သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ နဲ႔ KIA တိုက္ပဲြ ျပင္းထန္ လာဖြယ္ရွိ (ဗိုလ္မွဴးႀကီး ေနာ္ဘူ)


မွတ္တမ္းဓါတ္ပံု- စက္တင္ဘာ ၂၂ ၊ ၂၀၁၂ တုန္းက KIA စစ္သားမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

KIO ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ ဌာနခ်ဳပ္အနီး အေလာဘြမ္စခန္းမွာ၊ ျမန္မာစစ္တပ္ဘက္ကေန မေန႔က ေလေၾကာင္းကဗံုးႀကဲခဲ့ၿပီး၊ ေနာက္ထပ္ေလေၾကာင္းတိုက္ခိုက္မူေတြ ထပ္ျပင္းထန္လာႏိုင္တယ္လို႔၊ KIO သတင္းျပန္ၾကားေရးတာဝန္ခံကဆိုပါတယ္။

ျမန္မာစစ္တပ္က အာဏာသိမ္းအၿပီး၊ KIO တပ္ဖြဲ႔ေတြနဲ႔ ၿပီးခဲ့တဲ့လ မတ္လကစ တိုက္ပြဲေတြျပန္ျဖစ္ခဲ့ရာမွာ၊ အရင္ ၁၉၉၀ ခုႏွစ္ထဲက အသိမ္းခံခဲ့ရတဲ့၊ ဒီ အေလာဘြမ္စခန္းကို KIO ဘက္က မတ္လကုန္မွာ ျပန္သိမ္းယူခဲ့ပါတယ္။

ဘာေၾကာင့္ KIO တပ္ဖြဲ႔ေတြနဲ႔ အခုလိုတိုက္ပြဲေတြပိုျပင္းထန္လာရပါလဲ။ KIO သတင္းနဲ႔ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မူးႀကီး ေနာ္ဘူကို ကိုဝင္းမင္းက ေမးထားပါတယ္။

ဟုတ္ကဲ့ ၊ တနဂၤေႏြေန႔ကေနစၿပီး ျမန္မာစစ္တပ္ဘက္က ျပန္သိမ္းပိုက္ဖို႔ေပါ့ေနာ္ တိုက္ခိုက္လာခဲ့တဲ့ စစ္ေရးအရ အေရးပါတဲ့ အေလာဘြမ္စခန္း မွာ မေန႔က ေလေၾကာင္းတိုက္ခိုက္မႈျဖစ္ခဲ့ပံုကို ဗိုလ္မွဴးႀကီး ေနာ္ဘူက

“ ေန႔လည္ပိုင္းကေတာ့ အေလာဘြမ္ အဲဒီဘက္မွာ ေလယာဥ္ပ်ံ ၁ စင္း ဗံုးေတြ လာၾကဲၿပီးေတာ့ ျပန္သြားတယ္ ။ ဒါေပမယ့္ ေျမျပင္တိုက္ပြဲေတြကေတာ့ ျပင္းထန္တဲ့ဟာေတြေတာ့ မရွိဘူးခင္ဗ်။ က်န္တဲ့ ဖားကန္႔ဘက္တို႔ တိုက္ပြဲငယ္ေလးေတြျဖစ္တယ္ဆိုတာေတာ့ ၾကားပါတယ္။ ဗန္းေမာ္မွာ စစ္အင္အားတိုးတယ္ဆိုတာကေတာ့ က်ေနာ္တို႔လည္း ၾကားပါတယ္။ ေလယာဥ္နဲ႔ ပိုးထားတာေတြ၊ ကားနဲ႔ ယာဥ္နဲ႔ ပို႕ထားတယ္ေတြ ရွိတယ္ဆိုတဲ့သတင္းကေတာ့ ၾကားပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဗိုလ္မွဴးႀကီး အခုဒီတိုက္ပြဲေတြရဲ႕ ေနာက္ဆံုးအေျခအေန ထူးျခားခ်က္ကေရာ ဘာေတြ႔မိသလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ။ ။ တေနရာနဲ႔ တေနရာကေတာ့ မတူဘူး ၊ ဒါေပမယ့္ က်ေနာ္တုိ႔ အဓိက လိုင္ဇာဌာနခ်ဳပ္နဲ႔နီးတဲ့ ဒီ အေလာဘြမ္ မွာေတာ့ စစ္ေရးအေျခအေနကေတာ့ တင္းမာေနတဲ့ အေနအထားျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကနဲ႕ တက္လာတဲ့ စစ္ေၾကာင္းေတြကလည္း ေတာထဲမွာပဲ ပုန္းေနတဲ့အေနအထားျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ KIA အေနနဲ႔လည္း ေနရာကိုေတာ့ အဆင္သင့္ယူထားၿပီးေတာ့မွ သူတို႔ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ေနာက္ခုနေျပာတဲ့ ဗန္းေမာ္ဘက္မွာလည္း စစ္အင္အားေတြ ျပန္ၿပီးေတာ့မွ တိုးထားတယ္၊ ထပ္ၿပီးမွ ပို႔ထားတယ္ ဆိုေတာ့ တိုက္ပြဲကေတာ့ ပိုျပင္းထန္လာႏိုင္တဲ့ အေနအထားလို႔ က်ေန္ာတို႔က သံုးသပ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ အခုလိုအခ်ိန္မွာ ဘာေၾကာင့္ ကခ်င္ေဒသမွာ အထူးသျဖင့္ေပါ့ေနာ္ အခုလို တိုက္ပြဲေတြ ျပန္ျဖစ္လာ ျပင္းထန္လာတယ္လို႔ သံုးသပ္မိသလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ။ ။ အဓိကေတာ့ သူကလည္း အာဏာသိမ္းထားတယ္။ ေနာက္ျပည္သူလူထုကလည္း သူ႔ရဲ႕ အာဏာျဖဳတ္ခ်ေရးမွာ ႀကိဳးစားေနတဲ့အခ်ိန္မွာ တဖက္ကေတာ့ က်ေန္ာတို႔ လက္နက္ကိုင္တဲ့ အဖြဲ႔ကိုလည္း ျပည္သူလူထုဆီမွာ မကူးေအာင္ ၊ ျပည္သူလူထုနဲ႔ အဆက္အသြယ္ေတြ ပ်က္ေအာင္ ၊ ျပည္သူလူထုနဲ႔ လက္မတြဲေအာင္ဆိုၿပီးေတာ့မွ က်ေနာ္တို႔ကိုလည္္း အခုလိုမ်ိဳး စစ္ဆင္ေရးလုပ္တာျဖစ္ႏိုင္တယ္လို႔ သံုးသပ္တာေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အခုလို ရည္ရြယ္လုပ္ေဆာင္ လာတာက ထိေရာက္မႈ ဘယ္လိုျဖစ္လာႏိုင္မလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ။ ။ ျပည္သူလူထုကလည္း သူတို႔ ဆႏၵနဲ႔ သူတို႔ ဒီ ရည္မွန္းခ်က္နဲ႔ လုပ္ေနတဲ့ ဆႏၵျပပြဲေတြ ျဖစ္ပါတယ္။ က်ေနာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြကို တိုက္တာနဲ႔ ျပည္သူလူထုကေတာ့ ရပ္သြားမွာေတာ့ မဟုတ္ဘူးလို႔ သံုးသပ္ထားပါတယ္။ က်ေနာ္တို႔ကို တိုက္သလို ျပည္သူလူထုကိုလည္း သတ္တာ ျဖတ္တာေတြ ပိုၿပီးေတာ့မွ ျပင္းထန္လာတာ အဲဒါလည္း ျပည္သူလူထုကေတာ့ ေၾကာက္ၿပီးေတာ့မွ ရပ္သြားမွာ မဟုတ္ဘူးလို႔ က်ေနာ္ကေတာ့ ယံုၾကည္ပါတယ္။ ပိုၿပီးမွ ျပင္းထန္လာမယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။ ေျပာခ်င္တာကေတာ့ ၿမိဳ႕ေပၚမွာ ဆႏၵျပတဲ့ ျပည္သူလူထုေတြလည္း ပိုၿပီးမွ အင္အားႀကီးၿပီးမွ ျပင္းထန္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထိုနည္းေသာ္လည္းေကာင္း က်ေနာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြလည္း စစ္ေရးနဲ႔ပဲ ေျဖရွင္းရင္ေတာ့ ျပည္တြင္းစစ္က ပိုၿပီးမွ ၾကီးလာႏိုင္တယ္လို႔ က်ေန္ာသံုးသပ္ထားပါတယ္။

ကို၀င္းမင္း။ ။ လက္ရွိ ဒီ အေလာဘြမ္မွာ ထိခိုက္က်ဆံုးအေနအထားေရာ ဘယ္ေလာက္ေလာက္ရွိသလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ။ ။ အဲေလာက္ၾကီး ျပင္းထန္တဲ့တိုက္ပြဲဆိုေတာ့ ၂ ဖက္ကေတာ့ က်ဆံုးတာေတြ ထိခိုက္ဒဏ္ရာရတာေတြ ရွိမယ္ဆိုတာလည္း ေသခ်ာပါတယ္။ တပ္မေတာ္ဘက္ကလည္း ေတာ္ေတာ္အထိနာတဲ့ ပံုစံေတာ့ျဖစ္ပါတယ္။ တိက်တဲ့ ကိန္းဂဏန္းေတာ့ က်ေနာ္တို႔လည္း ဘာမွ မရဘူးေလ။ ဒါေပမယ့္ Social Media မွာ ေတာ္ေတာ္မ်ားမ်ား တက္ေနတာ တခ်ိဳ႕ေရွ႕တန္းသမားေတြလည္း သူ႔သူငယ္ခ်င္းေတြ သူတို႔ရဲ႕ အမ်ိဳးေတြ အဖြဲ႔အစည္းေတြဆီမွာ သတင္းေလ့လာတာေတြေတာ့ ရွိေကာင္းရွိႏုိင္ပါတယ္။ ဒါေၾကာင့္ တပ္ရင္းမွဴးေတြ က်သြားတယ္ဆိုတာကေတာ့ ရာခိုင္ႏႈန္း ၉၀ ေက်ာ္ေတာ့ ေသခ်ာၿပီလို႔ က်ေနာ္ေျပာလိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တပ်မတော် နဲ့ KIA တိုက်ပွဲ ပြင်းထန် လာဖွယ်ရှိ (ဗိုလ်မှူးကြီး နော်ဘူ)

(Unicode)

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်အနီး အလောဘွမ်စခန်းမှာ၊ မြန်မာစစ်တပ်ဘက်ကနေ မနေ့က လေကြောင်းကဗုံးကြဲခဲ့ပြီး၊ နောက်ထပ်လေကြောင်းတိုက်ခိုက်မူတွေ ထပ်ပြင်းထန်လာနိုင်တယ်လို့၊ KIO သတင်းပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းအပြီး၊ KIO တပ်ဖွဲ့တွေနဲ့ ပြီးခဲ့တဲ့လ မတ်လကစ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ရာမှာ၊ အရင် ၁၉၉၀ ခုနှစ်ထဲက အသိမ်းခံခဲ့ရတဲ့၊ ဒီ အလောဘွမ်စခန်းကို KIO ဘက်က မတ်လကုန်မှာ ပြန်သိမ်းယူခဲ့ပါတယ်။

ဘာကြောင့် KIO တပ်ဖွဲ့တွေနဲ့ အခုလိုတိုက်ပွဲတွေပိုပြင်းထန်လာရပါလဲ။ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မူးကြီး နော်ဘူကို ကိုဝင်းမင်းက မေးထားပါတယ်။

ဟုတ်ကဲ့ ၊ တနင်္ဂနွေနေ့ကနေစပြီး မြန်မာစစ်တပ်ဘက်က ပြန်သိမ်းပိုက်ဖို့ပေါ့နော် တိုက်ခိုက်လာခဲ့တဲ့ စစ်ရေးအရ အရေးပါတဲ့ အလောဘွမ်စခန်း မှာ မနေ့က လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပုံကို ဗိုလ်မှူးကြီး နော်ဘူက

“ နေ့လည်ပိုင်းကတော့ အလောဘွမ် အဲဒီဘက်မှာ လေယာဉ်ပျံ ၁ စင်း ဗုံးတွေ လာကြဲပြီးတော့ ပြန်သွားတယ် ။ ဒါပေမယ့် မြေပြင်တိုက်ပွဲတွေကတော့ ပြင်းထန်တဲ့ဟာတွေတော့ မရှိဘူးခင်ဗျ။ ကျန်တဲ့ ဖားကန့်ဘက်တို့ တိုက်ပွဲငယ်လေးတွေဖြစ်တယ်ဆိုတာတော့ ကြားပါတယ်။ ဗန်းမော်မှာ စစ်အင်အားတိုးတယ်ဆိုတာကတော့ ကျနော်တို့လည်း ကြားပါတယ်။ လေယာဉ်နဲ့ ပိုးထားတာတွေ၊ ကားနဲ့ ယာဉ်နဲ့ ပို့ထားတယ်တွေ ရှိတယ်ဆိုတဲ့သတင်းကတော့ ကြားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဗိုလ်မှူးကြီး အခုဒီတိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ ထူးခြားချက်ကရော ဘာတွေ့မိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ။ ။ တနေရာနဲ့ တနေရာကတော့ မတူဘူး ၊ ဒါပေမယ့် ကျနော်တို့ အဓိက လိုင်ဇာဌာနချုပ်နဲ့နီးတဲ့ ဒီ အလောဘွမ် မှာတော့ စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနဲ့ တက်လာတဲ့ စစ်ကြောင်းတွေကလည်း တောထဲမှာပဲ ပုန်းနေတဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ KIA အနေနဲ့လည်း နေရာကိုတော့ အဆင်သင့်ယူထားပြီးတော့မှ သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ နောက်ခုနပြောတဲ့ ဗန်းမော်ဘက်မှာလည်း စစ်အင်အားတွေ ပြန်ပြီးတော့မှ တိုးထားတယ်၊ ထပ်ပြီးမှ ပို့ထားတယ် ဆိုတော့ တိုက်ပွဲကတော့ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားလို့ ကျနေ်ာတို့က သုံးသပ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုလိုအချိန်မှာ ဘာကြောင့် ကချင်ဒေသမှာ အထူးသဖြင့်ပေါ့နော် အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာ ပြင်းထန်လာတယ်လို့ သုံးသပ်မိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ။ ။ အဓိကတော့ သူကလည်း အာဏာသိမ်းထားတယ်။ နောက်ပြည်သူလူထုကလည်း သူ့ရဲ့ အာဏာဖြုတ်ချရေးမှာ ကြိုးစားနေတဲ့အချိန်မှာ တဖက်ကတော့ ကျနေ်ာတို့ လက်နက်ကိုင်တဲ့ အဖွဲ့ကိုလည်း ပြည်သူလူထုဆီမှာ မကူးအောင် ၊ ပြည်သူလူထုနဲ့ အဆက်အသွယ်တွေ ပျက်အောင် ၊ ပြည်သူလူထုနဲ့ လက်မတွဲအောင်ဆိုပြီးတော့မှ ကျနော်တို့ကိုလည်း အခုလိုမျိုး စစ်ဆင်ရေးလုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်တာပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလို ရည်ရွယ်လုပ်ဆောင် လာတာက ထိရောက်မှု ဘယ်လိုဖြစ်လာနိုင်မလဲ။

ဗိုလ်မှူးကြီး နော်ဘူ။ ။ ပြည်သူလူထုကလည်း သူတို့ ဆန္ဒနဲ့ သူတို့ ဒီ ရည်မှန်းချက်နဲ့ လုပ်နေတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်တာနဲ့ ပြည်သူလူထုကတော့ ရပ်သွားမှာတော့ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။ ကျနော်တို့ကို တိုက်သလို ပြည်သူလူထုကိုလည်း သတ်တာ ဖြတ်တာတွေ ပိုပြီးတော့မှ ပြင်းထန်လာတာ အဲဒါလည်း ပြည်သူလူထုကတော့ ကြောက်ပြီးတော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ပိုပြီးမှ ပြင်းထန်လာမယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ပြောချင်တာကတော့ မြို့ပေါ်မှာ ဆန္ဒပြတဲ့ ပြည်သူလူထုတွေလည်း ပိုပြီးမှ အင်အားကြီးပြီးမှ ပြင်းထန်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။ ထိုနည်းသော်လည်းကောင်း ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း စစ်ရေးနဲ့ပဲ ဖြေရှင်းရင်တော့ ပြည်တွင်းစစ်က ပိုပြီးမှ ကြီးလာနိုင်တယ်လို့ ကျနေ်ာသုံးသပ်ထားပါတယ်။

ကိုဝင်းမင်း။ ။ လက်ရှိ ဒီ အလောဘွမ်မှာ ထိခိုက်ကျဆုံးအနေအထားရော ဘယ်လောက်လောက်ရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ။ ။ အဲလောက်ကြီး ပြင်းထန်တဲ့တိုက်ပွဲဆိုတော့ ၂ ဖက်ကတော့ ကျဆုံးတာတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိမယ်ဆိုတာလည်း သေချာပါတယ်။ တပ်မတော်ဘက်ကလည်း တော်တော်အထိနာတဲ့ ပုံစံတော့ဖြစ်ပါတယ်။ တိကျတဲ့ ကိန်းဂဏန်းတော့ ကျနော်တို့လည်း ဘာမှ မရဘူးလေ။ ဒါပေမယ့် Social Media မှာ တော်တော်များများ တက်နေတာ တချို့ရှေ့တန်းသမားတွေလည်း သူ့သူငယ်ချင်းတွေ သူတို့ရဲ့ အမျိုးတွေ အဖွဲ့အစည်းတွေဆီမှာ သတင်းလေ့လာတာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် တပ်ရင်းမှူးတွေ ကျသွားတယ်ဆိုတာကတော့ ရာခိုင်နှုန်း ၉၀ ကျော်တော့ သေချာပြီလို့ ကျနော်ပြောလိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG