သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔မွာ ေလာင္စာဆီအဝင္ပိတ္လို႔ အခက္ၾကံဳေန


ဖားကန္႔မွာ ေလာင္စာဆီအဝင္ပိတ္လို႔ အခက္ၾကံဳေန

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔မွာ စက္သံုးဆီ တင္သြင္းတာကို စစ္တပ္က ပိတ္ပင္ထားတာေၾကာင့္ စက္သံုးဆီ ေစ်းႏႈန္းေတြ ၂ ဆေလာက္ထိ ျမင့္တက္သြားပါတယ္။ ဒီလို ေရရွည္ပိတ္ပင္မယ္ဆိုရင္ ခရီးသြားလာတာနဲ႔ ကုန္သြယ္စရိတ္ျမင့္တက္ၿပီး ကုန္ေစ်းႏႈန္းတက္မွာနဲ႔ တျခားလူမႈေရးအခက္အခဲေတြပါ ေတြ႔ၾကံဳရမွာကို ေဒသခံေတြက စုိးရိမ္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

ဖားကန္႔ၿမိဳ႔မွာ စက္သံုးဆီတင္သြင္းတာကို စစ္တပ္က မၾကာခင္ရက္ပိုင္းကပဲ ပိတ္ပင္ခဲ့ၿပီးေနာက္ ဆိုင္ေတြမွာ အကန္႔အသတ္နဲ႔သာ ေရာင္းခ်ေနၾကပါတယ္။ ဒါေၾကာင့္ ဖားကန္႔ၿမိဳ႔က ဆီဆုိင္ေတြမွာ ဒီဇယ္နဲ႔ဓါတ္ဆီ၀ယ္ယူသူေတြ တန္းစီေနသလို ေစ်းကလည္း ႏွစ္ဆအထိ ျမင့္တက္သြားတယ္လုိ႔ ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။

“တစ္ဂါလံ ၈,၀၀၀ အထိ တက္သြားတယ္။ အရင္က ၄,၅၀၀။ ၄,၀၀၀ ပဲ ရိွတာ။ ေျမာက္ပိုင္းတုိင္းက ပိတ္လိုက္တယ္လို႔ ေျပာတယ္။ မေန႔ကေတာ့ အဲဒါပိတ္လုိက္တယ္ဆိုေတာ့ ျပည္သူေတြက ေစ်း၀ယ္ေတာ့ ရုတ္ရုတ္ရုတ္ရုတ္ျဖစ္သြားတာေလ။”

ေနာက္ေဒသခံတစ္ဦးကလည္း သူတို႔ ၾကံဳေတြ႔ေနရတဲ့အေျခအေနကို အခုလုိ ေျပာပါတယ္။

“အရင္တံုးက ဆုိရင္ က်ေနာ္တု႔ိ ဆီတုိင္ကီအျပည့္ထည့္လုိ႔ရိွရင္ ၂ ေသာင္း ၇ ေထာင္၊ ၈ ေထာင္။ အခုကေတာ့ ၅ ေသာင္း၊ ၄ ေသာင္း အဲလုိမ်ိဳးေတြ က်တာကိုေနာ္။ အဲေတာ့ ဆီေစ်းက ႏွစ္ဆတက္သြားတာေတာ့ ေသခ်ာတယ္။ ဆီကို လုိခ်င္တဲ့အတုိင္းၾကီးေတာ့ ေရာင္းမေပးေတာ့ဘူး။ Limit နဲ႔ ေရာင္းတာေပါ့ေနာ္။ ဆိုလိုတာက ဆုိင္ကယ္လာတယ္။ လူတစ္ေယာက္ဆုိရင္ တစ္ဂါလံလား၊ ႏွစ္ဂါလံလား အဲလုိပံုစံမ်ိဳးေရာင္းတာေပါ့ေနာ္။”

ဆိုင္ၾကီးေတြကို ေမးျမန္းရာမွာ ဓါတ္ဆီ 92 တစ္လီတာကို ၁,၅၀၀ က်ပ္၊ 95 ဆိုရင္ ၂,၀၀၀ က်ပ္နဲ႔ေရာင္းတဲ့ဆုိင္ေတြရိွေၾကာင္း ေျပာပါတယ္။ ေလာေလာဆယ္ အျခားေဒသေတြမွာ ေရာင္းေနတဲ့ ေစ်းက 92 တစ္လီတာကို ၉၂၀ က်ပ္နဲ႔ 95 တစ္လီတာကို က်ပ္ ၁,၀၀၀ ေလာက္သာရိွတာျဖစ္ပါတယ္။ ဆီ ၁ ဂါလံဆုိရင္ ၄ လီတာနီးပါးနဲ႔ ညီမ ွ်ပါတယ္။

ေဒသခံတခ်ိဳ႔ကေတာ့ အဓိက ဓါတ္ဆီျပတ္လပ္တာျဖစ္ၿပီး ဒီဇယ္ဆီျပတ္လပ္တာမရိွေၾကာင္းလည္း ေျပာပါတယ္။ ဖားကန္႔မွာ စက္သံုးဆီေစ်းေတြ ျမင့္တက္လာတာေၾကာင့္ သြားလာေရးခက္ခဲမွာနဲ႔ ကုန္ေစ်းႏႈန္းေတြျမင့္တက္လာမွာကို စိုးရိမ္ေနၾကတယ္လို႔ ဖားကန္႔ၿမိဳ႔ခံတစ္ဦးက အခုလိုေျပာပါတယ္။

“အဓိကေတာ့ အသြားအလာ ခက္ခဲလာမယ္။ က်ေနာ္တုိ႔ဘက္မွာ ဆုိရင္ ေရကို ဆုိင္ကယ္နဲ႔ ကားနဲ႔ ေမာင္းၿပီးမွ ဟိုးအေ၀းက ေခ်ာင္းကေန သြားသယ္ရတယ္။ နိမ့္တဲ့ေနရာကေန ျမင့္တဲ့ေနရာကို ေရေတြ စုတ္တင္ရတယ္။ အဲဒါေတြ ေရအခက္အခဲေတြလည္း ျဖစ္လာမွာ။ ကုန္ေစ်းႏႈန္းတက္လာမယ္ အမ်ားၾကီးပဲ။ ဆီေစ်းတက္တဲ့အတြက္ေၾကာင့္ ဆက္ႏြယ္မႈက အမ်ားၾကီးပဲ ဒါေၾကာင့္ လူေတြက တအားေၾကာက္လန္႔ေနၾကတာ။”

လက္ရိွ ေက်ာက္စိမ္းလုပ္ငန္းးကို တပိုင္တႏိုင္ လုပ္ကိုင္ေနသူေတြမွာလည္း အခက္အခဲေတြ ၾကံဳရႏိုင္ေၾကာင္း ေျပာပါတယ္။

အျခားတဘက္မွာေတာ့ စက္သံုးဆီတင္သြင္းမႈကို ေရရွည္ပိတ္ပင္ထားမယ္ဆုိရင္ ေမွာင္ခုိတင္သြင္းတာ၊ ၀ယ္ယူသိုေလွာင္ထားတာ စတာေတြေၾကာင့္ မီးေဘးအႏၱရာယ္ရိွလာမွာကို စိုးရိမ္သူေတြလည္း ရိွပါတယ္။

လတ္တေလာအေျခအေနမွာ ဘာေၾကာင့္ စက္သံုးဆီတင္သြင္းမႈ ပိတ္ပင္တာလည္းဆုိတာကို ေဒသခံေတြၾကားမွာ ရွင္းရွင္းလင္းလင္း မသိၾကေသးပါဘူး။ အဓိကကေတာ့ ဒီရက္ပိုင္းေတြအတြင္း တပ္မေတာ္နဲ႔ KIA အၾကား တိုက္ပဲဲြျဖစ္ပြားတာနဲ႔ ဆက္စပ္ႏိုင္ေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။

ဖားကန္႔ၿမိဳ႔က ဌာနဆုိင္ရာ တာ၀န္ရိွသူတစ္ဦးကို ေမးျမန္းရာမွာေတာ့ စက္သံုးဆီ ပံုမွန္တင္သြင္းႏိုင္ေရးအတြက္ စက္သံုးဆီလုပ္ငန္းရွင္ေတြနဲ႔ ၿမိဳ႔နယ္တာ၀န္ရိွသူေတြက ျပည္နယ္ေကာင္စီကို တင္ျပထားေၾကာင္းနဲ႔ လာမယ့္ ၂ ရက္၊ ၃ ရက္အတြင္းမွာ အကန္႔အသတ္နဲ႔ ျပန္လည္တင္သြင္းခြင့္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{unicode}}

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စက်သုံးဆီ တင်သွင်းတာကို စစ်တပ်က ပိတ်ပင်ထားတာကြောင့် စက်သုံးဆီ ဈေးနှုန်းတွေ ၂ ဆလောက်ထိ မြင့်တက်သွားပါတယ်။ ဒီလို ရေရှည်ပိတ်ပင်မယ်ဆိုရင် ခရီးသွားလာတာနဲ့ ကုန်သွယ်စရိတ်မြင့်တက်ပြီး ကုန်ဈေးနှုန်းတက်မှာနဲ့ တခြားလူမှုရေးအခက်အခဲတွေပါ တွေ့ကြုံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ဖားကန့်မြို့မှာ စက်သုံးဆီတင်သွင်းတာကို စစ်တပ်က မကြာခင်ရက်ပိုင်းကပဲ ပိတ်ပင်ခဲ့ပြီးနောက် ဆိုင်တွေမှာ အကန့်အသတ်နဲ့သာ ရောင်းချနေကြပါတယ်။ ဒါကြောင့် ဖားကန့်မြို့က ဆီဆိုင်တွေမှာ ဒီဇယ်နဲ့ဓါတ်ဆီဝယ်ယူသူတွေ တန်းစီနေသလို ဈေးကလည်း နှစ်ဆအထိ မြင့်တက်သွားတယ်လို့ ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“တစ်ဂါလံ ၈,၀၀၀ အထိ တက်သွားတယ်။ အရင်က ၄,၅၀၀။ ၄,၀၀၀ ပဲ ရှိတာ။ မြောက်ပိုင်းတိုင်းက ပိတ်လိုက်တယ်လို့ ပြောတယ်။ မနေ့ကတော့ အဲဒါပိတ်လိုက်တယ်ဆိုတော့ ပြည်သူတွေက ဈေးဝယ်တော့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားတာလေ။”

နောက်ဒေသခံတစ်ဦးကလည်း သူတို့ ကြုံတွေ့နေရတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“အရင်တုံးက ဆိုရင် ကျနော်တု့ိ ဆီတိုင်ကီအပြည့်ထည့်လို့ရှိရင် ၂ သောင်း ၇ ထောင်၊ ၈ ထောင်။ အခုကတော့ ၅ သောင်း၊ ၄ သောင်း အဲလိုမျိုးတွေ ကျတာကိုနော်။ အဲတော့ ဆီဈေးက နှစ်ဆတက်သွားတာတော့ သေချာတယ်။ ဆီကို လိုချင်တဲ့အတိုင်းကြီးတော့ ရောင်းမပေးတော့ဘူး။ Limit နဲ့ ရောင်းတာပေါ့နော်။ ဆိုလိုတာက ဆိုင်ကယ်လာတယ်။ လူတစ်ယောက်ဆိုရင် တစ်ဂါလံလား၊ နှစ်ဂါလံလား အဲလိုပုံစံမျိုးရောင်းတာပေါ့နော်။”

ဆိုင်ကြီးတွေကို မေးမြန်းရာမှာ ဓါတ်ဆီ 92 တစ်လီတာကို ၁,၅၀၀ ကျပ်၊ 95 ဆိုရင် ၂,၀၀၀ ကျပ်နဲ့ရောင်းတဲ့ဆိုင်တွေရှိကြောင်း ပြောပါတယ်။ လောလောဆယ် အခြားဒေသတွေမှာ ရောင်းနေတဲ့ ဈေးက 92 တစ်လီတာကို ၉၂၀ ကျပ်နဲ့ 95 တစ်လီတာကို ကျပ် ၁,၀၀၀ လောက်သာရှိတာဖြစ်ပါတယ်။ ဆီ ၁ ဂါလံဆိုရင် ၄ လီတာနီးပါးနဲ့ ညီမ ျှပါတယ်။

ဒေသခံတချို့ကတော့ အဓိက ဓါတ်ဆီပြတ်လပ်တာဖြစ်ပြီး ဒီဇယ်ဆီပြတ်လပ်တာမရှိကြောင်းလည်း ပြောပါတယ်။ ဖားကန့်မှာ စက်သုံးဆီဈေးတွေ မြင့်တက်လာတာကြောင့် သွားလာရေးခက်ခဲမှာနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

“အဓိကတော့ အသွားအလာ ခက်ခဲလာမယ်။ ကျနော်တို့ဘက်မှာ ဆိုရင် ရေကို ဆိုင်ကယ်နဲ့ ကားနဲ့ မောင်းပြီးမှ ဟိုးအဝေးက ချောင်းကနေ သွားသယ်ရတယ်။ နိမ့်တဲ့နေရာကနေ မြင့်တဲ့နေရာကို ရေတွေ စုတ်တင်ရတယ်။ အဲဒါတွေ ရေအခက်အခဲတွေလည်း ဖြစ်လာမှာ။ ကုန်ဈေးနှုန်းတက်လာမယ် အများကြီးပဲ။ ဆီဈေးတက်တဲ့အတွက်ကြောင့် ဆက်နွယ်မှုက အများကြီးပဲ ဒါကြောင့် လူတွေက တအားကြောက်လန့်နေကြတာ။”

လက်ရှိ ကျောက်စိမ်းလုပ်ငန်းးကို တပိုင်တနိုင် လုပ်ကိုင်နေသူတွေမှာလည်း အခက်အခဲတွေ ကြုံရနိုင်ကြောင်း ပြောပါတယ်။

အခြားတဘက်မှာတော့ စက်သုံးဆီတင်သွင်းမှုကို ရေရှည်ပိတ်ပင်ထားမယ်ဆိုရင် မှောင်ခိုတင်သွင်းတာ၊ ဝယ်ယူသိုလှောင်ထားတာ စတာတွေကြောင့် မီးဘေးအန္တရာယ်ရှိလာမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။

လတ်တလောအခြေအနေမှာ ဘာကြောင့် စက်သုံးဆီတင်သွင်းမှု ပိတ်ပင်တာလည်းဆိုတာကို ဒေသခံတွေကြားမှာ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ အဓိကကတော့ ဒီရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့ KIA အကြား တိုက်ပဲွဲဖြစ်ပွားတာနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

ဖားကန့်မြို့က ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာမှာတော့ စက်သုံးဆီ ပုံမှန်တင်သွင်းနိုင်ရေးအတွက် စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ မြို့နယ်တာဝန်ရှိသူတွေက ပြည်နယ်ကောင်စီကို တင်ပြထားကြောင်းနဲ့ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်းမှာ အကန့်အသတ်နဲ့ ပြန်လည်တင်သွင်းခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG