[Zawgyi/Unicode]
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ကို ARSA အစြန္းေရာက္အဖြဲ႕ က လာေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႔ဝင္တစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး ARSA ဘက္က တဦး က်ဆုံးခဲ့ပါတယ္။ တိုက္ပြဲေတြ ရပ္စဲေနတဲ့ ရခိုင္ျပည္နယ္မွာ အခုရက္ပိုင္းအတြင္း ဒါဟာ ပထမဆံုးတိုက္ပြဲ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကိုေတာ့ ကိုသားၫြန္႔ဦး က တင္ျပေပးပါမယ္။
ရခိုင္ျပည္နယ္ အေနာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္က ေအာင္ခ်မ္းသာေက်းရြာအနီးမွာ ရွိတဲ့ နယ္ျခားေစာင့္တပ္တစ္ခုကို ARSA အစြန္းေရာက္အဖြဲ႕က ဒီကေန႔မနက္ပိုင္းက လာေရာက္ပစ္ခတ္တာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေမာင္ေတာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ရဲ႕ ေျပာပါတယ္။
“က်ေနာ္အၾကမ္းဖ်င္း သိရတာကေတာ့ နယ္စပ္မွတ္တိုင္ေပါ့။ အဲဒီမွာ နယ္ျခား ေစာင့္ရဲတပ္ဖြဲ႔က လံုၿခံဳေရးယူေနတဲ့အခ်ိန္ ေတြ႔ၿပီးေတာ့ ထိေတြ႔မႈ ျဖစ္တာေပါ့။ ထိေတြ႔မႈကေတာ့ က်ေနာ္သိသေလာက္ ဆယ္မိနစ္ခန္႔ေလာက္ ထိေတြ႔မႈ ရွိတယ္လို႔ ေျပာပါတယ္။”
ဒီကေန႔ျဖစ္ပြားခဲတဲ့ တိုက္ပြဲအတြင္းမွာ နယ္ျခားေစာင့္ရဲတစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး ARSA ဘက္က တစ္ဦးက်ဆံုးခဲ့တာလည္း ျဖစ္ပါတယ္။ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာအနီးမွာ ရွိတဲ့ ေက်းရြာက ေဒသခံေတြကိုလည္း ေတာထဲေတြကို မသြားဖို႔ အာဏာပိုင္ေတြဘက္က မွာၾကားထားတယ္လို႔ ေအာင္ခ်မ္းသာ ေက်းရြာသားတစ္ဦးကေျပာပါတယ္။
“သူက မိုင္တိုင္ ၅၁ နဲ႔ ၅၂ ၾကားမွာ ျဖစ္တယ္လို႔ သတင္းၾကားရတယ္။ ARSA ဘက္က တစ္ေယာက္က်ဆံုးတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ရဲဘက္ကေတာ့ က်ဆံုးတာကေတာ့ မရွိဘူး။ ဒါေပမဲ့ တစ္ေယာက္ကေတာ့ ဒဏ္ရာရသြားတယ္လို႔ၾကားတယ္။ ၿပီးေတာ့ ရြာနားက စခန္းက ဗုိလ္ေလးကေတာ့ သိပ္ၿပီးေတာ့ အေဝးႀကီး ေတာထဲေတြ၊ ဘာေတြ မသြားၾကဖို႔ ရြာကလူေတြကို အလွမ္းေဝးတဲ့ ေတာထဲေတြကို မသြားဖို႔ အဲဒီလိုေတာ့ မွာထားတယ္။”
ရခိုင္ျပည္နယ္ရဲ႕ နယ္စပ္ၿမိဳ႕တစ္ခုျဖစ္တဲ့ ေမာင္ေတာၿမိဳ႕နယ္မွာ အရင္က ARSA အဖြဲ႔က နယ္ျခားေစာင့္ရဲကင္းစခန္းေတြကို လာေရာက္ပစ္ခတ္တာေတြ ရွွိခဲ့ေပမဲ့လည္း အခုေနာက္ပိုင္းမွာေတာ့ ARSA အဖြဲ႔နဲ႔ ထိေတြ႔မႈ မရွိသေလာက္ နည္းပါးသြားခဲ့တာလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ နွစ္ေတြက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့တာေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတာလည္း ျဖစ္ပါတယ္။
ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက လုိက္လံရွင္းလင္းရာမွာ သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးသြားၾကရတာလည္း ျဖစ္ပါတယ္။
[Unicode Version]
ရခိုင် မောင်တောမှာ နယ်ခြားစောင့်ရဲနဲ့ ARSA တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ARSA အစွန်းရောက်အဖွဲ့ က လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒါဟာ ပထမဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နယ်က အောင်ချမ်းသာကျေးရွာအနီးမှာ ရှိတဲ့ နယ်ခြားစောင့်တပ်တစ်ခုကို ARSA အစွန်းရောက်အဖွဲ့က ဒီကနေ့မနက်ပိုင်းက လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ့ ပြောပါတယ်။
“ကျနော်အကြမ်းဖျင်း သိရတာကတော့ နယ်စပ်မှတ်တိုင်ပေါ့။ အဲဒီမှာ နယ်ခြား စောင့်ရဲတပ်ဖွဲ့က လုံခြုံရေးယူနေတဲ့အချိန် တွေ့ပြီးတော့ ထိတွေ့မှု ဖြစ်တာပေါ့။ ထိတွေ့မှုကတော့ ကျနော်သိသလောက် ဆယ်မိနစ်ခန့်လောက် ထိတွေ့မှု ရှိတယ်လို့ ပြောပါတယ်။”
ဒီကနေ့ဖြစ်ပွားခဲတဲ့ တိုက်ပွဲအတွင်းမှာ နယ်ခြားစောင့်ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တစ်ဦးကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ ရှိတဲ့ ကျေးရွာက ဒေသခံတွေကိုလည်း တောထဲတွေကို မသွားဖို့ အာဏာပိုင်တွေဘက်က မှာကြားထားတယ်လို့ အောင်ချမ်းသာ ကျေးရွာသားတစ်ဦးကပြောပါတယ်။
“သူက မိုင်တိုင် ၅၁ နဲ့ ၅၂ ကြားမှာ ဖြစ်တယ်လို့ သတင်းကြားရတယ်။ ARSA ဘက်က တစ်ယောက်ကျဆုံးတယ်။ ပြီးတော့ ကျနော်တို့ ရဲဘက်ကတော့ ကျဆုံးတာကတော့ မရှိဘူး။ ဒါပေမဲ့ တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်လို့ကြားတယ်။ ပြီးတော့ ရွာနားက စခန်းက ဗိုလ်လေးကတော့ သိပ်ပြီးတော့ အဝေးကြီး တောထဲတွေ၊ ဘာတွေ မသွားကြဖို့ ရွာကလူတွေကို အလှမ်းဝေးတဲ့ တောထဲတွေကို မသွားဖို့ အဲဒီလိုတော့ မှာထားတယ်။”
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့နယ်မှာ အရင်က ARSA အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေကို လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ ARSA အဖွဲ့နဲ့ ထိတွေ့မှု မရှိသလောက် နည်းပါးသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းရာမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြရတာလည်း ဖြစ်ပါတယ်။