[Zawgyi/Unicode]
ကရင္အမ်ဳိးသားအစည္းအ႐ံုး KNU တပ္မဟာ ၅ တပ္ဖဲြ႔ေတြနဲ႔ န.စ.က စစ္ေကာင္စီတပ္ေတြၾကား တလေက်ာ္အတြင္း တိုက္ပြဲေပါင္း ၄၀၀ ေက်ာ္ျဖစ္ခဲ့တယ္လို႔ တပ္မဟာ ၅ ဘက္က ထုတ္ျပန္ပါတယ္။ စစ္ေကာင္စီတပ္က အရာရွိေတြအပါအဝင္ အက်အဆံုးမ်ားတယ္လို႔လည္း တပ္မဟာ ၅ က ဆိုပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ကရင္ျပည္နယ္ထဲက တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ ထူးထူးျခားျခား ထုတ္ျပန္တာ မေတြ႔ရေသးပါဘူး။ ဒီအေျခအေနကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲမွာ မတ္လ၂၇ ရက္ေန႔ကေန ေမလဆန္းထိ ႏွစ္ဘက္ ထိပ္တိုက္ပစ္ခတ္တဲ့ တိုက္ပြဲေပါင္း ၄၀၀ ေက်ာ္ျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္က အရာရွိေတြအပါအဝင္ တပ္ဖြဲ႔ဝင္ ၂၀၀ နီးပါး ေသဆံုးခဲ့တယ္လို႔ ေကအန္ယူ တပ္မဟာ ၅ ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗုိလ္မွဴးႀကီးေစာကလယ္ဒိုက ေျပာပါတယ္။
"တိုက္ပဲြျပင္းထန္တယ္လို႔ ေျပာလို႔ရတယ္။ သူတို႔ကလည္း ေနရာအႏွံ႔လႈပ္ရွားေတာ့ ဒီဘက္တပ္ကလည္း ေနရာအႏွံ႔ တပ္ေနရာျဖန္႔က်က္ထားေတာ့ ထိေတြ႔မႈက ႀကိဳၾကား ႀကိဳႀကားျဖစ္ေနေတာ့ ျပန္ၿပီးေတာ့ ေရတြက္လိုက္တာ ထိေတြ႔မႈက ၄၀၀ ေက်ာ္ ရွိတယ္။ တလေက်ာ္အတြင္းမွာေပါ့... အခုဒီရက္ပိုင္းမွာပဲ ထပ္ျဖစ္ေနတယ္။ စစ္ေကာင္စီဘက္ကက်တာက ဗုိလ္မွဴးႀကီးတေယာက္ ဒုတိယဗိုလ္မွဴးၾကီးတေယာက္ရယ္၊ ဗုိလ္မွဴးတေယာက္ရယ္၊ ဗိုလ္ႀကီးတေယာက္၊ အရာခံဗုိလ္တေယာက္ အားလံုးေပါင္းတပ္သားေတြပါပါရင္ ၁၉၄ ေယာက္ရိွတယ္။"
ေကအန္ယူဘက္ကေတာ့ ၉ ဦးက်ဆံုးျပီး ၁၀ ဦးခန္႔ ထိခိုက္ဒဏ္ရာရခ့ဲတယ္လို႔လည္းေျပာပါတယ္။ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြ က်ဆံုးတယ္လို႔ ေကအန္ယူေျပာတာနဲ႔ ပတ္သက္ၿပီး စစ္တပ္ဘက္က တစံုတရာ ထုတ္ျပန္ထားတာ မ႐ွိသလို ဗီြအိုေအကလည္း သီးျခား အတည္မျပဳႏိုင္ပါဘူး။
မတ္လ ၂၇ ေန႔မွာ ကရင္ျပည္နယ္ထဲက သီးမူထစခန္း ဧၿပီလ ၂၇ ရက္ေန႔မွာ ေသာင္ရင္းျမစ္ေၾကာင္း လံုျခံဳေရးယူထားတဲ့ ေသာလဲထနဲ႔ ဦးသုထ စခန္းေတြကို တပ္မဟာ ၅ က သိမ္းပိုက္ခဲ့တယ္လို႔ စစ္ေကာင္စီရဲ႕ဧၿပီလ ၂၉ ရက္ေန႔က လုပ္တဲ့သတင္းစာ႐ွင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။
ေကအန္ယူဘက္ကေတာ့ သီးမူထနဲ႔ မဲရထာစခန္းေတြကို သိမ္းခဲ့တယ္လို႔ေျပာထားပါတယ္။ မဲရထာကေတာ့ ထိုင္းဘက္ျခမ္း ေသာလဲထနဲ႔ အနီးဆံုးျဖစ္ၿပီး အမ်ားက ေသာလဲထလို႔ေခၚၾကပါတယ္။
မတ္လ ၂၇ ရက္ေန႔မွာစၿပီး တပ္မဟာ ၅ ထိန္းခ်ဳပ္တဲ့ ဖာပြန္ခ႐ိုင္ထဲက နယ္ေျမေတြအေပၚ စစ္တပ္က ဗံုးႀကဲတိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။ ဧၿပီလနဲ႔ ေမလဆန္းမွာလည္း ဗံုးႀကဲတိုက္ခိုက္မႈေတြ ႐ွိခဲ့ပါတယ္။ အဲဒီေဒသေတြမွာေနတဲ့ ကရင္႐ြာသား ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။
အခုအထိလည္း ဖာပြန္ခရိုင္ေဒသေတြေပၚမွာ ေန႔တုိင္းနီးပါး ေလယာဥ္ေတြ ပ်ံ၀ဲေနတာေၾကာင့္ အရပ္သားေတြ ေတာေတာင္ေတြထဲမွာပဲ ပုန္းေအာင္းေနရတယ္လို႔လည္း ဆိုပါတယ္။ မေန႔တုန္းကလည္း ညဘက္မွာ ေလယာဥ္ ပ်ံ၀ဲခဲ့ေၾကာင္းကိုလည္း ဆက္ေျပာျပပါတယ္။
"ေလယာဥ္က ေန႔တုိင္းလိုလိုပဲ... ညဘက္ကလည္း လာေသးတယ္။ ဗံုးႀကဲတာေတာ့မရိွဘူး။ ည၁၂နာရီေက်ာ္ကလည္း လာတယ္။ ညအခ်ိန္မွာလာတာ ပ်ံ၀ဲျပီး ျပန္သြားတယ္။ ဗံုးႀကဲတာေတာ့မရွိဘူး။"
ေကအန္ယူထိန္းခ်ဳပ္ရာ ကရင္ေဒသအတြင္းက အရပ္သားေတာင္ယာခင္းေတြ လူေနအိမ္ေတြကို စစ္ေကာင္စီဘက္က လက္နက္ႀကီးက်ည္ ပစ္ခတ္မႈ ၅၇၅ ႀကိမ္ ရွိခဲ့ေၾကာင္း လက္နက္ႀကီးနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သား ၁၄ ဦးေသဆုံးၿပီး ၂၈ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔လည္း ေကအန္ယူတပ္မဟာ ၅ ကေျပာပါတယ္။
ေကအန္ယူနဲ႔ ျမန္မာအစုိးရၾကား ႏွစ္ဘက္သေဘာတူ အပစ္အခတ္ရပ္စဲေရးကို ၂၀၁၂ ခုႏွစ္မွာ ထုိးခဲ့ၿပီး တႏိုင္ငံလံုး ပစ္ခတ္တိုက္ခတ္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကုိေတာ့ ၂၀၁၅ ခုႏွစ္မွာ တျခား တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔အတူ လက္မွတ္ေရးထုိးခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ကရင္နယ္ေျမေတြထဲမွာ တိုက္ပြဲေတြျဖစ္ေနတာဟာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈကို ခ်ဳိးေဖာက္လို႔ျဖစ္တယ္လို႔ ႏွစ္ဘက္လံုးက အျပန္အလွန္ စြပ္စဲြေနၾကပါတယ္။
[Unicode Version]
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ န.စ.က စစ်ကောင်စီတပ်တွေကြား တလကျော်အတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့တယ်လို့ တပ်မဟာ ၅ ဘက်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အကျအဆုံးများတယ်လို့လည်း တပ်မဟာ ၅ က ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ မတ်လ၂၇ ရက်နေ့ကနေ မေလဆန်းထိ နှစ်ဘက် ထိပ်တိုက်ပစ်ခတ်တဲ့ တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
"တိုက်ပွဲပြင်းထန်တယ်လို့ ပြောလို့ရတယ်။ သူတို့ကလည်း နေရာအနှံ့လှုပ်ရှားတော့ ဒီဘက်တပ်ကလည်း နေရာအနှံ့ တပ်နေရာဖြန့်ကျက်ထားတော့ ထိတွေ့မှုက ကြိုကြား ကြိုကြားဖြစ်နေတော့ ပြန်ပြီးတော့ ရေတွက်လိုက်တာ ထိတွေ့မှုက ၄၀၀ ကျော် ရှိတယ်။ တလကျော်အတွင်းမှာပေါ့... အခုဒီရက်ပိုင်းမှာပဲ ထပ်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကကျတာက ဗိုလ်မှူးကြီးတယောက် ဒုတိယဗိုလ်မှူးကြီးတယောက်ရယ်၊ ဗိုလ်မှူးတယောက်ရယ်၊ ဗိုလ်ကြီးတယောက်၊ အရာခံဗိုလ်တယောက် အားလုံးပေါင်းတပ်သားတွေပါပါရင် ၁၉၄ ယောက်ရှိတယ်။"
ကေအန်ယူဘက်ကတော့ ၉ ဦးကျဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်လို့ ကေအန်ယူပြောတာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို ဗွီအိုအေကလည်း သီးခြား အတည်မပြုနိုင်ပါဘူး။
မတ်လ ၂၇ နေ့မှာ ကရင်ပြည်နယ်ထဲက သီးမူထစခန်း ဧပြီလ ၂၇ ရက်နေ့မှာ သောင်ရင်းမြစ်ကြောင်း လုံခြုံရေးယူထားတဲ့ သောလဲထနဲ့ ဦးသုထ စခန်းတွေကို တပ်မဟာ ၅ က သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ဧပြီလ ၂၉ ရက်နေ့က လုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကေအန်ယူဘက်ကတော့ သီးမူထနဲ့ မဲရထာစခန်းတွေကို သိမ်းခဲ့တယ်လို့ပြောထားပါတယ်။ မဲရထာကတော့ ထိုင်းဘက်ခြမ်း သောလဲထနဲ့ အနီးဆုံးဖြစ်ပြီး အများက သောလဲထလို့ခေါ်ကြပါတယ်။
မတ်လ ၂၇ ရက်နေ့မှာစပြီး တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ထဲက နယ်မြေတွေအပေါ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလနဲ့ မေလဆန်းမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဒေသတွေမှာနေတဲ့ ကရင်ရွာသား သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
အခုအထိလည်း ဖာပွန်ခရိုင်ဒေသတွေပေါ်မှာ နေ့တိုင်းနီးပါး လေယာဉ်တွေ ပျံဝဲနေတာကြောင့် အရပ်သားတွေ တောတောင်တွေထဲမှာပဲ ပုန်းအောင်းနေရတယ်လို့လည်း ဆိုပါတယ်။ မနေ့တုန်းကလည်း ညဘက်မှာ လေယာဉ် ပျံဝဲခဲ့ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။
"လေယာဉ်က နေ့တိုင်းလိုလိုပဲ... ညဘက်ကလည်း လာသေးတယ်။ ဗုံးကြဲတာတော့မရှိဘူး။ ည၁၂နာရီကျော်ကလည်း လာတယ်။ ညအချိန်မှာလာတာ ပျံဝဲပြီး ပြန်သွားတယ်။ ဗုံးကြဲတာတော့မရှိဘူး။"
ကေအန်ယူထိန်းချုပ်ရာ ကရင်ဒေသအတွင်းက အရပ်သားတောင်ယာခင်းတွေ လူနေအိမ်တွေကို စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ပစ်ခတ်မှု ၅၇၅ ကြိမ် ရှိခဲ့ကြောင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကေအန်ယူတပ်မဟာ ၅ ကပြောပါတယ်။
ကေအန်ယူနဲ့ မြန်မာအစိုးရကြား နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ်မှာ ထိုးခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ၂၀၁၅ ခုနှစ်မှာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်နယ်မြေတွေထဲမှာ တိုက်ပွဲတွေဖြစ်နေတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်လို့ဖြစ်တယ်လို့ နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။