သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံလြင္ျမစ္ေဘး ျမန္မာစစ္စခန္းတခုကို KNU တပ္မဟာ(၅) သိမ္းပိုက္


မယ့္ရထာစစ္ေကာင္စီစခန္းကို ေကအန္ယူတပ္မဟာ ၅ က သိမ္းယူျပိီးမီးရိႈ႕ခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္း ျမန္မာနယ္စပ္ သံလြင္ျမစ္ကမ္းေဘးမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ရဲ႕ မယ့္ရထာစခန္းကို ကရင္လက္နက္ကိုင္ KNU ရဲ႕ တပ္မဟာ ၅ က ဒီေန႔ ဧၿပီလ ၂၇ ရက္ မနက္အေစာပိုင္းက သိမ္းပိုက္ခဲ့ပါတယ္။ အဲဒီေနာက္ ေန႔လယ္ပိုင္းအထိ အျပန္အလွန္ ပစ္ခတ္မႈေတြ ႐ွိခဲ့တယ္လို႔ အပစ္အခတ္ေတြ႐ွိ ေကအန္ယူဘက္ကေျပာပါတယ္။ ဒီသတင္းကို ဗီီြအိုေအ သတင္းေထာက္မေအးေအးမာက တင္ဆက္ေပးပါမယ္။

မယ့္ရထာစစ္ေကာင္စီစခန္းကို ေကအန္ယူတပ္မဟာ ၅ က သိမ္းယူျပိီးမီးရိႈ႕ခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၂၇၊ ၂၀၂၁)
မယ့္ရထာစစ္ေကာင္စီစခန္းကို ေကအန္ယူတပ္မဟာ ၅ က သိမ္းယူျပိီးမီးရိႈ႕ခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၂၇၊ ၂၀၂၁)

ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ ေသာလဲထာမွာ အေျခစိုက္ထားတဲ့ န.စ.က စစ္ေကာင္စီတပ္ေတြရဲ႕ စစ္စခန္းတခုကုိ ေကအန္ယူတပ္ဟာ ၅ တပ္ေတြက ဒီေန႔ မနက္ပိုင္းက ၀င္ေရာက္သိမ္းပုိက္ခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ျပည္နယ္နဲ႔ သံလြင္ျမစ္သာျခားတဲ့ မယ္ရထာ စစ္တပ္အေျခစိုက္စခန္းကို သိမ္းပိုက္ခဲ့ၿပီးေနာက္ မီး႐ႈိ႕ဖ်က္စီးခဲ့တယ္လို႔ တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မူးႀကီး ေစာကလယ္ဒိုက အခုလိုေျပာျပပါတယ္။

"တက္္သိမ္းတာေတာ့ ဟုတ္တာေပါ့ေနာ္။ တဘက္နဲ႔ တဘက္ဟုိဘက္က ထိခိုက္ဒဏ္ရာရရွိမႈ ေသေၾကမႈ ဘယ္ေလာက္ထိိရွိလဲဆိုတာ မသိရေသးဘူူး။ တက္သိမ္းတာ ဟုတ္တယ္။ စခန္းလည္း မီးရိွႈ႕ပစ္လိုက္တယ္။ အခုလည္း အနီးအနားမွာ ရွင္းေနတုန္းပဲ။ အဲဒီဂြင္က တဘက္က မဲ့စံလက္ကိုလို႔ေခၚတယ္။ တဘက္ကေတာ့ ကရင္အေခၚကေတာ့ မယ့္ရထာစခန္းလို႔ေခၚတယ္။ ထိုင္းဘက္ကိုေတာ့ သူတို႔မေျပးဘူး။ ျမစ္ကခံေနလုိ႔ ေျပးဖို႔အတြက္ မလြယ္ဘူးျဖစ္ေနတယ္။ သူတို႔က နီးစပ္ရာစခန္းကိုပဲ ၀င္ဖို႔ ႀကိဳးစားေနတယ္။ သူတို႔အထက္မနီးမေ၀းမွာ စခန္းတခု ရွိတာေပါ့ေနာ္။ အူးသူထလို႔ ေခၚတယ္။ အဲဒီစခန္းကို ၀င္မယ္လို႔ က်ေနာ္တို႔က ယူဆရတာေပါ့ေနာ္။"

ျမန္မာဘက္အျခမ္း သံလြင္ျမစ္ကမ္းတေလ ွ်ာက္ ေကအန္ယူတပ္မဟာ ၅ နဲ႔ မေဝးလွတဲ့ေနရာေတြမွ စစ္တပ္အေျခစိုက္ စခန္း ၆ ခုထက္ မနည္းက်န္ေသးတယ္လို႔လည္း ေျပာပါတယ္။ တခ်ဳိ႕ စစ္စခန္းေတြ တခုနဲ႔တခု ပူးေပါင္းၿပီး ေျခကုပ္ယူထားပံုရတယ္လို႔ KNU ဘက္ကေျပာပါတယ္။

ေကအန္ယူတပ္မဟာ ၅ ဟာ မတ္လ ၂၇ ရက္ေန႔ကလည္း စစ္တပ္စခန္းတခုျဖစ္တဲ့ သီးမူးထာစခန္းကို သိမ္းပိုက္ခဲ့ပါေသးတယ္။ အခ်ိန္ ၁ လအၾကာ ဒီေန႔မွာ ေနာက္ထပ္ စခန္းတခုျဖစ္တဲ့ မယ္ရထာစခန္းကို သိမ္းပိုက္တာျဖစ္ပါတယ္။ တပ္မဟာ ၅ တပ္ေတြနဲ႔ ဖာပြန္ၿမိဳ႕ အနီးတ၀ို္က္မွာလည္း စစ္တပ္နဲ႔ တိုက္ပြဲေတြ ေန႔စဥ္လို ဆက္ျဖစ္ေနတယ္လို႔ ဒုဗိုလ္မူးႀကီး ေစာကလယ္ဒိုက ဗီြအိုေအကို ေျပာပါတယ္။

"ပစ္ခတ္မႈအပုိင္းကေတာ့ က်ိဳၾကား၊ ကိ်ဳၾကားရွိတယ္။ တေန႔ကို ဟုိတေနရာ ဒီေနရာေတာ့ ပစ္ၾကတာရွိတယ္။"

စစ္တပ္က အာဏာသိမ္းခ့ဲ့ၿပီးေနာက္ပိုင္း KNU ရဲ႕ တပ္မဟာ အသီသီးနဲ႔ စစ္တပ္ၾကားမွာ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ စစ္တပ္ဘက္ကလည္း ေကအန္ယူတပ္မဟာ ၁၊ တပ္မဟာ ၃ နဲ႔ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမေတြအေပၚ ေလေၾကာင္းကေန တိုက္ခိုက္ ဗံုးႀကဲခဲ့တဲ့အတြက္ အရပ္သား ၂၀ ထက္မနည္း ေသဆံုးခဲ့ၿပီး ကရင္ေဒသခံ ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာမွာ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သံလွင်မြစ်ဘေး မြန်မာစစ်စခန်းတခုကို KNU တပ်မဟာ(၅) သိမ်းပိုက်

ထိုင်း မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ရဲ့ မယ့်ရထာစခန်းကို ကရင်လက်နက်ကိုင် KNU ရဲ့ တပ်မဟာ ၅ က ဒီနေ့ ဧပြီလ ၂၇ ရက် မနက်အစောပိုင်းက သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် နေ့လယ်ပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အပစ်အခတ်တွေရှိ ကေအန်ယူဘက်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက တင်ဆက်ပေးပါမယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် သောလဲထာမှာ အခြေစိုက်ထားတဲ့ န.စ.က စစ်ကောင်စီတပ်တွေရဲ့ စစ်စခန်းတခုကို ကေအန်ယူတပ်ဟာ ၅ တပ်တွေက ဒီနေ့ မနက်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်နဲ့ သံလွင်မြစ်သာခြားတဲ့ မယ်ရထာ စစ်တပ်အခြေစိုက်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မူးကြီး စောကလယ်ဒိုက အခုလိုပြောပြပါတယ်။

"တက်သိမ်းတာတော့ ဟုတ်တာပေါ့နော်။ တဘက်နဲ့ တဘက်ဟိုဘက်က ထိခိုက်ဒဏ်ရာရရှိမှု သေကြေမှု ဘယ်လောက်ထိရှိလဲဆိုတာ မသိရသေးဘူူး။ တက်သိမ်းတာ ဟုတ်တယ်။ စခန်းလည်း မီးရှိှု့ပစ်လိုက်တယ်။ အခုလည်း အနီးအနားမှာ ရှင်းနေတုန်းပဲ။ အဲဒီဂွင်က တဘက်က မဲ့စံလက်ကိုလို့ခေါ်တယ်။ တဘက်ကတော့ ကရင်အခေါ်ကတော့ မယ့်ရထာစခန်းလို့ခေါ်တယ်။ ထိုင်းဘက်ကိုတော့ သူတို့မပြေးဘူး။ မြစ်ကခံနေလို့ ပြေးဖို့အတွက် မလွယ်ဘူးဖြစ်နေတယ်။ သူတို့က နီးစပ်ရာစခန်းကိုပဲ ဝင်ဖို့ ကြိုးစားနေတယ်။ သူတို့အထက်မနီးမဝေးမှာ စခန်းတခု ရှိတာပေါ့နော်။ အူးသူထလို့ ခေါ်တယ်။ အဲဒီစခန်းကို ဝင်မယ်လို့ ကျနော်တို့က ယူဆရတာပေါ့နော်။"

မြန်မာဘက်အခြမ်း သံလွင်မြစ်ကမ်းတလေ ျှာက် ကေအန်ယူတပ်မဟာ ၅ နဲ့ မဝေးလှတဲ့နေရာတွေမှ စစ်တပ်အခြေစိုက် စခန်း ၆ ခုထက် မနည်းကျန်သေးတယ်လို့လည်း ပြောပါတယ်။ တချို့ စစ်စခန်းတွေ တခုနဲ့တခု ပူးပေါင်းပြီး ခြေကုပ်ယူထားပုံရတယ်လို့ KNU ဘက်ကပြောပါတယ်။

ကေအန်ယူတပ်မဟာ ၅ ဟာ မတ်လ ၂၇ ရက်နေ့ကလည်း စစ်တပ်စခန်းတခုဖြစ်တဲ့ သီးမူးထာစခန်းကို သိမ်းပိုက်ခဲ့ပါသေးတယ်။ အချိန် ၁ လအကြာ ဒီနေ့မှာ နောက်ထပ် စခန်းတခုဖြစ်တဲ့ မယ်ရထာစခန်းကို သိမ်းပိုက်တာဖြစ်ပါတယ်။ တပ်မဟာ ၅ တပ်တွေနဲ့ ဖာပွန်မြို့ အနီးတဝိုက်မှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်လို ဆက်ဖြစ်နေတယ်လို့ ဒုဗိုလ်မူးကြီး စောကလယ်ဒိုက ဗွီအိုအေကို ပြောပါတယ်။

"ပစ်ခတ်မှုအပိုင်းကတော့ ကျိုကြား၊ ကျိုကြားရှိတယ်။ တနေ့ကို ဟိုတနေရာ ဒီနေရာတော့ ပစ်ကြတာရှိတယ်။"

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း KNU ရဲ့ တပ်မဟာ အသီသီးနဲ့ စစ်တပ်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်တပ်ဘက်ကလည်း ကေအန်ယူတပ်မဟာ ၁၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွေအပေါ် လေကြောင်းကနေ တိုက်ခိုက် ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ကရင်ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG