သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာဖို႔ KNU ဥကၠဌ ရဲ႕ ေၾကညာခ်က္ တပ္မဟာ တခ်ိဳ႕ကို ကိုယ္စားမျပဳ 


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ ၾသဂုတ္လတုန္းက က်င္းပခဲ့တဲ့ ၿငိမ္းခ်မ္းေရးညီလာခံအတြင္း ေကအန္ယူ ဥကၠဌ ေစာမူတူးေစးဖိုး မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

ကရင္အမ်ိဳးသားအစည္းအရံုး KNU ဥကၠ႒က ႏိုင္ငံေရးျပႆနာကို လက္နက္ကိုင္နည္းလမ္းျဖင့္ ေျဖရွင္းဖုိ႔ႀကိဳးစားတာ ဝမ္းနည္းေၾကာင္းနဲ႔ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အတုိင္းလိုက္နာဖုိ႔ တိုက္တြန္းတဲ့ ထုတ္ျပန္ခ်က္ ထုတ္ျပန္တာဟာ အဖဲြ႔အစည္းရဲ ့ သေဘာဆႏၵမဟုတ္ပဲ တသီးပုဂၢလအျမင္သာျဖစ္တယ္လို႔ ေကအန္ယူတပ္မဟာ ေခါင္းေဆာင္ေတြက တံု႔ျပန္လိုက္ၾကပါတယ္။ သူတို႔က NCA အတိုင္းဆက္သြားဖုိ႕ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။ ဘာေၾကာင့္ပါလဲ။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အုပ္ခ်ဳပ္ခဲ့တဲ့ရက္ ၁၀၀ အတြင္း တိုင္းနဲ႔ ျပည္နယ္အသီးသီးမွာ လူထု ဆႏၵျပကန္႕ကြက္မူေတြ ျဖစ္ေပၚေနခ်ိန္ ကရင္ျပည္နယ္နဲ႔ ကခ်င္ျပည္နယ္၊ ႐ွမ္းျပည္နယ္ေတြမွာ စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြၾကား တိုက္ပဲြေတြ ျဖစ္ေနပါတယ္။ ဒီအခ်ိန္မွာပဲ ေကအန္ယူ ဥကၠဌ ေစာမူတူးေစးဖိုးက တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCAကို လိုက္နာက်င့္သုံးဖို႔ ျငိမ္းခ်မး္ေရးကို ထိန္းသိမ္းဖို႔ ႏိုင္ငံေရးျပႆနာကို လက္နက္ကိုင္နည္းနဲ႔ ေျဖရွင္းမယ့္အစားႏိုင္ငံေရးနည္းနဲ႔သာ ေျဖရွင္းဖို႔ ေမလ ၁၀ ရက္ေန႔က သေဘာထားထုတ္ျပန္ခဲ့ပါတယ္။

ဒီထုတ္ျပန္မူဟာ အဖဲြ႕ အစည္းရဲ ့သေဘာဆႏၵမဟုတ္ပဲ တသီးပုဂၢလအျမင္သာျဖစ္ေၾကာင္း စစ္ေကာင္စီနဲ႔ တိုက္ပဲြျပင္းျပန္းထန္ထန္ျဖစ္ေနတဲ့ KNU တပ္မဟာ(၅)က ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီး ေစာကလယ္ဒုိက အခုလိုေျပာပါတယ္။

“အဲဒီစာက်ေနာ္တုိ႔ ဖတ္ျပီး သံုးသပ္တာက အဖဲြ႕အစည္းတခုအေနနဲ႔ သြားတဲ့ပံုစံ စည္းတံဆိပ္ေတြနဲ႔ သြားရမယ့္ဟာ လိပ္မူတာ မပါေတာ့ က်ေနာ္တို႔ သုံးသပ္မိတာက ဒီစာဟာအဖဲြ႕အစည္းအေနနဲ႕ မဟုတ္ပဲ လူပု ဂၢိဳလ္တဦးတေယာက္ရဲ႕ သေဘာဆႏၵအရလို႕ပဲ က်ေနာ္တို႔ အဲဒီလိုပဲျမင္မိတယ္ေလ။”

ေကအန္ယူဥကၠဌရဲ႕ စာအရ KNU အေနနဲ႔ NCA မူေဘာင္အတုိင္း ဆက္သြားမယ္လို႕ ေရးသားထားေပမယ့္ KNU တပ္မဟာေတြကေတာ့ NCA အတိုင္းဆက္သြားဖို႕ မျဖစ္ႏုိင္ေတာ့ဘူးလို႔ ေကအန္ယူတပ္မဟာ(၁) သထုံခရိုင္အတြင္းေရးမွဴး ဖဒုိေစာစိုးျမင့္က အခုလိုေျပာျပပါတယ္။

“NCA က သြားလို႕မရေတာ့ဘူးလို႔ က်ေနာ္ယူဆရတာေပါ့ေနာ္။ အပစ္အခတ္ရပ္စဲျပီး ေနာက္ပုိင္း NCA အတိုင္း သြားေနတာ က်ေနာ္တို႔ ၁၀ ႏွစ္ေလာက္ေတာ့ ရွိျပီေပါ့ေနာ္၂၀၁၂ ကေနအခု ၂၀၂၁ ဘာမွ အခြင့္ေရး မရခဲ့ဘူး။NCA အတုိင္းသြားတယ္လို႔သာ ေျပာတယ္ က်ေနာ္တို႔ တင္ျပတဲ့ အခြင့္ေရးမွန္သမ်ွ အားလံုး ပယ္ခ်ခံရတယ္။ ၿပီးရင္ တပ္ခ်င္းေတြ႔ဖို႔ေတာင္ လက္ခံလို႔ မရတာ NCA သြားဖို႔က ပိုအလွမ္းေ၀း တာေပါ့။ NCA ကိုသူတို႔ ခ်ိဳးေဖာက္ေနတာ က်ေနာ္တို႔ တပ္မဟာ ၁ခ်ည္းပဲ မဟုတ္ဘူး တပ္မဟာ၃၊ တပ္မဟာ ၂ တပ္မဟာေတြ က်ေနာ္တို႔ KNU ထိန္းခ်ဳပ္ရာ နယ္ေျမေတြမွာ NCA အတိုင္းမသြားလို့ တိုက္ပဲြေတြ ဆက္ ျဖစ္ေနတာ။ က်ေနာ္တို႔ လက္မွတ္ထုိးတဲ့ေနရာမွာ တပ္မဟာ ၂ တပ္မဟာ၁ ဆိုျပီး သီးသန္႔ ထိုးတာလည္း မဟုတ္ဘူး ေကအန္ယူတခုလံုး အေနနဲ႔ ထုိးတာပါ ။ က်ေနာ္တို့က ေျပာရမယ္ဆုိရင္ စစ္တိုက္ခ်င္လို႔လည္း မဟုတ္ပါဘူး။ တဖက္ကေန လာရန္ရွာလို႔သာ က်ေနာ္တို႔က ျပန္ခုခံတာပဲ။NCA အတိုင္းသြားျပီး တုိက္ပဲြေတြက ျဖစ္ေနတာ တျပည္လံုး ပစ္ခတ္တိုက္ခိုက္မူ ရပ္စဲေရးလို႔သာ ေျပာတယ္ တျပည္လံုး မေျပာနဲ႔ ေကအန္ယူ ထဲမွာ လက္မွတ္ေရးထုိးျပီးတဲ့ေနာက္ပိုင္းမွာ ဆက္တိုက္ ျဖစ္ေနတာပဲ NCA အတိုင္းသြားလို႔ က်ေနာ္တို႔ ဘယ္လိုယံုရမလဲ က်ေနာ္တို႔ယံုလို႔ မရတာ။”

ျမန္မာစစ္ေကာင္စီဟာ အာဏာသိမ္းလိုက္ကတည္းက NCA နဲ႕ သြားဖို႔ဆုိတာ မျဖစ္ႏိုင္ေတာ့ေၾကာင္း ေကအန္ယူ တပ္မဟာ(၅)က ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီး ေစာကလယ္ဒုိက အခုလို ထပ္ေျပာပါတယ္။

“သူတို႕က NCA လမ္းေၾကာင္းအတုိင္း သြားမယ္ဆုိရင္ အာဏာသိမ္းစရာမလိုဘူး။ အာဏာက ျပည္သူက ေရြးေကာက္ထားတဲ့ အစုိးရ လက္ထဲမွာပဲ ရွိရမယ္။ အဲဒီလိုမွပဲက်ေနာ္တို႔က NCA အတိုင္း လမ္းေၾကာင္းနဲ႔ ႏိုင္ငံေရးေဆြးေႏြးရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔က အာဏာသိမ္းထားတဲ့အေပၚ ႏို္င္ငံေရး ေဆြးေႏြးလို႔ မွမရတာ NCA ခ်ိဳးေဖာက္တာ သူတို႔ ျဖစ္ေနတာေပါ့။”

NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး တပ္မေတာ္က အာဏာသိမ္း လုိက္တဲ့ေနာက္ စစ္ေကာင္စီရဲ့လုပ္ရပ္နဲ႔ ပတ္သက္လို႔ ႏုိင္ငံေရး ျပႆနာကုိ အင္အားသုံးေျဖရွင္းတဲ့ လုပ္ရပ္အျဖစ္ NCA အပစ္ရပ္ စာခ်ဳပ္ကို လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ကန္႔ကြက္ခဲ့တာေတြလည္းရွိပါတယ္။

ေကအန္ယူဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္မွာ ၂၀၂၁ ခုႏွစ္ ျမန္မာႏိုင္ငံ ႏိုင္ငံေရး အေျပာင္းအလဲအခ်ိန္အခါ အေျခအေနတစ္ခုမွာ ႏိုင္ငံေရးျပႆနာကို လက္နက္ကိုင္နည္းလမ္းျဖင့္ ေျဖရွင္းဖို႔ ႀကိဳးပမ္းလာၾကတာကို ဝမ္းနည္းဖြယ္ ေတြ႔ျမင္ေနရတာေၾကာင့္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္သာ အေျဖ႐ွာဖုိ႔ သူက တိုက္တြန္းထားသည္။

ျမန္မာအစိုးရနဲ႔ ေကအန္ယူတို ့ဟာ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထုိးခဲ့ ပါတယ္။ ျမန္မာစစ္တပ္နဲ႔ ေကအန္ယူတို့ဟာ NCA ထိုးခဲ့ျပီးေနာက္ပုိင္းမွာလည္း ထိေတြ႕ပစ္ခတ္မူေတြ ရိွခဲ့သလုိ၊ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီအုပ္ခ်ဳပ္တဲ့ ရက္ ၁၀၀ အတြင္းမွာလည္း KNU တပ္မဟာ အသီးသီးနဲ႔ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္



................

နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ KNU ဥက္ကဌ ရဲ့ ကြေညာချက် တပ်မဟာ တချို့ကို ကိုယ်စားမပြု

(Unicode)

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းဖို့ကြိုးစားတာ ဝမ်းနည်းကြောင်းနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်းလိုက်နာဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာဟာ အဖွဲ့အစည်းရဲ့ သဘောဆန္ဒမဟုတ်ပဲ တသီးပုဂ္ဂလအမြင်သာဖြစ်တယ်လို့ ကေအန်ယူတပ်မဟာ ခေါင်းဆောင်တွေက တုံ့ပြန်လိုက်ကြပါတယ်။ သူတို့က NCA အတိုင်းဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဘာကြောင့်ပါလဲ။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်ခဲ့တဲ့ရက် ၁၀၀ အတွင်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လူထု ဆန္ဒပြကန့်ကွက်မူတွေ ဖြစ်ပေါ်နေချိန် ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ ကေအန်ယူ ဥက္ကဌ စောမူတူးစေးဖိုးက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် NCAကို လိုက်နာကျင့်သုံးဖို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းမယ့်အစားနိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ မေလ ၁၀ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်မူဟာ အဖွဲ့ အစည်းရဲ့သဘောဆန္ဒမဟုတ်ပဲ တသီးပုဂ္ဂလအမြင်သာဖြစ်ကြောင်း စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းပြန်းထန်ထန်ဖြစ်နေတဲ့ KNU တပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက အခုလိုပြောပါတယ်။

“အဲဒီစာကျနော်တို့ ဖတ်ပြီး သုံးသပ်တာက အဖွဲ့အစည်းတခုအနေနဲ့ သွားတဲ့ပုံစံ စည်းတံဆိပ်တွေနဲ့ သွားရမယ့်ဟာ လိပ်မူတာ မပါတော့ ကျနော်တို့ သုံးသပ်မိတာက ဒီစာဟာအဖွဲ့အစည်းအနေနဲ့ မဟုတ်ပဲ လူပု ဂ္ဂိုလ်တဦးတယောက်ရဲ့ သဘောဆန္ဒအရလို့ပဲ ကျနော်တို့ အဲဒီလိုပဲမြင်မိတယ်လေ။”

ကေအန်ယူဥက္ကဌရဲ့ စာအရ KNU အနေနဲ့ NCA မူဘောင်အတိုင်း ဆက်သွားမယ်လို့ ရေးသားထားပေမယ့် KNU တပ်မဟာတွေကတော့ NCA အတိုင်းဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်အတွင်းရေးမှူး ဖဒိုစောစိုးမြင့်က အခုလိုပြောပြပါတယ်။

“NCA က သွားလို့မရတော့ဘူးလို့ ကျနော်ယူဆရတာပေါ့နော်။ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း NCA အတိုင်း သွားနေတာ ကျနော်တို့ ၁၀ နှစ်လောက်တော့ ရှိပြီပေါ့နော်၂၀၁၂ ကနေအခု ၂၀၂၁ ဘာမှ အခွင့်ရေး မရခဲ့ဘူး။NCA အတိုင်းသွားတယ်လို့သာ ပြောတယ် ကျနော်တို့ တင်ပြတဲ့ အခွင့်ရေးမှန်သမျှ အားလုံး ပယ်ချခံရတယ်။ ပြီးရင် တပ်ချင်းတွေ့ဖို့တောင် လက်ခံလို့ မရတာ NCA သွားဖို့က ပိုအလှမ်းဝေး တာပေါ့။ NCA ကိုသူတို့ ချိုးဖောက်နေတာ ကျနော်တို့ တပ်မဟာ ၁ချည်းပဲ မဟုတ်ဘူး တပ်မဟာ၃၊ တပ်မဟာ ၂ တပ်မဟာတွေ ကျနော်တို့ KNU ထိန်းချုပ်ရာ နယ်မြေတွေမှာ NCA အတိုင်းမသွားလို့ တိုက်ပွဲတွေ ဆက် ဖြစ်နေတာ။ ကျနော်တို့ လက်မှတ်ထိုးတဲ့နေရာမှာ တပ်မဟာ ၂ တပ်မဟာ၁ ဆိုပြီး သီးသန့် ထိုးတာလည်း မဟုတ်ဘူး ကေအန်ယူတခုလုံး အနေနဲ့ ထိုးတာပါ ။ ကျနော်တို့က ပြောရမယ်ဆိုရင် စစ်တိုက်ချင်လို့လည်း မဟုတ်ပါဘူး။ တဖက်ကနေ လာရန်ရှာလို့သာ ကျနော်တို့က ပြန်ခုခံတာပဲ။NCA အတိုင်းသွားပြီး တိုက်ပွဲတွေက ဖြစ်နေတာ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးလို့သာ ပြောတယ် တပြည်လုံး မပြောနဲ့ ကေအန်ယူ ထဲမှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ ဆက်တိုက် ဖြစ်နေတာပဲ NCA အတိုင်းသွားလို့ ကျနော်တို့ ဘယ်လိုယုံရမလဲ ကျနော်တို့ယုံလို့ မရတာ။”

မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းလိုက်ကတည်းက NCA နဲ့ သွားဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း ကေအန်ယူ တပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက အခုလို ထပ်ပြောပါတယ်။

“သူတို့က NCA လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် အာဏာသိမ်းစရာမလိုဘူး။ အာဏာက ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရ လက်ထဲမှာပဲ ရှိရမယ်။ အဲဒီလိုမှပဲကျနော်တို့က NCA အတိုင်း လမ်းကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးရမှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့က အာဏာသိမ်းထားတဲ့အပေါ် နိုင်ငံရေး ဆွေးနွေးလို့ မှမရတာ NCA ချိုးဖောက်တာ သူတို့ ဖြစ်နေတာပေါ့။”

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်း လိုက်တဲ့နောက် စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံရေး ပြဿနာကို အင်အားသုံးဖြေရှင်းတဲ့ လုပ်ရပ်အဖြစ် NCA အပစ်ရပ် စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်ခဲ့တာတွေလည်းရှိပါတယ်။

ကေအန်ယူဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲအချိန်အခါ အခြေအနေတစ်ခုမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းလာကြတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတာကြောင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာဖို့ သူက တိုက်တွန်းထားသည်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ ပါတယ်။ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာလည်း ထိတွေ့ပစ်ခတ်မူတွေ ရှိခဲ့သလို၊ စစ်အုပ်ချုပ်ရေး ကောင်စီအုပ်ချုပ်တဲ့ ရက် ၁၀၀ အတွင်းမှာလည်း KNU တပ်မဟာ အသီးသီးနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG