သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေလေၾကာင္းကတိုက္ေနတဲ့ KNU နယ္ေျမထဲ BGF ေတြဝင္ေရာက္


မွတ္တမ္းဓါတ္ပံု ၂၀၁၆ စက္တင္ဘာလတုန္းက ကရင္ျပည္နယ္အတြင္း ေတြ႔ရေသာ BGF တပ္မ်ား

(Zawgyi/Unicode)

ကရင္ျပည္နယ္ ၊ ဖာပြန္ခရိုင္အတြင္းမွာ ျမန္မာစစ္ေကာင္စီတပ္စခန္းျဖစ္တဲ့ မယ္ရထာစခန္းကို KNU ကသိမ္းယူျပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က ၄ရက္ေျမာက္အျဖစ္ သံလြင္ျမစ္အနီးက ကရင္ေက်းရြာေတြကို တနဂၤေႏြေန႔က ဗံုးႀကဲတိုက္ခိုက္မူ ထပ္လုပ္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္အတြင္းမွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ KNU တပ္မဟာ၅တို႔ဟာ တိုက္ပဲြေတြဆက္တိုက္ျဖစ္ေနသလို ေကအန္ယူ ဘက္ကလည္း ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ တပ္စခန္း၂ခုျဖစ္တဲ့ သီးမူထာနဲ႔ မယ္ရထာ စခန္းေတြကို သိမ္းပိုက္ခဲ့တာပါ။ ဧၿပီလ ၂၇ရက္ေန႔ကေတာ့ သံလြင္ျမစ္အန္ီးက မယ္ရထာစခန္းကို သိမ္းၿပီးတဲ့ေန႔ ကစလို႕ ဧၿပီလ ၂၈ ရက္၊ ဧၿပီလ ၃၀ရက္၊ ေမလ ၂ရက္ေန႔ေတြမွာ အရပ္သားေက်းရြာေတြကို ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခုိက္မူလုပ္ခဲ့တယ္လို႔ ေကအန္ယူတပ္မဟာ(၅)က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးေစာကလယ္ဒို က ေျပာပါတယ္။

“ လာၿပီးေတာ့ သံလြင္ျမစ္ကမ္းနဲ႔ နီးတဲ့ ေဒသမွာလာၿပီးေတာ့ ဗံုးၾကဲ တိုက္ခိုက္တယ္ေလ။ မေန႔ညက ၁၀နာရီေက်ာ္၊ ၁၁နာရီ ၀န္းက်င္ေလာက္မွာ သံလြင္ျမစ္နဲ႔ နီးတဲ့ ဘြားတဲ ေက်းရြာအုပ္စုလား၊ ေလးခို ေလးေကာ္ေခၚ အဲဒီရြာေတြမွာ ဗံုးႀကဲတယ္ေလ။ မေန႔ည အဲဒီ ၂ရက္ေန႔ညက ဗံုးႀကဲတယ္။”

ေကအန္ယူဘက္က ဖာပြန္ခရိုင္ထဲက စစ္ေကာင္စီရဲ႕ စခန္းေတြကို တိုက္ခိုက္မူေတြလုပ္ခဲ့သလို စစ္ေကာင္စီဘက္ကလည္း ကရင္ရြာေတြကို လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္တာေတြရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

လက္ရိွမွာေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက နယ္ျခားေစာင့္တပ္ေတြရဲ႕ အင္အားကို သံုးၿပီး ေကအန္ယူကုိ ေခ်မွဴန္းေရးေတြ လုပ္ေနတယ္လို႔လည္း ေျပာျပပါတယ္။

“ၿပီးခဲ့တဲ့ ေလးငါးရက္က BGF တပ္ဖဲြ႔က စစ္အင္အား ၁၅၀ေလာက္ မေန႔ ကလည္း က်ေနာ္တို႔ ေဒသခံေတြ သတင္းေပးခ်က္အရ ေနာက္ထပ္ ၄၀၀ ေလာက္ အင္အားတိုးလာတယ္လို႔ သတင္းရရိွတာေပါ့ေနာ္။ အဲဒါလည္း က်ေနာ္တို႔ တပ္မဟာ(၅)ကုိ တိုက္ဖို႔အတြက္ အစီအစဥ္တခုလုိ႔ပဲ အားလံုးကေတာ့ ယူဆၾကတယ္။”

ျမန္မာစစ္ေကာင္စီတပ္ေတြက ေကအန္ယူထိန္းခ်ဳပ္ရာ ေက်းရြာေတြကို ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္မူေတြေၾကာင့္ ကရင္ရြာသား ၂ေသာင္းေက်ာ္ ေဘးလြတ္ရာကိုေရွာင္ေျပးေနရၿပီး အခုထိ ေနရပ္မျပန္ႏိုင္ၾကေသးဘူး လို႔လည္း KNU ဘက္က ေျပာပါတယ္။

KNU - သထုံခ႐ိုင္ ဘီးလင္းၿမိဳ႕နယ္အတြင္းမွာလည္း စစ္ေကာင္စီရဲ ့ တိုက္ေလယာဥ္မ်ား ဧၿပီလ (၃၀)ရက္ေန႔က လွည့္ပတ္ ပ်ံသန္းေနမႈေတြေၾကာင့္ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ ေက်းနယ္အုပ္စု (၆)စုက ေဒသခံျပည္သူ (၁၀၀၀)ေလာက္ဟာ ေတာေတာင္ထဲကို ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ လည္းဆုိပါတယ္။ ဒီရက္ထဲမွာေတာ့ ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္မူေတြေၾကာင့္ ဖာပြန္ခရိုင္ထဲက စစ္ေဘးဒုကၡသည္ ၂ေထာင္ေလာက္ ထုိင္းဘက္ကို ထြက္ေျပးခိုလံႈခဲ့ေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက်

(Unicode)

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်စခန်းဖြစ်တဲ့ မယ်ရထာစခန်းကို KNU ကသိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က ၄ရက်မြောက်အဖြစ် သံလွင်မြစ်အနီးက ကရင်ကျေးရွာတွေကို တနင်္ဂနွေနေ့က ဗုံးကြဲတိုက်ခိုက်မူ ထပ်လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ၅တို့ဟာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ကေအန်ယူ ဘက်ကလည်း မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်စခန်း၂ခုဖြစ်တဲ့ သီးမူထာနဲ့ မယ်ရထာ စခန်းတွေကို သိမ်းပိုက်ခဲ့တာပါ။ ဧပြီလ ၂၇ရက်နေ့ကတော့ သံလွင်မြစ်အန်ီးက မယ်ရထာစခန်းကို သိမ်းပြီးတဲ့နေ့ ကစလို့ ဧပြီလ ၂၈ ရက်၊ ဧပြီလ ၃၀ရက်၊ မေလ ၂ရက်နေ့တွေမှာ အရပ်သားကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူလုပ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒို က ပြောပါတယ်။

“ လာပြီးတော့ သံလွင်မြစ်ကမ်းနဲ့ နီးတဲ့ ဒေသမှာလာပြီးတော့ ဗုံးကြဲ တိုက်ခိုက်တယ်လေ။ မနေ့ညက ၁၀နာရီကျော်၊ ၁၁နာရီ ဝန်းကျင်လောက်မှာ သံလွင်မြစ်နဲ့ နီးတဲ့ ဘွားတဲ ကျေးရွာအုပ်စုလား၊ လေးခို လေးကော်ခေါ် အဲဒီရွာတွေမှာ ဗုံးကြဲတယ်လေ။ မနေ့ည အဲဒီ ၂ရက်နေ့ညက ဗုံးကြဲတယ်။”

ကေအန်ယူဘက်က ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်မူတွေလုပ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကရင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ စစ်အုပ်ချုပ်ရေးကောင်စီက နယ်ခြားစောင့်တပ်တွေရဲ့ အင်အားကို သုံးပြီး ကေအန်ယူကို ချေမှူန်းရေးတွေ လုပ်နေတယ်လို့လည်း ပြောပြပါတယ်။

“ပြီးခဲ့တဲ့ လေးငါးရက်က BGF တပ်ဖွဲ့က စစ်အင်အား ၁၅၀လောက် မနေ့ ကလည်း ကျနော်တို့ ဒေသခံတွေ သတင်းပေးချက်အရ နောက်ထပ် ၄၀၀ လောက် အင်အားတိုးလာတယ်လို့ သတင်းရရှိတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ တပ်မဟာ(၅)ကို တိုက်ဖို့အတွက် အစီအစဉ်တခုလို့ပဲ အားလုံးကတော့ ယူဆကြတယ်။”

မြန်မာစစ်ကောင်စီတပ်တွေက ကေအန်ယူထိန်းချုပ်ရာ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကရင်ရွာသား ၂သောင်းကျော် ဘေးလွတ်ရာကိုရှောင်ပြေးနေရပြီး အခုထိ နေရပ်မပြန်နိုင်ကြသေးဘူး လို့လည်း KNU ဘက်က ပြောပါတယ်။

KNU - သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်များ ဧပြီလ (၃၀)ရက်နေ့က လှည့်ပတ် ပျံသန်းနေမှုတွေကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးနယ်အုပ်စု (၆)စုက ဒေသခံပြည်သူ (၁၀၀၀)လောက်ဟာ တောတောင်ထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ လည်းဆိုပါတယ်။ ဒီရက်ထဲမှာတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ဖာပွန်ခရိုင်ထဲက စစ်ဘေးဒုက္ခသည် ၂ထောင်လောက် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG