သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္အေလာ့ဘြမ္စခန္းကို ျမန္မာစစ္တပ္ ထိုးစစ္ဆင္


ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕ရွိ ေနရာတခုမွာ ေတြ႔ရတဲ့ ျမန္မာစစ္တပ္တပ္ဖဲြ႔ဝင္တဦး။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၁၆)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ျမစ္ၾကီးနား ဗန္းေမာ္ကားလမ္းကို အေပၚစီးက ေနရာယူထားတဲ့ အေလာ့ဘြမ္ တပ္စခန္းကို စစ္တပ္က ဒီကေန႔ စတင္ ထိုးစစ္ဆင္ တိုက္ခိုက္ေနပါတယ္။ တခ်ိန္တည္းမွာပဲ မံစီၿမိဳ ႔အနီးက စစ္တပ္စခန္းေတြကို ကခ်င္လက္နက္ကိုင္ KIA က ၀င္ေရာက္ တိုက္ခိုက္တာေတြ ရိွသလို ေရႊကူၿမိဳ႕အနီးမွာလည္း စစ္ေရယာဥ္ကို ပစ္ခတ္တာေတြ ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္တြင္းက တိုက္ပဲြျဖစ္ပြားမႈသတင္း ရန္ကုန္ဘက္ကသတင္းေပးပို႔တာကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက အေလာ့ဘြမ္ေတာင္ကုန္းနဲ႔ ဆက္စပ္ေနတဲ့ မိုက္ခရိုေ၀့စခန္းကုန္း (ေဒသအေခၚ စေလာင္းကုန္း) ကို စစ္တပ္က ၿပီးခဲ့တဲ့ေသာၾကာေန႔က သိမ္းယူၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ အေလာ့ဘြမ္ေတာင္ေျခမွာ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြ စတင္တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စစ္တပ္က ေလေၾကာင္းကပါ တိုက္ခိုက္ေနတယ္လို႔ မိုးေမာက္ေဒသခံ တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ မနက္ ထန္ယန္ဟိုဘက္ ေတာင္ေျခရင္းဘက္မွာ ပစ္ေနၿပီ။ ေဂ်ာေမာ္ပို႔စ္မွာလည္း ခုနက ေလယာဥ္ပ်ံ ႏွစ္စီးနဲ႔ ဗံုးလာၾကဲသြားတယ္။ ႏွစ္ေခါက္။ ႏွစ္ေခါက္လာၾကဲသြားတယ္။ ဒီေဒါ့ဖုန္းယန္နဲ႔ ႏြမ္းလန္းၾကားေပါ့ အေလာ့(ဘြမ္) ေတာင္ေျခရင္းဘက္မွာ ပစ္ေနၾကတယ္။ ခုနတုန္းကလည္း အသံၾကားတယ္။ လက္နက္ၾကီးေရာ၊ လက္နက္ေသးေတြေရာ၊ မေန႔ညကေနေတာင္မွ အသံၾကားေနရၿပီ။ အခု သဘက္ခါေလာက္က်ရင္ေတာ့ ပဲြကေတာ့ ေတာ္ေတာ္ေလးေတာ့ ၾကမ္းလာမွာ။”

အေလာ့ဘြမ္ေတာင္းကုန္းကို တိုက္ဖုိ႔တပ္ဘက္က စစ္အင္အားေတြ ျဖည့္ေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သတင္းေတြ ထြက္လာခဲ့ၿပီး ဒီေန႔ေတာ့ စတင္ ထိုးစစ္ဆင္တာျဖစ္ပါတယ္။

အေလာ့ဘြမ္စခန္းကုန္းမွာ တိုက္ပြဲေတြျဖစ္ေနခ်ိန္မွာပဲ ဗန္းေမာ္ၿမိဳ ႔ကို တက္လာတဲ့ စစ္ကူသေဘၤာကို KIA က ၾကားျဖတ္တိုက္ခိုက္တာ ရိွသလို ဗန္းေမာ္ၿမိဳ ႔အနီးက မံစီၿမိဳ႕ရိွ တပ္မေတာ္ တပ္စခန္းေတြကို ပစ္ခတ္တာေတြလည္း ရိွေနပါတယ္။ ေရႊကူၿမိဳ ႔နယ္အတြင္း ငါးပတ္၀နဲ႔ ေက်ာက္တန္းအနီးမွာ ၂ ၾကိမ္ပစ္ခတ္ခံရေၾကာင္း ေရႊကူၿမိဳ ႔ခံတစ္ဦးက ေျပာပါတယ္။

“ငါးပတ္၀နားမွာ ပစ္တယ္။ စင္းခန္းတံတားနားမွာ ရပ္ထားတယ္လို႔ေတာ့ ၾကားတယ္။ ေက်ာက္ၾကီးမွာ ပစ္ခံရတဲ့ ေမာ္ေတာ္ ဆက္ဆန္တာ ငါးပတ္၀ကေနစၿပီးေတာ့မွ ငါးပတ္၀ၿပီးေတာ့ ဟုိ ေက်ာက္တြင္းနားမွာ ပစ္ခံရတယ္လုိ႔ ၾကားတယ္ေလေနာ္။”

ဒီသေဘၤာေပၚမွာ လက္နက္ခဲယမ္းနဲ႔ စစ္ရိကၡာေတြ သယ္ေဆာင္လာေၾကာင္းနဲ႔ ဒီေန႔ ပစ္ခတ္မႈမွာ စစ္သားနဲ႔ ရဲသားအခ်ိဳ ႔ အထိအခိုက္ရိွေၾကာင္း ေဒသခံအခ်ိဳ ႔က ေျပာဆုိေပမဲ့ သီးျခား အတည္ျပဳခ်က္ေတာ့ မရပါဘူး။

လက္ရိွ ပစ္ခတ္ခံရတဲ့ ေပါက္တန္းသေဘၤာဟာ ေမလ ၆ ရက္ေန႔က ေရႊကူၿမိဳ႕ေအာက္ဘက္ ေက်ာက္ၾကီးရြာအနီးမွာ ပစ္ခတ္ခံခဲ့ရတဲ့ သေဘၤာျဖစ္ၿပီး ဒီေန႔ မနက္ ၄ နာရီေလာက္က ေရႊကူၿမိဳ ႔ကေန ဗန္းေမာ္ကို ဆန္တက္ခ်ိန္ ဒုတိယျမစ္က်ဥ္းမွာ ပစ္ခတ္ခံရတာပါ။ ေမလ ၈ရက္ေန႔ကလည္း ေရႊကူၿမိဳ ႔မွာ သေဘၤာဆိပ္တံတားနဲ႔ စရဖရံုးမွာ ဗံုးေပါက္ကဲြခဲ့ၿပီး စရဖရံုး အုတ္တံတိုင္း ၃ ခန္းေလာက္ ပ်က္ဆီးခဲ့ပါတယ္။

အခုလို မိုးေမာက္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြျဖစ္ေနသလို မံစီၿမိဳ ႔နယ္အတြင္းမွာ တပ္မေတာ္နဲ႔ KIA အၾကား ဒီကေန႔ မနက္ ၇ နာရီေလာက္ကလည္း တုိက္ပဲြျဖစ္ခဲ့ပါတယ္။မံစီၿမိဳ႕နဲ႔ ၆ မုိင္ေလာက္အကြာက မဒန္ယန္ရြာမွာ ေန႔ခင္းပိုင္းအထိ ပစ္ခတ္သံေတြၾကားေနေၾကာင္း မံစီၿမိဳ ႔ခံက ေျပာပါတယ္။

“မံစီမွာေတာ့ အသံကေတာ့ ျမည္၊ ေတာက္ေလွ်ာက္ေတာ့ ျမည္ေနတာ၊ အခုလည္း ျမည္ေနတာပဲ။ ၿမိဳ ႔ကေန ၇ မိုင္၊ ၆ မုိင္ေလာက္ ေ၀းတဲ့ မဒန္ယန္ဘက္မွာ ျဖစ္တာ။ ဒီမနက္ကေန ျဖစ္ေနတာ။ တပ္ရင္းရိွတယ္။ အဲဒီမွာ ဒါေၾကာင္ အဲဒီမွာျဖစ္တာ။ မနက္ ၇ နာရီ၊ ၈ နာရီ အဲဒီအခ်ိန္ကေန ေတာက္ေလွ်ာက္ျဖစ္ေနတာ။ ေသနတ္သံ အေသးေတြေတာ့ မၾကားရဘူး။ ေသနတ္အၾကီးေတြပဲ လက္နက္ၾကီးေတြပဲ ၾကားရတယ္။ ”

တိုက္ပဲြျဖစ္ပြားတာေၾကာင့္ မံစီၿမိဳ႔ခံေတြဟာ မိမိေနအိမ္က ကတုတ္က်င္းေတြမွာပဲ ပုန္းခိုေနၾကရတယ္လို႔ေျပာပါတယ္။ ေမလ ၄ ရက္ေန႔တုန္းကလည္း KIA က မံစီၿမိဳ ႔မ ရဲစခနး္ကို ၀င္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ရဲမွဴးတစ္ဦး ေသဆံုးခဲ့ပါတယ္။ ဒီေန႔ တုိက္ပဲြအေျခအေနေတြ ေမးျမန္းႏိုင္ဖို႔ KIA ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ရက္ကေတာ့ ဒီတစ္ပတ္အတြင္းမွာေတာ့ မုိးေမာက္ၿမိဳ႕နယ္ အေလာ့ဘြမ္စခန္းမွာ တုိက္ပဲြျပင္းထန္လာႏိုင္ေၾကာင္း KIA ေျပာခြင့္ရသူ ဗုိလ္မွဴးၾကီးေနာ္ဘူက ခန္႔မွန္းထားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ေမလ ၈ ရက္ေန႔က စေလာင္းကုန္းေခၚ မိုက္ခရိုေ၀့ေတာင္ကုန္းကို သိမ္းယူခဲ့ေၾကာင္း သတင္းေဖာ္ျပခဲ့သလို မုိးညွင္းၿမိဳ ႔နဲ႔ ေမာ္ဟန္ေက်းရြာေတြမွာ KIA က အရပ္သားေတြကို ပစ္ခတ္တာရိွသလို ေမာ္ဟန္မွာ အရပ္သား ၂ ဦး ေသဆံုးခဲ့တယ္လုိ႔ ေမလ ၁၀ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်အလော့ဘွမ်းစခန်းကို မြန်မာစစ်တပ် ထိုးစစ်ဆင်

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်ကားလမ်းကို အပေါ်စီးက နေရာယူထားတဲ့ အလော့ဘွမ် တပ်စခန်းကို စစ်တပ်က ဒီကနေ့ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ မံစီမြို့အနီးက စစ်တပ်စခန်းတွေကို ကချင်လက်နက်ကိုင် KIA က ဝင်ရောက် တိုက်ခိုက်တာတွေ ရှိသလို ရွှေကူမြို့အနီးမှာလည်း စစ်ရေယာဉ်ကို ပစ်ခတ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲဖြစ်ပွားမှုသတင်း ရန်ကုန်ဘက်ကသတင်းပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက အလော့ဘွမ်တောင်ကုန်းနဲ့ ဆက်စပ်နေတဲ့ မိုက်ခရိုဝေ့စခန်းကုန်း (ဒေသအခေါ် စလောင်းကုန်း) ကို စစ်တပ်က ပြီးခဲ့တဲ့သောကြာနေ့က သိမ်းယူပြီးတဲ့နောက် ဒီကနေ့မှာတော့ အလော့ဘွမ်တောင်ခြေမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ စတင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့ မိုးမောက်ဒေသခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ မနက် ထန်ယန်ဟိုဘက် တောင်ခြေရင်းဘက်မှာ ပစ်နေပြီ။ ဂျောမော်ပို့စ်မှာလည်း ခုနက လေယာဉ်ပျံ နှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ နှစ်ခေါက်။ နှစ်ခေါက်လာကြဲသွားတယ်။ ဒီဒေါ့ဖုန်းယန်နဲ့ နွမ်းလန်းကြားပေါ့ အလော့(ဘွမ်) တောင်ခြေရင်းဘက်မှာ ပစ်နေကြတယ်။ ခုနတုန်းကလည်း အသံကြားတယ်။ လက်နက်ကြီးရော၊ လက်နက်သေးတွေရော၊ မနေ့ညကနေတောင်မှ အသံကြားနေရပြီ။ အခု သဘက်ခါလောက်ကျရင်တော့ ပွဲကတော့ တော်တော်လေးတော့ ကြမ်းလာမှာ။”

အလော့ဘွမ်တောင်းကုန်းကို တိုက်ဖို့တပ်ဘက်က စစ်အင်အားတွေ ဖြည့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းတွေ ထွက်လာခဲ့ပြီး ဒီနေ့တော့ စတင် ထိုးစစ်ဆင်တာဖြစ်ပါတယ်။

အလော့ဘွမ်စခန်းကုန်းမှာ တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ဗန်းမော်မြို့ကို တက်လာတဲ့ စစ်ကူသင်္ဘောကို KIA က ကြားဖြတ်တိုက်ခိုက်တာ ရှိသလို ဗန်းမော်မြို့အနီးက မံစီမြို့ရှိ တပ်မတော် တပ်စခန်းတွေကို ပစ်ခတ်တာတွေလည်း ရှိနေပါတယ်။ ရွှေကူမြို့နယ်အတွင်း ငါးပတ်ဝနဲ့ ကျောက်တန်းအနီးမှာ ၂ ကြိမ်ပစ်ခတ်ခံရကြောင်း ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

“ငါးပတ်ဝနားမှာ ပစ်တယ်။ စင်းခန်းတံတားနားမှာ ရပ်ထားတယ်လို့တော့ ကြားတယ်။ ကျောက်ကြီးမှာ ပစ်ခံရတဲ့ မော်တော် ဆက်ဆန်တာ ငါးပတ်ဝကနေစပြီးတော့မှ ငါးပတ်ဝပြီးတော့ ဟို ကျောက်တွင်းနားမှာ ပစ်ခံရတယ်လို့ ကြားတယ်လေနော်။”

ဒီသင်္ဘောပေါ်မှာ လက်နက်ခဲယမ်းနဲ့ စစ်ရိက္ခာတွေ သယ်ဆောင်လာကြောင်းနဲ့ ဒီနေ့ ပစ်ခတ်မှုမှာ စစ်သားနဲ့ ရဲသားအချို့ အထိအခိုက်ရှိကြောင်း ဒေသခံအချို့က ပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။

လက်ရှိ ပစ်ခတ်ခံရတဲ့ ပေါက်တန်းသင်္ဘောဟာ မေလ ၆ ရက်နေ့က ရွှေကူမြို့အောက်ဘက် ကျောက်ကြီးရွာအနီးမှာ ပစ်ခတ်ခံခဲ့ရတဲ့ သင်္ဘောဖြစ်ပြီး ဒီနေ့ မနက် ၄ နာရီလောက်က ရွှေကူမြို့ကနေ ဗန်းမော်ကို ဆန်တက်ချိန် ဒုတိယမြစ်ကျဉ်းမှာ ပစ်ခတ်ခံရတာပါ။ မေလ ၈ရက်နေ့ကလည်း ရွှေကူမြို့မှာ သင်္ဘောဆိပ်တံတားနဲ့ စရဖရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး စရဖရုံး အုတ်တံတိုင်း ၃ ခန်းလောက် ပျက်ဆီးခဲ့ပါတယ်။

အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေသလို မံစီမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA အကြား ဒီကနေ့ မနက် ၇ နာရီလောက်ကလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။မံစီမြို့နဲ့ ၆ မိုင်လောက်အကွာက မဒန်ယန်ရွာမှာ နေ့ခင်းပိုင်းအထိ ပစ်ခတ်သံတွေကြားနေကြောင်း မံစီမြို့ခံက ပြောပါတယ်။

“မံစီမှာတော့ အသံကတော့ မြည်၊ တောက်လျှောက်တော့ မြည်နေတာ၊ အခုလည်း မြည်နေတာပဲ။ မြို့ကနေ ၇ မိုင်၊ ၆ မိုင်လောက် ဝေးတဲ့ မဒန်ယန်ဘက်မှာ ဖြစ်တာ။ ဒီမနက်ကနေ ဖြစ်နေတာ။ တပ်ရင်းရှိတယ်။ အဲဒီမှာ ဒါကြောင် အဲဒီမှာဖြစ်တာ။ မနက် ၇ နာရီ၊ ၈ နာရီ အဲဒီအချိန်ကနေ တောက်လျှောက်ဖြစ်နေတာ။ သေနတ်သံ အသေးတွေတော့ မကြားရဘူး။ သေနတ်အကြီးတွေပဲ လက်နက်ကြီးတွေပဲ ကြားရတယ်။ ”

တိုက်ပွဲဖြစ်ပွားတာကြောင့် မံစီမြို့ခံတွေဟာ မိမိနေအိမ်က ကတုတ်ကျင်းတွေမှာပဲ ပုန်းခိုနေကြရတယ်လို့ပြောပါတယ်။ မေလ ၄ ရက်နေ့တုန်းကလည်း KIA က မံစီမြို့မ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲမှူးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ KIA ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ကတော့ ဒီတစ်ပတ်အတွင်းမှာတော့ မိုးမောက်မြို့နယ် အလော့ဘွမ်စခန်းမှာ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ခန့်မှန်းထားပါတယ်။

တပ်မတော်ဘက်ကတော့ မေလ ၈ ရက်နေ့က စလောင်းကုန်းခေါ် မိုက်ခရိုဝေ့တောင်ကုန်းကို သိမ်းယူခဲ့ကြောင်း သတင်းဖော်ပြခဲ့သလို မိုးညှင်းမြို့နဲ့ မော်ဟန်ကျေးရွာတွေမှာ KIA က အရပ်သားတွေကို ပစ်ခတ်တာရှိသလို မော်ဟန်မှာ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မေလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG