သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အလုပ္အကိုင္ အခက္အခဲေၾကာင့္ ထိုင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္မႈ တိုး


ထုိင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဧၿပီ ၂၉၊ ၂၀၂၁။ ဓာတ္ပုံ - ထိုင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ျမန္္မာႏုိင္ငံအတြင္းမွာ အလုပ္အကိုင္ ရွားပါးမႈနဲ႔ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြၾကား ျမန္မာစစ္ေကာင္စီတပ္ေတြက ဖမ္းဆီးမႈေတြ ဖိႏွိပ္မႈေတြ ပိုမို တိုးျမင့္လာေနတာေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ေတြကတဆင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံထဲကို ျမန္မာေတြ အစုလိုက္ အၿပံဳလိုက္ ခုိးဝင္လာေနပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံ ကန္ခ်နဘူရီျပည္နယ္ Ban Kao အမွတ္ ၁၄ ေက်းရြာအုပ္စုအနီးက သစ္ေတာထဲမွာ လူကုန္ကူးသူေတြ ေခၚလာတဲ့ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၇၂ ဦးကုိ ဧၿပီလ ၂၉ ရက္ေန႔က ဖမ္းဆီးခဲ့ေၾကာင္း နယ္ျခားေစာင့္ရဲမွဴး Chalermpol Sang က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးကလည္း အစုအေဝးနဲ႔ ခိုးဝင္လာတာမ်ားေၾကာင္း၊ ထုိင္းေတာင္ပိုင္းမွာ ခိုးဝင္လာသူ ဒီရက္ထဲမွာ ၂၀၀ ေက်ာ္ ရွိေနၿပီဆိုၿပီး ေျပာပါတယ္။

“ၾကာသပေတးေန႔က အဲဒီ ကန္ခ်နဘူရီအပုိင္မွာပဲ အားလံုးေပါင္း ၇၂ ေယာက္ ဖမ္းမိတယ္၊ ဒီေလးငါးရက္မွာပဲ ဖမ္းမိတာ ၂၀၀ ေက်ာ္သြားၿပီေပါ့။”

အလားတူ ဒီရက္ပိုင္းမွာပဲ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕နယ္ မယ္ပေက်းရြာအုပ္စု အတြင္းမွာလည္း တရားမဝင္ ျမန္မာႏုိင္ငံသား ၄၀ ခိုးဝင္လာတာကုိ ေက်းရြာသူႀကီးနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြ သြားေရာက္ဖမ္းဆီးခဲ့ပါတယ္။ မယ္ပေက်းရြာသူႀကီးကေတာ့ အခုလို ေျပာသြားပါတယ္။

“အခုလို အုပ္စုလိုက္ အလံုးအရင္း ဝင္ေရာက္လာေနတာဟာ ျမန္မာႏုိင္ငံအတြင္း အလုပ္အကိုင္ ရွားပါးမႈနဲ႔ စားဝတ္ေနေရး ပိုက်ပ္တည္းလာလို႔ ဝင္ေရာက္ေနၾကတာလို႔ သိရပါတယ္။ အမ်ားစုဟာ ပြဲစားေတြနဲ႔ ဆက္သြယ္ၿပီး လာၾကတာမ်ားၿပီး ပြဲစားေတြက လူမေနတဲ့ ေတာင္ယာတဲေတြ သစ္ေတာထဲေတြမွာ ခိုးဝင္လာသူေတြကို ထားၿပီးမွ ထုိင္းႏုိင္ငံအတြင္းပုိင္းကုိ လူကုန္ကူးဖို႔ လုပ္ၾကတာ ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံမွာေတာ့ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ႏုိင္ေအာင္ နယ္စပ္အဝင္အထြက္ေတြ တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ထားေပမယ့္ နယ္စပ္တေလွ်ာက္က လံုၿခံဳေရးအားနည္းတဲ့ ခိုးလမ္းေတြကေန ျမန္မာႏုိင္ငံသားေတြ ဝင္ေရာက္လာေနၾကတာပါ။” ဆိုၿပီး ေျပာသြားပါတယ္။

ခုိးဝင္လာသူေတြ အမ်ားစုကုိ ေတာေတာင္ေတြထဲမွာ လူပဲြစားေတြက ထားခဲ့တာေၾကာင့္ သံုးေလးရက္ၾကာ အစာေရစာ ျပတ္ေနတာကို ေတြ႔ရေၾကာင္း ထိုင္းအာဏာပုိင္ေတြကို ကုိးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခက်အခဲကြောင့် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု တိုး

မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြား မြန်မာစစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေ ဖိနှိပ်မှုတွေ ပိုမို တိုးမြင့်လာနေတာကြောင့် ထိုင်း-မြန်မာနယ်စပ်တွေကတဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို မြန်မာတွေ အစုလိုက် အပြုံလိုက် ခိုးဝင်လာနေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် Ban Kao အမှတ် ၁၄ ကျေးရွာအုပ်စုအနီးက သစ်တောထဲမှာ လူကုန်ကူးသူတွေ ခေါ်လာတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၂ ဦးကို ဧပြီလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း နယ်ခြားစောင့်ရဲမှူး Chalermpol Sang က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကလည်း အစုအဝေးနဲ့ ခိုးဝင်လာတာများကြောင်း၊ ထိုင်းတောင်ပိုင်းမှာ ခိုးဝင်လာသူ ဒီရက်ထဲမှာ ၂၀၀ ကျော် ရှိနေပြီဆိုပြီး ပြောပါတယ်။

“ကြာသပတေးနေ့က အဲဒီ ကန်ချနဘူရီအပိုင်မှာပဲ အားလုံးပေါင်း ၇၂ ယောက် ဖမ်းမိတယ်၊ ဒီလေးငါးရက်မှာပဲ ဖမ်းမိတာ ၂၀၀ ကျော်သွားပြီပေါ့။”

အလားတူ ဒီရက်ပိုင်းမှာပဲ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စု အတွင်းမှာလည်း တရားမဝင် မြန်မာနိုင်ငံသား ၄၀ ခိုးဝင်လာတာကို ကျေးရွာသူကြီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ မယ်ပကျေးရွာသူကြီးကတော့ အခုလို ပြောသွားပါတယ်။

“အခုလို အုပ်စုလိုက် အလုံးအရင်း ဝင်ရောက်လာနေတာဟာ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေး ပိုကျပ်တည်းလာလို့ ဝင်ရောက်နေကြတာလို့ သိရပါတယ်။ အများစုဟာ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး လာကြတာများပြီး ပွဲစားတွေက လူမနေတဲ့ တောင်ယာတဲတွေ သစ်တောထဲတွေမှာ ခိုးဝင်လာသူတွေကို ထားပြီးမှ ထိုင်းနိုင်ငံအတွင်းပိုင်းကို လူကုန်ကူးဖို့ လုပ်ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်အောင် နယ်စပ်အဝင်အထွက်တွေ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမယ့် နယ်စပ်တလျှောက်က လုံခြုံရေးအားနည်းတဲ့ ခိုးလမ်းတွေကနေ မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာနေကြတာပါ။” ဆိုပြီး ပြောသွားပါတယ်။

ခိုးဝင်လာသူတွေ အများစုကို တောတောင်တွေထဲမှာ လူပွဲစားတွေက ထားခဲ့တာကြောင့် သုံးလေးရက်ကြာ အစာရေစာ ပြတ်နေတာကို တွေ့ရကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG