တခြားမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က ဖိအားပေးဆောင်ရွက်လာမယ်၊ ပြဌာန်းချက်တွေ သတ်မှတ်လာမယ်ဆိုတဲ့ အနေအထားမျိုး ဘယ်လိုရှိလာနိုင်မလဲ။ အဲဒီအနေအထားနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ များသောအားဖြင့် မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ရှိရင် အမေရိကမှာ ဒီပါတီကြီး နှစ်ခုက သဘောထားတူလေ့ရှိတယ်။ အငြင်းအခုန်တွေ သိပ်မဖြစ်ကြဘဲနဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံကြတာ များပါတယ်။ အခု ဒီမိုကရက် ရလာတဲ့အခါမှာလဲ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုဦးဆောင်ပြီး လုပ်မှာလဲဆိုတာကို ကျနော်တို့ ပြန်စဉ်းစားရမယ်။ အဲဒီဦးဆောင်ပြီးလုပ်မယ့် အမတ်တွေကိုလည်း ကျနော်တို့ ချဉ်းကပ်ဖို့လိုတယ်။ ချဉ်းကပ်ပြီးတော့ ဒီအဆိုကို ပြန်ပြီး ဆက်ကြိုးစားမလားပေါ့။ ဒီလိုမျိုးတွေကိုလဲ ကျနော်တို့က lobby နဲ့ advocacy တွေ လုပ်ကြရမှာပါ။ လုပ်တဲ့အခါမှာလဲ ကျနော်တို့က အစိုးရကလဲ သူ့နည်းသူ့ဟန်နဲ့ သူလုပ်ရမယ်။ ဒါပေမဲ့ ဘာလိုအပ်တာလဲဆိုတော့ ကျနော်တို့ လူ့အခွင့်အရေးအခြေအနေ မြန်မာနိုင်ငံထဲမှာ တကယ်တိုးတက်ဖို့ လုပ်ရတယ်။ အဲဒီလို တိုးတက်ဖို့ကို အစိုးရအနေနဲ့ လုပ်ဖို့လိုတယ်။ ပထမဦးဆုံး ကျနော်တို့ လွယ်လွယ်ကူကူ လုပ်လို့ရတာရှိတယ်။ နိုင်ငံတကာကို အစိုးရအနေနဲ့ နိုင်ငံရေးအရ နိုင်ငံရေးအကျဉ်းသား ပြဿနာကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် စိတ်ဆန္ဒပြင်းပြတဲ့ political will ကို ပြသရမယ်။ အဲဒီလို ပြနိုင်ဖို့ဆိုရင် ကုလသမဂ္ဂမှာ ICCPR နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး။ နောက်တစ်ခုက commission against torture ညဉ်းပမ်းနှိပ်စက်မှုတွေက ဆန့်ကျင်တိုက်ဖျက်တဲ့ နိုင်ငံတကာဥပဒေတွေ။ ဒီလိုဥပဒေတွေကို လက်မှတ်ထိုးခြင်းအားဖြင့် နိုင်ငံတကာကိုလည်း ကျနော်တို့က ဆန္ဒရှိတယ်။ ကျနော်တို့ လုပ်ဖို့ကြိုးစားတယ်။ ဒါကြောင့်မို့ ဒီဟာကို အတည်ပြုလက်မှတ်ထိုးတာမျိုးနဲ့ ကျနော်တို့ ပြတယ်။ အဲဒီလိုပြတဲ့ဆိုရင်လဲ နိုင်ငံတကာကလည်း သူတို့က စဉ်းစားမယ်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုတာ အချိန်ယူတတ်တယ်။ အချိန်လည်း လိုတတ်တယ်။ ဒါပေမဲ့ အဲဒီပြဿနာကို တကယ်ဖြေရှင်းနေတဲ့ process ကို အစိုးရက နိုင်ငံတကာကို ချပြဖို့လိုတယ်။ အဲဒီလို ချပြတယ်ဆိုရင် အဲဒီချပြမှုက တကယ်လုပ်ဆောင်နေတယ်။ မှန်ကန်တယ်၊ တိုးတက်နိုင်မယ်ဆိုရင်လဲ သူတို့ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားလိမ့်မယ်။

အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာကလဲ၊ နိုင်ငံရေးအကျဉ်းသားတွေဘက်က၊ မိသားစုဝင်တွေဘက်က တကယ်နစ်နာသူတွေဘက်ကလဲ သူတို့ရဲ့ သားသမီးတွေကို ပြန်လွတ်လာအောင်။ အဲဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးမှုတွေ မရှိတော့အောင် ဒါကိုတော့ လိုလားကြပါတယ်။ ဆိုတဲ့အခါကြတေ့ာ ဒီလူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်။ လွှတ်ပေးတဲ့အခါမှာ အနိမ့်ဆုံးတော့ မြန်မာနိုင်ငံ နှစ်ဆန်းတစ်ရက်နေပေါ့။ မြန်မာနှစ်သစ်ကူးနေ့ပေါ့။ အဲဒီလိုနေ့ရက်မျိုးဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိတယ်။ အဲဒီလို လွှတ်ပေးတဲ့အခါကြရင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ ပြီးတဲ့အခါကြတော့ အမှုရင်ဆိုင်နေရတဲ့လူတွေကို ပလပ်ပေးဖို့လိုတယ်။ အရင်တစ်ခေါက် ၂၀၁၅-၁၆ အစိုးရ ဖြစ်လာပြီးတဲ့အခါမှာ လွှတ်ပေးခဲ့တဲ့ နမူနာတွေ ရှိတယ်။ အဲဒီလိုပဲ အခု ၂၀၂၁ အစိုးရ ဖွဲ့ပြီးသွားလို့ နှစ်သစ်ကူးနေမှာ ဒီလိုမျိုး လွှတ်ပေးမယ်ဆိုရင်တော့ နိုင်ငံတကာက ဒီအပေါ်မှာ ကောင်းချီးပေးမယ်။ လက်ခုပ်သြဘာတီးကြမယ်။ အဲဒီလိုမျိုး လုပ်တယ်ဆိုရင် သူ့ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီကို စဉ်းစားတဲ့အခါမှာ ဒါက တိုးတက်မှုဖြစ်စဉ်အဖြစ်နဲ့ ထည့်သွင်းစဉ်းစားမှာဖြစ်တယ်။

မေး ။ ။ အထူးသဖြင့် နိုင်ငံတကာက ထောက်ပြနေတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရ တက်လာတဲ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို မဖြေရှင်းဘူးဆိုတဲ့ အနေအထားမှာ အစိုးရဘက်က သူတို့က ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးတော့ သူတို့လက်ထက်မှာ ဆက်ပြီးတော့ ရှိနေတာကို ဘာကြောင့် မဖြေရှင်းနိုင်တာလဲလို့ မြင်မိပါလဲ။

ဖြေ ။ ။ အဓိကတော့ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို အစိုးရကိုယ်တိုင်က အသိအမှတ်ပြုနေတဲ့ အနေအထားမှာ ရှိမနေဘူး။ ရန်မံရန်ခါမှာတော့ သူတို့က နိုင်ငံရေးအကျဉ်းသားရှိတယ်။ နိုင်ငံရေးအကျဉ်းသားကို ဘယ်လိုသတ်မှတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သူတို့ ပြောဆိုတာမျိုးတွေ ရှိတယ်။ ၂၀၁၆ တုန်းကလဲ နိုင်ငံတော်အတိုင်ပင်ရုံးက ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောတာရှိတယ်။ မနေ့တနေ့ကပဲ နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ ပြောဆိုတာ ရှိတယ်။ အဲဒီသတ်မှတ်ချက်အရဆိုရင် သူက ဘောင်အရမ်းကျဉ်းလွန်အားကြီးတယ်။ သူတို့ရဲ့ စဉ်းစားချက်တွေက အမြင်ကျဉ်းတယ်။ နိုင်ငံရေးအကျဉ်းသားကို အသိအမှတ် မပြုချင်ဘူးဆိုတဲ့ သဘောမျိုးကို သက်ရောက်နေတာကို တွေ့ရတယ်။ ဒီလိုပုံစံမျိုးနဲ့တော့ ဒီပြဿနာကို ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် ပြဿနာ ရှိနေတယ်ဆိုတာကို နံပတ်တစ် အသိအမှတ်ပြုဖို့လိုတယ်။ ပြီးနောက် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာကို တိုင်ပင်ဆွေးနွေးဖို့လိုတယ်။ အဲဒီလို တိုင်ပင်ဆွေးနွေးပြီးတဲ့အခါမှာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖွင့်မယ်ဆိုရင်တော့ ပြဿနာက အနှေးနဲ့အမြန် ပြီသွားလိမ့်မယ်။ အခုကတော့ ပြဿနာကို အသိအမှတ်မပြုတဲ့အတွက် ပြဿနာက ပြီမှာမဟုတ်ဘူး။

နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသား ပြဿနာတွေက မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဥပမာ တိုင်းရင်းသားတွေနဲ့ ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးစားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ကြိုးစားတယ်။ တပြိုင်နက်ထဲမှာ တိုင်းရင်းသားတွေ ဖိနှိပ်ခံနေရတယ်။ မတရားညဉ်းပမ်းနှိပ်စက်ခံနေရတယ်။ သတ်ဖြတ်ခံနေရတယ်ဆိုလို့ရှိရင် ဒီတိုင်းရင်းသားတွေနဲ့ ပြေလည်ရေးကို ဘယ်လိုသွားမလဲ။ ဒါက တကယ်ကို ကြီးကျယ်တဲ့မေးခွန်း။ နိုင်ငံရေးအကျဉ်းသားပြဿနာကို သေးသေးလေး၊ မလုပ်လဲရပါတယ်ဆိုပြီးတော့ ထားလို့ မသင့်တော်ဘူး။ အဲဒီလိုမျိုးထားရင် ပြဿနာက တဖြည်းဖြည်းနဲ့ ပိုကြီးလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ပြဿနာကို ပိုပြီးတော့ ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ အနေအထားမျိုးမှာ ကိုင်တွယ်ဖြေရှင်းခြင်းသည်သာ ပြဿနာကို ဖြေရှင်းခြင်းက အထိရောက်ဆုံး ဖြစ်တယ်။ ဒါကိုတော့ အစိုးရဘက်က သေသေချာချာ လေးလေးနက်နက် စဉ်းစားဖို့လိုတယ်။ ဖြေရှင်းချက်တွေလည်း သူတို့ဘက်က ရှိနိုင်ပါတယ်။ သူတို့က လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်လို့ မရတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ဒါပေမဲ့ အစိုးရက တရားစွဲနေတဲ့ ကိစ္စတွေကလည်း ထုနဲ့ထည်နဲ့ ရှိတယ်။ အဲဒီတော့ အစိုးရက ဥပဒေတွေကို မတရားတဲ့ ဖိနှိပ်တဲ့ အင်္ဂလိပ်အစိုးရ ချထားတဲ့ ဥပဒေတွေ။ နောက်ထပ်ထပ်ဆွဲတဲ့တဲ့ ဥပဒေတွေထဲမှာလည်း ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်တွေကို ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို အကြောင်းပြပြီးတော့ ဖမ်းနေတာက တကယ်တမ်းကြတော့ တရားမဝင်ဘူး။ ဒါက နိုင်ငံရေးအကျဉ်းသားမြောက်တယ်။ ဒါက အမေရိကန်ရဲ့ သတ်မှတ်ချက်ထဲမှာလဲ အဲဒီလိုရှိတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ချက်ထဲမှာလည်း ဒီလိုစံချိန်စံနှုန်းတွေ ပါတယ်။ ဆိုတဲ့အခါကြတော့ ကျနော်တို့ နိုင်ငံတကာ စံချိန်စံနှုန်းတွေကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ကျနော်တို့နဲ့ မဟာမိတ်ပြုနေတဲ့ ဆက်သွယ်နေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီထဲမှာ ဒါကို ထည့်သွင်းစဉ်းစားနေတယ်ဆိုရင် ဒါကိုပြေလည်အောင် ကျနော်တို့က အလုပ်နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။

မအင်ကြင်းနိုင် -- AAPP တွဲဘက်အထွေထွေအတွင်းရေးမှူး ကိုဘိုကြည် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ကျေးဇူးတင်ပါတယ် ကိုဘိုကြည်။

XS
SM
MD
LG