သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA နဲ႔ျဖစ္ေနတဲ့ မိုးေမာက္တိုက္ပြဲမွာ စစ္တပ္က ေလေၾကာင္းက တိုက္ခိုက္ေန


ျမစ္ႀကီးနားၿမိဳ ႔ကိုတိမ္းေ႐ွာင္လာတဲ့ကခ်င္စစ္ေရွာင္ဒုကၡသည္မ်ား၊။ ႏုိ၀င္ဘာ ၅၊၂၀၁၈။

မိုးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာ၊ စီဟတ္အနီးက စေလာင္းကုန္းတိုက္ပဲြဟာ ဒီေန႔ ၁၄ရက္အထိ ၾကာျမင့္လာေနၿ ပီး တိုက္ပဲြျဖစ္ပြားရာကို ဗန္းေမာ္၊ မုိးေမာက္ဘက္ကေန လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္ေနသလို ေလေၾကာင္းကေနလည္း ၃-၄ၾကိမ္မက တိုက္ခိုက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

တိုက္ပဲြျဖစ္ပြားရာ ေဒသအတြင္းက ရွမ္းနဲ႔ ကခ်င္ရြာသားေတြဟာ ဗန္းေမာ္၊ မုိးေမာက္ၿမိဳ႔ေတြအျပင္ မန္ေနာင္နဲ႔ အျခားရြာၾကီးေတြကို ထြက္ေျပး တိမ္းေရွာင္ေနၾကရတာေၾကာင့္ သူတုိ႔ စိုက္ပ်ိဳးထားတဲ့ သီးႏွံေတြကို မရိတ္သိမ္းႏိုင္ဘဲ ရိွေနပါတယ္။

စစ္ေျပးဒုကၡသည္ေတြကို ကူညီေနသူတစ္ဦးကေတာ့ ပ်က္ဆီးဆံုးရႈံးရမယ္ သီးႏွံေတြဟာ ဧက ေထာင္နဲ႔ ခ်ီရိွေနတယ္လို႔ VOA ကို အခုလို ေျပာပါတယ္။

“ က်ေနာ္တုိ႔ ဒီ ၿမိဳ႔သစ္ကုန္းေလာဘက္မွာ အခုဒီ စိုက္ပ်ိဳးၿပီးသား ရိတ္သိမ္းဖို႔ အခ်ိန္က်ေနတဲ့ ေျမပဲတုိ႔၊ ေျပာင္းတို႔၊ ဖရဲသီးတို႔၊ ပဲပုပ္တုိ႔ အဲဒီေကာင္ေတြက ဧက ေထာင္နဲ႔ခ်ီၿပီးေတာ့မွ အခုက မရိတ္သိမ္းႏိုင္ဘဲနဲ႔ ျဖစ္ေနတာေပါ့။”

အနည္းဆံုး ေက်းရြာ ၁၂ရြာေလာက္က စစ္ေရွာင္ ၄ေထာင္ေလာက္တိမ္းေရွာင္ေနရေၾကာင္း၊ တိုက္ပဲြျပင္းထန္လာတာနဲ႔အ မွ် ေန႔စဥ္ဆိုသလို စစ္ေရွာင္ဦးေရလည္း တိုးမ်ားလာေနေၾကာင္း ေျပာပါတယ္။ စီဟတ္ရြာကေန မိုးဖိန္းေက်းရြာ စာသင္ေက်ာင္းမွာ ခိုလႈံေနသူတစ္ဦးကေတာ့ စိုက္ပ်ိဳးထားတာေတြ ရိတ္သိမ္းႏိုင္ဖို႔ စစ္ရပ္စဲေစလုိေၾကာင္း ေျပာပါတယ္။

“ အခုက စစ္ေဘးေရွာင္ေနရတဲ့ အခ်ိန္ဆိုေတာ့ေနာ။ ျဖစ္ႏိုင္ရင္ေတာ့ ႏွစ္ဘက္စလံုးေပါ့ အပစ္အခတ္ ရပ္စဲေပးၿပီး က်ေနာ္တို႔ေတြကို အဲဒါေလးေတြ သိမ္းခြင့္ေပးရင္ေတာ့ပိုေကာင္းတာေပါ့ေနာ။ အခုက ေျမပဲ သိမ္းတဲ့အခ်ိန္တဲ့ အခ်ိန္ေရာက္ၿပီဗ်။ တခ်ိဳ႔ ဆုိရင္ေတာ့ နည္းနည္းပါးပါးေတာင္မွ ပ်က္ဆီးလုနီးပါး ျဖစ္ေနတယ္ အခုက။ အခ်ိန္လြန္ေနတဲ့ ပံုစံျဖစ္ေနတာေပါ့။ က်ေနာတုိ႔စိုက္ထားတဲ့ ဧကကေတာ့ က်ေနာ္တုိ႔ ရြာခ်ည္းအနည္းဆံုး ဧက ၄၀၀ေလာက္ေတာ့ စိုက္ထားတာေပါ့ေနာ။ တစ္ရြာလံုးနဲ႔ ၿခံဳၿပီးမွေပါ့ေနာ။ Covid 19 ျဖစ္ထားတဲ့အတြက္ က်ေနာ္တုိ႔လည္း တရုတ္ျပည္လည္း သြားလုိ႔ မရ ၊ ဘာလည္း မရဆိုေတာ့ စိုက္ပ်ိဳးေရးကိုပဲ အဓိက ဦးတည္ၿပီးမွ စိုက္ပ်ိဳးၾကတာေပ့ါ။”

တိုက္ပဲြျဖစ္ပြားရာနဲ႔ အနည္းငယ္လွမ္းတဲ့ တခ်ိဳ႔ရြာေတြကေတာ့ ပုန္းေရွာင္ၿပီးမွ ေျမပဲႏုတ္ေနရေၾကာင္း ေျပာပါတယ္။ စစ္ေရွာင္ကခ်င္ရြာသားေတြကေတာ့ အိမ္ေမြး တိရိစၦာန္ေတြပါ ဆံုးရႈံးရမယ္အေျခအေနရိွေၾကာင္း ကခ်င္စစ္ေရွာင္ေတြကို ကူညီေဆာင္ရြက္ေပးေနသူတစ္ဦးက ေျပာပါတယ္။

“ ဖရဲ၊ ေျမပဲ ၿပီးရင္ ကြ်ဲ၊ႏြား တိရိစာၦန္ေတြေပါ့။ ၾကက္၊ ၀က္ေတြဆုိလည္း ဒီတုိင္းပဲ ပစ္ထားခဲ့ရတာ။ အမ်ားၾကီး ရိွတာေပါ့။ ရြာမွာဆို သိတဲ့အတုိင္းပဲ အိမ္တုိင္းက ရိွၾကတာပဲေလ။ တခ်ိဳ႔ဟာေတြဆို ႏြားဆို ရာခ်ီၿပီးရိွတဲ့သူေတြလည္း ရိွတယ္။ အဲဒါေတြက ျပန္ရမလား၊ မရမလားဆိုတာ မသိဘူးေပါ့ေနာ္။ ဒီတုိင္းပဲ ထားခဲ့ရတာပဲ။”

စစ္ေရးေလ့လာသံုးသပ္သူေတြကေတာ့ KIA က သိမ္းယူထားတဲ့ အေလာဘြမ္စခန္းဟာ ဗန္းေမာ္-ျမစ္ၾကီးနားလမ္းကို ထိန္းခ်ဳပ္ထားတဲ့ အေရးပါတဲ့ ဗ်ဴဟာေျမာက္ေနရာျဖစ္တာေၾကာင့္ ႏွစ္ဘက္လံုးက အေလ်ာ့ေပးမယ့္ အေျခအေနမရိွဘဲ စစ္ပဲြက ရွည္ၾကာႏိုင္ေၾကာင္း သံုးသပ္ထားပါတယ္။

ဒီရက္ပိုင္းအတြင္းမွာေတာ့ ကခ်င္ျပည္နယ္ အင္ဂ်န္းယန္၊ ၀ိုင္းေမာ္၊ မန္စီနဲ႔ ေရႊကူဘက္ေတြမွာလည္း ႏွစ္ဘက္အၾကား တုိက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္။ မုိးေမာက္ၿမိဳ႔နယ္အတြင္း တုိက္ပဲြကေတာ့ အျပင္းထန္ဆံုးျဖစ္ၿပီး ေလေၾကာင္း က ေန႔စဥ္တိုုက္ခုိက္ေနသလို ဒီလ ၃ရက္ေန႔ကလည္း KIA က တပ္မေတာ္ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ခဲ့ပါတယ္။

ဒီေန႔ စစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပဲြမွာေတာ့ ရဟတ္ယာဥ္အပစ္ခံရတာေၾကာင့္ တပ္မေတာ္ အရာရိွ ၃ဦး အသက္ဆံုးရႈံးခဲ့ေၾကာင္း ထည့္သြင္း ေျဖၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟတ်အနီးက စလောင်းကုန်းတိုက်ပွဲဟာ ဒီနေ့ ၁၄ရက်အထိ ကြာမြင့်လာနြေ ပီး တိုက်ပွဲဖြစ်ပွားရာကို ဗန်းမော်၊ မိုးမောက်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေလည်း ၃-၄ကြိမ်မက တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းက ရှမ်းနဲ့ ကချင်ရွာသားတွေဟာ ဗန်းမော်၊ မိုးမောက်မြို့တွေအပြင် မန်နောင်နဲ့ အခြားရွာကြီးတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတာကြောင့် သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို မရိတ်သိမ်းနိုင်ဘဲ ရှိနေပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကတော့ ပျက်ဆီးဆုံးရှုံးရမယ် သီးနှံတွေဟာ ဧက ထောင်နဲ့ ချီရှိနေတယ်လို့ VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီ မြို့သစ်ကုန်းလောဘက်မှာ အခုဒီ စိုက်ပျိုးပြီးသား ရိတ်သိမ်းဖို့ အချိန်ကျနေတဲ့ မြေပဲတို့၊ ပြောင်းတို့၊ ဖရဲသီးတို့၊ ပဲပုပ်တို့ အဲဒီကောင်တွေက ဧက ထောင်နဲ့ချီပြီးတော့မှ အခုက မရိတ်သိမ်းနိုင်ဘဲနဲ့ ဖြစ်နေတာပေါ့။”

အနည်းဆုံး ကျေးရွာ ၁၂ရွာလောက်က စစ်ရှောင် ၄ထောင်လောက်တိမ်းရှောင်နေရကြောင်း၊ တိုက်ပွဲပြင်းထန်လာတာနဲ့အ မျှ နေ့စဉ်ဆိုသလို စစ်ရှောင်ဦးရေလည်း တိုးများလာနေကြောင်း ပြောပါတယ်။ စီဟတ်ရွာကနေ မိုးဖိန်းကျေးရွာ စာသင်ကျောင်းမှာ ခိုလှုံနေသူတစ်ဦးကတော့ စိုက်ပျိုးထားတာတွေ ရိတ်သိမ်းနိုင်ဖို့ စစ်ရပ်စဲစေလိုကြောင်း ပြောပါတယ်။

“ အခုက စစ်ဘေးရှောင်နေရတဲ့ အချိန်ဆိုတော့နော။ ဖြစ်နိုင်ရင်တော့ နှစ်ဘက်စလုံးပေါ့ အပစ်အခတ် ရပ်စဲပေးပြီး ကျနော်တို့တွေကို အဲဒါလေးတွေ သိမ်းခွင့်ပေးရင်တော့ပိုကောင်းတာပေါ့နော။ အခုက မြေပဲ သိမ်းတဲ့အချိန်တဲ့ အချိန်ရောက်ပြီဗျ။ တချို့ ဆိုရင်တော့ နည်းနည်းပါးပါးတောင်မှ ပျက်ဆီးလုနီးပါး ဖြစ်နေတယ် အခုက။ အချိန်လွန်နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ကျနောတို့စိုက်ထားတဲ့ ဧကကတော့ ကျနော်တို့ ရွာချည်းအနည်းဆုံး ဧက ၄၀၀လောက်တော့ စိုက်ထားတာပေါ့နော။ တစ်ရွာလုံးနဲ့ ခြုံပြီးမှပေါ့နော။ Covid 19 ဖြစ်ထားတဲ့အတွက် ကျနော်တို့လည်း တရုတ်ပြည်လည်း သွားလို့ မရ ၊ ဘာလည်း မရဆိုတော့ စိုက်ပျိုးရေးကိုပဲ အဓိက ဦးတည်ပြီးမှ စိုက်ပျိုးကြတာပေ့ါ။”

တိုက်ပွဲဖြစ်ပွားရာနဲ့ အနည်းငယ်လှမ်းတဲ့ တချို့ရွာတွေကတော့ ပုန်းရှောင်ပြီးမှ မြေပဲနုတ်နေရကြောင်း ပြောပါတယ်။

စစ်ရှောင်ကချင်ရွာသားတွေကတော့ အိမ်မွေး တိရိစ္ဆာန်တွေပါ ဆုံးရှုံးရမယ်အခြေအနေရှိကြောင်း ကချင်စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

“ ဖရဲ၊ မြေပဲ ပြီးရင် ကျွဲ၊နွား တိရိစ္ဆာန်တွေပေါ့။ ကြက်၊ ဝက်တွေဆိုလည်း ဒီတိုင်းပဲ ပစ်ထားခဲ့ရတာ။ အများကြီး ရှိတာပေါ့။ ရွာမှာဆို သိတဲ့အတိုင်းပဲ အိမ်တိုင်းက ရှိကြတာပဲလေ။ တချို့ဟာတွေဆို နွားဆို ရာချီပြီးရှိတဲ့သူတွေလည်း ရှိတယ်။ အဲဒါတွေက ပြန်ရမလား၊ မရမလားဆိုတာ မသိဘူးပေါ့နော်။ ဒီတိုင်းပဲ ထားခဲ့ရတာပဲ။”

စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ KIA က သိမ်းယူထားတဲ့ အလောဘွမ်စခန်းဟာ ဗန်းမော်-မြစ်ကြီးနားလမ်းကို ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ ဗျူဟာမြောက်နေရာဖြစ်တာကြောင့် နှစ်ဘက်လုံးက အလျော့ပေးမယ့် အခြေအနေမရှိဘဲ စစ်ပွဲက ရှည်ကြာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဝိုင်းမော်၊ မန်စီနဲ့ ရွှေကူဘက်တွေမှာလည်း နှစ်ဘက်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲကတော့ အပြင်းထန်ဆုံးဖြစ်ပြီး လေကြောင်း က နေ့စဉ်တိုက်ခိုက်နေသလို ဒီလ ၃ရက်နေ့ကလည်း KIA က တပ်မတော်ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ပါတယ်။

ဒီနေ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရဟတ်ယာဉ်အပစ်ခံရတာကြောင့် တပ်မတော် အရာရှိ ၃ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG