သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ၿမိဳ႕နယ္တြင္း တိုက္ပဲြမ်ား သံုးရက္ဆက္တိုက္ရွိေန


KIA ကခ်င္လက္နက္ကိုင္တပ္ဖဲြ႔ဝင္မ်ားကို ကခ်င္ျပည္နယ္ရွိ ေနရာ တခုတြင္ေတြ႔ရ။ (ဇန္နဝါရီ ၂၀၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ တပ္မေတာ္နဲ႔ KIA အၾကား တိုက္ပဲြျဖစ္ေနတာ ၃ ရက္ဆက္တိုက္ ႐ွိေနၿပီး ဒီကေန႔ ကခ်င္လက္နက္ကိုင္တပ္ဖဲြ႔ KIA က တပ္မေတာ္ တပ္စခန္းတစ္ခုကို ထပ္မံတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရိွ အေျခအေနအရ ဖားကန္႔ၿမိဳ႕နယ္အတြင္းက တိုက္ပဲြေတြဟာ ေရရွည္ ဆက္လက္ျဖစ္ပြားလာႏိုင္ေၾကာင္းလည္း ေဒသခံေတြ ခန္႔မွန္းေနပါတယ္။ ရန္ကုန္ကလာတဲ့ တိုက္ပြဲ ေနာက္ဆံုး အေျခအေနကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ဖားကန္႔ၿမိဳ႔နယ္အတြင္းမွာ ဧၿပီလ ၁၈ ရက္ တနဂၤေႏြေန႔ ညေနပိုင္းက စတင္ၿပီး တိုက္ပဲြေတြ ျဖစ္ပြားခဲ့တာ ဒီကေန႔ မနက္မွာလည္း ဆက္လက္ ျဖစ္ပြားေနတာပါ။ ဒီကေန႔ ျဖစ္ပြားတဲ့ တိုက္ပဲြအေျခအေနကို ဖားကန္႔ ေဒသခံတစ္ဦးက ဗီြအိုေအကို အခုလုိ ေျပာပါတယ္။

“တိုက္ပဲြက ဒီကေန႔ မနက္ ၂ နာရီေလာက္မွာ ျဖစ္တယ္။ ေ၀ခါ၊ ေ၀လံုမွာေလ၊ ေ၀လံုစခန္းမွာ တုိက္ပဲြျဖစ္တယ္။ သတင္းေတာ့ အတိအက် က်ေနာ္တုိ႔ မရေသးဘူး။ အခုေတာ့ ၿငိမ္သြားၿပီ၊ မနက္မိုးလင္းတာနဲ႔ ၿငိမ္သြားၿပီ။”

အျခားေဒသခံတစ္ဦးကေတာ့ တပ္မေတာ္စခန္းကို KIA က သိမ္းယူခဲ့တယ္လို႔ ေျပာပါတယ္။

“ ဒီမနက္ ေ၀ခါမွာေတာ့ ျဖစ္တယ္ဗ်။ ေ၀ခါ ၃နာရီမွာ မိုးညွင္းအေျခစိုက္ ခမရ ၁၅ ေပါ့ေလ။ အဲဒီမွာျဖစ္ေတာ့ ဒီမနက္ ၃ နာရီ ၀န္းက်င္မွာေတာ့ ခမရ ၁၅ ကို ၀င္ၿပီးေတာ့ သိမ္းလိုက္တယ္။ အဲဒီသေဘာေပါ့။”

ေ၀ခါ စခန္းကို သိမ္းယူတာနဲ႔ ပတ္သက္လို႔ေတာ့ သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။

တနလၤာေန႔ ညေနပိုင္းကလည္း လံုးခင္းအထြက္ တံတားမွာ မိုင္းတစ္လံုးေပါက္ကဲြခဲ့ေၾကာင္းနဲ႔ ထိခိုက္ဒဏ္ရာရတာ မရိွေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။

KIA တပ္ဖဲြ႔ေတြဟာ တနဂၤေႏြေန႔ ညေနပိုင္းက ကံဆီးရြာအနီးက တပ္မေတာ္ တပ္စခန္းေတြကို တိုက္ခိုက္ခဲ့ၿပီး တနလၤာေန႔ ညေနပိုင္းမွာ တပ္စခန္း ၃ ခုကို သိမ္းယူခဲ့ပါတယ္။ တပ္မေတာ္ဘက္က ေလေၾကာင္းက ျပန္လည္ တိုက္ခုိက္ခဲ့သလို စစ္ကူတပ္ေတြလည္း ထပ္မံပို႔ေဆာင္ခဲ့တဲ့ေနာက္ ကံဆီးရြာဘက္မွာ ဒီေန႔တိုက္ပဲြေတြ ၿငိမ္သက္ခဲ့ေနပါတယ္။

ဒီကေန႔ တုိက္ပဲြျဖစ္ပြားတ့ဲ ေ၀ခါရြာဟာ ဖားကန္႔ၿမိဳ ႔ေတာင္ဘက္မွာ တည္ရိွၿပီး ကံဆီးရြာကေတာ့ ေျမာက္ဘက္ပိုင္းမွာ တည္ရိွတာပါ။

ဖားကန္႔ၿမိဳ႔ခံေတြကေတာ့ တိုက္ပဲြေတြ အခ်ိန္မေရြးျပန္ျဖစ္လာႏိုင္တာေၾကာင့္ ၿမိဳ ႔အတြင္းမွာ ဗံုးခိုက်င္းေတြ တူးထားၾကၿပီး အကာအကြယ္ယူႏုိင္ေအာင္ ျပင္ဆင္ေနၾကပါတယ္။ လက္႐ွိအေျခအေနအရ တုိက္ပဲြေတြဟာ ေရရွည္ျဖစ္ႏိုင္တယ္လို႔ သူတုိ႔က ခန္႔မွန္းေနၾကပါတယ္။

“အဓိကကေတာ့ က်ေနာ္တုိ႔ ဖားကန္႔ေဒသမွာေတာ့ အခုေလာေလာဆယ္ ဗ်ဴဟာ တပ္မကုန္းေပါ့ေနာ္။ အရင္တုန္းကေတာ့ ဗ်ဴဟာကုန္းေခၚတာေပါ့။ အခု တပ္မကုန္း၊ အဲဒီနေဘးနားမွာေတာ့ ဆြတ္ငိုင္ယန္ရိွတယ္။ ေမာ္၀မ္းၾကီး၊ ေမာ္၀မ္းေလး ရိွတယ္။ ေမာ္၀မ္းရိွတယ္။ ဖားကန္႔ၿမိဳ႕မေပါ့ေနာ္။ ၂၀၁၁က၊ ၂၀၁၃က ျဖစ္ေနတဲ့ အတိုင္းအရဆုိရင္ က်ေနာ္တုိ႔က ဗံုးခိုက်င္းေတာ့ ပံုမွန္ေတာ့ လုပ္ထားၾကတာပဲ။ ေလာေလာဆယ္ကေတာ့ က်ေနာ္တုိ႔က Conflict ဧရိယာလုိ႔ သတ္မွတ္ထားတာပဲ။ ဆုိေတာ့ က်ေနာ္တုိ႔ ဧၿပီ၊ ေမ ဒီအေတာအတြင္းမွာေတာ့ ဖားကန္႔ေဒသမွာေတာ့ စစ္ေငြ႔ သန္းတဲ့အေနအထားမွာေတာ့ ဆက္ၿပီး ရိွေနမွာေပါ့ေနာ္။”

ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖဲြ႔ PCG က ဦးလမိုင္ဂြမ္ဂ်ာကလည္း လက္ရိွ အေျခအေနဟာ တုိက္ပဲြၾကီးေတြ ျဖစ္ပြားမယ့္ အေျခအေနကို ဦးတည္ေနေၾကာင္း သံုးသပ္ပါတယ္။

“အရင္တုန္းကေတာ့ ဧရာ၀တီအေရွ ႔ျခမ္းမွာျဖစ္ရင္ အေနာက္ျခမ္းမွာ ၿငိမ္ေနတယ္။ အေနာက္ျခမ္းမွာျဖစ္ရင္ အေရွ ႔ျခမ္းမွာ ၿငိမ္ေနတယ္။ ေနာက္ၿပီး ေျမာက္ပိုင္းမွာျဖစ္ရင္လည္း ေတာင္ပိုင္းမွာ ၿငိမ္ေနတယ္။ အခုကေတာ့ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္အားလံုး မွာ စစ္ဆင္ေရးပံုစံမ်ိဳးနဲ႔ KIA က လုပ္လာတဲ့အေပၚမွာ က်ေနာ္တုိ႔လည္း အမ်ားၾကီးေတာ့ စိုးရိမ္တာေပါ့ေလ။ အဲဒီအေပၚမွာ တပ္မေတာ္ဘက္ကလည္းပဲ စစ္ေၾကာင္းေတြ၊ အင္အားေတြ ျပန္တိုးခ်ဲ႕လာတယ္ဆုိတာေတာ့ က်ေနာ္တုိ႔လည္း ၾကားသိရတာေပါ့ေလ။ တုိးလာၿပီးေတာ့မွ သူက တုိက္ပဲြၾကီးၾကီးမားမားျဖစ္မယ့္ အရိပ္အေယာင္ေပါ့ အဲဒီလုိပံုစံမ်ိဳးေတာ့ က်ေနာ္တုိ႔ ေတြ႔ရတယ္ေလ။”

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းတာကို ျပည္သူေတြ ဆန္႔က်င္ဆႏၵျပတဲ့အခ်ိန္မွာ တပ္မေတာ္က အၾကမ္းဖက္ မႏွိမ္နင္းဖုိ႔ KIA က အေၾကာင္းၾကားခဲ့ပါတယ္။ မတ္လ ၈ ရက္ေန႔ ျမစ္ၾကီးနားၿမိဳ႕မွာ စစ္တပ္က ပစ္ခတ္တာေၾကာင့္ လူ ၂ ေယာက္ ေသဆံုးခဲ့ရၿပီး မတ္လ ၁၁ ရက္ေန႔မွာ KIA က ဖားကန္႔ၿမိဳ႕နယ္၊ ဆယ္ဇင္းရြာက တပ္မေတာ္စခန္းတိုက္ခုိက္သိမ္းယူခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ကခ်င္ျပည္နယ္အတြင္း တိုက္ပဲြေတြေတာက္ေလွ်ာက္ ျဖစ္ပြားခဲ့သလို KIA ဌာနခ်ဳပ္ လိုင္ဇာအနီးက အေလာဘြမ္စခန္းမွာ စစ္ေရးတင္းမာမႈေတြ ၾကီးမားေနသလို ျမစ္ၾကီးနားက ေလတပ္အေျခစိုက္စခန္းကိုလည္း ၀င္ေရာက္ပစ္ခတ္တာ၊ စစ္ယာဥ္တန္းကို မိုင္းခဲြတိုက္ခိုုက္တာေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်မြို့နယ်တွင်း တိုက်ပွဲများ သုံးရက်ဆက်တိုက်ရှိနေ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်ဆက်တိုက် ရှိနေပြီး ဒီကနေ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က တပ်မတော် တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ ဖားကန့်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ရေရှည် ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံတွေ ခန့်မှန်းနေပါတယ်။ ရန်ကုန်ကလာတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဒီကနေ့ မနက်မှာလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ဖားကန့် ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီကနေ့ မနက် ၂ နာရီလောက်မှာ ဖြစ်တယ်။ ဝေခါ၊ ဝေလုံမှာလေ၊ ဝေလုံစခန်းမှာ တိုက်ပွဲဖြစ်တယ်။ သတင်းတော့ အတိအကျ ကျနော်တို့ မရသေးဘူး။ အခုတော့ ငြိမ်သွားပြီ၊ မနက်မိုးလင်းတာနဲ့ ငြိမ်သွားပြီ။”

အခြားဒေသခံတစ်ဦးကတော့ တပ်မတော်စခန်းကို KIA က သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။

“ ဒီမနက် ဝေခါမှာတော့ ဖြစ်တယ်ဗျ။ ဝေခါ ၃နာရီမှာ မိုးညှင်းအခြေစိုက် ခမရ ၁၅ ပေါ့လေ။ အဲဒီမှာဖြစ်တော့ ဒီမနက် ၃ နာရီ ဝန်းကျင်မှာတော့ ခမရ ၁၅ ကို ဝင်ပြီးတော့ သိမ်းလိုက်တယ်။ အဲဒီသဘောပေါ့။”

ဝေခါ စခန်းကို သိမ်းယူတာနဲ့ ပတ်သက်လို့တော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

တနင်္လာနေ့ ညနေပိုင်းကလည်း လုံးခင်းအထွက် တံတားမှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

KIA တပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ကံဆီးရွာအနီးက တပ်မတော် တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့ ညနေပိုင်းမှာ တပ်စခန်း ၃ ခုကို သိမ်းယူခဲ့ပါတယ်။ တပ်မတော်ဘက်က လေကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့သလို စစ်ကူတပ်တွေလည်း ထပ်မံပို့ဆောင်ခဲ့တဲ့နောက် ကံဆီးရွာဘက်မှာ ဒီနေ့တိုက်ပွဲတွေ ငြိမ်သက်ခဲ့နေပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ဝေခါရွာဟာ ဖားကန့်မြို့တောင်ဘက်မှာ တည်ရှိပြီး ကံဆီးရွာကတော့ မြောက်ဘက်ပိုင်းမှာ တည်ရှိတာပါ။

ဖားကန့်မြို့ခံတွေကတော့ တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်လာနိုင်တာကြောင့် မြို့အတွင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြပြီး အကာအကွယ်ယူနိုင်အောင် ပြင်ဆင်နေကြပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေဟာ ရေရှည်ဖြစ်နိုင်တယ်လို့ သူတို့က ခန့်မှန်းနေကြပါတယ်။

“အဓိကကတော့ ကျနော်တို့ ဖားကန့်ဒေသမှာတော့ အခုလောလောဆယ် ဗျူဟာ တပ်မကုန်းပေါ့နော်။ အရင်တုန်းကတော့ ဗျူဟာကုန်းခေါ်တာပေါ့။ အခု တပ်မကုန်း၊ အဲဒီနဘေးနားမှာတော့ ဆွတ်ငိုင်ယန်ရှိတယ်။ မော်ဝမ်းကြီး၊ မော်ဝမ်းလေး ရှိတယ်။ မော်ဝမ်းရှိတယ်။ ဖားကန့်မြို့မပေါ့နော်။ ၂၀၁၁က၊ ၂၀၁၃က ဖြစ်နေတဲ့ အတိုင်းအရဆိုရင် ကျနော်တို့က ဗုံးခိုကျင်းတော့ ပုံမှန်တော့ လုပ်ထားကြတာပဲ။ လောလောဆယ်ကတော့ ကျနော်တို့က Conflict ဧရိယာလို့ သတ်မှတ်ထားတာပဲ။ ဆိုတော့ ကျနော်တို့ ဧပြီ၊ မေ ဒီအတောအတွင်းမှာတော့ ဖားကန့်ဒေသမှာတော့ စစ်ငွေ့ သန်းတဲ့အနေအထားမှာတော့ ဆက်ပြီး ရှိနေမှာပေါ့နော်။”

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကလည်း လက်ရှိ အခြေအနေဟာ တိုက်ပွဲကြီးတွေ ဖြစ်ပွားမယ့် အခြေအနေကို ဦးတည်နေကြောင်း သုံးသပ်ပါတယ်။

“အရင်တုန်းကတော့ ဧရာဝတီအရှေ့ခြမ်းမှာဖြစ်ရင် အနောက်ခြမ်းမှာ ငြိမ်နေတယ်။ အနောက်ခြမ်းမှာဖြစ်ရင် အရှေ့ခြမ်းမှာ ငြိမ်နေတယ်။ နောက်ပြီး မြောက်ပိုင်းမှာဖြစ်ရင်လည်း တောင်ပိုင်းမှာ ငြိမ်နေတယ်။ အခုကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံး မှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ KIA က လုပ်လာတဲ့အပေါ်မှာ ကျနော်တို့လည်း အများကြီးတော့ စိုးရိမ်တာပေါ့လေ။ အဲဒီအပေါ်မှာ တပ်မတော်ဘက်ကလည်းပဲ စစ်ကြောင်းတွေ၊ အင်အားတွေ ပြန်တိုးချဲ့လာတယ်ဆိုတာတော့ ကျနော်တို့လည်း ကြားသိရတာပေါ့လေ။ တိုးလာပြီးတော့မှ သူက တိုက်ပွဲကြီးကြီးမားမားဖြစ်မယ့် အရိပ်အယောင်ပေါ့ အဲဒီလိုပုံစံမျိုးတော့ ကျနော်တို့ တွေ့ရတယ်လေ။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြတဲ့အချိန်မှာ တပ်မတော်က အကြမ်းဖက် မနှိမ်နင်းဖို့ KIA က အကြောင်းကြားခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ မြစ်ကြီးနားမြို့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် လူ ၂ ယောက် သေဆုံးခဲ့ရပြီး မတ်လ ၁၁ ရက်နေ့မှာ KIA က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာက တပ်မတော်စခန်းတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေတောက်လျှောက် ဖြစ်ပွားခဲ့သလို KIA ဌာနချုပ် လိုင်ဇာအနီးက အလောဘွမ်စခန်းမှာ စစ်ရေးတင်းမာမှုတွေ ကြီးမားနေသလို မြစ်ကြီးနားက လေတပ်အခြေစိုက်စခန်းကိုလည်း ဝင်ရောက်ပစ်ခတ်တာ၊ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG