[Zawgyi/Unicode]
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ အဂၤါေန႔ ညေနပိုင္းက စတင္တဲ့တုိက္ပဲြဟာ ဒီကေန႔ ေန႔ခင္းပိုင္းထိ ဆက္လက္ျဖစ္ပြားခဲ့ၿပီး တုိက္ပဲြေၾကာင့္ အရပ္သား ၅ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ကခ်င္ျပည္နယ္ နမၼတီးၿမိဳ႕မွာ တပ္မေတာ္ယာဥ္တန္းကို မိုင္းခဲြတိုက္ခုိက္တာ ရိွခဲ့သလို မုိးေမာက္ၿမိဳ႕နယ္မွာလည္း တုိက္ခုိက္တာေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကို ကိုသားၫြန္႔ဦးက တင္ျပေပးပါမယ္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့တုိက္ပဲြဟာ အဂၤါေန႔ ညေန ၃ နာရီခဲြေလာက္က စတင္ခဲ့ၿပီး ညေန ၅ နာရီခဲြေလာက္မွာ ရပ္ဆိုင္းခဲ့ေပမဲ့ ည ၇ နာရီကေန ၈ နာရီခဲြေလာက္အထိ ၿမိဳ႔အနီးမွာပါ တိုက္ပဲြေတြ ထပ္မံ ျဖစ္ပြားခဲ့ပါတယ္။
ဒီတုိက္ခုိက္မႈေတြဟာ ဒီေန႔ မနက္ပိုင္းကေန ေန႔ခင္းအထိ ဆက္လက္ျဖစ္ပြားခဲ့ၿပီး အဂၤါေန႔ည ပစ္ခတ္မႈမွာ လူ ၅ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ကြတ္ခုိင္ေဒသခံ တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။
“မေန႔က ညက တအားတြယ္ၾကတာေလ။ ၿမိဳ႕အစပ္ထဲမွာ။ Asia World မွာေရာ၊ ဟိုဘက္က မႏၱေလးဘက္ အထြက္ဘက္မွာေရာ။ မူဆယ္ဘက္အထြက္ဘက္ေရာ တြယ္ၾကတာ။ ၇ နာရီေလာက္က စၿပီး ျပန္ခ်ၾကတာ။ အရပ္သား ၅ ေယာက္ ထိသြားတယ္။ မေန႔က လားရိႈး ပို႔လိုက္တယ္။ Asia World က တစ္ေယာက္ပါတယ္။ ကားသမားေလး တစ္ေယာက္ပါတယ္။ ေနာက္ ကြတ္ခိုင္ ရပ္ကြက္ ၄.. အဲဒီဘက္ကလည္း ပါတယ္။ လက္နက္ၾကီး ထိၾကတာ။ အခုေလာေလာဆယ္က အေပၚမွာ ျဖစ္ေနတယ္။ ျပည္ေထာင္စု လမ္းမၾကီး ေဘးမွာပဲ ျဖစ္တာ။ လမ္းမေပၚမွာေတာ့ မဟုတ္ဘူး။ မူဆယ္ဘက္ အထြက္ဘက္မွာ ေသနတ္ေလးသံက စၿပီး ဒီၿမိဳ႕ထဲက ၾကားေနရတယ္။ သိပ္မေ၀းဘူးလုိ႔ တြက္လုိ႔ ရတာေပါ့။ ၃ မိုင္ပတ္လည္ပဲ။”
ဒီေန႔ ေန႔ခင္း ၂ နာရီေလာက္ထိ ပစ္ခတ္သံေတြ ၾကားေနရသလို ၿမိဳ ႔အတြင္း ေစ်းဆုိင္ေတြ ပိတ္ဖို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
ဒီေန႔ ျဖစ္တဲ့တိုက္ပဲြဟာ မူဆယ္ဘက္အထြက္ မန္ဘန္ရြာအေနာက္ဘက္ ၿပိန္းဟြယ္ရြာဘက္ျဖစ္ပြားေနေၾကာင္းနဲ႔ တိုက္ပဲြျဖစ္ခ်ိန္မွာ မူဆယ္၊ မႏၱေလး ျပည္ေထာင္စုလမ္းမၾကီးကို ေခတၱပိတ္ခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ကားေတြ ပံုမွန္ေျပးဆဲြေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။
ဒီတိုက္ခိုက္မႈဟာ TNLA တအန္း(ပေလာင္)နဲ႔ MNDAA ကိုးကန္႔တပ္ဖဲြ႔ေတြ ပူးေပါင္းၿပီး တပ္မေတာ္ကို တိုက္ခိုက္တာျဖစ္ေၾကာင္း TNLA က သတင္းထုတ္ျပန္ထားပါတယ္။
ဒီေန႔ မနက္ပိုင္းမွာပဲ ကခ်င္ျပည္နယ္ နမၼတီးအထြက္ ေဒသခံေတြအေခၚ ေက်ာက္ေတာင္ဆိုတဲ့ေနရာမွာ တပ္မေတာ္ယာဥ္တန္းကို KIA က မိုင္းခဲြတိုက္ခိုက္ခဲ့တယ္ နမၼတီးေဒသခံတစ္ဦးက ေျပာပါတယ္။
“ဒီမနက္က စစ္ကား ၂ စင္းကို KIA ဘက္ ဗံုးေဖာက္တာေတြေတာ့ ရိွတယ္။ တိုက္ပဲြေတာ့ တျခားေတာ့ မျဖစ္ဘူး။ အဲဒါမ်ိဳး တိုက္ခံရေတာ့ ဒီတပ္က လူေတြက ေလွ်ာက္ပစ္တာေတာ့ ရိွတာေပါ့။ ၈ နာရီ ၄၅ မိနစ္ေလာက္မွာ ျဖစ္တာ။”
အထိအခိုက္ အက်အဆံုးကို ေသခ်ာမသိရေၾကာင္းလည္း ေျပာပါတယ္။ အျခား ေဒသခံတစ္ဦးကေတာ့ လူနာတင္ယာဥ္ ၂ စီးနဲ႔ သယ္ယူရိွေပမဲ့ အေသးစိတ္အေျခအေန မသိရဘူးေျပာပါတယ္။
မုိးေမာက္ၿမိဳ႕နယ္က ၿမိဳ ႔သစ္၊ ကုန္းေလာဘက္မွာေတာ့ ဒီေန႔ ၁၂ ရက္ေျမာက္ေန႔မွာ လက္နက္ၾကီးနဲ႔ ပစ္ခတ္တာေတြ ဆက္လက္ရိွေနေၾကာင္း မိုးေမာက္ေဒသခံ တစ္ဦးက ေျပာပါတယ္။
“ၿမိဳ႕သစ္၊ ကုန္းေလာ အထက္မွာကေတာ့ ဒီတိုင္းပဲ ပစ္ေနတာပဲ။ ပစ္လုိက္၊ ရပ္လုိက္ေပါ့။ ေလယာဥ္ပ်ံေတြနဲ႔ ဗံုးလာၾကဲတာ။ ဒီေန႔ေတာ့ မလာဘူး။ မေန႔ညကေတာ့ တစ္ေခါက္လာေသးတယ္။”
ဒီကေန႔ ႏြမ္းလန္းရြာဘက္မွာေတာ့ တပ္မေတာ္နဲ႔ KIA တုိ႔ အျပန္အလွန္ ပစ္ခတ္မႈမွာ လက္နက္ၾကီးက်ည္အခ်ိဳ႕ရြာအတြင္း က်ေရာက္ ေပါက္ကဲြတာေၾကာင့္ ေဒသခံေတြ ထိတ္လန္႔ေနေၾကာင္းလည္း ေျပာပါတယ္။
ၿမိဳ႕သစ္၊ ကုန္းေလာေက်းရြာအနီးမွာ ျဖစ္ပြားတဲ့တုိက္ပဲြမွာ တပ္မေတာ္ဘက္က ေန႔စဥ္ဆိုသလို ဂ်က္တိုက္ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြ အသံုးျပဳၿပီး တစ္ေန႔ ေလး၊ ငါးၾကိမ္တိုက္ တိုက္ခိုက္တာေတြရိွခဲ့ေၾကာင္းနဲ႔ ဒီလ ၃ရက္ေန႔က KIA က တပ္မေတာ္ ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်လိုက္တဲ့ေနာက္ ေလေၾကာင္းတိုက္ပဲြေတြေလ်ာ့က်လာပါတယ္။ ဒီကေန႔ တိုက္ပဲြသတင္းနဲ႔ ပတ္သက္ၿပီးေမးျမန္းဖို႔ ဗိုလ္မွဴးၾကီးေနာ္ဘူကို ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။
လက္ရိွ မိုးေမာက္ၿမိဳ ႔နယ္အတြင္း ျဖစ္ပြားတဲ့ တိုက္ပဲြသတင္းကိုေတာ့ တပ္မေတာ္ဘက္က ထုတ္ျပန္ထားတာ မရိွပါဘူး။
ဒီလ ၃ ရက္ေန႔ ကခ်င္ျပည္နယ္ မံစီၿမိဳ ႔နယ္ရဲစခန္းကို လက္နက္ကိုင္အဖဲြ႕ေတြ ၀င္ေရာက္တိုက္ခိုက္တာေၾကာင့္ လံုၿခံဳေရး တပ္ဖဲြ႔၀င္ တစ္ဦးက်ဆံုးခဲ့ေၾကာင္းနဲ႔ ဧၿပီလ ၃၀ရက္ေန႔က ျမစ္ၾကီးနားၿမိဳ႕နယ္ ျမစ္ၾကီးနား-ဆြမ္ပရာဘြမ္ လမ္းလုပ္ငန္းေဆာင္ရြက္ေနတဲ့ ေမာ္ေတာ္ယာဥ္ကို KIA က လက္နက္ငယ္နဲ႔ ပစ္ခတ္တာေၾကာင့္ လမ္းလုပ္သား ၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက အဂၤါေန႔က သတင္းထုတ္ျပန္ထားပါတယ္။
[Unicode Version]
ရှမ်းပြည် ကွတ်ခိုင်တိုက်ပွဲ အရပ်သား ၅ ဦး ထိခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အင်္ဂါနေ့ ညနေပိုင်းက စတင်တဲ့တိုက်ပွဲဟာ ဒီကနေ့ နေ့ခင်းပိုင်းထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ် နမ္မတီးမြို့မှာ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ ရှိခဲ့သလို မိုးမောက်မြို့နယ်မှာလည်း တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲဟာ အင်္ဂါနေ့ ညနေ ၃ နာရီခွဲလောက်က စတင်ခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ ရပ်ဆိုင်းခဲ့ပေမဲ့ ည ၇ နာရီကနေ ၈ နာရီခွဲလောက်အထိ မြို့အနီးမှာပါ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဒီနေ့ မနက်ပိုင်းကနေ နေ့ခင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ည ပစ်ခတ်မှုမှာ လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“မနေ့က ညက တအားတွယ်ကြတာလေ။ မြို့အစပ်ထဲမှာ။ Asia World မှာရော၊ ဟိုဘက်က မန္တလေးဘက် အထွက်ဘက်မှာရော။ မူဆယ်ဘက်အထွက်ဘက်ရော တွယ်ကြတာ။ ၇ နာရီလောက်က စပြီး ပြန်ချကြတာ။ အရပ်သား ၅ ယောက် ထိသွားတယ်။ မနေ့က လားရှိုး ပို့လိုက်တယ်။ Asia World က တစ်ယောက်ပါတယ်။ ကားသမားလေး တစ်ယောက်ပါတယ်။ နောက် ကွတ်ခိုင် ရပ်ကွက် ၄.. အဲဒီဘက်ကလည်း ပါတယ်။ လက်နက်ကြီး ထိကြတာ။ အခုလောလောဆယ်က အပေါ်မှာ ဖြစ်နေတယ်။ ပြည်ထောင်စု လမ်းမကြီး ဘေးမှာပဲ ဖြစ်တာ။ လမ်းမပေါ်မှာတော့ မဟုတ်ဘူး။ မူဆယ်ဘက် အထွက်ဘက်မှာ သေနတ်လေးသံက စပြီး ဒီမြို့ထဲက ကြားနေရတယ်။ သိပ်မဝေးဘူးလို့ တွက်လို့ ရတာပေါ့။ ၃ မိုင်ပတ်လည်ပဲ။”
ဒီနေ့ နေ့ခင်း ၂ နာရီလောက်ထိ ပစ်ခတ်သံတွေ ကြားနေရသလို မြို့အတွင်း ဈေးဆိုင်တွေ ပိတ်ဖို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီနေ့ ဖြစ်တဲ့တိုက်ပွဲဟာ မူဆယ်ဘက်အထွက် မန်ဘန်ရွာအနောက်ဘက် ပြိန်းဟွယ်ရွာဘက်ဖြစ်ပွားနေကြောင်းနဲ့ တိုက်ပွဲဖြစ်ချိန်မှာ မူဆယ်၊ မန္တလေး ပြည်ထောင်စုလမ်းမကြီးကို ခေတ္တပိတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကားတွေ ပုံမှန်ပြေးဆွဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ TNLA တအန်း(ပလောင်)နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တပ်မတော်ကို တိုက်ခိုက်တာဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက်ပိုင်းမှာပဲ ကချင်ပြည်နယ် နမ္မတီးအထွက် ဒေသခံတွေအခေါ် ကျောက်တောင်ဆိုတဲ့နေရာမှာ တပ်မတော်ယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တယ် နမ္မတီးဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက်က စစ်ကား ၂ စင်းကို KIA ဘက် ဗုံးဖောက်တာတွေတော့ ရှိတယ်။ တိုက်ပွဲတော့ တခြားတော့ မဖြစ်ဘူး။ အဲဒါမျိုး တိုက်ခံရတော့ ဒီတပ်က လူတွေက လျှောက်ပစ်တာတော့ ရှိတာပေါ့။ ၈ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်တာ။”
အထိအခိုက် အကျအဆုံးကို သေချာမသိရကြောင်းလည်း ပြောပါတယ်။ အခြား ဒေသခံတစ်ဦးကတော့ လူနာတင်ယာဉ် ၂ စီးနဲ့ သယ်ယူရှိပေမဲ့ အသေးစိတ်အခြေအနေ မသိရဘူးပြောပါတယ်။
မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလောဘက်မှာတော့ ဒီနေ့ ၁၂ ရက်မြောက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ရှိနေကြောင်း မိုးမောက်ဒေသခံ တစ်ဦးက ပြောပါတယ်။
“မြို့သစ်၊ ကုန်းလော အထက်မှာကတော့ ဒီတိုင်းပဲ ပစ်နေတာပဲ။ ပစ်လိုက်၊ ရပ်လိုက်ပေါ့။ လေယာဉ်ပျံတွေနဲ့ ဗုံးလာကြဲတာ။ ဒီနေ့တော့ မလာဘူး။ မနေ့ညကတော့ တစ်ခေါက်လာသေးတယ်။”
ဒီကနေ့ နွမ်းလန်းရွာဘက်မှာတော့ တပ်မတော်နဲ့ KIA တို့ အပြန်အလှန် ပစ်ခတ်မှုမှာ လက်နက်ကြီးကျည်အချို့ရွာအတွင်း ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံတွေ ထိတ်လန့်နေကြောင်းလည်း ပြောပါတယ်။
မြို့သစ်၊ ကုန်းလောကျေးရွာအနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က နေ့စဉ်ဆိုသလို ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တစ်နေ့ လေး၊ ငါးကြိမ်တိုက် တိုက်ခိုက်တာတွေရှိခဲ့ကြောင်းနဲ့ ဒီလ ၃ရက်နေ့က KIA က တပ်မတော် ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်တဲ့နောက် လေကြောင်းတိုက်ပွဲတွေလျော့ကျလာပါတယ်။ ဒီကနေ့ တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲသတင်းကိုတော့ တပ်မတော်ဘက်က ထုတ်ပြန်ထားတာ မရှိပါဘူး။
ဒီလ ၃ ရက်နေ့ ကချင်ပြည်နယ် မံစီမြို့နယ်ရဲစခန်းကို လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်းနဲ့ ဧပြီလ ၃၀ရက်နေ့က မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ မော်တော်ယာဉ်ကို KIA က လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် လမ်းလုပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ထားပါတယ်။