သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္တြင္း ျမန္မာစစ္စခန္းတခ်ိဳ႕ ဆုတ္ခြာ - KNU တပ္မဟာ ၅ ေျပာခြင့္ရ


ဆုတ္ခြါသြားတဲ့ စစ္ေကာင္စီစခန္းမွာ က်န္ခဲ့တဲ့လက္နက္ခဲယမ္းမ်ား။ (ဓာတ္ပံု - KNLA - ေမ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းမွာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီတပ္ေတြနဲ႔ ေကအန္ယူ တပ္မဟာ ၅ တို႔ တိုက္ပဲြေတြ ဆက္ျဖစ္ေနသလို ဖာပြန္ခရိုင္အတြင္းက ျမန္မာစစ္ေကာင္စီ စခန္း ၄ ခုကေတာ့ ဧျပီလကုန္ကေန စျပီး လက္နက္နဲ႔ က်ည္ဆံေတြ ထားျပီး စခန္းကေနဆုတ္ခြါသြားတယ္လို႔ ေကအန္ယူကေျပာပါတယ္။ ဒီသတင္းကို ဗြီအုိေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းက ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ တပ္စခန္း ၂ ခုျဖစ္တဲ့ သီးမူထာနဲ ့မယ္ရထာစခန္း ၂ ခုကို ေကအန္ယူ တပ္မဟာ ၅ က တိုက္ခိုက္သိမ္းယူျပီးတဲ့ေနာက္ ေနာက္ထပ္ စခန္း ၄ ခုမွာ လက္နက္နဲ႔ က်ည္ဆံတခ်ိဳ႕ ထားခဲ့ျပီး စစ္တပ္က အခုိင္အမာ ေျခကုတ္ယူထားတဲ့ေနရာေတြက ဆုတ္ခြါသြားခဲ့ေႀကာင္း ေကအန္ယူတပ္မဟာ ၅ က ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗိုလ္မွဴးၾကီးေစာကလယ္ဒုိက အခုလိုေျပာပါတယ္။

"သူတို႔ဟာသူတို႔ ဆုတ္ခြါသြားတဲ့စခန္းကေတာ့ သိရသေလာက္ကေတာ့ မယ္ေပၚမူထရယ္၊ ေမာ္မူက်ိဳးစခန္း၊ အူးသုထစခန္း၊ ေနာက္တခုက ေကာ္ၾကာခိုစခန္းရယ္။ သူတို႔ဟာနဲ႔သူတို႔ ဆုတ္ခြါသြားတယ္လို႔ သိရတယ္။ အနီးနားက က်ေနာ္တို႔ တပ္ဖဲြ႔ေတြရဲ႕ သတင္းေပးပုိ႔ခ်က္အရေပါ့။ က်ေနာ္တို႔ သတင္းရရိွခ်က္အရ က်ေနာ္တို႔ သြားတုိက္တာ မဟုတ္ဘူး။ သူတို႔ဖာသာသူတို႔ ဆုတ္ခြါသြားတယ္။ သူတို႔မွာလည္း သူတို႔အခက္အခဲ အမ်ိဳးမ်ိဳးေတာ့ ရိွမွာေပါ့ေနာ္။ လက္နက္ေတြက်ေတာ့ အဲဒီမွာပဲ ခ်န္ထားခဲ့တယ္။ ခဲယမ္းမီးေက်ာက္ေတြလည္း သူတို႔ဖြက္ထားတာလည္း ရိွမွာေပါ့ေနာ္။ အခုကေတာ့ ဘယ္ေနရာေတြမွာ ဖြက္ထားလဲဆုိတာ အကုန္လံုးေတာ့ မသိရေသးဘူးေပါ့။"

ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔အတူ နယ္ျခားေစာင့္တပ္ေတြလည္း ေကအန္ယူကို ထိုးစစ္ဆင္တာေတြရွိေနျပီး ဖာပြန္ေအာက္ပုိင္းမွာ ႏွစ္ဘက္ထိေတြ႕မႈေတြ ရွိေနတယ္လို႔လည္း သူက ဆက္ေျပာျပပါတယ္။

"ေအာက္ပိုင္းမွာပဲ ရွိေသးတယ္။ အေပၚပိုင္းကိုေတာ့ သူတို႔က မေရာက္လာေသးဘူး။ BGF က စစ္တပ္နဲ႔ေပါင္းျပီး သူတို႔ လာလႈပ္ရွားတာ။ သူတို႔သက္သက္ခ်ည္းေတာ့ မဟုတ္ဘူး။ ေအာက္ပိုင္းမွာေတာ့ ထိေတြ႔မႈရိွတယ္။ ၀ါေသာခိုနဲ႔ တံတားဦးၾကားမွာ သူတို႔ လႈပ္ရွားေတာ့ စစ္တပ္နဲ႔ေပါင္းျပီး လႈပ္ရွားလာေတာ့ ထိေတြ႕မႈရွိတယ္။"

ျမန္မာစစ္စခန္းေတြကို ေကအန္ယူက တိုက္ခိုက္သိမ္းပုိက္ခဲ့ျပီးတာနဲ႔ တပ္ဘက္ကလည္း လက္တုံ႔ျပန္တဲ့အေနနဲ႔ မတ္လကုန္မွာ ဗံုးႀကဲတုိက္ခိုက္မႈေၾကာင့္ ကရင္ျပည္နယ္အတြင္း အရပ္သား၂၀ ေလာက္ေသဆံုးခဲ့ျပီး ၃၀ ေလာက္ကေတာ့ ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့တယ္လို႔ ဆုိပါတယ္။

တပ္မဟာ ၅ ကလည္း ေကအန္ယူဗဟိုရဲ႕ အပစ္အခတ္ရပ္ဆဲထားတဲ့ မူကို မလိုက္နာဘဲ တိုက္ခိုက္ေနတာျဖစ္တယ္လို႔လည္း စစ္တပ္ရဲ႕ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့သလို ေကအန္ယူတပ္ေတြဘက္ကလည္း စစ္တပ္ဟာ NCA တႏို္င္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ကုိ အရင္ကတည္း ခ်ိဳးေဖာက္ျပီး သူတို႔ရဲ့ တပ္မဟာေတြမွာ လမ္းေတြေဖာက္လုပ္ျပီး အခုိင္အမာ ေျခကုတ္စခန္းေတြ တိုးခ်ဲ႕တည္ေဆာက္ခဲ့တာလိုလည္း ေကအန္ယူဘက္ကေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်ကောင်စီ စခန်း ၄ ခုကတော့ ဧပြီလကုန်ကနေစပြီး လက်နက်နဲ့ ကျည်ဆံတွေ ထားပြီး စခန်းကနေဆုတ်ခွါသွားတယ်လို့ ကေအန်ယူကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်စခန်း ၂ ခုဖြစ်တဲ့ သီးမူထာနဲ့မယ်ရထာစခန်း ၂ ခုကို ကေအန်ယူ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် နောက်ထပ် စခန်း ၄ ခုမှာ လက်နက်နဲ့ ကျည်ဆံတချို့ ထားခဲ့ပြီး စစ်တပ်က အခိုင်အမာ ခြေကုတ်ယူထားတဲ့နေရာတွေက ဆုတ်ခွါသွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက အခုလိုပြောပါတယ်။

"သူတို့ဟာသူတို့ ဆုတ်ခွါသွားတဲ့စခန်းကတော့ သိရသလောက်ကတော့ မယ်ပေါ်မူထရယ်၊ မော်မူကျိုးစခန်း၊ အူးသုထစခန်း၊ နောက်တခုက ကော်ကြာခိုစခန်းရယ်။ သူတို့ဟာနဲ့သူတို့ ဆုတ်ခွါသွားတယ်လို့ သိရတယ်။ အနီးနားက ကျနော်တို့ တပ်ဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရပေါ့။ ကျနော်တို့ သတင်းရရှိချက်အရ ကျနော်တို့ သွားတိုက်တာ မဟုတ်ဘူး။ သူတို့ဖာသာသူတို့ ဆုတ်ခွါသွားတယ်။ သူတို့မှာလည်း သူတို့အခက်အခဲ အမျိုးမျိုးတော့ ရှိမှာပေါ့နော်။ လက်နက်တွေကျတော့ အဲဒီမှာပဲ ချန်ထားခဲ့တယ်။ ခဲယမ်းမီးကျောက်တွေလည်း သူတို့ဖွက်ထားတာလည်း ရှိမှာပေါ့နော်။ အခုကတော့ ဘယ်နေရာတွေမှာ ဖွက်ထားလဲဆိုတာ အကုန်လုံးတော့မသိရသေးဘူးပေါ့။"

မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ နယ်ခြားစောင့်တပ်တွေလည်း ကေအန်ယူကို ထိုးစစ်ဆင်တာတွေရှိနေပြီး ဖာပွန်အောက်ပိုင်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

"အောက်ပိုင်းမှာပဲ ရှိသေးတယ်။ အပေါ်ပိုင်းကိုတော့ သူတို့က မရောက်လာသေးဘူး။ BGF က စစ်တပ်နဲ့ပေါင်းပြီး သူတို့ လာလှုပ်ရှားတာ။ သူတို့သက်သက်ချည်းတော့ မဟုတ်ဘူး။ အောက်ပိုင်းမှာတော့ ထိတွေ့မှုရှိတယ်။ ဝါသောခိုနဲ့ တံတားဦးကြားမှာ သူတို့ လှုပ်ရှားတော့ စစ်တပ်နဲ့ပေါင်းပြီး လှုပ်ရှားလာတော့ ထိတွေ့မှုရှိတယ်။"

မြန်မာစစ်စခန်းတွေကို ကေအန်ယူက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတာနဲ့ တပ်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ မတ်လကုန်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား၂၀ လောက်သေဆုံးခဲ့ပြီး ၃၀ လောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ ၅ ကလည်း ကေအန်ယူဗဟိုရဲ့ အပစ်အခတ်ရပ်ဆဲထားတဲ့ မူကို မလိုက်နာဘဲ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်တပ်ရဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့သလို ကေအန်ယူတပ်တွေဘက်ကလည်း စစ်တပ်ဟာ NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အရင်ကတည်းချိုးဖောက်ပြီး သူတို့ရဲ့ တပ်မဟာတွေမှာ လမ်းတွေဖောက်လုပ်ပြီး အခိုင်အမာ ခြေကုတ်စခန်းတွေ တိုးချဲ့တည်ဆောက်ခဲ့တာလိုလည်း ကေအန်ယူဘက်ကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG