သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူေတြရဲ႕ သပိတ္ေမွာက္ တိုက္ပြဲ ဘယ္ေလာက္ ထိေရာက္ေနသလဲ


ေက်ာက္မဲၿမိဳ႕က ကမာၻလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ

ျပည္သူေတြရဲ႕ ျမန္မာဘီယာကို သပိတ္ေမွာက္မႈ အႀကီးအက်ယ္ ေအာင္ျမင္မႈ ရၿပီး စစ္တပ္အတြက္ ဝင္ေငြ ေဒၚလာ သန္းေပါင္းမ်ားစြာ ထိခိုက္နစ္နာမႈ ျဖစ္ေပၚေစခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖၚဝါရီ အာဏာသိမ္းပြဲအၿပီး ေပၚေပါက္လာတဲ့ အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြဟာ ၃ လနီးပါးအၾကာ ဧၿပီ လကုန္ပိုင္း အေရာက္မွာေတာ့ အေတာ္ေလး နည္းပါး သြားခဲ့ပါၿပီ။ ႏိုင္ငံတစ္ဝွမ္း လူေပါင္း ၇၅၀ ေက်ာ္ ေသဆုံးခဲ့သည္ အထိ ၾကမ္းၾကမ္းတမ္းတမ္း ရက္ရက္စက္စက္ ပစ္ခတ္ ႏွိမ္နင္းမႈေတြေၾကာင့္ ဆႏၵျပပြဲႀကီးေတြ နည္းပါးသြားရတာ သဘာ၀ က်ပါတယ္။ ဒါေပမယ့္ ဆက္ၿပီး က်န္ေနေသးတာေတြကေတာ့ အစိုးရ ယႏၲယား မလည္ပတ္ႏိုင္ေအာင္ လုပ္တဲ့ CDM လႈပ္ရွားမႈေတြ၊ စစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ အဲဒီ ကုမၸဏီ ထုတ္ကုန္ေတြကို သပိတ္ေမွာက္တဲ့ လႈပ္ရွားမႈေတြ၊ အစိုးရ အခြန္ဘ႑ာ မရေအာင္ သပိတ္ေမွာက္တဲ့ လႈပ္ရွားမႈေတြ စတာေတြ က်န္ရစ္ပါတယ္။ အဲဒီထဲကမွ စစ္တပ္ပိုင္ ကုမၸဏီေတြ၊ ထုတ္ကုန္ေတြ နဲ႔ အစိုးရ ဘ႑ာ မရေအာင္လုပ္တဲ့ သပိတ္ေမွာက္မႈေတြ ကိစၥကေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ အဲဒီ လႈပ္ရွားမႈေတြ ဘယ္ေလာက္ ထိေရာက္မႈ ရွိေနသလဲ၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ သူ႔စစ္ေကာင္စီ အာဏာၿမဲေအာင္ ႀကိဳးပမ္းမႈကိုေရာ ထိခိုက္ေစႏိုင္မလား ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။


စစ္တပ္ ကုမၸဏီေတြနဲ႔ အဲဒီ ကုမၸဏီေတြရဲ႕ ထုတ္ကုန္ေတြကို သပိတ္ေမွာက္မႈ ကိစၥအေၾကာင္း ေျပာရရင္ ျမန္မာဘီယာ နဲ႔ အျခား အေဖ်ာ္ယမကာေတြကို သပိတ္ေမွာက္ၾကတဲ့ ကိစၥက အထင္ရွားဆုံး ျဖစ္ပါတယ္။ ၁၉၈၈ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၁၉၉၀ မွာ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္လီမီတက္ ကို ဖြဲ႕စည္းခဲ့သလို၊ အဲဒီ ကုမၸဏီကေန လုပ္တဲ့ လုပ္ငန္းေတြ အမ်ားႀကီးထဲမွာမွ ျမန္မာဘီယာ ထုတ္လုပ္မႈ လုပ္ငန္းဟာ ေအာင္ျမင္မႈ အရဆုံး ျဖစ္ခဲ့ပါတယ္။ ၁၉၈၈ အာဏာသိမ္း စစ္ဗိုလ္ခ်ဳပ္ေတြဟာ တိုင္းျပည္ကို ေဈးကြက္စီးပြားေရး စနစ္ က်င့္သုံးမယ္ လို႔ ေၾကညာခဲ့ေပမယ့္ ႏိုင္ငံျခား သြင္းကုန္ အေျမာက္အမ်ားကို တင္သြင္းခြင့္ ပိတ္ပင္ထားခဲ့ၿပီး အဲဒီထဲမွာ ေဖ်ာ္ရည္ နဲ႔ ယမကာ အမ်ိဳးမ်ိဳး ပါဝင္ခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ မတိုင္ခင္အထိ ႏိုင္ငံျခားျဖစ္ အရက္နဲ႔ဘီယာ တင္သြင္းေရာင္းခ်ခြင့္ လုံး၀ ပိတ္ပင္ထားတဲ့ ျမန္မာႏိုင္ငံမွာ ျမန္မာဘီယာဟာ နံပတ္(၁) ေရာင္းအားအေကာင္းဆုံး၊ ေဈးကြက္ေဝစု အမ်ားဆုံးရတဲ့ ဘီယာ ျဖစ္ခဲ့တာပါ။


၂၀၁၁ ေနာက္ပိုင္း သမၼတ ဦးသိန္းစိန္ လက္ထက္ ျမန္မာႏိုင္ငံထဲမွာ ဟင္နီကင္ဘီယာ၊ ကားလ္ဘတ္စ္ ဘီယာ နဲ႔ ထိုင္းႏိုင္ငံက ဘီယာခ်မ္း ကုမၸဏီေတြ ရင္းႏွီးျမႇဳပ္ႏွံခြင့္ ရၿပီး လာေရာက္ ထုတ္လုပ္ၾကလို႔ ေဈးကြက္ေဝစု ခြဲေဝေပးလိုက္ရတဲ့တိုင္ ျမန္မာဘီယာဟာ နံပတ္ ၁ ေရာင္းအား အေကာင္းဆုံး ေနရာကေန က်မသြားခဲ့ပါဘူး။ အေၾကာင္းရင္းကေတာ့ သူ႔မွာ က်ယ္ျပန႔္တဲ့ ျဖန႔္ခ်ီေရး ကြန္ယက္ ရွိေနတာ၊ သူ႔ရဲ႕ စည္ဘီယာ အေရာင္းဆိုင္ေတြကို အထူးအခြင့္အေရးေတြ ေပးၿပီး အျခား ကုမၸဏီထုတ္ ဘီယာေတြ ေရာင္းခ်ျခင္း မျပဳပါဘူးလို႔ ေလ်ာ္ေၾကးပါတဲ့ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုၿပီး လုပ္ကိုင္ခဲ့တာေၾကာင့္ အျခားဘီယာေတြအေပၚ အသာစီးရၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ လကုန္အထိ ေဈးကြက္ ေဝစု အမ်ားဆုံး ဆက္ ရေနခဲ့တာ ျဖစ္ပါတယ္။ Eurocham Myanmar ရဲ႕ Consumer Good Guide 2020 ရီပိုဒ့္ မွာ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ေအာင္ ျမန္မာဘီယာနဲ႔ adman gold က ေဈးကြက္ေဝစု ၈၀ ရာႏႈန္းေက်ာ္ ယူထားတယ္လို႔ ေဖာ္ျပထားတာ ေတြ႕ႏိုင္ပါတယ္။


အာဏာသိမ္းပြဲအၿပီး ဆႏၵျပပြဲေတြ၊ CDM လႈပ္ရွားမႈေတြနဲ႔အတူ ျပည္သူေတြဟာ စစ္တပ္ပိုင္ ထုတ္ကုန္ တစ္ခုျဖစ္တဲ့ ျမန္မာဘီယာကို သပိတ္ေမွာက္ၾကပါတယ္။ အဲလို သပိတ္ေမွာက္မႈမွာ စားသုံးသူ ျပည္သူေတြတင္မက ကုန္တိုက္ႀကီးေတြ၊ စတိုးဆိုင္ေတြ၊ Liquor house ေတြအျပင္ အရက္၊ ဘီယာ ေရာင္းခ်ခြင့္ရွိတဲ့ စားေသာက္ဆိုင္ေတြပါ ပါဝင္လာခဲ့ခ်ိန္မွာေတာ့ ျမန္မာဘီယာဟာ ေဈးကြက္ထဲမွာ လုံး၀ မျမင္ မေတြ႕ရေတာ့တဲ့ အေနအထားကို ဆိုက္ေရာက္သြားေစပါေတာ့တယ္။ ေျပာရရင္ ျပည္သူေတြရဲ႕ ျမန္မာဘီယာကို သပိတ္ေမွာက္မႈ အႀကီးအက်ယ္ ေအာင္ျမင္မႈ ရၿပီး စစ္တပ္အတြက္ ဝင္ေငြ ေဒၚလာ သန္းေပါင္းမ်ားစြာ ထိခိုက္နစ္နာမႈ ျဖစ္ေပၚေစခဲ့ပါတယ္။


ျပည္သူေတြဟာ အစိုးရ ဘ႑ာတိုက္ထဲ အခြန္ဝင္ေငြေတြ ေရာက္မသြားေအာင္ ေအာင္ဘာေလ ထီလုပ္ငန္းကိုလည္း သပိတ္ေမွာက္ၾကပါတယ္။ ၂၀၁၉ ဇန္နဝါရီ ၁ ရက္မွာ ဖြင့္တဲ့ ၂၂ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ေအာင္ဘာေလ ထီအတြက္ အစိုးရဟာ က်ပ္ေငြ ၂၁ ဘီလ်ံဖိုး ေရာင္းခ်ခဲ့ရၿပီး အခြန္ေငြ က်ပ္ ၈ဒသမ၄ ဘီလ်ံရခဲ့ပါတယ္။ က်ပ္ ၅၀၀ တန္ ထီ ထုတ္စဥ္တုန္းက အစိုးရအတြက္ တစ္ႏွစ္ ပ်မ္းမွ် ဝင္ေငြ က်ပ္ ဘီလ်ံ ၁၀၀ ေလာက္ ရေစခဲ့တဲ့ သေဘာပါ။ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္မွာ ဖြင့္တဲ့ ၂၄ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလ ထီအတြက္ အစိုးရဟာ က်ပ္ေငြ ၃၄ ဘီလ်ံဖိုး ေရာင္းခ်ခဲ့ရၿပီး အခြန္ေငြ က်ပ္ ၁၃ဒသမ၆ ဘီလ်ံရခဲ့ပါတယ္။ အင္န္အယ္လ္ဒီ အစိုးရ ေနာက္ဆုံးႏွစ္ က်ပ္ ၁၀၀၀ တန္ ထီ ထုတ္စဥ္တုန္းက အစိုးရအတြက္ တစ္ႏွစ္ ပ်မ္းမွ် ဝင္ေငြ က်ပ္ ၁၆၃ ဘီလ်ံ ေက်ာ္ေလာက္ ရေစခဲ့တဲ့ သေဘာပါ။


အခု ျပည္သူေတြရဲ႕ သပိတ္ေမွာက္မႈေၾကာင့္ အဲဒီ အေျခအေန ေျပာင္းလဲသြားပါၿပီ။ ေရာင္းခ်ခ်ိန္ အခ်ိန္ ၂ လေလာက္ယူၿပီး ေမလ ၁ ရက္ေန႔က ဖြင့္ခဲ့တဲ့ ၂၆ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ထီလက္မွတ္ ၂ ဘီလ်ံေက်ာ္ဖိုးပဲ ေရာင္းရေတာ့တာေၾကာင့္ အခြန္ေငြ က်ပ္ သန္း ၈၀၀ ေလာက္ပဲ ရေတာ့မယ္ ဆိုတဲ့ သေဘာပါ။ ဒါ့အျပင္ ၂၇ ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီလက္မွတ္ေတြ ေရာင္းခ်တာ မၾကားမသိရေတာ့တဲ့အတြက္ ေနာက္ပိုင္း ေအာင္ဘာေလ ထီကေန အစိုးရအတြက္ အခြန္ လုံး၀ ရႏိုင္မယ့္ အေျခအေန မရွိေတာ့ပါဘူး။ ျပည္သူေတြရဲ႕ ေအာင္ဘာေလ ထီအေပၚ သပိတ္ေမွာက္မႈ ေအာင္ျမင္မႈ ရတယ္လို႔ ဆိုႏိုင္ပါတယ္။


ဒါ့အျပင္ ျပည္သူေတြရဲ႕ အျခားေသာ သပိတ္ေမွာက္မႈေတြလည္း ရွိေနပါေသးတယ္။ ဥပမာ စစ္တပ္ပိုင္ ကုမၸဏီနဲ႔ စစ္ဗိုလ္ခ်ဳပ္သားသမီးေတြ ရွယ္ယာ အမ်ားႀကီးပါၿပီး ဗီယက္နမ္ ဗီယက္တဲလ္ နဲ႔ ဖက္စပ္လုပ္တဲ့ Mytel မိုဘိုင္းဖုန္း ေအာ္ပေရတာ လုပ္ငန္းပါ။ Mytel ဆင္းကဒ္ေတြ မသုံးဖို႔ ျပည္သူေတြအၾကား လႈံ႕ေဆာ္မႈေတြ ရွိခဲ့ေပမယ့္ စာရင္း အတိအက် မသိႏိုင္ေသးပါဘူး။ ဒါေပမယ့္ Mytel ကေန ဝန္ေဆာင္မႈေပးတဲ့ အင္တာနက္ ေကဘယ္လ္ စနစ္ ဝန္ေဆာင္မႈကိုေတာ့ သပိတ္ေမွာက္မႈ မေအာင္ျမင္ခဲ့ပါဘူး။ စစ္ေကာင္စီဟာ ျပည္သူ သန္းေပါင္းမ်ားစြာ အသုံးျပဳေနတဲ့ မိုဘိုင္းေဒတာ အပါအဝင္ အင္တာနက္ ဝန္ေဆာင္မႈ ၃ မ်ိဳးကို ပိတ္ပင္လိုက္တဲ့အတြက္ ပိတ္ပင္မႈ မရွိေသးတဲ့ ေကဘယ္လ္ စနစ္ အင္တာနက္ ဝန္ေဆာင္မႈ ကုမၸဏီေတြဆီမွာ ဝယ္လိုအား အဆ မတန္ တက္သြားေစခဲ့ပါတယ္။

အေသးစား နဲ႔ အလတ္စား စီးပြားေရး လုပ္ငန္း အေတာ္မ်ားမ်ားဟာ အင္တာနက္ အသုံးျပဳဖို႔ လိုတာေၾကာင့္ Mytel ေကဘယ္လ္ႀကိဳး စနစ္ အင္တာနက္ ဝန္ေဆာင္မႈ ရယူသုံးစြဲေနၾကရသူေတြ အေနနဲ႔ သပိတ္ေမွာက္ဖို႔ မျဖစ္ႏိုင္တဲ့ အေျခအေန ေရာက္သြားေစပါတယ္။ အျခားေသာ ျပည္သူေတြရဲ႕ သပိတ္ေမွာက္မႈ အမ်ားႀကီး ရွိေနပါေသးတယ္။ အခြန္ မ်ိဳးစုံ မေဆာင္ဖို႔၊ လယ္သမားေတြကို ေခ်းေပးထားတဲ့ ေငြေတြ ျပန္မဆပ္ေသးပဲ ဆိုင္းငံ့ထားဖို႔၊ ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္ေၾကးေတြ မသြင္းၾကဖို႔ စသျဖင့္ ရွိေသးသလို၊ NUG အမ်ိဳးသား ညီၫြတ္ေရး အစိုးရဘက္ကလည္း သပိတ္ေမွာက္သင့္တဲ့ ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈ အေသးစိတ္ စာရင္း သိပ္မၾကာခင္ ထုတ္ျပန္သြားဖို႔ ရွိေနပါေသးတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဘက္ကေတာ့ အစိုးရ ဝင္ေငြ ရရွိေရးသပိတ္ေမွာက္မႈကိုေတာ့ သိပ္ၿပီး ဂ႐ုစိုက္မယ့္ပုံ မရွိပါဘူး။ သူ႔အရင္ အာဏာရွင္ေတြတုန္းက အခြန္ေငြကို သိပ္အာ႐ုံမစိုက္ပဲ အစိုးရဘတ္ဂ်က္ေတြကို ေငြစကၠဴ႐ိုက္ႏွိပ္ သုံးစြဲတဲ့နည္းနဲ႔ ေျဖရွင္းခဲ့တဲ့ သာဓကေတြ ရွိခဲ့ၿပီး အဲဒါကလည္း သြယ္ဝိုက္တဲ့နည္းနဲ႔ ျပည္သူေတြရဲ႕ ေငြကို ရယူလိုက္မႈလို႔လည္း ေျပာႏိုင္ပါတယ္။ တကယ္ေတာ့ အခု ျပည္သူေတြ လုပ္ေနၾကတဲ့ သပိတ္ေမွာက္မႈေတြဟာ ဒီမိုကေရစီ အစိုးရ တစ္ရပ္ရပ္ကို ဆန႔္က်င္ကန႔္ကြက္မႈမ်ိဳး ဆိုရင္ေတာ့ အေတာ္ေလး ထိေရာက္ႏိုင္ပါတယ္။ လက္ရွိ အာဏာသိမ္း စစ္ေကာင္စီ အတြက္ကေတာ့ သူတို႔ အာဏာတည္ၿမဲေရးကိုပဲ တစိုက္မတ္မတ္ အေကာင္အထည္ ေဖာ္မယ့္ အေနအထား ျမင္ေတြ႕ေနရတာမို႔ ျပည္သူေတြရဲ႕ သပိတ္ေမွာက္မႈေၾကာင့္ တိုင္းျပည္ စီးပြားေရး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး ဘယ္အပိုင္းကိုပဲ ထိခိုက္ ထိခိုက္၊ သိပ္ၿပီး အေလးအနက္ ထားမယ့္ပုံ၊ ျပည္သူေတြ ေတာင္းဆိုမႈကို အေလ်ာ့ေပးမယ့္ပုံ မေတြ႕၊ မျမင္ရေသးေၾကာင္းပါ။

====================

ပြည်သူတွေရဲ့ သပိတ်မှောက် တိုက်ပွဲ ဘယ်လောက် ထိရောက်နေသလဲ

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပွဲအပြီး ပေါ်ပေါက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ လနီးပါးအကြာ ဧပြီ လကုန်ပိုင်း အရောက်မှာတော့ အတော်လေး နည်းပါး သွားခဲ့ပါပြီ။ နိုင်ငံတစ်ဝှမ်း လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့သည် အထိ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲကြီးတွေ နည်းပါးသွားရတာ သဘာ၀ ကျပါတယ်။ ဒါပေမယ့် ဆက်ပြီး ကျန်နေသေးတာတွေကတော့ အစိုးရ ယန္တယား မလည်ပတ်နိုင်အောင် လုပ်တဲ့ CDM လှုပ်ရှားမှုတွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ အဲဒီ ကုမ္ပဏီ ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ၊ အစိုးရ အခွန်ဘဏ္ဍာ မရအောင် သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ စတာတွေ ကျန်ရစ်ပါတယ်။ အဲဒီထဲကမှ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ ထုတ်ကုန်တွေ နဲ့ အစိုးရ ဘဏ္ဍာ မရအောင်လုပ်တဲ့ သပိတ်မှောက်မှုတွေ ကိစ္စကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ လှုပ်ရှားမှုတွေ ဘယ်လောက် ထိရောက်မှု ရှိနေသလဲ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့စစ်ကောင်စီ အာဏာမြဲအောင် ကြိုးပမ်းမှုကိုရော ထိခိုက်စေနိုင်မလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
စစ်တပ် ကုမ္ပဏီတွေနဲ့ အဲဒီ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်မှု ကိစ္စအကြောင်း ပြောရရင် မြန်မာဘီယာ နဲ့ အခြား အဖျော်ယမကာတွေကို သပိတ်မှောက်ကြတဲ့ ကိစ္စက အထင်ရှားဆုံး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၉၀ မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ကို ဖွဲ့စည်းခဲ့သလို၊ အဲဒီ ကုမ္ပဏီကနေ လုပ်တဲ့ လုပ်ငန်းတွေ အများကြီးထဲမှာမှ မြန်မာဘီယာ ထုတ်လုပ်မှု လုပ်ငန်းဟာ အောင်မြင်မှု အရဆုံး ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်ကို ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ် လို့ ကြေညာခဲ့ပေမယ့် နိုင်ငံခြား သွင်းကုန် အမြောက်အများကို တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ပြီး အဲဒီထဲမှာ ဖျော်ရည် နဲ့ ယမကာ အမျိုးမျိုး ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတိုင်ခင်အထိ နိုင်ငံခြားဖြစ် အရက်နဲ့ဘီယာ တင်သွင်းရောင်းချခွင့် လုံး၀ ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံမှာ မြန်မာဘီယာဟာ နံပတ်(၁) ရောင်းအားအကောင်းဆုံး၊ ဈေးကွက်ဝေစု အများဆုံးရတဲ့ ဘီယာ ဖြစ်ခဲ့တာပါ။

၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံထဲမှာ ဟင်နီကင်ဘီယာ၊ ကားလ်ဘတ်စ် ဘီယာ နဲ့ ထိုင်းနိုင်ငံက ဘီယာချမ်း ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံခွင့် ရပြီး လာရောက် ထုတ်လုပ်ကြလို့ ဈေးကွက်ဝေစု ခွဲဝေပေးလိုက်ရတဲ့တိုင် မြန်မာဘီယာဟာ နံပတ် ၁ ရောင်းအား အကောင်းဆုံး နေရာကနေ ကျမသွားခဲ့ပါဘူး။ အကြောင်းရင်းကတော့ သူ့မှာ ကျယ်ပြန့်တဲ့ ဖြန့်ချီရေး ကွန်ယက် ရှိနေတာ၊ သူ့ရဲ့ စည်ဘီယာ အရောင်းဆိုင်တွေကို အထူးအခွင့်အရေးတွေ ပေးပြီး အခြား ကုမ္ပဏီထုတ် ဘီယာတွေ ရောင်းချခြင်း မပြုပါဘူးလို့ လျော်ကြေးပါတဲ့ စာချုပ်တွေ ချုပ်ဆိုပြီး လုပ်ကိုင်ခဲ့တာကြောင့် အခြားဘီယာတွေအပေါ် အသာစီးရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ လကုန်အထိ ဈေးကွက် ဝေစု အများဆုံး ဆက် ရနေခဲ့တာ ဖြစ်ပါတယ်။ Eurocham Myanmar ရဲ့ Consumer Good Guide 2020 ရီပိုဒ့် မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အောင် မြန်မာဘီယာနဲ့ adman gold က ဈေးကွက်ဝေစု ၈၀ ရာနှုန်းကျော် ယူထားတယ်လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။

အာဏာသိမ်းပွဲအပြီး ဆန္ဒပြပွဲတွေ၊ CDM လှုပ်ရှားမှုတွေနဲ့အတူ ပြည်သူတွေဟာ စစ်တပ်ပိုင် ထုတ်ကုန် တစ်ခုဖြစ်တဲ့ မြန်မာဘီယာကို သပိတ်မှောက်ကြပါတယ်။ အဲလို သပိတ်မှောက်မှုမှာ စားသုံးသူ ပြည်သူတွေတင်မက ကုန်တိုက်ကြီးတွေ၊ စတိုးဆိုင်တွေ၊ Liquor house တွေအပြင် အရက်၊ ဘီယာ ရောင်းချခွင့်ရှိတဲ့ စားသောက်ဆိုင်တွေပါ ပါဝင်လာခဲ့ချိန်မှာတော့ မြန်မာဘီယာဟာ ဈေးကွက်ထဲမှာ လုံး၀ မမြင် မတွေ့ရတော့တဲ့ အနေအထားကို ဆိုက်ရောက်သွားစေပါတော့တယ်။ ပြောရရင် ပြည်သူတွေရဲ့ မြန်မာဘီယာကို သပိတ်မှောက်မှု အကြီးအကျယ် အောင်မြင်မှု ရပြီး စစ်တပ်အတွက် ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြည်သူတွေဟာ အစိုးရ ဘဏ္ဍာတိုက်ထဲ အခွန်ဝင်ငွေတွေ ရောက်မသွားအောင် အောင်ဘာလေ ထီလုပ်ငန်းကိုလည်း သပိတ်မှောက်ကြပါတယ်။ ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှာ ဖွင့်တဲ့ ၂၂ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီအတွက် အစိုးရဟာ ကျပ်ငွေ ၂၁ ဘီလျံဖိုး ရောင်းချခဲ့ရပြီး အခွန်ငွေ ကျပ် ၈ဒသမ၄ ဘီလျံရခဲ့ပါတယ်။ ကျပ် ၅၀၀ တန် ထီ ထုတ်စဉ်တုန်းက အစိုးရအတွက် တစ်နှစ် ပျမ်းမျှ ဝင်ငွေ ကျပ် ဘီလျံ ၁၀၀ လောက် ရစေခဲ့တဲ့ သဘောပါ။ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ ဖွင့်တဲ့ ၂၄ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီအတွက် အစိုးရဟာ ကျပ်ငွေ ၃၄ ဘီလျံဖိုး ရောင်းချခဲ့ရပြီး အခွန်ငွေ ကျပ် ၁၃ဒသမ၆ ဘီလျံရခဲ့ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ နောက်ဆုံးနှစ် ကျပ် ၁၀၀၀ တန် ထီ ထုတ်စဉ်တုန်းက အစိုးရအတွက် တစ်နှစ် ပျမ်းမျှ ဝင်ငွေ ကျပ် ၁၆၃ ဘီလျံ ကျော်လောက် ရစေခဲ့တဲ့ သဘောပါ။

အခု ပြည်သူတွေရဲ့ သပိတ်မှောက်မှုကြောင့် အဲဒီ အခြေအနေ ပြောင်းလဲသွားပါပြီ။ ရောင်းချချိန် အချိန် ၂ လလောက်ယူပြီး မေလ ၁ ရက်နေ့က ဖွင့်ခဲ့တဲ့ ၂၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ၂ ဘီလျံကျော်ဖိုးပဲ ရောင်းရတော့တာကြောင့် အခွန်ငွေ ကျပ် သန်း ၈၀၀ လောက်ပဲ ရတော့မယ် ဆိုတဲ့ သဘောပါ။ ဒါ့အပြင် ၂၇ ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်တွေ ရောင်းချတာ မကြားမသိရတော့တဲ့အတွက် နောက်ပိုင်း အောင်ဘာလေ ထီကနေ အစိုးရအတွက် အခွန် လုံး၀ ရနိုင်မယ့် အခြေအနေ မရှိတော့ပါဘူး။ ပြည်သူတွေရဲ့ အောင်ဘာလေ ထီအပေါ် သပိတ်မှောက်မှု အောင်မြင်မှု ရတယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ အခြားသော သပိတ်မှောက်မှုတွေလည်း ရှိနေပါသေးတယ်။ ဥပမာ စစ်တပ်ပိုင် ကုမ္ပဏီနဲ့ စစ်ဗိုလ်ချုပ်သားသမီးတွေ ရှယ်ယာ အများကြီးပါပြီး ဗီယက်နမ် ဗီယက်တဲလ် နဲ့ ဖက်စပ်လုပ်တဲ့ Mytel မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်းပါ။ Mytel ဆင်းကဒ်တွေ မသုံးဖို့ ပြည်သူတွေအကြား လှုံ့ဆော်မှုတွေ ရှိခဲ့ပေမယ့် စာရင်း အတိအကျ မသိနိုင်သေးပါဘူး။ ဒါပေမယ့် Mytel ကနေ ဝန်ဆောင်မှုပေးတဲ့ အင်တာနက် ကေဘယ်လ် စနစ် ဝန်ဆောင်မှုကိုတော့ သပိတ်မှောက်မှု မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီဟာ ပြည်သူ သန်းပေါင်းများစွာ အသုံးပြုနေတဲ့ မိုဘိုင်းဒေတာ အပါအဝင် အင်တာနက် ဝန်ဆောင်မှု ၃ မျိုးကို ပိတ်ပင်လိုက်တဲ့အတွက် ပိတ်ပင်မှု မရှိသေးတဲ့ ကေဘယ်လ် စနစ် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေဆီမှာ ဝယ်လိုအား အဆ မတန် တက်သွားစေခဲ့ပါတယ်။ အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်း အတော်များများဟာ အင်တာနက် အသုံးပြုဖို့ လိုတာကြောင့် Mytel ကေဘယ်လ်ကြိုး စနစ် အင်တာနက် ဝန်ဆောင်မှု ရယူသုံးစွဲနေကြရသူတွေ အနေနဲ့ သပိတ်မှောက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်သွားစေပါတယ်။ အခြားသော ပြည်သူတွေရဲ့ သပိတ်မှောက်မှု အများကြီး ရှိနေပါသေးတယ်။ အခွန် မျိုးစုံ မဆောင်ဖို့၊ လယ်သမားတွေကို ချေးပေးထားတဲ့ ငွေတွေ ပြန်မဆပ်သေးပဲ ဆိုင်းငံ့ထားဖို့၊ မော်တော်ယာဉ် မှတ်ပုံတင်ကြေးတွေ မသွင်းကြဖို့ စသဖြင့် ရှိသေးသလို၊ NUG အမျိုးသား ညီညွတ်ရေး အစိုးရဘက်ကလည်း သပိတ်မှောက်သင့်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အသေးစိတ် စာရင်း သိပ်မကြာခင် ထုတ်ပြန်သွားဖို့ ရှိနေပါသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကတော့ အစိုးရ ဝင်ငွေ ရရှိရေးသပိတ်မှောက်မှုကိုတော့ သိပ်ပြီး ဂရုစိုက်မယ့်ပုံ မရှိပါဘူး။ သူ့အရင် အာဏာရှင်တွေတုန်းက အခွန်ငွေကို သိပ်အာရုံမစိုက်ပဲ အစိုးရဘတ်ဂျက်တွေကို ငွေစက္ကူရိုက်နှိပ် သုံးစွဲတဲ့နည်းနဲ့ ဖြေရှင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့ပြီး အဲဒါကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူတွေရဲ့ ငွေကို ရယူလိုက်မှုလို့လည်း ပြောနိုင်ပါတယ်။ တကယ်တော့ အခု ပြည်သူတွေ လုပ်နေကြတဲ့ သပိတ်မှောက်မှုတွေဟာ ဒီမိုကရေစီ အစိုးရ တစ်ရပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်မှုမျိုး ဆိုရင်တော့ အတော်လေး ထိရောက်နိုင်ပါတယ်။ လက်ရှိ အာဏာသိမ်း စစ်ကောင်စီ အတွက်ကတော့ သူတို့ အာဏာတည်မြဲရေးကိုပဲ တစိုက်မတ်မတ် အကောင်အထည် ဖော်မယ့် အနေအထား မြင်တွေ့နေရတာမို့ ပြည်သူတွေရဲ့ သပိတ်မှောက်မှုကြောင့် တိုင်းပြည် စီးပွားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဘယ်အပိုင်းကိုပဲ ထိခိုက် ထိခိုက်၊ သိပ်ပြီး အလေးအနက် ထားမယ့်ပုံ၊ ပြည်သူတွေ တောင်းဆိုမှုကို အလျော့ပေးမယ့်ပုံ မတွေ့၊ မမြင်ရသေးကြောင်းပါ။

XS
SM
MD
LG