သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးမွာ ဆႏၵျပသူ ၃၀ ထက္မနည္း ႐ိုက္ႏွက္ဖမ္းဆီးခံရ


မႏၱေလးၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္စစ္ေၾကာင္းျမင္ကြင္း။ (ဓာတ္ပံု - CJ - ေမ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အာဏာရယူထားၿပီး ရက္ေပါင္း ၁၀၀ ေက်ာ္လာတဲ့အထိ စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈေတြ ႏိုင္ငံတစ္ဝွမ္းေနရာအႏွံ႔ ဆက္ရွိေနသလို စစ္ေကာင္စီတပ္ေတြကလည္း အၾကမ္းဖက္ၿဖိဳခြဲဖမ္းဆီးတာေတြ ဆက္လုပ္ေနပါတယ္။ ဒီကေန႔မနက္ပိုင္း မႏၲေလးၿမိဳ႕က ပညာေရးသပိတ္စစ္ေၾကာင္းအပါအဝင္ စုေပါင္းဆႏၵျပသပိတ္ကို အိမ္စီးကားနဲ႔ လာေရာက္ဖမ္းဆီးခဲ့လို႔ ပညာေရးဝန္ထမ္း ဆရာ၊ ဆရာမတခ်ိဳ႕အပါအဝင္ လူ ၃၀ ထက္မနည္း အၾကမ္းဖက္႐ိုက္ႏွက္ ဖမ္းဆီးခံၾကရတာေတြ ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

ဒီကေန႔မနက္ပိုင္းက မႏၲေလးေက်ာင္းသားသမဂၢသပိတ္စစ္ေၾကာင္းက ဆရာ၊ ဆရာမေတြပါဝင္တဲ့ ပညာေရး သပိတ္စစ္ေၾကာင္းအပါအဝင္ စစ္ေၾကာင္းေတြ စုေပါင္းထားတဲ့ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီရဲ႕ လက္နက္ကိုင္တပ္ေတြက ႏွစ္ဘက္ပိတ္ ပစ္ခတ္ၿဖိဳခြဲခဲ့ၿပီး ဆႏၵျပသူ ၃၀ ေက်ာ္ေလာက္ကို ႐ိုက္ႏွက္ဖမ္းဆီးသြားတယ္လို႔ ဒီကေန႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းထြက္ေတာ့ဗ်ာ ထြက္ၿပီး ေလွ်ာက္ၿပီးေတာ့ ၅ မိနစ္ သာသာေလာက္မွာ ေရွ႕က ေသနတ္ေဖာက္ၿပီးေတာ့ အရပ္ဝတ္ေတြနဲ႔ အိမ္စီးကားနဲ႔ ေရာက္လာၿပီးေတာ့ လူစုခြဲတာေပါ့၊ အဲ့ဒီေတာ့ က်ေနာ္တို႔ အကုန္ေျပးရတာေပါ့။ ေျပးရေတာ့ အခု မိသြားတဲ့သူေတာ္ေတာ္မ်ားမ်ား ၃၀ ေက်ာ္တယ္လို႔ ခုလတ္တေလာ က်ေနာ္တို႔ သိရတယ္ဗ်။ မိန္းကေလးေတြလည္း ပါတယ္၊ ေယာက်္ားေလးေတြလည္း ပါတယ္။ ဆိုင္ကယ္ကေတာ့ အစီး ၇၀ ေလာက္သူတို႔သိမ္းသြားတယ္။ လာတာက သူတို႔ႏွစ္ဘက္ညႇပ္ပိတ္ၿပီး လာဖမ္းတာဗ်။ ဖမ္းၿပီးတဲ့သူေတြကို လမ္းေပၚတစ္ေနရာစုထားၿပီးေတာ့ လက္ေနာက္ပစ္ၿပီးေတာ့ ေခါင္းငုံ႔ခိုင္းတယ္။ ေခါင္းေမာ့ၿပီး ၾကည့္တဲ့သူကို ႐ိုက္တာ က်ေနာ္တို႔ Video Files အရ သိထားရတယ္ဗ်။”

လာေရာက္ဖမ္းဆီးရာမွာ ယူနီေဖာင္းဝတ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြအျပင္ အရပ္ဝတ္နဲ႔လူတခ်ိဳ႕က ေသနတ္ကိုင္ေဆာင္ထားၿပီး ဖမ္းဆီးခံထားရသူေတြကို ႐ိုက္ႏွက္ေနတဲ့ ဗီဒီယိုမွတ္တမ္းတခ်ိဳ႕လည္း လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ ဖမ္းဆီးမႈေတြရွိခဲ့ေပမဲ့ စက္မႈစုေပါင္းသပိတ္၊ သံဃာသမဂၢသပိတ္နဲ႔ မႏၲေလးၿမိဳ႕က တျခားသပိတ္ေတြကေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ပဲ လူစုခြဲႏိုင္ခဲ့ၾကပါတယ္။

ရန္ကုန္မွာလည္း ဒီကေန႔ ေန႔လယ္က သမိုင္းလမ္းဆုံမွာ ၿမိဳ႕နယ္ေပါင္းစုံ စုေပါင္းသပိတ္ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ရပ္ကြက္ ၿမိဳ႕နယ္အလိုက္စုၿပီး ဆႏၵျပၾကတာေတြလည္း ရွိပါတယ္။ ဒီေန႔မနက္ပိုင္းက အင္းစိန္ၿမိဳ႕နယ္မွာ "ရက္ ၁၀၀ ေက်ာ္လည္း ဆက္ေတာ္လွန္ေနမယ့္ အင္းစိန္" ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ အင္းစိန္ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“အင္းစိန္ၿမိဳ႕နယ္မွာလည္း မနက္ပိုင္းက ၉ နာရီေလာက္က သပိတ္စစ္ေၾကာင္း တစ္ခုထြက္ျဖစ္တယ္။ လူငယ္ ၁၀၀ ဝန္းက်င္ေလာက္ေတာ့ရွိမယ္။ စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္သံေတြ၊ ၿပီးေတာ့ ရက္ ၁၀၀ ေက်ာ္လည္း ဆက္ေတာ္လွန္ေနမယ့္ ရန္ကုန္ရဲ႕ အင္းစိန္ဆိုတဲ့ ေႂကြးေၾကာ္သံေတြလည္း ပါတယ္။ ဖမ္းဆီးတာေတြ ဘာေတြေတာ့မရွိဘူး ရပ္ကြက္ေတြအတြင္းလွည့္ၿပိးေတာ့ ေပ်ာက္ၾကားသပိတ္ပုံစံမ်ိဳးေလး ထြက္ခဲ့တယ္ဗ်။ ၿပီးေတာ့ စမ္းေခ်ာင္းတို႔၊ ၾကည့္ျမင္တိုင္တို႔ေပါင္း ၿပီးေတာ့ သမိုင္းလမ္းဆုံမွာ ေန႔လယ္ပိုင္းမွာ ထြက္ခဲ့တဲ့ သပိတ္စစ္ေၾကာင္းေတြ ရွိတယ္။ အင္အားေတာ့ ေတာ္ေတာ္ေကာင္းတယ္။ ရန္ကုန္သားေတြနဲ႔ ၾကည့္ျမင္တိုင္၊ အင္းစိန္ေဘးက မရမ္းကုန္းတို႔၊ ဘာတို႔လည္း ပါတယ္။ ၿမိဳ႕နယ္ေတြ စုေပါင္းထြက္တဲ့ သပိတ္စစ္ေၾကာင္း တစ္ခုလည္း ရွိတယ္။”

ရန္ကုန္ၿမိဳ႕က တျခားေနရာေတြမွာလည္း လုံၿခဳံေရးအင္အား တင္းၾကပ္ေနတဲ့ၾကားကပဲ လူငယ္ေတြ ဦးေဆာင္တဲ့ ေပ်ာက္ၾကားသပိတ္ေတြ ဆက္ရွိေနပါတယ္။ စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္ၾကတဲ့လူငယ္ေတြရဲ႕ မိနစ္ပိုင္းသပိတ္အၿပီး လုံၿခဳံေရးတဖဲြ႔ေတြေရာက္လာေပမယ့္ ဖမ္းဆီးခံရတာေတာ့ မရွိခဲ့ပါဘူး။ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ ကင္းလွည့္ေနတဲ့ၾကားကပဲ လူငယ္တစ္ခ်ိဳ႕ ေပ်ာက္ၾကားသပိတ္ ဆင္ႏြဲခဲ့ၾကပါတယ္။

မေန႔က ထားဝယ္မွာ သပိတ္စစ္ေၾကာင္း မထြက္ခင္ ၿဖိဳခြဲခံရလို႔ လူ ၁၅ ဦးဖမ္းဆီးခံခဲ့ရေပမဲ့ ဒီကေန႔မွာေတာ့ လူအင္အား ၃၀ ေလာက္ပါဝင္တဲ့ ထားဝယ္တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းက စစ္ေကာင္စီလက္နက္ကိုင္တပ္ေတြက အၾကမ္းဖက္ပစ္ခတ္လို႔ ေသဆုံးမႈေတြ ျဖစ္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဒီေန႔မွာ လမ္မႀကီးေတြေပၚမွာ ထြက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဒီကေန႔မွာ CDM လုပ္ေနၾကတဲ့ ႏိုင္ငံဝန္ထမ္းေတြကို ရပ္႐ြာက ကူညီေပးၾကဖို႔ တိုက္တြန္းတဲ့ ေဟာေျပာမႈကိုလည္း လူစည္ကားတဲ့ ေနရာေတြနဲ႔ ေစ်းေတြမွာ လုပ္ခဲ့တယ္လို႔ ဆႏၵျပ စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“မေန႔က တပ္ေပါင္းစု သပိတ္စစ္ေၾကာင္း ၿဖိဳခြဲခံလိုက္ရတယ္။ ဒီေန႔လည္း တပ္ေပါင္းစု သပိတ္ေကာ္မတီကေန သပိတ္စစ္ေၾကာင္းေတြ ထြက္ျဖစ္တယ္။ ၿပီးေတာ့ စစ္ေၾကာင္းမထြက္ခင္ မနက္ပိုင္းမွာ CDM လုပ္ထားတဲ့ ဝန္ထမ္းေတြကို ရပ္႐ြာလူထုကေန ကာကြယ္ေပးဖို႔ အဓိကထားၿပီးေတာ့ လူစည္ကားတဲ့ ေစ်းေတြမွာ ေဟာေျပာမႈေတြ လုပ္ခဲ့တယ္။”

ေန႔စဥ္ဆႏၵျပေနက် ဖားကန္႔ၿမိဳ႕မွာလည္း မိုး႐ြာေနတဲ့ၾကားမွာပဲ လူရာနဲ႔ခ်ီ လမ္းေလွ်ာက္ခ်ီတက္ဆႏၵျပၾကပါတယ္။ ထား၀ယ္၊ ေလာင္းလုံ၊ ဒီေမာဆိုး၊ မုံ႐ြာ၊ ေတာင္သာ၊ ပခုကၠဴ နဲ႔ ယင္းမာပင္ၿမိဳ႕ေတြမွာလည္း လူရာခ်ီလမ္းေလွ်ာက္သပိတ္၊ ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္ေတြနဲ႔ စစ္အာဏာရွင္ကို ပုံစံမ်ိဳးစုံနဲ႔ ဆႏၵျပၾကပါတယ္။

အာဏာသိမ္းရက္ေပါင္း ၁၀၀ ေက်ာ္လာတဲ့အခ်ိန္အထိ စစ္ေကာင္စီတပ္ေတြရဲ႕ အင္အားသုံး ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ ၇၈၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လူေပါင္း ၃,၈၀၀ ေက်ာ္ ဖမ္းဆီးခံထားရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးမှာ ဆန္ဒပြသူ ၃၀ ထက်မနည်း ရိုက်နှက်ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာရယူထားပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝှမ်းနေရာအနှံ့ ဆက်ရှိနေသလို စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။ ဒီကနေ့မနက်ပိုင်း မန္တလေးမြို့က ပညာရေးသပိတ်စစ်ကြောင်းအပါအဝင် စုပေါင်းဆန္ဒပြသပိတ်ကို အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးခဲ့လို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတချို့အပါအဝင် လူ ၃၀ ထက်မနည်း အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံကြရတာတွေ ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

ဒီကနေ့မနက်ပိုင်းက မန္တလေးကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းက ဆရာ၊ ဆရာမတွေပါဝင်တဲ့ ပညာရေး သပိတ်စစ်ကြောင်းအပါအဝင် စစ်ကြောင်းတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက နှစ်ဘက်ပိတ် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၃၀ ကျော်လောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒီကနေ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ သပိတ်စစ်ကြောင်းထွက်တော့ဗျာ ထွက်ပြီး လျှောက်ပြီးတော့ ၅ မိနစ် သာသာလောက်မှာ ရှေ့က သေနတ်ဖောက်ပြီးတော့ အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့ ရောက်လာပြီးတော့ လူစုခွဲတာပေါ့၊ အဲ့ဒီတော့ ကျနော်တို့ အကုန်ပြေးရတာပေါ့။ ပြေးရတော့ အခု မိသွားတဲ့သူတော်တော်များများ ၃၀ ကျော်တယ်လို့ ခုလတ်တလော ကျနော်တို့ သိရတယ်ဗျ။ မိန်းကလေးတွေလည်း ပါတယ်၊ ယောကျ်ားလေးတွေလည်း ပါတယ်။ ဆိုင်ကယ်ကတော့ အစီး ၇၀ လောက်သူတို့သိမ်းသွားတယ်။ လာတာက သူတို့နှစ်ဘက်ညှပ်ပိတ်ပြီး လာဖမ်းတာဗျ။ ဖမ်းပြီးတဲ့သူတွေကို လမ်းပေါ်တစ်နေရာစုထားပြီးတော့ လက်နောက်ပစ်ပြီးတော့ ခေါင်းငုံ့ခိုင်းတယ်။ ခေါင်းမော့ပြီး ကြည့်တဲ့သူကို ရိုက်တာ ကျနော်တို့ Video Files အရ သိထားရတယ်ဗျ။”

လာရောက်ဖမ်းဆီးရာမှာ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် အရပ်ဝတ်နဲ့လူတချို့က သေနတ်ကိုင်ဆောင်ထားပြီး ဖမ်းဆီးခံထားရသူတွေကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းတချို့လည်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ ဖမ်းဆီးမှုတွေရှိခဲ့ပေမဲ့ စက်မှုစုပေါင်းသပိတ်၊ သံဃာသမဂ္ဂသပိတ်နဲ့ မန္တလေးမြို့က တခြားသပိတ်တွေကတော့ အောင်အောင်မြင်မြင်နဲ့ပဲ လူစုခွဲနိုင်ခဲ့ကြပါတယ်။

ရန်ကုန်မှာလည်း ဒီကနေ့ နေ့လယ်က သမိုင်းလမ်းဆုံမှာ မြို့နယ်ပေါင်းစုံ စုပေါင်းသပိတ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ရပ်ကွက် မြို့နယ်အလိုက်စုပြီး ဆန္ဒပြကြတာတွေလည်း ရှိပါတယ်။ ဒီနေ့မနက်ပိုင်းက အင်းစိန်မြို့နယ်မှာ "ရက် ၁၀၀ ကျော်လည်း ဆက်တော်လှန်နေမယ့် အင်းစိန်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ အင်းစိန် သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အင်းစိန်မြို့နယ်မှာလည်း မနက်ပိုင်းက ၉ နာရီလောက်က သပိတ်စစ်ကြောင်း တစ်ခုထွက်ဖြစ်တယ်။ လူငယ် ၁၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ၊ ပြီးတော့ ရက် ၁၀၀ ကျော်လည်း ဆက်တော်လှန်နေမယ့် ရန်ကုန်ရဲ့ အင်းစိန်ဆိုတဲ့ ကြွေးကြော်သံတွေလည်း ပါတယ်။ ဖမ်းဆီးတာတွေ ဘာတွေတော့မရှိဘူး ရပ်ကွက်တွေအတွင်းလှည့်ပြိးတော့ ပျောက်ကြားသပိတ်ပုံစံမျိုးလေး ထွက်ခဲ့တယ်ဗျ။ ပြီးတော့ စမ်းချောင်းတို့၊ ကြည့်မြင်တိုင်တို့ပေါင်း ပြီးတော့ သမိုင်းလမ်းဆုံမှာ နေ့လယ်ပိုင်းမှာ ထွက်ခဲ့တဲ့ သပိတ်စစ်ကြောင်းတွေ ရှိတယ်။ အင်အားတော့ တော်တော်ကောင်းတယ်။ ရန်ကုန်သားတွေနဲ့ ကြည့်မြင်တိုင်၊ အင်းစိန်ဘေးက မရမ်းကုန်းတို့၊ ဘာတို့လည်း ပါတယ်။ မြို့နယ်တွေ စုပေါင်းထွက်တဲ့ သပိတ်စစ်ကြောင်း တစ်ခုလည်း ရှိတယ်။”

ရန်ကုန်မြို့က တခြားနေရာတွေမှာလည်း လုံခြုံရေးအင်အား တင်းကြပ်နေတဲ့ကြားကပဲ လူငယ်တွေ ဦးဆောင်တဲ့ ပျောက်ကြားသပိတ်တွေ ဆက်ရှိနေပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ကြတဲ့လူငယ်တွေရဲ့ မိနစ်ပိုင်းသပိတ်အပြီး လုံခြုံရေးတဖွဲ့တွေရောက်လာပေမယ့် ဖမ်းဆီးခံရတာတော့ မရှိခဲ့ပါဘူး။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတဲ့ကြားကပဲ လူငယ်တစ်ချို့ ပျောက်ကြားသပိတ် ဆင်နွဲခဲ့ကြပါတယ်။

မနေ့က ထားဝယ်မှာ သပိတ်စစ်ကြောင်း မထွက်ခင် ဖြိုခွဲခံရလို့ လူ ၁၅ ဦးဖမ်းဆီးခံခဲ့ရပေမဲ့ ဒီကနေ့မှာတော့ လူအင်အား ၃၀ လောက်ပါဝင်တဲ့ ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းက စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဒီနေ့မှာ လမ်မကြီးတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့မှာ CDM လုပ်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေကို ရပ်ရွာက ကူညီပေးကြဖို့ တိုက်တွန်းတဲ့ ဟောပြောမှုကိုလည်း လူစည်ကားတဲ့ နေရာတွေနဲ့ ဈေးတွေမှာ လုပ်ခဲ့တယ်လို့ ဆန္ဒပြ စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနေ့က တပ်ပေါင်းစု သပိတ်စစ်ကြောင်း ဖြိုခွဲခံလိုက်ရတယ်။ ဒီနေ့လည်း တပ်ပေါင်းစု သပိတ်ကော်မတီကနေ သပိတ်စစ်ကြောင်းတွေ ထွက်ဖြစ်တယ်။ ပြီးတော့ စစ်ကြောင်းမထွက်ခင် မနက်ပိုင်းမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို ရပ်ရွာလူထုကနေ ကာကွယ်ပေးဖို့ အဓိကထားပြီးတော့ လူစည်ကားတဲ့ ဈေးတွေမှာ ဟောပြောမှုတွေ လုပ်ခဲ့တယ်။”

နေ့စဉ်ဆန္ဒပြနေကျ ဖားကန့်မြို့မှာလည်း မိုးရွာနေတဲ့ကြားမှာပဲ လူရာနဲ့ချီ လမ်းလျှောက်ချီတက်ဆန္ဒပြကြပါတယ်။ ထားဝယ်၊ လောင်းလုံ၊ ဒီမောဆိုး၊ မုံရွာ၊ တောင်သာ၊ ပခုက္ကူ နဲ့ ယင်းမာပင်မြို့တွေမှာလည်း လူရာချီလမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ဆန္ဒပြကြပါတယ်။

အာဏာသိမ်းရက်ပေါင်း ၁၀၀ ကျော်လာတဲ့အချိန်အထိ စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံး ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၇၈၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၃,၈၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG