သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း စစ္တပ္ရိကၡာပို႔ကားတန္းေတြ KNU တိုက္ခိုက္


Karen National Union (KNU) soldiers stand guard with their assault weapons at Oo Kray Kee village in Karen State near Thai-Myanmar border on January 30, 2012. The Karen National Union (KNU) is waging the world's longest-running insurgency, launched 63 yea

{{Zawgyi/Unicode}}

ကရင္ျပည္နယ္ထဲမွာ စစ္တပ္နဲ႔ KNU ကရင္အစည္းအ႐ံုးတပ္ေတြ တိုက္ပြဲဆက္ျဖစ္ေနတာမွာ စစ္တပ္ရိကၡာပို႔ ကားတန္းေတြကို KNU ဖက္ကတိုက္ခိုက္ခဲ့ပါတယ္။ ဒီအေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႕ထားပါတယ္။

စစ္ေရးပဋိပကၡတင္းမာေနတဲ့ ကရင္ျပည္နယ္ဖာပြန္ၿမိဳ႕နယ္ထဲမွာ ျမန္မာစစ္တပ္ရဲ႕ရိကၡာေထာက္ပို႕ကားေတြနဲ႕ တပ္စခန္းေတြကို ကရင္အမ်ိဳးသားအစည္းအရံုး KNU လက္ေအာက္ခံ တပ္မဟာ ၅ တပ္ဖြဲ႕ေတြကေန ပစ္ခတ္တိုက္ခိုက္တာပါ။ ျမန္မာစစ္တပ္ရဲ႕ရိကၡာတင္ပို႕တဲ့ ကားတန္းေတြကို ကမာ့ေမာင္းၿမိဳ႕နဲ႕ ကတိုင္တိရြာအၾကားမွာ KNU ဘက္က မေန႔က တိုက္ခိုက္ခဲ့တယ္လို႕ ကတိုင္တိ ရြာ ေဒသခံတစ္ဦးကေျပာပါတယ္။

“၁၄ ရက္ေန႕ ၁၂ နာရီေနာက္ပိုင္းေပါ့။ ကမာ့ေမာင္း ကတိုင္တိ မိုင္တိုင္ ၅၀ ေလာက္မွာ တိုက္ခိုက္မွဳျဖစ္ပြါးတယ္။ အဲဒီမွာရိကၡာပို႕ကား ၂ စီးကေတာ့ မီးေလာင္ပ်က္စီးသြားတာေပါ့ေနာ္။ ရိကၡာပို႕ကား။ လက္နက္ႀကီးမွန္တာ။ အဲဒီမွာ က်ဆုံးသြားတာကေတာ့ တပ္မေတာ္ဘက္က က်ဆုံးတာ ၆ ဦး။ ဒဏ္ရာရတာ ၇ ဦးေပါ့ေနာ္။”

ဒီ ထိခိုက္ ေသဆံုးတဲ့ အေရအတြက္နဲ႔ပတ္သက္လို႔ ဗီြအိုေအက သီးျခားအတည္မျပဳႏုိင္ပါဘူး။
တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းကေတာ့ ခရီးလြန္ေနတာေၾကာင့္ တိုက္ပြဲအေျခအေန မသိရေသးဘူးလို႕ေျပာပါတယ္။
ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျမန္မာစစ္ယဥ္တန္းေတြ မေန႔က တိုက္ခံရေၾကာင္း JMC-S ျပည္နယ္အဆင့္ ပစ္ခတ္ တိုက္ခိုက္မွဳ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မီတီ၀င္ ေနာ္ေမလာထူးက ေျပာပါတယ္။

“အခုဒီယာဥ္တန္းေတြက်ေတာ့ သူတို႕ရိကၡာပို႕ဖို႕ဆိုတာ ဒီကေနလာဖို႕လည္းမလြယ္ကူဘူး။ မေန႕ကက်ေတာ့မွ ကတိုင္တိမွာလည္း ပစ္ခံထိတယ္။ ေ၀ွဆန္မွာလည္း ပစ္ခံထိတယ္။”

ဧၿပီ ၁၄ ရက္ညပိုင္းမွာ ဖာပြန္ျမိဳ႕အနားက စစ္ဗ်ဴဟာကုန္းတစ္ခုကို KNU ဘက္ကတိုက္ခိုက္ခဲ့အျပီး အျပန္လွန္ပစ္ခတ္မွဳရွိလို႕ ရြာသားတခ်ိဳ႕တိမ္းေရွာင္ေနရတယ္လို႕လည္း ေနာ္ေမလာထူးက ေျပာပါတယ္။

“ရွမ္းကိုင္းက်ေတာ့အခုဗ်ဴဟာတပ္ရွိတဲ့ေနရာေပါ့ေနာ္။ ဗ်ဴဟာရဲ႕အေရွ႕မွာေပါ့။ ဖာပြန္ၿမိဳ႕နဲ႕တဆက္ထဲပဲ။ မေန႕ညက ၈ နာရီ ၁၃ မိနစ္ေလာက္။ လက္နက္ႀကီးေတြက်တယ္။ မေန႕ကမွ ကြက္သစ္မွာဆိုရင္ နည္းနည္း စစ္ေဘးေရွာင္အဖြဲ႕ေတြရွိတယ္။ ရပ္ကြက္ ၄ ဆရာေတာ္ဘက္ပိုင္းမွာေတာ့ ပုန္းေအာင္းေနတယ္သူတို႕။”

မေန႕က ပစ္ခတ္တိုက္ခိုက္မွဳေၾကာင့္ ဖာပြန္ၿမိဳ႕နဲ႕ၿမိဳင္ႀကီးငူေဒသဘက္ကို ရြာသားတခ်ိဳ႕ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႕လည္း သူက ေျပာပါတယ္။

KNU က မူေၾတာ္ခရိုင္လုိ႔ေခၚတဲ့ ဖာပြန္ခ႐ိုင္ လူေသာ၊ ဒြယ္လိုး၊ ဘူးသို၊ ၿမိဳ႕နယ္ သံုးခုအတြင္းမွာလည္း ျမန္မာစစ္တပ္ရဲ႕ ရိကၡာေထာက္ပို႕လမ္းေၾကာင္းေတြကို KNU တပ္ေတြက ၾကားျဖတ္ပိတ္ဆို႔ တိုက္ခိုက္ေနတာေတြလည္း႐ွိပါတယ္။ လက္ရွိ စစ္ေရးတင္းမာေနတဲ့ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္ထားတဲ့ ဖာပြန္ခရိုင္ဘက္ကို ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ဖက္ကေနတဆင့္ ျမန္မာတပ္မေတာ္က ရိကၡာနဲ႕စစ္အင္အားပို႕ေဆာင္ေနတာမွာ KNU တပ္မဟာ ၃ အဖြဲ႕ေတြနဲ႕လည္း ပစ္ခတ္တိုက္ခိုက္မွဳေတြရွိေနတယ္လို႕ KNU တပ္မဟာ ၃ အဖြဲ႕၀င္တဦးကေျပာပါတယ္။

“ဟိုမေန႕ကဆိုရင္ စစ္ကားေတြ လားေတြ ျမင္းရယ္ ဒီလိုတက္ေနၾကတယ္။ မူသဲဘက္ တပ္မဟာ ၅ ဘက္ကို သူတို႕သြားေနၾကတယ္။ ကားအစီး ၃၂ စီးေလာက္ရွိတယ္။ ရိကၡာေတြလည္း သူတို႕သြားေနၾကတယ္။ ၿပီးေတာ့တပ္အင္အားေတြလဲ ကား ၁၆ စီးေလာက္ သူတို႕တက္တယ္။ ေက်ာက္ႀကီးဘက္မွ၊ာ ၾကားမွာေတာ့ ပစ္ခတ္မွဳေတာ့ရွိတာေပါ့။ သူတို႕အင္အား အလုံးအရင္းနဲ႕တက္လာတယ္ဆိုေတာ့လည္း ေက်ာက္ႀကီး မူသဲလမ္းပါတ္၀န္းက်င္မွာျဖစ္တာေပါ့ ပစ္ခတ္မွဳေတြ။”

အခုလို တပ္မေတာ္ ေထာက္ပို႔စစ္ေၾကာင္းေတြကို KNU ကတိုက္ခိုက္တယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ေကအန္ယူ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ထဲမွာသာမက တပ္မဟာ ၁ ထိန္းခ်ဳပ္တဲ့ သထုံခရိုင္၊ တပ္မဟာ ၃ ထိန္းခ်ဳပ္တဲ့ ေညာင္ေလးပင္ခရိုင္၊ တပ္မဟာ ၄ ထိန္းခ်ဳပ္တဲ့ ထား၀ယ္ခရို္င္၊ တပ္မဟာ ၆ ထိန္းခ်ဳပ္တဲ့ ဒူးပလာယားခရိုင္ေတြဖက္မွာလည္း စစ္တပ္နဲ႔ တိုက္ပြဲေတြ ႀကိဳၾကား ႀကိဳၾကားျဖစ္ေနပါတယ္။

ဖာပြန္ခ႐ိုင္ဖက္မွာ KNUနဲ႕ နစက စစ္ေကာင္စီတပ္တို႕ စစ္ေရးတင္းမာမွဳေၾကာင့္ ထိုင္းနယ္စပ္ဖက္ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရတ့ဲ ျပည္တြင္းဒုကၡသည္ ေသာင္းနဲ႔ခ်ီ ႐ွိေနပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကရင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ KNU ကရင်အစည်းအရုံးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတာမှာ စစ်တပ်ရိက္ခာပို့ ကားတန်းတွေကို KNU ဖက်ကတိုက်ခိုက်ခဲ့ပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ကရင်ပြည်နယ်ဖာပွန်မြို့နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ရိက္ခာထောက်ပို့ကားတွေနဲ့ တပ်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ ၅ တပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်တာပါ။ မြန်မာစစ်တပ်ရဲ့ရိက္ခာတင်ပို့တဲ့ ကားတန်းတွေကို ကမာ့မောင်းမြို့နဲ့ ကတိုင်တိရွာအကြားမှာ KNU ဘက်က မနေ့က တိုက်ခိုက်ခဲ့တယ်လို့ ကတိုင်တိ ရွာ ဒေသခံတစ်ဦးကပြောပါတယ်။

“၁၄ ရက်နေ့ ၁၂ နာရီနောက်ပိုင်းပေါ့။ ကမာ့မောင်း ကတိုင်တိ မိုင်တိုင် ၅၀ လောက်မှာ တိုက်ခိုက်မှုဖြစ်ပွါးတယ်။ အဲဒီမှာရိက္ခာပို့ကား ၂ စီးကတော့ မီးလောင်ပျက်စီးသွားတာပေါ့နော်။ ရိက္ခာပို့ကား။ လက်နက်ကြီးမှန်တာ။ အဲဒီမှာ ကျဆုံးသွားတာကတော့ တပ်မတော်ဘက်က ကျဆုံးတာ ၆ ဦး။ ဒဏ်ရာရတာ ၇ ဦးပေါ့နော်။”

ဒီ ထိခိုက် သေဆုံးတဲ့ အရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။
တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းကတော့ ခရီးလွန်နေတာကြောင့် တိုက်ပွဲအခြေအနေ မသိရသေးဘူးလို့ပြောပါတယ်။
နေရာတော်တော်များများမှာ မြန်မာစစ်ယဉ်တန်းတွေ မနေ့က တိုက်ခံရကြောင်း JMC-S ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ပူးတွဲစောင့် ကြည့်ရေးကော်မီတီဝင် နော်မေလာထူးက ပြောပါတယ်။

“အခုဒီယာဉ်တန်းတွေကျတော့ သူတို့ရိက္ခာပို့ဖို့ဆိုတာ ဒီကနေလာဖို့လည်းမလွယ်ကူဘူး။ မနေ့ကကျတော့မှ ကတိုင်တိမှာလည်း ပစ်ခံထိတယ်။ ဝှေဆန်မှာလည်း ပစ်ခံထိတယ်။”

ဧပြီ ၁၄ ရက်ညပိုင်းမှာ ဖာပွန်မြို့အနားက စစ်ဗျူဟာကုန်းတစ်ခုကို KNU ဘက်ကတိုက်ခိုက်ခဲ့အပြီး အပြန်လှန်ပစ်ခတ်မှုရှိလို့ ရွာသားတချို့တိမ်းရှောင်နေရတယ်လို့လည်း နော်မေလာထူးက ပြောပါတယ်။

“ရှမ်းကိုင်းကျတော့အခုဗျူဟာတပ်ရှိတဲ့နေရာပေါ့နော်။ ဗျူဟာရဲ့အရှေ့မှာပေါ့။ ဖာပွန်မြို့နဲ့တဆက်ထဲပဲ။ မနေ့ညက ၈ နာရီ ၁၃ မိနစ်လောက်။ လက်နက်ကြီးတွေကျတယ်။ မနေ့ကမှ ကွက်သစ်မှာဆိုရင် နည်းနည်း စစ်ဘေးရှောင်အဖွဲ့တွေရှိတယ်။ ရပ်ကွက် ၄ ဆရာတော်ဘက်ပိုင်းမှာတော့ ပုန်းအောင်းနေတယ်သူတို့။”

မနေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖာပွန်မြို့နဲ့မြိုင်ကြီးငူဒေသဘက်ကို ရွာသားတချို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း သူက ပြောပါတယ်။

KNU က မူတြော်ခရိုင်လို့ခေါ်တဲ့ ဖာပွန်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို၊ မြို့နယ် သုံးခုအတွင်းမှာလည်း မြန်မာစစ်တပ်ရဲ့ ရိက္ခာထောက်ပို့လမ်းကြောင်းတွေကို KNU တပ်တွေက ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်နေတာတွေလည်းရှိပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတဲ့ KNU တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်ခရိုင်ဘက်ကို ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ဖက်ကနေတဆင့် မြန်မာတပ်မတော်က ရိက္ခာနဲ့စစ်အင်အားပို့ဆောင်နေတာမှာ KNU တပ်မဟာ ၃ အဖွဲ့တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ KNU တပ်မဟာ ၃ အဖွဲ့ဝင်တဦးကပြောပါတယ်။

“ဟိုမနေ့ကဆိုရင် စစ်ကားတွေ လားတွေ မြင်းရယ် ဒီလိုတက်နေကြတယ်။ မူသဲဘက် တပ်မဟာ ၅ ဘက်ကို သူတို့သွားနေကြတယ်။ ကားအစီး ၃၂ စီးလောက်ရှိတယ်။ ရိက္ခာတွေလည်း သူတို့သွားနေကြတယ်။ ပြီးတော့တပ်အင်အားတွေလဲ ကား ၁၆ စီးလောက် သူတို့တက်တယ်။ ကျောက်ကြီးဘက်မှ၊ာ ကြားမှာတော့ ပစ်ခတ်မှုတော့ရှိတာပေါ့။ သူတို့အင်အား အလုံးအရင်းနဲ့တက်လာတယ်ဆိုတော့လည်း ကျောက်ကြီး မူသဲလမ်းပါတ်ဝန်းကျင်မှာဖြစ်တာပေါ့ ပစ်ခတ်မှုတွေ။”

အခုလို တပ်မတော် ထောက်ပို့စစ်ကြောင်းတွေကို KNU ကတိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်ထဲမှာသာမက တပ်မဟာ ၁ ထိန်းချုပ်တဲ့ သထုံခရိုင်၊ တပ်မဟာ ၃ ထိန်းချုပ်တဲ့ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ထိန်းချုပ်တဲ့ ထားဝယ်ခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်တဲ့ ဒူးပလာယားခရိုင်တွေဖက်မှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်နေပါတယ်။

ဖာပွန်ခရိုင်ဖက်မှာ KNUနဲ့ နစက စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုကြောင့် ထိုင်းနယ်စပ်ဖက် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်းဒုက္ခသည် သောင်းနဲ့ချီ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG