သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA နဲ႔ ျမန္မာစစ္တပ္ မိုးေမာက္ေဒသမွာ တိုက္ပဲြျပင္းထန္


KIA တပ္

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔နယ္၊ ၿမိဳ႔သစ္၊ ကုန္းေလာရြာအနီးမွာ တပ္မေတာ္နဲ႔ KIA အၾကား ျဖစ္ပြားတဲ့တုိက္ပဲြဟာ ၾကာသပေတးေန႔မွာေတာ့ စစ္တပ္က ေလေၾကာင္းကေန ျပန္လည္တိုက္ခိုက္ၿပီး တိုက္ပဲြေတြ ပိုမို ျပင္းထန္လာေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္နဲ႔ ရွမ္းေျမာက္ဘက္က ေနာက္ဆံုးအေျခအေနေတြကို ကိုရဲမြန္က တင္ျပပါမယ္။

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔နယ္၊ ၿမိဳ႔သစ္၊ ကုန္းေလာရြာအနီးျဖစ္ပြားတဲ့ တုိက္ပဲြဟာ ၁၃ ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ျဖစ္ပြားေနပါတယ္။

ဒီလ ၃ ရက္ေန႔က တပ္မေတာ္ရဟတ္ယာဥ္တစ္စီးကို KIA က ပစ္ခ်ခဲ့ၿပီးတဲ့ေနာက္ ေလေၾကာင္း တိုက္ခုိက္တာေတြ အရိွန္ေလ်ာ့က်ခဲ့ေပမဲ့ အခုအခါမွာေတာ့ အရင္လို ျပန္လည္ျပင္းထန္လာေနေၾကာင္း ၿမိဳ႔သစ္၊ ကုန္းေလာဘက္က ေဒသခံတစ္ေယာက္က VOA ကို အခုလုိ ေျပာပါတယ္။

“ ေလယာဥ္ကေတာ့ ၃- ၄ ေခါက္ေလာက္ေတာ့ လာၿပီ။ အရင္ မိုင္းၾကဲ၊ ခုနတံုးကေတာ့ အေငြ႔ဗံုး အဲဒါမ်ိိဳးလာခ်တယ္။ ဒီကေန မီးခိုးေတြ ေတြ႔ရတယ္။ ဟို သူမ်ား ေျပာတာက အခုိးအေငြ႔နဲ႔ အဆိပ္ေငြ႔ေပါ့။ အဲလိုမ်ိဳးနဲ႔ လာၾကဲတယ္လုိ႔ ေျပာတယ္။”

အခုလို တိုက္ခိုက္မႈေတြမွာ လက္နက္ၾကီးနဲ႔ ပစ္ခတ္သံေတြ ၾကားေနရသလို လက္နက္ငယ္သံေတြလည္း ၾကားေနရတာေၾကာင့္ ေျမျပင္ကပါ ထိုးစစ္ဆင္တုိက္ခုိက္တယ္လို႔ ေဒသခံေတြက ခန္႔မွန္းေျပာဆုိပါတယ္။

“ဒီေန႔ တစ္ေနကုန္ ပစ္တာ။ ၾကားေနရတံုးပဲ အေသးေရာ၊ အၾကီးေရာ။ ေတာင္ေျခမွာ၊ ေတာင္ေျခမွာ တိုက္ေနတာ။ ဒီမနက္ပိုင္းကေတာ့ မိုးေမာက္၊ ဗန္းေမာ္ကေနလည္း ပစ္ေသးတယ္။ ဟိုႏြမ္းလန္းကလည္း ပစ္ေသးတယ္။ သူတို႔ ေလယာဥ္တက္လာရင္ေတာ့ တစ္ခါတည္း ႏွစ္ဖက္စလံုး ၿငိမ္တာေပါ့။ မိုင္းၾကဲေတာ့မယ္ဆုိရင္ေတာ့။ ေလယာဥ္ျပန္သြားရင္ေတာ့ ျပန္တုိက္တာေလ။”

မိုးေမာက္ေဒသခံတစ္ဦးကလည္း တုိက္ခုိက္မႈအေျခအေနကို အခုလုိ ေျပာပါတယ္။

“ဒီေန႔မနက္ကေတာ့ မနက္ ၆ နာရီက စၿပီးေတာ့ ၁၁ နာရီခဲြအထိကို အေျမာက္နဲ႔၊ လက္နက္ၾကီးေပါ့ေလ ေဟာင္၀စ္ဇာေတြနဲ႔ ပစ္တယ္လုိ႔ ေျပာတယ္ဗ်။ အဲဒါေတြက ဗန္းေမာ္အေျမာက္တပ္ကေန ပစ္တာလို႔ ေျပာတယ္ဗ်။ ခုနတံုးက ၂ နာရီ ခဲြေလာက္ခါမွာက ဂ်က္ႏွစ္စီးနဲ႔ ပစ္တယ္။ ခါတိုင္းသံုးတဲ့ ေလယာဥ္ေတာ့ မဟုတ္ဘူးဆုိတာ ေဒသခံေတြက ေျပာပါတယ္ဗ်။ ဘာလို႔လဲဆို အခုဟာက တအားလည္း ျမန္တယ္ေပါ့။ ဂ်က္ဖိုက္တာမ်ိဳးေတြနဲ႔ လာတယ္ထင္တယ္တဲ့။ ခါတိုင္းေန႔ေတြက ၾကိဳၾကား နည္းနည္းပဲ ရိွတယ္။ ဒီေန႔ကေတာ့ မနက္တည္းကေန ၁၂နာရီေက်ာ္ေလာက္မွာမွ နည္းနည္းနားသြားတယ္ေပါ့ေလ။ ေတာက္ေလွ်ာက္ပစ္ေနတယ္။ ခုနက အခ်ိန္ထိေပါ့ေလ။”

ပစ္ခတ္ခဲ့တဲ့ လက္နက္ၾကီးက်ည္ဟာ တာလီနဲ႔ ႏြမ္းလန္းရြာအတြင္း က်ေရာက္ေပါက္ကဲြတာေတြ ရိွသလို ျမစ္ၾကီးနား-ဗန္းေမာ္ကားလမ္းေဘးမွာလည္း က်ေရာက္ေပါက္ကဲြေၾကာင္း ေျပာပါတယ္။

မိုးေမာက္ၿမိဳ႔နယ္အတြင္း တိုက္ပဲြေတြဟာ ၿပီးခဲ့တဲ့လ ၂၄ ရက္ေန႔တည္းက စတင္ခဲ့ၿပီး တပ္မေတာ္ဘက္က ေန႔စဥ္လို ေလေၾကာင္းကေန ၄-၅ ၾကိမ္ေလာက္ ပစ္ခတ္တုိက္ခိုက္ခဲ့ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ၂ ရက္ကေတာ့ ညေနခင္းနဲ႔ ညပိုင္းေတြမွာသာ တစ္ၾကိမ္၊ ႏွစ္ၾကိမ္ေလာက္သာ ေလယာဥ္လာတာရိွခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

KIA က ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ တုိက္ပဲြသတင္းမရရိွေသးေၾကာင္း ေျပာပါတယ္။

“ဒီေန႔ကေတာ့ တုိက္ပဲြသတင္းေတာ့ မတက္ဘူးခင္ဗ်။”

ၿပီးခဲ့တဲ့ရက္ေတြက တိုက္ပဲြျဖစ္ပြားခဲ့တဲ့ ရွမ္းျပည္နယ္ေျမာက္ပို္င္း ကြတ္ခုိင္ၿမိဳ႔နယ္ဘက္မွာေတာ့ ဒီေန႔ အေျခအေန ၿငိမ္သက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီလ ၄ ရက္ေန႔ညေနပိုင္းနဲ႔ ညပိုင္းေတြ ကြတ္ခိုင္ၿမိဳ႔အနီးမွာ တပ္မေတာ္ တပ္ဖဲြ႔ေတြကို TNLA တအန္း(ပေလာင္)နဲ႔ MNDAA ကိုးကန္႔တပ္ဖဲြ႔ေတြက တိုက္ခုိက္ခဲ့ေၾကာင္း TNLA က သတင္းထုတ္ျပန္ထားသလို MNDAA ကိုးကန္႔တပ္ဖဲြ႔ကလည္း ေမလ ၅ ရက္ေန႔မွာ သူတို႔တပ္ဖဲြ႔နဲ႔ ခမရ ၃၆၉ အၾကား ကြတ္ခုိင္ၿမိဳ႔နယ္ ပိန္းဟြယ္ရြာအနီးမွာ တိုက္ပဲြျဖစ္ခဲ့ေၾကာင္း၊ ဒီတုိက္ပဲြမွာ တပ္မေတာ္ဘက္က လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိေၾကာင္းနဲ႔ က်ဆံုးသူအခ်ိဳ႔ရဲ့ ဓါတ္ပံုေတြကို ထုတ္ျပန္ခဲ့ပါတယ္။

ကခ်င္နဲ႔ ရွမ္းျပည္နယ္အတြင္း ျဖစ္ခဲ့တဲ့ တုိက္ပဲြသတင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖုိ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆိုလို႔ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

KIA နဲ့ မြန်မာစစ်တပ် မိုးမောက်ဒေသမှာ တိုက်ပွဲပြင်းထန်
(Unicode)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရွာအနီးမှာ တပ်မတော်နဲ့ KIA အကြား ဖြစ်ပွားတဲ့တိုက်ပွဲဟာ ကြာသပတေးနေ့မှာတော့ စစ်တပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်နဲ့ ရှမ်းမြောက်ဘက်က နောက်ဆုံးအခြေအနေတွေကို ကိုရဲမွန်က တင်ပြပါမယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲဟာ ၁၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီလ ၃ ရက်နေ့က တပ်မတော်ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပြီးတဲ့နောက် လေကြောင်း တိုက်ခိုက်တာတွေ အရှိန်လျော့ကျခဲ့ပေမဲ့ အခုအခါမှာတော့ အရင်လို ပြန်လည်ပြင်းထန်လာနေကြောင်း မြို့သစ်၊ ကုန်းလောဘက်က ဒေသခံတစ်ယောက်က VOA ကို အခုလို ပြောပါတယ်။

“ လေယာဉ်ကတော့ ၃- ၄ ခေါက်လောက်တော့ လာပြီ။ အရင် မိုင်းကြဲ၊ ခုနတုံးကတော့ အငွေ့ဗုံး အဲဒါမျိုးလာချတယ်။ ဒီကနေ မီးခိုးတွေ တွေ့ရတယ်။ ဟို သူများ ပြောတာက အခိုးအငွေ့နဲ့ အဆိပ်ငွေ့ပေါ့။ အဲလိုမျိုးနဲ့ လာကြဲတယ်လို့ ပြောတယ်။”

အခုလို တိုက်ခိုက်မှုတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားနေရသလို လက်နက်ငယ်သံတွေလည်း ကြားနေရတာကြောင့် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

“ဒီနေ့ တစ်နေကုန် ပစ်တာ။ ကြားနေရတုံးပဲ အသေးရော၊ အကြီးရော။ တောင်ခြေမှာ၊ တောင်ခြေမှာ တိုက်နေတာ။ ဒီမနက်ပိုင်းကတော့ မိုးမောက်၊ ဗန်းမော်ကနေလည်း ပစ်သေးတယ်။ ဟိုနွမ်းလန်းကလည်း ပစ်သေးတယ်။ သူတို့ လေယာဉ်တက်လာရင်တော့ တစ်ခါတည်း နှစ်ဖက်စလုံး ငြိမ်တာပေါ့။ မိုင်းကြဲတော့မယ်ဆိုရင်တော့။ လေယာဉ်ပြန်သွားရင်တော့ ပြန်တိုက်တာလေ။”

မိုးမောက်ဒေသခံတစ်ဦးကလည်း တိုက်ခိုက်မှုအခြေအနေကို အခုလို ပြောပါတယ်။

“ဒီနေ့မနက်ကတော့ မနက် ၆ နာရီက စပြီးတော့ ၁၁ နာရီခွဲအထိကို အမြောက်နဲ့၊ လက်နက်ကြီးပေါ့လေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်တယ်လို့ ပြောတယ်ဗျ။ အဲဒါတွေက ဗန်းမော်အမြောက်တပ်ကနေ ပစ်တာလို့ ပြောတယ်ဗျ။ ခုနတုံးက ၂ နာရီ ခွဲလောက်ခါမှာက ဂျက်နှစ်စီးနဲ့ ပစ်တယ်။ ခါတိုင်းသုံးတဲ့ လေယာဉ်တော့ မဟုတ်ဘူးဆိုတာ ဒေသခံတွေက ပြောပါတယ်ဗျ။ ဘာလို့လဲဆို အခုဟာက တအားလည်း မြန်တယ်ပေါ့။ ဂျက်ဖိုက်တာမျိုးတွေနဲ့ လာတယ်ထင်တယ်တဲ့။ ခါတိုင်းနေ့တွေက ကြိုကြား နည်းနည်းပဲ ရှိတယ်။ ဒီနေ့ကတော့ မနက်တည်းကနေ ၁၂နာရီကျော်လောက်မှာမှ နည်းနည်းနားသွားတယ်ပေါ့လေ။ တောက်လျှောက်ပစ်နေတယ်။ ခုနက အချိန်ထိပေါ့လေ။”

ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ တာလီနဲ့ နွမ်းလန်းရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေ ရှိသလို မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေးမှာလည်း ကျရောက်ပေါက်ကွဲကြောင်း ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့လ ၂၄ ရက်နေ့တည်းက စတင်ခဲ့ပြီး တပ်မတော်ဘက်က နေ့စဉ်လို လေကြောင်းကနေ ၄-၅ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ညနေခင်းနဲ့ ညပိုင်းတွေမှာသာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ လေယာဉ်လာတာရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

KIA က ဗိုလ်မှုးကြီးနော်ဘူကတော့ တိုက်ပွဲသတင်းမရရှိသေးကြောင်း ပြောပါတယ်။

“ဒီနေ့ကတော့ တိုက်ပွဲသတင်းတော့ မတက်ဘူးခင်ဗျ။”

ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာတော့ ဒီနေ့ အခြေအနေ ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၄ ရက်နေ့ညနေပိုင်းနဲ့ ညပိုင်းတွေ ကွတ်ခိုင်မြို့အနီးမှာ တပ်မတော် တပ်ဖွဲ့တွေကို TNLA တအန်း(ပလောင်)နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသလို MNDAA ကိုးကန့်တပ်ဖွဲ့ကလည်း မေလ ၅ ရက်နေ့မှာ သူတို့တပ်ဖွဲ့နဲ့ ခမရ ၃၆၉ အကြား ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဒီတိုက်ပွဲမှာ တပ်မတော်ဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်းနဲ့ ကျဆုံးသူအချို့ရဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG