သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿမိဳ႕အေတာ္မ်ားမ်ား ေပါက္ကဲြမႈေတြျဖစ္ ထိခိုက္ဒဏ္ရာရသူ ရွိ


ဧၿပီ ၀၃ ရက္ေန႔တုန္းက မႏၱေလးၿမိဳ႕ ဆႏၵျပပဲြတခု ျဖိဳခဲြခံရတဲ့ ျမင္ကြင္း။ (ဧၿပီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

မေန႔ညက ႏိုင္ငံတစ္ဝန္း ေနရာအေတာ္မ်ားမ်ားမွာ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့ပါတယ္။ ျပည္ၿမိဳ႕ ဗုံးသုံးဆင့္ ေပါက္ကြဲမႈမွာ ယာဥ္ထိန္းရဲ၊ စစ္သား၊ မီးသတ္တပ္ဖြဲ႕အပါအဝင္ ၆ ဦးဒဏ္ရာရရွိၿပီး ဟားခါး၊ က်ိဳက္ထို၊ ေျမာင္းျမတို႔မွာလည္း ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူေတြလည္း ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကိုေတာ့ မခင္ျဖဴေထြးက တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အာဏာရယူထားၿပီး ရက္ေပါင္း ၁၀၀ ေက်ာ္လာတဲ့အထိ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြ ႏိုင္ငံတစ္ဝန္း ေနရာအမ်ားအျပားမွာ ဆက္ရွိေနသလို ေပါက္ကြဲမႈလည္း ရက္ဆက္ျဖစ္ပြားေနပါတယ္။

ေမလ ၁၁ ရက္၊ မေန႔ညမွာ ပဲခူးတိုင္းအေနာက္ပိုင္း ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ သံလမ္းဂိတ္နားက ယာဥ္ထိန္းရဲကင္းမွာ ဗုံးသုံးလုံးဆင့္ ေပါက္ကြဲမႈေၾကာင့္ ယာဥ္ထိန္းရဲ၊ စစ္သား၊ မီးသတ္အပါအဝင္ ၆ ဦး ထိခိုက္ဒဏ္ရာခဲ့ပါတယ္။

ဒဏ္ရာရတဲ့အထဲမွာ တပ္စုမႉးတစ္ဦး ေျခေထာက္ျပင္းထန္ဒဏ္ရာနဲ႔ ယာဥ္ထိန္းရဲတစ္ဦးက စိုးရိမ္ရတဲ့ အေျခအေနမွာရွိတယ္လို႔ ေဒသခံ ကိုထူးျမတ္ထက္ေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ယာဥ္ထိန္းရဲကင္းမွာ ေပါက္ကြဲမႈ အေသးစားေလး တစ္ခုျဖစ္တယ္။ အဲ့ဒီေပါက္ကြဲမႈအေသးစားလည္းက်ေတာ့ ကင္းလည္း မီးေလာင္သြားတယ္တယ္ေပါ့ေနာ္။ မီးေလာင္သြားတဲ့ အခါက်ေတာ့ ၿမိဳ႕ထဲကေနၿပီးေတာ့ စစ္ကားေတြ၊ ရဲကားေတြ၊ မီးသတ္ကားေတြ ေရာက္လာၾကတယ္။ အဲ့ဒီလိုေရာက္လာတဲ့အခ်ိန္ မီးသတ္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ေနာက္ထပ္တစ္လုံးထေပါက္တယ္။ ေတာ္ေတာ္ျပင္းတယ္။ ေတာ္ေတာ္ျပင္းတဲ့အခ်ိန္မွာ သူတို႔အထဲက ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ ဒဏ္ရာရတယ္လို႔ ၾကားရတယ္။ ၿပီးေတာ့ အဲ့ဒီေပါက္ကြဲမႈ ၿပီးေတာ့ မၾကာခင္မွာပဲ ေနာက္ထပ္တစ္လုံးထပ္ေပါက္ကြဲတယ္။ စုစုေပါင္း ၆ ေယာက္အထိ ထိခိုက္တယ္လို႔ သတင္းရတယ္။ ယာဥ္ထိန္းရဲ ထိတယ္။ ယာဥ္ထိန္းရဲ ၿပီးေတာ့ ေနာက္တစ္ေယာက္က ရာထူးႀကီးတဲ့ အထဲကပဲ တစ္ေယာက္က တပ္စုမႉး ဦးခြန္ထြန္းလို႔ ေျပာတယ္။ ေျခေထာက္ကို အ႐ိုးပါ ထိသြားတယ္လို႔ ၾကားတယ္ခင္ဗ်။ ၿပီးေတာ့ ေနာက္ထပ္ယာဥ္ထိန္းရဲ တစ္ေယာက္က စိုးရိမ္ရတဲ့ အေျခအေနအထိပါ ေရာက္သြားလို႔ၾကားတယ္။”

ဒီမနက္မွာလည္း ျပည္တကၠသိုလ္ေရွ႕မွာ ေပါက္ကြဲမႈတစ္ခု ထပ္ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ျပည္ၿမိဳ႕မွာ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ တကၠသိုလ္ေက်ာင္းနဲ႔ ဘဏ္တို႔လို ေနရာမ်ိဳးက လြဲရင္ လုံၿခဳံေရးတင္းၾကပ္မထားဘဲ ၿမိဳ႕အတြင္းမွာ မွန္ပုံသြားလာလႈပ္ရွားေနၾကသလို စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈလည္း ဆက္ရွိေနတယ္လို႔ ကိုထူးျမတ္ထက္ေအာင္က ေျပာပါတယ္။

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး ဗုံးေပါက္ကြဲမႈေၾကာင့္ ႐ုံးကင္းေစာင့္တစ္ဦး ဗုံးစထိမွန္ ဒဏ္ရာရွိခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ႀကံ႕ခိုင္ေရး႐ုံးကို ဗုံးေပါက္တာေပ့ါေနာ္။ ဗုံးေပါက္ေတာ့ အဲ့ဒီမွာ ႀကံ႕ခိုင္ေရး႐ုံးေစာင့္ေနတဲ့ အေစာင့္တစ္ေယာက္ လည္ပင္းကို ဗုံးစမွန္တာေပ့ါေနာ္။ ၿပီးသြားေတာ့ က်မတို႔သိသေလာက္ကေတာ့ အဲ့ဒါနဲ႔တင္ၿပီးသြားတာ။ က်န္တဲ့ အခ်က္ေရအားလုံးကေတာ့ ဒီရဲနဲ႔ စစ္တပ္က ပစ္တယ္လို႔ပဲ သိတယ္ေလ။ ဒါေပမဲ့ သူတို႔က ဘယ္လိုေျပာလဲဆိုေတာ့ သူတို႔စခန္းကို ေခ်ာင္းပစ္တယ္ေပါ့။ ေခ်ာင္းပစ္သြားလို႔ ဆိုၿပီးေတာ့ အခ်က္အေရ မ်ားတယ္ေပ့။ါ အဲ့ဒါေၾကာင့္မို႔ သူတို႔က ျပန္ပစ္တယ္ဆိုၿပီးေတာ့။ အခုကျပန္ၿပီးေတာ့ PDF အဖြဲ႕ေတြဆိုၿပီး ညက ကေလးေတြလည္း ပစ္တယ္လို႔ သူတို႔ကေတာ့ အဲ့ဒီလိုစြပ္စြဲတယ္ေပါ့ေနာ္။ ဒါေပမဲ့ မေတြ႕ၾကဘူး။ ဒီပတ္ဝန္းက်င္က လူေတြက မေတြ႕ဘူး။ သူတို႔ဟာ သူတို႔ပဲ ပစ္ခတ္ၿပီးေတာ့။ အခုဒီေန႔ေတာ့ သံသယရွိပါတယ္ဆိုတဲ့ လူေတြ အကုန္လုံး လိုက္ဖမ္းေနတယ္ အခု။”

က်ိဳက္ထို ရဲစခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က လာေခ်ာင္းပစ္တယ္ဆိုၿပီး စစ္ေကာင္စီတပ္က စြပ္စြဲထားေပမဲ့ ဘယ္အဖြဲ႕က လာပစ္သြားသလဲဆိုတာ သဲသဲကြဲကြဲ မသိရေသးပါဘူး။

ပစ္ခတ္မႈျဖစ္ၿပီး ျပန္ၿငိမ္ေနတဲ့အခ်ိန္မွာ ငါးဖမ္းၿပီး ျပန္လာတဲ့ ျပည္သူသုံးဦးကို စစ္ေကာင္စီက ေသနတ္နဲ႔ ပစ္ခတ္လို႔ ေပါင္၊ တင္ပါးဆုံ ထိခိုက္ဒဏ္ရာရွိခဲ့ပါတယ္။ ဒဏ္ရာရရွိသူ သုံးဦးကို က်ိဳက္ထိုေဆး႐ုံကေန ေမာ္လၿမိဳင္ေဆး႐ုံကို ပိုေဆာင္ထားတယ္လို႔ ေျပာပါတယ္။

မေန႔ညက ပစ္ခတ္မႈေၾကာင့္ ဒီကေန႔မွာေတာ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ တက္ႂကြလႈပ္ရွားသူ လူငယ္ေတြကို ရွာေဖြဖမ္းဆီးေနတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နဲ႔ နာရီဝက္ေလာက္ေဝးတဲ့ ေက်း႐ြာတစ္႐ြာမွာေတာ့ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ အမတ္ေဟာင္းေနတဲ့ အိမ္ ဗုံးေပါက္ကြဲမႈျဖစ္လို႔ အဲ့ဒီအမတ္ေဟာင္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဟားခါးေဒသခံတစ္ဦးက ေျပာပါတယ္။

“ဗုံးေပါက္ကြဲတယ္ေပါ့။ ဒီႀကံ႕ခိုင္ေရးအမတ္ေဟာင္းေပါ့ေနာ္။ ထိခိုက္မႈကေတာ့ လူတစ္ေယာက္ထိတယ္လို႔ ေျပာတယ္။ မိသားစုဘယ္ႏွစ္ေယာက္ရွိလဲဆိုတာကေတာ့ မသိဘူး။ ဒါေပမဲ့ တစ္ေယာက္ရွိတယ္လို႔ေတာ့ ေျပာတယ္။ တျခားေနရာေပါက္တာ အိမ္ေတြပဲ ထိတယ္ လူေတြမထိဘူး။ အဲ့ဒီ လႊတ္ေတာ္အမတ္ေဟာင္းအိမ္ေတြက်ေတာ့ အဲ့ဒီသူ႔လႊတ္ေတာ္အမတ္ကို နည္းနည္းထိသြားတယ္လို႔ေျပာတယ္။ ဒါေပမဲ့ အရမ္းႀကီးေတာ့ မႀကီးဘူးလို႔ ေျပာတယ္။”

အလားတူပဲ ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕ အမွတ္ ၄ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာလည္း ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။

ေမလ ၁၀ ရက္ေန႔က မႏၲရာၿမိဳ႕မွာရွိတဲ့ မႏၲေလးတိုင္း က.ည.န ႐ုံးေရွ႕ လက္လုပ္ဗုံးေပါက္မႈျဖစ္ၿပီး လူ ၄ ဦးထိခိုက္ဒဏ္ရာ ရခဲ့ပါေသးတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဆန္႔က်င္ ကန္႔ကြက္သူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြဘက္က အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ ရွိခဲ့ၿပီးတဲ့ေနာက္ပုိင္း ျမန္မာႏုိင္ငံအတြင္းက ေနရာေဒသ အေတာ္မ်ားမ်ားမွာ ေဒသခံေတြက ကာကြယ္ေရးတပ္ေတြ ဖြဲ႔စည္းၿပီး ျပန္လည္ ခုခံေနၾကတဲ့ တခ်ိန္တည္းမွာပဲ အခုလုိ ေပါက္ကြဲမႈေတြလည္း မၾကာခဏဆုိလုိ ျဖစ္ေပၚလာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြို့အတော်များများ ပေါက်ကွဲမှုတွေဖြစ် ထိခိုက်ဒဏ်ရာရသူ ရှိ

မနေ့ညက နိုင်ငံတစ်ဝန်း နေရာအတော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြည်မြို့ ဗုံးသုံးဆင့် ပေါက်ကွဲမှုမှာ ယာဉ်ထိန်းရဲ၊ စစ်သား၊ မီးသတ်တပ်ဖွဲ့အပါအဝင် ၆ ဦးဒဏ်ရာရရှိပြီး ဟားခါး၊ ကျိုက်ထို၊ မြောင်းမြတို့မှာလည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာရယူထားပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်း နေရာအများအပြားမှာ ဆက်ရှိနေသလို ပေါက်ကွဲမှုလည်း ရက်ဆက်ဖြစ်ပွားနေပါတယ်။

မေလ ၁၁ ရက်၊ မနေ့ညမှာ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ ပြည်သူ့ဆေးရုံကြီးနဲ့ သံလမ်းဂိတ်နားက ယာဉ်ထိန်းရဲကင်းမှာ ဗုံးသုံးလုံးဆင့် ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ၊ စစ်သား၊ မီးသတ်အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။

ဒဏ်ရာရတဲ့အထဲမှာ တပ်စုမှူးတစ်ဦး ခြေထောက်ပြင်းထန်ဒဏ်ရာနဲ့ ယာဉ်ထိန်းရဲတစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသခံ ကိုထူးမြတ်ထက်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ယာဉ်ထိန်းရဲကင်းမှာ ပေါက်ကွဲမှု အသေးစားလေး တစ်ခုဖြစ်တယ်။ အဲ့ဒီပေါက်ကွဲမှုအသေးစားလည်းကျတော့ ကင်းလည်း မီးလောင်သွားတယ်တယ်ပေါ့နော်။ မီးလောင်သွားတဲ့ အခါကျတော့ မြို့ထဲကနေပြီးတော့ စစ်ကားတွေ၊ ရဲကားတွေ၊ မီးသတ်ကားတွေ ရောက်လာကြတယ်။ အဲ့ဒီလိုရောက်လာတဲ့အချိန် မီးသတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ နောက်ထပ်တစ်လုံးထပေါက်တယ်။ တော်တော်ပြင်းတယ်။ တော်တော်ပြင်းတဲ့အချိန်မှာ သူတို့အထဲက နှစ်ယောက်၊ သုံးယောက်လောက် ဒဏ်ရာရတယ်လို့ ကြားရတယ်။ ပြီးတော့ အဲ့ဒီပေါက်ကွဲမှု ပြီးတော့ မကြာခင်မှာပဲ နောက်ထပ်တစ်လုံးထပ်ပေါက်ကွဲတယ်။ စုစုပေါင်း ၆ ယောက်အထိ ထိခိုက်တယ်လို့ သတင်းရတယ်။ ယာဉ်ထိန်းရဲ ထိတယ်။ ယာဉ်ထိန်းရဲ ပြီးတော့ နောက်တစ်ယောက်က ရာထူးကြီးတဲ့ အထဲကပဲ တစ်ယောက်က တပ်စုမှူး ဦးခွန်ထွန်းလို့ ပြောတယ်။ ခြေထောက်ကို အရိုးပါ ထိသွားတယ်လို့ ကြားတယ်ခင်ဗျ။ ပြီးတော့ နောက်ထပ်ယာဉ်ထိန်းရဲ တစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေအထိပါ ရောက်သွားလို့ကြားတယ်။”

ဒီမနက်မှာလည်း ပြည်တက္ကသိုလ်ရှေ့မှာ ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြည်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တက္ကသိုလ်ကျောင်းနဲ့ ဘဏ်တို့လို နေရာမျိုးက လွဲရင် လုံခြုံရေးတင်းကြပ်မထားဘဲ မြို့အတွင်းမှာ မှန်ပုံသွားလာလှုပ်ရှားနေကြသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုလည်း ဆက်ရှိနေတယ်လို့ ကိုထူးမြတ်ထက်အောင်က ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးကင်းစောင့်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြံ့ခိုင်ရေးရုံးကို ဗုံးပေါက်တာပေ့ါနော်။ ဗုံးပေါက်တော့ အဲ့ဒီမှာ ကြံ့ခိုင်ရေးရုံးစောင့်နေတဲ့ အစောင့်တစ်ယောက် လည်ပင်းကို ဗုံးစမှန်တာပေ့ါနော်။ ပြီးသွားတော့ ကျမတို့သိသလောက်ကတော့ အဲ့ဒါနဲ့တင်ပြီးသွားတာ။ ကျန်တဲ့ အချက်ရေအားလုံးကတော့ ဒီရဲနဲ့ စစ်တပ်က ပစ်တယ်လို့ပဲ သိတယ်လေ။ ဒါပေမဲ့ သူတို့က ဘယ်လိုပြောလဲဆိုတော့ သူတို့စခန်းကို ချောင်းပစ်တယ်ပေါ့။ ချောင်းပစ်သွားလို့ ဆိုပြီးတော့ အချက်အရေ များတယ်ပေ့။ါ အဲ့ဒါကြောင့်မို့ သူတို့က ပြန်ပစ်တယ်ဆိုပြီးတော့။ အခုကပြန်ပြီးတော့ PDF အဖွဲ့တွေဆိုပြီး ညက ကလေးတွေလည်း ပစ်တယ်လို့ သူတို့ကတော့ အဲ့ဒီလိုစွပ်စွဲတယ်ပေါ့နော်။ ဒါပေမဲ့ မတွေ့ကြဘူး။ ဒီပတ်ဝန်းကျင်က လူတွေက မတွေ့ဘူး။ သူတို့ဟာ သူတို့ပဲ ပစ်ခတ်ပြီးတော့။ အခုဒီနေ့တော့ သံသယရှိပါတယ်ဆိုတဲ့ လူတွေ အကုန်လုံး လိုက်ဖမ်းနေတယ် အခု။”

ကျိုက်ထို ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာချောင်းပစ်တယ်ဆိုပြီး စစ်ကောင်စီတပ်က စွပ်စွဲထားပေမဲ့ ဘယ်အဖွဲ့က လာပစ်သွားသလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး ပြန်ငြိမ်နေတဲ့အချိန်မှာ ငါးဖမ်းပြီး ပြန်လာတဲ့ ပြည်သူသုံးဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ ပေါင်၊ တင်ပါးဆုံ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ သုံးဦးကို ကျိုက်ထိုဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပိုဆောင်ထားတယ်လို့ ပြောပါတယ်။

မနေ့ညက ပစ်ခတ်မှုကြောင့် ဒီကနေ့မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ နာရီဝက်လောက်ဝေးတဲ့ ကျေးရွာတစ်ရွာမှာတော့ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်ဟောင်းနေတဲ့ အိမ် ဗုံးပေါက်ကွဲမှုဖြစ်လို့ အဲ့ဒီအမတ်ဟောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

“ဗုံးပေါက်ကွဲတယ်ပေါ့။ ဒီကြံ့ခိုင်ရေးအမတ်ဟောင်းပေါ့နော်။ ထိခိုက်မှုကတော့ လူတစ်ယောက်ထိတယ်လို့ ပြောတယ်။ မိသားစုဘယ်နှစ်ယောက်ရှိလဲဆိုတာကတော့ မသိဘူး။ ဒါပေမဲ့ တစ်ယောက်ရှိတယ်လို့တော့ ပြောတယ်။ တခြားနေရာပေါက်တာ အိမ်တွေပဲ ထိတယ် လူတွေမထိဘူး။ အဲ့ဒီ လွှတ်တော်အမတ်ဟောင်းအိမ်တွေကျတော့ အဲ့ဒီသူ့လွှတ်တော်အမတ်ကို နည်းနည်းထိသွားတယ်လို့ပြောတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မကြီးဘူးလို့ ပြောတယ်။”

အလားတူပဲ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အမှတ် ၄ အုပ်ချုပ်ရေးမှူးရုံးမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့က မန္တရာမြို့မှာရှိတဲ့ မန္တလေးတိုင်း က.ည.န ရုံးရှေ့ လက်လုပ်ဗုံးပေါက်မှုဖြစ်ပြီး လူ ၄ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆန့်ကျင် ကန့်ကွက်သူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက နေရာဒေသ အတော်များများမှာ ဒေသခံတွေက ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး ပြန်လည် ခုခံနေကြတဲ့ တချိန်တည်းမှာပဲ အခုလို ပေါက်ကွဲမှုတွေလည်း မကြာခဏဆိုလို ဖြစ်ပေါ်လာနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG