သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ၿမိဳ႕နယ္တြင္း ျမန္မာစစ္စခန္းတခ်ိဳ႕ KIA သိမ္းယူ


Myanmar Ethnic Conference

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္အတြင္းမွာ တနဂၤေႏြညေနပိုင္းက စတင္ၿပီး စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြ တုိက္ပဲြေတြျဖစ္ပြားေနတာမွာ စစ္တပ္ရဲ႕ တပ္စခန္းအခ်ဳိ႕ကုိ KIA က သိမ္းယူခဲ့ပါတယ္။ အရင္ရက္ေတြက တုိက္ပဲြျပင္းထန္ခဲ့တဲ့ KIA ဌာနခ်ဳပ္႐ွိရာ လိုင္ဇာၿမိဳ႕နားတဝိုက္မွာလည္း စစ္ေရးတင္းမာမႈေတြ ဆက္ျဖစ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုသားၫြန္႔ဦး ကေျပာျပပါမယ္။

ကခ်င္ျပည္နယ္ထဲမွာ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြ မတ္လ ဒုတိယပတ္ထဲက စတင္ၿပီး တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနတာမွာ တနဂၤေႏြေန႔မွာေတာ့ ဖားကန္႔ၿမိဳ႔နယ္ ကံဆီးေက်းရြာဘက္မွာ႐ွိတဲ့ တပ္မေတာ္တပ္စခန္းတခ်ဳိ႕ကို KIA က တိုက္ခိုက္ခဲ့ပါတယ္။

ဒီေန႔ တနလၤာေန႔အထိ တိုက္ပြဲေတြဆက္ျဖစ္ေနၿပီး KIA က တပ္မေတာ္စစ္စခန္း ၃ ခုကို သိမ္းယူခဲ့တယ္လို႔ ဖားကန္႔ ေဒသခံတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ကံဆီးအေျခအေနကေတာ့ အခုက တုိက္ပဲြျဖစ္ေနတယ္။ မေန႔က ညေန ၄နာရီကစၿပီး တိုက္ပဲြျဖစ္ေနတာ။ အခုခ်ိန္ထိပဲ။ ကံဆီးမွာပဲ ျဖစ္ေနတာ။ က်ေနာ္တုိ႔ ကံဆီးမွာပဲ ျဖစ္ေနတာ။ မေန႔က သိမ္းတာ ၂ခု၊ ဒီမနက္ သိမ္းတာ ၁ခု၊ ၃ခုေပါ့။ ခုလည္း ျဖစ္တံုးပဲ။ ေလယာဥ္ပ်ံလာတယ္။ ေလယာဥ္ပ်ံနဲ႔ ပစ္ေနတာ။ ဒီမနက္ ၉နာရီ ေလာက္မွာ လာတယ္။ ခုနက ၀ဲေနတာ။ ”

တနဂၤေႏြေန႔ တုိက္ပဲြျဖစ္ပြားခ်ိန္ ဖားကန္႔ စစ္တပ္အေျခစိုက္စခန္းကေနပစ္တဲ့ လက္နက္ႀကီး က်ည္ဆံအခ်ိဳ႔ ေက်းရြာအတြင္း က်ေရာက္ခဲ့တယ္လို႔ သူက ဆက္ေျပာပါတယ္။

“မေန႔ကေတာ့ တပ္မကုန္းက တပ္လွန္႔ၿပီး ဟို လက္နက္ၾကီးေတြနဲ႔ ထုတယ္ေလ။ ပစ္တယ္။ ဒီတုိင္းပဲ ပစ္ေနတာေပါ့။ ဒီ ဆြတ္ငိုင္ယန္ ရြာထဲမွာ ၆၀ မမ ဗံုးသီးတလံုးက်တယ္။ အဲဒီသူတို႔ မီးဖုိေခ်ာင္မွာ။ မီးဖိုေခ်ာင္ အကုန္လံုး စုတ္ျပတ္သြားတယ္။ အဲဒီမိသားစုက ေသနတ္သံၾကားတာနဲ႔ ဗံုးခိုက်င္းထဲမွာ ၀င္ပုန္းၿပီးတဲ့ေနာက္မွာ က်တာေပါ့။ သီသီေလး လြတ္သြားတာေပါ့။ ထိခုိက္မႈကေတာ့ မရိွဘူး။ ”

KIA ေျပာခြင့္ရ ဗိုလ္မႈးႀကီးေနာ္ဘူကေတာ့ တိုက္ပဲြၾကီးေတြျဖစ္တာမရိွေပမဲ့ စခန္းငယ္တခ်ိဳ႔ကို သိမ္းပိုက္တာေတြ႐ွိတယ္လို႔ ခုလိုေျပာပါတယ္။

“ စစ္ေရးအေျခအေနကေတာ့ သိပ္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ တိုက္ပဲြေတြေတာ့ မဟုတ္ဘူးေပါ့ေနာ္။ တိုက္ပဲြငယ္ေလးေတြျဖစ္တယ္။ စခန္းအေသးေလးေတြ သိမ္းတယ္ဆုိတဲ့သတင္းေတြ ရပါတယ္။ အဲ ရဲစခန္းတို႔၊ သူတို႔ ကာကင္းစခန္းေတြပဲ ျဖစ္မွာ။ သိပ္ၿပီးမွ ၾကီးၾကီးက်ယ္က်ယ္ ခိုင္ခုိင္မာမာ တပ္စဲြထားတဲ့စခန္းေတြကေတာ့ မဟုတ္ဘူး။ ကာကင္းေတြပဲ ျဖစ္မွာပါ။ အဲဒါကေတာ့ ၃ ခုေလာက္ရိွၿပီထင္တယ္။”

ေကအို္င္ေအက သိမ္းပိုက္ခဲ့လို႔ စစ္တပ္ဖက္က ၿပီးခဲ့တဲ့ သီတင္းပါတ္အထိ ထိုးစစ္ဆင္တုိက္ေနတဲ့ ဗန္းေမာ္ခရုိင္ KIA ဌာနခ်ဳပ္ လိုင္ဇာ နယ္ေျမအတြင္းမွာရိွတဲ့ အေလာဘြမ္စခန္းမွာေတာ့ ဒီရက္ပိုင္းအတြင္း တုိက္ပဲြေတြ ၿငိမ္ေနပါတယ္။ ဒါေပမဲ့ စစ္ေရးတင္းမာမႈေတြကေတာ့ ရိွေနဆဲျဖစ္တယ္လို႔ ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာပါတယ္။

“ အခုထက္ထိေတာ့ ၿငိမ္ပါတယ္။ တုိက္ပဲြေတြျပန္ျဖစ္တာေတာ့ မရိွေသးပါဘူး။ စစ္အင္အားတိုးခ်ဲ့တာကေတာ့ ဒီရက္တိုးခ်ဲ့တာေတာ့ မၾကားမိပါဘူး။ ဒါေပမဲ့ ဟိုေန႔က ၃- ၄ ရက္တံုးကေပါ့ေနာ္၊ တိုးထားတဲ့ဟာေတြက အကုန္လံုးျပန္မဆုတ္ဘဲနဲ႔ ေရွ႔တန္းဘက္ကို အားလံုးမ်က္ႏွာမူၿပီး ေနေနၾကေတာ့၊ အားလံုး သတိထားေနၾကပါတယ္။ ”

အေလာဘြမ္ တပ္စခန္းဟာ မတ္လ ၂၅ရက္ေန႔မွာ KIA က သိမ္းယူလုိက္တဲ့ေနာက္ ဧၿပီလ ၁၁ရက္ေန႔မွာ တပ္မေတာ္က ဂ်က္တိုက္ေလယာဥ္ေတြ ပါ သံုးၿပီး တုိက္ပဲြေတြ ျပင္းထန္ခဲ့တ့ဲ စခန္းျဖစ္ပါတယ္။

ႏွစ္ဘက္ စစ္ေရးတင္းမာမႈေတြေၾကာင့္ ၿမိဳ႔သစ္၊ ကုန္းေလာ၊ ဆီဟတ္ စတဲ့ အနီးအနားေဒသေတြက ျပည္သူေတြဟာ ဗန္းေမာ္နဲ႔ မိုးေမာက္ၿမိဳ႔နယ္ဘက္ေတြကို တိမ္းေရွာင္ေနရပါတယ္။ခရစ္ယာန္ဘာသာေရးအဖဲြ႔က ကူညီေနသူတစ္ဦးက ဒီကေန႔ထိ မိုးေမာက္ၿမိဳ႔မွာ စစ္ေျပးဒုကၡသည္ ၅၀၀ ေလာက္ ေရာက္ရိွေနေၾကာင္း ေျပာပါတယ္။

“၅၀၀ ေလာက္ေတာ့ ရိွၿပီ၊ အိမ္ေျခက ၂၀၀ နီးပါးရိွတယ္။ အခု ၅၀၀ ေလာက္ရိွၿပီ။ ဗန္းေမာ္မွာေတာ့ အသစ္၀င္တာ အိမ္ေျခ ၁၀ ေက်ာ္၊ ၂၀ ေလာက္ေတာ့ သူတို႔ ေဆြမ်ိဳးေတြမွာပဲ ေနတဲ့ဟာေလးေတြေတာ့ ရိွတယ္။ က်ေနာ္တုိ႔ Christian side ေတြေနာ္ ဆရာ။ တခ်ိဳ႔ Non-Christian ေတြေတာ့ ၀င္တာေပါ့။”

လက္ရိွ တိုက္ပဲြျဖစ္ပြားရာေနရာအနီးက ရွမ္းလူမ်ိဳး ဗုဒၶဘာသာ၀င္ေတြကေတာ့ ဗန္းေမာ္ၿမိဳ႔ သိမ္ေတာ္ၾကီးေက်ာင္းနဲ႔ ေရႊက်ီးနားဘုရားေတြမွာ ခုိလႈံေနၾကပါတယ္။သိမ္ေတာ္ၾကီးေက်ာင္းမွာေရာက္ရိွေနသူတစ္ဦး သိမ္ေတာ္ၾကီးေက်ာင္းမွာ စစ္ေျပးဒုကၡသည္ ၂၀၀ ေလာက္ရိွၿပီး ေရႊက်ီးနားဘုရား တံခြန္တိုင္ေက်ာင္းတုိက္မွာ ေရာက္ေနသူအေရအတြက္ေတာ့ အတိအက် မသိရေၾကာင္း ေျပာပါတယ္။

မုိးေမာက္နဲ႔ ဗန္းေမာ္ၿမိဳ႔ေရာက္ စစ္ေဘးဒုကၡသည္ေတြကို ဘာသာေရးအဖဲြ႔ေတြ၊ လူမႈအသင္းေတြနဲ႔ ပုဂၢလိက အလႈရွင္ေတြက ေထာက္ပံ့ထားၿပီး ေရရွည္လာရင္ စားေသာက္ ေနထိုင္ေရးအတြက္ အခက္အခဲရိွႏိုင္ေၾကာင္း ကူညီသူေတြက ေျပာပါတယ္။

လက္ရွိ ကခ်င္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့သတင္းနဲ႔ပတ္သက္လုိ႔ေတာ့ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာ မရိွေသးပါဘူး။ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူတာကို ျပည္သူေတြက ဆန္႔က်င္ဆႏၵျပတဲ့အခ်ိန္မွာ ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္းႏွင္းတာမ်ဳိး မလုပ္ဖုိ႔ KIA က တပ္မေတာ္ကို အေၾကာင္းၾကားခဲ့ပါတယ္။

မတ္လ ၉ ရက္ေန႔ ျမစ္ၾကီးနားဆႏၵျပပဲြကို ပစ္ခတ္ၿဖိဳ႔ခဲြလုိ႔ လူ ၂ေယာက္ ေသဆံုးခဲ့တဲ့ေနာက္ မတ္လ ၁၁ ရက္ေန႔မွာ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္မွာ KIA နဲ႔ တိုက္ပဲြေတြ စတင္ခဲ့တာျဖစ္ပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ တနင်္ဂနွေညနေပိုင်းက စတင်ပြီး စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်တပ်ရဲ့ တပ်စခန်းအချို့ကို KIA က သိမ်းယူခဲ့ပါတယ်။ အရင်ရက်တွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နားတဝိုက်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။

ကချင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ မတ်လ ဒုတိယပတ်ထဲက စတင်ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာမှာ တနင်္ဂနွေနေ့မှာတော့ ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်မှာရှိတဲ့ တပ်မတော်တပ်စခန်းတချို့ကို KIA က တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ တနင်္လာနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး KIA က တပ်မတော်စစ်စခန်း ၃ ခုကို သိမ်းယူခဲ့တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ကံဆီးအခြေအနေကတော့ အခုက တိုက်ပွဲဖြစ်နေတယ်။ မနေ့က ညနေ ၄နာရီကစပြီး တိုက်ပွဲဖြစ်နေတာ။ အခုချိန်ထိပဲ။ ကံဆီးမှာပဲ ဖြစ်နေတာ။ ကျနော်တို့ ကံဆီးမှာပဲ ဖြစ်နေတာ။ မနေ့က သိမ်းတာ ၂ခု၊ ဒီမနက် သိမ်းတာ ၁ခု၊ ၃ခုပေါ့။ ခုလည်း ဖြစ်တုံးပဲ။ လေယာဉ်ပျံလာတယ်။ လေယာဉ်ပျံနဲ့ ပစ်နေတာ။ ဒီမနက် ၉နာရီ လောက်မှာ လာတယ်။ ခုနက ဝဲနေတာ။ ”

တနင်္ဂနွေနေ့ တိုက်ပွဲဖြစ်ပွားချိန် ဖားကန့် စစ်တပ်အခြေစိုက်စခန်းကနေပစ်တဲ့ လက်နက်ကြီး ကျည်ဆံအချို့ ကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“မနေ့ကတော့ တပ်မကုန်းက တပ်လှန့်ပြီး ဟို လက်နက်ကြီးတွေနဲ့ ထုတယ်လေ။ ပစ်တယ်။ ဒီတိုင်းပဲ ပစ်နေတာပေါ့။ ဒီ ဆွတ်ငိုင်ယန် ရွာထဲမှာ ၆၀ မမ ဗုံးသီးတလုံးကျတယ်။ အဲဒီသူတို့ မီးဖိုချောင်မှာ။ မီးဖိုချောင် အကုန်လုံး စုတ်ပြတ်သွားတယ်။ အဲဒီမိသားစုက သေနတ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းပြီးတဲ့နောက်မှာ ကျတာပေါ့။ သီသီလေး လွတ်သွားတာပေါ့။ ထိခိုက်မှုကတော့ မရှိဘူး။ ”

KIA ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူကတော့ တိုက်ပွဲကြီးတွေဖြစ်တာမရှိပေမဲ့ စခန်းငယ်တချို့ကို သိမ်းပိုက်တာတွေရှိတယ်လို့ ခုလိုပြောပါတယ်။

“ စစ်ရေးအခြေအနေကတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေတော့ မဟုတ်ဘူးပေါ့နော်။ တိုက်ပွဲငယ်လေးတွေဖြစ်တယ်။ စခန်းအသေးလေးတွေ သိမ်းတယ်ဆိုတဲ့သတင်းတွေ ရပါတယ်။ အဲ ရဲစခန်းတို့၊ သူတို့ ကာကင်းစခန်းတွေပဲ ဖြစ်မှာ။ သိပ်ပြီးမှ ကြီးကြီးကျယ်ကျယ် ခိုင်ခိုင်မာမာ တပ်စွဲထားတဲ့စခန်းတွေကတော့ မဟုတ်ဘူး။ ကာကင်းတွေပဲ ဖြစ်မှာပါ။ အဲဒါကတော့ ၃ ခုလောက်ရှိပြီထင်တယ်။”

ကေအိုင်အေက သိမ်းပိုက်ခဲ့လို့ စစ်တပ်ဖက်က ပြီးခဲ့တဲ့ သီတင်းပါတ်အထိ ထိုးစစ်ဆင်တိုက်နေတဲ့ ဗန်းမော်ခရိုင် KIA ဌာနချုပ် လိုင်ဇာ နယ်မြေအတွင်းမှာရှိတဲ့ အလောဘွမ်စခန်းမှာတော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်နေပါတယ်။ ဒါပေမဲ့ စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ အခုထက်ထိတော့ ငြိမ်ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်တာတော့ မရှိသေးပါဘူး။ စစ်အင်အားတိုးချဲ့တာကတော့ ဒီရက်တိုးချဲ့တာတော့ မကြားမိပါဘူး။ ဒါပေမဲ့ ဟိုနေ့က ၃- ၄ ရက်တုံးကပေါ့နော်၊ တိုးထားတဲ့ဟာတွေက အကုန်လုံးပြန်မဆုတ်ဘဲနဲ့ ရှေ့တန်းဘက်ကို အားလုံးမျက်နှာမူပြီး နေနေကြတော့၊ အားလုံး သတိထားနေကြပါတယ်။ ”

အလောဘွမ် တပ်စခန်းဟာ မတ်လ ၂၅ရက်နေ့မှာ KIA က သိမ်းယူလိုက်တဲ့နောက် ဧပြီလ ၁၁ရက်နေ့မှာ တပ်မတော်က ဂျက်တိုက်လေယာဉ်တွေ ပါ သုံးပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ စခန်းဖြစ်ပါတယ်။

နှစ်ဘက် စစ်ရေးတင်းမာမှုတွေကြောင့် မြို့သစ်၊ ကုန်းလော၊ ဆီဟတ် စတဲ့ အနီးအနားဒေသတွေက ပြည်သူတွေဟာ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ဘက်တွေကို တိမ်းရှောင်နေရပါတယ်။ခရစ်ယာန်ဘာသာရေးအဖွဲ့က ကူညီနေသူတစ်ဦးက ဒီကနေ့ထိ မိုးမောက်မြို့မှာ စစ်ပြေးဒုက္ခသည် ၅၀၀ လောက် ရောက်ရှိနေကြောင်း ပြောပါတယ်။

“၅၀၀ လောက်တော့ ရှိပြီ၊ အိမ်ခြေက ၂၀၀ နီးပါးရှိတယ်။ အခု ၅၀၀ လောက်ရှိပြီ။ ဗန်းမော်မှာတော့ အသစ်ဝင်တာ အိမ်ခြေ ၁၀ ကျော်၊ ၂၀ လောက်တော့ သူတို့ ဆွေမျိုးတွေမှာပဲ နေတဲ့ဟာလေးတွေတော့ ရှိတယ်။ ကျနော်တို့ Christian side တွေနော် ဆရာ။ တချို့ Non-Christian တွေတော့ ဝင်တာပေါ့။”

လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေကတော့ ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းနဲ့ ရွှေကျီးနားဘုရားတွေမှာ ခိုလှုံနေကြပါတယ်။သိမ်တော်ကြီးကျောင်းမှာရောက်ရှိနေသူတစ်ဦး သိမ်တော်ကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည် ၂၀၀ လောက်ရှိပြီး ရွှေကျီးနားဘုရား တံခွန်တိုင်ကျောင်းတိုက်မှာ ရောက်နေသူအရေအတွက်တော့ အတိအကျ မသိရကြောင်း ပြောပါတယ်။

မိုးမောက်နဲ့ ဗန်းမော်မြို့ရောက် စစ်ဘေးဒုက္ခသည်တွေကို ဘာသာရေးအဖွဲ့တွေ၊ လူမှုအသင်းတွေနဲ့ ပုဂ္ဂလိက အလှုရှင်တွေက ထောက်ပံ့ထားပြီး ရေရှည်လာရင် စားသောက် နေထိုင်ရေးအတွက် အခက်အခဲရှိနိုင်ကြောင်း ကူညီသူတွေက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့သတင်းနဲ့ပတ်သက်လို့တော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူတာကို ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြတဲ့အချိန်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်းနှင်းတာမျိုး မလုပ်ဖို့ KIA က တပ်မတော်ကို အကြောင်းကြားခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့ မြစ်ကြီးနားဆန္ဒပြပွဲကို ပစ်ခတ်ဖြို့ခွဲလို့ လူ ၂ယောက် သေဆုံးခဲ့တဲ့နောက် မတ်လ ၁၁ ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ KIA နဲ့ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG