သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ တေက်ာ့ျပန္ လမ္းေပၚထြက္ ဆႏၵျပ


ရန္ကုန္မွာ တေက်ာ့ျပန္ လမ္းေပၚထြက္ ဆႏၵျပ

{{Zawgyi/Unicode}}

လမ္းေပၚထြက္ ဆႏၵျပမႈေတြ သိသိသာသာနည္းသြားတဲ့ ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ ဆႏၵျပသူ ရာဂဏန္းေလာက္ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပၾကပါတယ္။ ရန္ကုန္ၿမိဳ႕လည္ ပန္းပဲတန္းၿမိဳ႕နယ္ထဲက လမ္းေတြေပၚမွာ ခ်ီတက္ဆႏၵျပခ့ဲၾကတာျဖစ္ပါတယ္။ လံုၿခံဳေရးေတြ ေရာက္မလာခင္မွာပဲ လူစုခဲြႏိုင္ခဲ့တဲ့ ဆႏၵျပပဲြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ ? ကေျပာျပပါမယ္။

အင္ဒိုနီး႐ွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္မွာ ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြၾကား ေဆြးေႏြးၾကမယ့္ ရက္ မတိုင္ခင္ ဒီေန႔ ဧၿပီလ ၂၃ ရက္ေန႔မွာ ၿမိဳ႕နယ္ေပါင္းစုံက လူငယ္ေတြစုေပါင္းထားတဲ့ ဆႏၵျပလူထုဟာ ရန္ကုန္ၿမိဳ႕လယ္ လမ္းမေတြေပၚထြက္လာၿပီး ခ်ီတက္ဆႏၵျပခ့ဲၾကပါတယ္။ ပန္းပဲတန္းၿမိဳ႕နယ္ထဲက ၃၂ လမ္းထိပ္ကေနစၿပီး ေ႐ႊဘုံသာလမ္းအထိ လူအင္အား ၃၀၀ ေက်ာ္နဲ႔ အေနာ္ရထာလမ္းမႀကီးေပၚမွာ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပႏိုင္ခဲ့တယ္လို႔ ရန္ကုန္ဗဟိုသပိတ္ ျဖစ္ေျမာက္ေရးေကာ္မတီ တာဝန္ခံ ကိုေကတူးက VOA ကိုေျပာပါတယ္။

“ဒီသပိတ္ကိုလုပ္ဖို႔ အခက္အခဲေတြ၊ အတားအဆီးေတြ ေတာ္ေတာ္မ်ားမ်ားရွိတာကို က်ေနာ္တို႔ေတြ႕ရတယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ဒီလမ္းေပၚမွာလည္း အခ်ိန္နဲ႔တေျပးညီ သူတို႔ယူနီေဖာင္းေတြဝတ္ၿပီး ကင္းပတ္ေနတာေတြ ရွိတယ္။ ၿပီးေတာ့ လူအုပ္ထဲမွာတင္ပဲ အရပ္ဝတ္ပုံစံမ်ိဳးနဲ႔ လႈပ္ရွားေနတာေတြကို က်ေနာ္တို႔ေတြ႕ရတယ္ေပါ့ေနာ္။ အဲဒီလို အေျခအေနမ်ိဳးထဲမွာကို ဒီလိုမ်ိဳး သပိတ္တခုျဖစ္ဖို႔ကို ရက္ေတာ္ေတာ္ၾကာၾကာကတည္းက အခ်ိန္ယူေသခ်ာ ေစာင့္ၾကည့္ၿပီးမွ လုပ္တာျဖစ္တဲ့အတြက္ေၾကာင့္ လုပ္ေတာ့လုပ္ႏိုင္လိုက္တာေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တို႔မွာ ခုနကေျပာတဲ့ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ ဘယ္လိုပဲဲျဖစ္ျဖစ္ စီစဥ္ထားတဲ့အတိုင္းေတာ့ ျဖစ္လာပါတယ္ဗ်။”

စစ္အာဏာသိမ္းမႈျဖစ္ခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕လမ္းေတြေပၚ ျပည္သူ အလံုးအရင္းနဲ႔ ထြက္လာၿပီး ဆႏၵျပပဲြေတြ ေန႔စဥ္ရက္ဆက္ ႐ွိခဲ့ေပမဲ့ စစ္ေကာင္စီ တပ္ေတြရဲ႕ ပစ္ခတ္ၿဖိဳခဲြမႈေတြေၾကာင့္ ဧၿပီလပိုင္းေရာက္ခ်ိန္မွာ ဆႏၵျပပြဲေတြ သိိသိသာသာ နည္းသြားခဲ့ပါတယ္။ တင္းၾကပ္တဲ့ လံုၿခံဳေရးေတြၾကား ေပ်ာက္ၾကားသပိတ္ ပံုစံမ်ဳိးေတြ လုပ္ခဲ့ၾကတာကေန ဒီေန႔ေတာ့ ဆႏၵျပသူ ရာဂဏန္းပါဝင္တဲ့ ဆႏၵျပပြဲကို ျပန္လုပ္လာတာျဖစ္ပါတယ္။ စစ္အာဏာရွင္ ေတာ္လွန္ေရး အမွတ္အသားျဖစ္တဲ့ လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵျပလူထုကို အားေပးခဲ့ၾကသလို၊ လမ္းေပၚသြားလာေနတဲ့ ကားေတြကလည္း လုံၿခဳံေရးေဆာင္႐ြက္ေပးခဲ့တာပါ။ ဆႏၵျပလူထုခ်ီတက္ရာ လမ္းတေလွ်ာက္မွာ ကားဟြန္းတီးၿပီး အေႏွးေမာင္းပုံစံနဲ႔ ေမာ္ေတာ္ယာဥ္ေတြဟာ ကာရံေပးခဲ့ၾကပါတယ္။

“က်ေနာ္တို႔လည္း အဲဒီေလာက္ထိ ကားသမားေတြကအစ ဒီလိုမ်ိဳး ဝိုင္းဝန္းၿပီးေတာ့ ပူးေပါင္းေပးလိမ့္မယ္လို႔ မထင္ထားခဲ့ဘူးေပါ့ေနာ္။ တကယ့္တကယ္ လက္ေတြ႕ျဖစ္လာတဲ့ အခ်ိန္က်ေတာ့ ကားသမားေတြကလည္း သူတို႔ကားေတြကို ရပ္ေပးတယ္၊ ေႏွးေႏွးေလး ေမာင္းေပးတယ္၊ တခ်ိဳ႕ဆို ဟြန္းေတြဝိုင္းတီးေပးတယ္ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း ကားထဲကဆင္းၿပီး လက္ခုတ္တီးေပးတဲ့သူေတြ ရွိတယ္။ လက္သုံးေခ်ာင္းေထာင္ၿပီးေတာ့ လုပ္ေပးတဲ့သူေတြရွိတယ္ေပါ့ေနာ္။ ဒီလိုမ်ိဳး ႀကိဳတင္ျပင္ဆင္ထားတာ မရွိဘဲနဲ႔ အဲလိုအေျခအေနမ်ိဳးကို ေတြ႕ရေတာ့လည္း က်ေနာ္တို႔ သပိတ္လုပ္တဲ့လူေတြအေနနဲ႔ ပိုၿပီးေတာ့လည္း မ်က္ရည္က်မိတယ္၊ အရမ္းလည္း ဝမ္းသာမိတယ္ေပါ့ေနာ္။ ဒီေလာက္ႀကီး ပူးေပါင္းပါဝင္လာလိမ့္မယ္လို႔ က်ေနာ္တို႔မထင္ဘူး၊ ေသြးေအးေနၾကၿပီပဲ ထင္တာေပါ့ေနာ္။ အဲေတာ့ က်ေနာ္တို႔ထင္ထားတာထက္ ပိုၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ လူေတြရဲ႕ရင္ထဲမွာ ဒီမိုကေရစီအေရး လႈပ္ရွားမႈေတြကို ရွိေနေသးတယ္ဆိုတဲ့ ပုံရိပ္မ်ိဳးကိုလည္း က်ေနာ္တို႔ ဒီေန႔မွာ ေတြ႕လိုက္ရတဲ့အတြက္ေတာ့ အရမ္းလည္းဝမ္းသာမိပါတယ္ဗ်။”
လံုၿခံဳေရးေၾကာင့္ အခ်ိန္ၾကာၾကာ ခ်ီတက္ ဆႏၵျပပြဲ မလုပ္ႏုိင္ခဲ့ေပမဲ့ ဒီေန႔လုပ္တဲ့ ဆႏၵျပပြဲဟာ ထိေရာက္မႈ႐ွိတယ္လို႔လည္း သူက ျမင္ပါတယ္။

“က်ေနာ္တို႔ ဒီလိုမ်ိဳးလုပ္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္က အခက္အခဲေတြ အမ်ားႀကီးရွိေပမဲ့လည္း ရန္ကုန္မွာရွိတဲ့ လူငယ္အဖြဲ႕အစည္းေတြ စုေပါင္းၿပီးေတာ့ ဒီမိုကေရစီအေရး လႈပ္ရွားတဲ့ ဒုတိယလႈိင္းကို ျပန္လည္ၿပီးေတာ့မွ ပထမဆုံးအႀကိမ္အေနနဲ႔ ပထမဆုံးအဆင့္ ေျခလွမ္းအေနနဲ႔ ပူးေပါင္းလုပ္ေဆာင္လိုက္တယ္ဆိုတဲ့ သေဘာကိုပဲ ရေအာင္ယူလိုက္တာ ျဖစ္တယ္ေပါ့ေနာ္။ အဓိကေတာ့ အရင္လို သပိတ္ေတြကို အၾကာႀကီးလုပ္ဖို႔က က်ေနာ္တို႔မွာလည္း အခက္အခဲ အမ်ားႀကီးရွိတဲ့အတြက္ ၾကာခ်ိန္ကေတာ့ ၁၅မိနစ္ ေလာက္ထိေတာ့ လုပ္ႏိုင္ခဲ့တယ္ေပါ့ေနာ္။ ဒါေပမဲ့ ထိထိေရာက္ေရာက္ေတာ့ ျဖစ္ခဲ့ပါတယ္ဗ်။”

လာမယ့္ ေမလ ၂ရက္ေန႔က်ရင္လည္း တကမာၻလုံးက ျမန္မာ့အေရးလႈပ္ရွားသူ အားလုံးပါဝင္မယ့္ ကမာၻလုံးဆိုင္ရာ ျမန္မာ့ေႏြဦး ေတာ္လွန္ေရးဆႏၵျပပြဲေတြကို ႏိုင္ငံစုံမွာလုပ္ၾကဖို႔ စီစဥ္ထားၾကပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာကို လက္မခံဘူးဆိုတာ ကမာၻသိေအာင္ ႏိုင္ငံစုံမွာ ေရာက္ေနၾကသူေတြက ညီညီၫြတ္ၫြတ္ျပသဖို႔ ရည္႐ြယ္ထားၾကပါတယ္။

..........................................

ရန္ကုန္မွာ တေက်ာ့ျပန္ လမ္းေပၚထြက္ ဆႏၵျပ
please wait

No media source currently available

0:00 0:03:47 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ သိသိသာသာနည်းသွားတဲ့ ရန်ကုန်မြို့မှာ ဒီနေ့ ဆန္ဒပြသူ ရာဂဏန်းလောက် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြကြပါတယ်။ ရန်ကုန်မြို့လည် ပန်းပဲတန်းမြို့နယ်ထဲက လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လုံခြုံရေးတွေ ရောက်မလာခင်မှာပဲ လူစုခွဲနိုင်ခဲ့တဲ့ ဆန္ဒပြပွဲအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် ? ကပြောပြပါမယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြား ဆွေးနွေးကြမယ့် ရက် မတိုင်ခင် ဒီနေ့ ဧပြီလ ၂၃ ရက်နေ့မှာ မြို့နယ်ပေါင်းစုံက လူငယ်တွေစုပေါင်းထားတဲ့ ဆန္ဒပြလူထုဟာ ရန်ကုန်မြို့လယ် လမ်းမတွေပေါ်ထွက်လာပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပန်းပဲတန်းမြို့နယ်ထဲက ၃၂ လမ်းထိပ်ကနေစပြီး ရွှေဘုံသာလမ်းအထိ လူအင်အား ၃၀၀ ကျော်နဲ့ အနော်ရထာလမ်းမကြီးပေါ်မှာ လမ်းလျှောက်ချီတက် ဆန္ဒပြနိုင်ခဲ့တယ်လို့ ရန်ကုန်ဗဟိုသပိတ် ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ကိုကေတူးက VOA ကိုပြောပါတယ်။

“ဒီသပိတ်ကိုလုပ်ဖို့ အခက်အခဲတွေ၊ အတားအဆီးတွေ တော်တော်များများရှိတာကို ကျနော်တို့တွေ့ရတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီလမ်းပေါ်မှာလည်း အချိန်နဲ့တပြေးညီ သူတို့ယူနီဖောင်းတွေဝတ်ပြီး ကင်းပတ်နေတာတွေ ရှိတယ်။ ပြီးတော့ လူအုပ်ထဲမှာတင်ပဲ အရပ်ဝတ်ပုံစံမျိုးနဲ့ လှုပ်ရှားနေတာတွေကို ကျနော်တို့တွေ့ရတယ်ပေါ့နော်။ အဲဒီလို အခြေအနေမျိုးထဲမှာကို ဒီလိုမျိုး သပိတ်တခုဖြစ်ဖို့ကို ရက်တော်တော်ကြာကြာကတည်းက အချိန်ယူသေချာ စောင့်ကြည့်ပြီးမှ လုပ်တာဖြစ်တဲ့အတွက်ကြောင့် လုပ်တော့လုပ်နိုင်လိုက်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့မှာ ခုနကပြောတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီစဉ်ထားတဲ့အတိုင်းတော့ ဖြစ်လာပါတယ်ဗျ။”

စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့လမ်းတွေပေါ် ပြည်သူ အလုံးအရင်းနဲ့ ထွက်လာပြီး ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ရှိခဲ့ပေမဲ့ စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ဧပြီလပိုင်းရောက်ချိန်မှာ ဆန္ဒပြပွဲတွေ သိသိသာသာ နည်းသွားခဲ့ပါတယ်။ တင်းကြပ်တဲ့ လုံခြုံရေးတွေကြား ပျောက်ကြားသပိတ် ပုံစံမျိုးတွေ လုပ်ခဲ့ကြတာကနေ ဒီနေ့တော့ ဆန္ဒပြသူ ရာဂဏန်းပါဝင်တဲ့ ဆန္ဒပြပွဲကို ပြန်လုပ်လာတာဖြစ်ပါတယ်။ စစ်အာဏာရှင် တော်လှန်ရေး အမှတ်အသားဖြစ်တဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြလူထုကို အားပေးခဲ့ကြသလို၊ လမ်းပေါ်သွားလာနေတဲ့ ကားတွေကလည်း လုံခြုံရေးဆောင်ရွက်ပေးခဲ့တာပါ။ ဆန္ဒပြလူထုချီတက်ရာ လမ်းတလျှောက်မှာ ကားဟွန်းတီးပြီး အနှေးမောင်းပုံစံနဲ့ မော်တော်ယာဉ်တွေဟာ ကာရံပေးခဲ့ကြပါတယ်။

“ကျနော်တို့လည်း အဲဒီလောက်ထိ ကားသမားတွေကအစ ဒီလိုမျိုး ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူးပေါ့နော်။ တကယ့်တကယ် လက်တွေ့ဖြစ်လာတဲ့ အချိန်ကျတော့ ကားသမားတွေကလည်း သူတို့ကားတွေကို ရပ်ပေးတယ်၊ နှေးနှေးလေး မောင်းပေးတယ်၊ တချို့ဆို ဟွန်းတွေဝိုင်းတီးပေးတယ်ပေါ့နော်။ တချို့ကျတော့လည်း ကားထဲကဆင်းပြီး လက်ခုတ်တီးပေးတဲ့သူတွေ ရှိတယ်။ လက်သုံးချောင်းထောင်ပြီးတော့ လုပ်ပေးတဲ့သူတွေရှိတယ်ပေါ့နော်။ ဒီလိုမျိုး ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲနဲ့ အဲလိုအခြေအနေမျိုးကို တွေ့ရတော့လည်း ကျနော်တို့ သပိတ်လုပ်တဲ့လူတွေအနေနဲ့ ပိုပြီးတော့လည်း မျက်ရည်ကျမိတယ်၊ အရမ်းလည်း ဝမ်းသာမိတယ်ပေါ့နော်။ ဒီလောက်ကြီး ပူးပေါင်းပါဝင်လာလိမ့်မယ်လို့ ကျနော်တို့မထင်ဘူး၊ သွေးအေးနေကြပြီပဲ ထင်တာပေါ့နော်။ အဲတော့ ကျနော်တို့ထင်ထားတာထက် ပိုပြီး ရန်ကုန်မြို့မှာရှိတဲ့ လူတွေရဲ့ရင်ထဲမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ရှိနေသေးတယ်ဆိုတဲ့ ပုံရိပ်မျိုးကိုလည်း ကျနော်တို့ ဒီနေ့မှာ တွေ့လိုက်ရတဲ့အတွက်တော့ အရမ်းလည်းဝမ်းသာမိပါတယ်ဗျ။”
လုံခြုံရေးကြောင့် အချိန်ကြာကြာ ချီတက် ဆန္ဒပြပွဲ မလုပ်နိုင်ခဲ့ပေမဲ့ ဒီနေ့လုပ်တဲ့ ဆန္ဒပြပွဲဟာ ထိရောက်မှုရှိတယ်လို့လည်း သူက မြင်ပါတယ်။

“ကျနော်တို့ ဒီလိုမျိုးလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က အခက်အခဲတွေ အများကြီးရှိပေမဲ့လည်း ရန်ကုန်မှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ဒုတိယလှိုင်းကို ပြန်လည်ပြီးတော့မှ ပထမဆုံးအကြိမ်အနေနဲ့ ပထမဆုံးအဆင့် ခြေလှမ်းအနေနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်တယ်ဆိုတဲ့ သဘောကိုပဲ ရအောင်ယူလိုက်တာ ဖြစ်တယ်ပေါ့နော်။ အဓိကတော့ အရင်လို သပိတ်တွေကို အကြာကြီးလုပ်ဖို့က ကျနော်တို့မှာလည်း အခက်အခဲ အများကြီးရှိတဲ့အတွက် ကြာချိန်ကတော့ ၁၅မိနစ် လောက်ထိတော့ လုပ်နိုင်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ထိထိရောက်ရောက်တော့ ဖြစ်ခဲ့ပါတယ်ဗျ။”

လာမယ့် မေလ ၂ရက်နေ့ကျရင်လည်း တကမ္ဘာလုံးက မြန်မာ့အရေးလှုပ်ရှားသူ အားလုံးပါဝင်မယ့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးဆန္ဒပြပွဲတွေကို နိုင်ငံစုံမှာလုပ်ကြဖို့ စီစဉ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုတာ ကမ္ဘာသိအောင် နိုင်ငံစုံမှာ ရောက်နေကြသူတွေက ညီညီညွတ်ညွတ်ပြသဖို့ ရည်ရွယ်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG