သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ိဳက္ေကာ္ဆႏၵျပသူေတြကို ၿဖိဳခြဲမယ့္ စစ္ေကာင္စီတပ္ KNU တိုက္ခိုက္


ကရင္လက္နက္ကိုင္ KNU တပ္ဖြဲ႕

ZAWGYI/UNICODE

မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ဘက္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုေထာက္ခံေၾကာင္း ခ်ီတက္ဆႏၵျပၾကသူေတြကို ၿဖိဳခြဲဖို႔လာတယ္လို႔ ယူဆရတဲ့ တပ္ေတြနဲ႔ KNU ရဲ႕ သထုံခ႐ိုင္တပ္ဖြဲ႕ေတြနဲ႔ ဒီမနက္မွာ အျပန္အလွန္ပစ္ခတ္လို႔ စစ္တပ္ဘက္က ၃ ေယာက္ေသဆုံးတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီတိုက္ပြဲေၾကာင့္ ဘီးလင္းၿမိဳ႕နဲ႔ သထုံၿမိဳ႕ၾကား ေမာ္လၿမိဳင္-ရန္ကုန္ အေဝးေျပးလမ္းမွာ အသြားအလာ ယာယီ ရပ္သြားခဲ့ပါတယ္။ ဒီအေၾကာင္းဗြီအိုေအသတင္းေထာက္ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ သုဝဏၰဝတီၿမိဳ႕လို႔ေခၚတဲ့ က်ိဳက္ေကာ္အဝင္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ေထာက္ခံပြဲ ခ်ီတက္လာတဲ့သပိတ္ကို စစ္ေကာင္စီတပ္ေတြက ၿဖိဳခြဲဖို႔လာစဥ္မွာ သထုံခ႐ိုင္ထဲမွာရွိတဲ့ ကရင္လက္နက္ကိုင္ KNU တပ္ဖြဲ႕က တားဆီးပစ္ခတ္ခဲ့ရာက အျပန္အလွန္ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ပစ္ခတ္မႈေတြအတြင္း စစ္တပ္ဖက္က ၃ ေယာက္ေသဆုံးတယ္လို႔ ေဒသခံ တေယာက္က ေျပာျပပါတယ္။

"အဲဒီ ပန္းတိမ္႐ိုးဘက္မွာ ဒီမနက္ အဲဒီ NUG ေထာက္ခံပြဲရွိေတာ့ အဲဒီသတင္းၾကားေတာ့ သထုံက စစ္ကား သုံးစီး ဆင္းလာတယ္တဲ့။ လာေတာ့ အေကာင္းႀကိဳက္ေရွ႕မွာ KNU ဘက္ကေကာ္ဖီေသာက္ေနတယ္။ ေသာက္ေနရင္း ေသနတ္တခ်က္ ေဖာက္လိုက္တယ္။ ဟိုကလဲမဆင္းဘူးေပါ့။ သူတို႔ဆက္သြားေတာ့ အတြဲလိုက္အျဖဳတ္လိုက္ အဲဒီမွာပဲ ပြဲခ်င္းၿပီး သုံးေယာက္ေသတယ္။ စစ္တပ္ဘက္ကျပန္ပစ္တာလားမသိဘူး။ ႐ြာသားတေယာက္ပဲ ဆိုင္ကယ္ေမာင္းတဲ့ေကာင္ေလး ပစ္လိုက္တယ္ ေပါင္ထိသြားတယ္ဆိုလား။"

ဒီမနက္ တိုက္ပြဲျဖစ္ပြါးတဲ့အေျခအေနနဲ႔ပက္သက္လို႔ KNU သထုံခ႐ိုင္အတြင္းေရးမႉး ပဒိုေစာစိုးျမင့္က အခုလိုေျပာပါတယ္။

"ေဒသခံျပည္သူေတြက NUG ရဲ႕ေထာက္ခံပြဲလုပ္တယ္ေလ။ အင္အား ၁,၀၀၀ ေလာက္ေတာ့ရွိမွာေပါ့ေနာ္။ အဲဒီမွာ က်ေနာ္တို႔ေျပာေတာ့ ျပည္သူလူထုဆႏၵျပလို႔ရွိရင္ သြားမေႏွာင့္ယွက္နဲ႔ေပါ့ေနာ္။ သူတို႔တနာရီေလာက္ပဲ အခ်ိန္ယူၿပီး သူတို႔လုပ္မွာေပါ့ေနာ္။ တကယ္လို႔ေႏွာင့္ယွက္လာလို႔ရွိရင္ေတာ့ က်ေနာ္တို႔အဖြဲ႕အေနနဲ႔လည္း ျပည္သူဘက္က ရပ္တည္ ေပးရတာေပါ့ေနာ္။ တိုက္ပြဲျဖစ္တာေတာ့ ဒီ ေနာင္ဘိုနဲ႔က်ိဳက္ေကာ္ၾကားမွာလို႔ က်ေနာ္ၾကားတယ္။ အေကာင္းႀကိဳက္ထမင္းဆိုင္တဆိုင္ရွိတယ္ အဲဒီမွာ။ အဲဒီအနားဝန္းက်င္မွာ တိုက္ပြဲျဖစ္တယ္လို႔က်ေနာ္ၾကားရတယ္။"

တိုက္ပြဲျဖစ္ပြါးအၿပီး KNU တပ္မဟာ (၁) ဗ ်ဴဟာကုန္းရွိတဲ့ ဘီးလင္းၿမိဳ႕နယ္အစပ္ ေ႐ြေရာင္ျပေက်း႐ြာဘက္ကို စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ အနီးနား႐ြာသားတခ်ိဳ႕ေသဆုံးဒဏ္ရာရရွိခဲ့တယ္လိုလည္း သထုံခ႐ိုင္အတြင္းေရးမႉး ပဒိုေစာစိုးျမင့္ ကေျပာပါတယ္။

"သူတို႔လက္နက္ႀကီးေတြနဲ႔ပစ္တာရွိတယ္။ အခုပိႏၷဲေတာစခန္းကေန လက္နက္ႀကီးေတြပစ္တယ္။ အဲဒီက်ေနာ္တို႔ ေက်ာက္ေတာင္႐ြာသစ္မွာ တလုံးက်တယ္။ အင္း႐ြာမွာ ႏွစ္လုံးက်တယ္။ အဲဒီမရမ္းကုန္း႐ြာဘက္က လက္နက္ႀကီး က်တယ္ တေယာက္ေသတယ္ တေယာက္ဒဏ္ရာရတယ္။"

KNU တပ္ဖြဲ႕ေတြရွိရာဘက္ကို ျမန္မာစစ္တပ္ကေန ညေနပိုင္းအထိ ပစ္ခတ္ေနတယ္လို႔ သထုံၿမိဳ႕ခံတဦးက ေျပာျပပါတယ္။

"ေနာက္ပိုင္းမွာ လုံၿခဳံေရးေတြ ဆက္ခ်ေပးၿပီးေတာ့ ႐ြာေတြထဲကိုဝင္ေမႊတယ္။ ၿပီးရင္ေတာ့လက္နက္ႀကီးေတြနဲ႔ ေတာင္ ပစ္ေျမာက္ပစ္ ပစ္တယ္။ KNU တပ္မဟာ (၁ ) ဗ်ဴဟာကုန္းကို ရည္႐ြယ္ၿပီးလွမ္းပစ္တယ္။ ႐ြာေတြထဲကိုက်တယ္။ သုံး ေလးလုံးက်တယ္။ ဘီးလင္းဘက္ကေနပစ္လာတာ။"

ေကအန္ယူနဲ႔ တိုက္ပြဲျဖစ္ပြားတဲ့အတြက္ စစ္ေကာင္စီတပ္ေတြ အင္အားျဖည့္ဖို႔ သထုံၿမိဳ႕ဘက္ကေန လာၾကတဲ့အတြက္ ႐ြာေတြအတြင္း ဝင္ေရာက္လာမွာကိုလည္း ေဒသခံ ေတြ စိုးရိမ္ေနၾကပါတယ္။ ျမန္မာ စစ္တပ္နဲ႔ KNU ထိေတြ႕တိုက္ပြဲျဖစ္ပြားေနတဲ့အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီျပန္ၾကားေရး တာဝန္ရွိသူကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ဒီေန႔ ဧၿပီလ ၂၃ ရက္ေန႔ မနက္ပိုင္းကတည္းက စစ္တပ္နဲ႔ KNU တပ္ေတြ သထုံၿမိဳ႕နယ္ထဲမွာ တိုက္ပြဲျဖစ္ခဲ့ၿပီးတဲ့ေနာက္ ရန္ကုန္ ေမာ္လၿမိဳင္ အေဝးေျပးလမ္းမႀကီးေပၚက သထုံနဲ႔ ဘီလင္းၾကား ကားလမ္းေပၚမွာ အသြားအလာ ရပ္တံ့သြားတယ္လို႔ သုဝဏၰဝတီၿမိဳ႕ခံတဦး က ေျပာပါတယ္။ "

"ကားေတြ မနက္ကျဖစ္ျဖစ္ခ်င္းေတာ့ ပိတ္ထားတယ္။ ပိတ္ေတာ့အခုျပန္သြားၿပီ။ ခုနတခ်က္က ပန္းတိမ္႐ိုးမွာ အသံၾကားလို႔ ကားတန္းျပန္ပိတ္တယ္။ ပန္းတိမ္႐ိုးနဲ႔ေနာင္ဘိုၾကားမွာ လမ္းပိတ္ထားတယ္။"

ညေနပိုင္းအထိေတာ့ ပစ္သံၾကားေနဆဲအေျခအေနမို႔က ားလမ္းမပြင့္ေသးဘူးလို႔သထုံၿမိဳ႕ခံေတြကေျပာပါတယ္။ လက္ရွိ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU လက္ေအာက္ခံတပ္ေတြထဲက ဖာပြန္ခ႐ိုင္မွာရွိတဲ့ တပ္မဟာ (၅) နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြါးေနသလို သထုံခ႐ိုင္ထဲမွာရွိတဲ့ တပ္မဟာ (၁)၊ ထားဝယ္ခ႐ိုင္ထဲမွာရွိတဲ့ တပ္မဟာ (၄)၊ ဒူပလာယားခ႐ိုင္ တပ္မဟာ (၆) တို႔နဲ႔ ရံဖန္ရံခါတိုက္ပြဲျဖစ္ပြါးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

မွန်ပြည်နယ် သထုံမြို့နယ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း ချီတက်ဆန္ဒပြကြသူတွေကို ဖြိုခွဲဖို့လာတယ်လို့ ယူဆရတဲ့ တပ်တွေနဲ့ KNU ရဲ့ သထုံခရိုင်တပ်ဖွဲ့တွေနဲ့ ဒီမနက်မှာ အပြန်အလှန်ပစ်ခတ်လို့ စစ်တပ်ဘက်က ၃ ယောက်သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ပွဲကြောင့် ဘီးလင်းမြို့နဲ့ သထုံမြို့ကြား မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမှာ အသွားအလာ ယာယီ ရပ်သွားခဲ့ပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့လို့ခေါ်တဲ့ ကျိုက်ကော်အဝင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထောက်ခံပွဲ ချီတက်လာတဲ့သပိတ်ကို စစ်ကောင်စီတပ်တွေက ဖြိုခွဲဖို့လာစဉ်မှာ သထုံခရိုင်ထဲမှာရှိတဲ့ ကရင်လက်နက်ကိုင် KNU တပ်ဖွဲ့က တားဆီးပစ်ခတ်ခဲ့ရာက အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်း စစ်တပ်ဖက်က ၃ ယောက်သေဆုံးတယ်လို့ ဒေသခံ တယောက်က ပြောပြပါတယ်။

"အဲဒီ ပန်းတိမ်ရိုးဘက်မှာ ဒီမနက် အဲဒီ NUG ထောက်ခံပွဲရှိတော့ အဲဒီသတင်းကြားတော့ သထုံက စစ်ကား သုံးစီး ဆင်းလာတယ်တဲ့။ လာတော့ အကောင်းကြိုက်ရှေ့မှာ KNU ဘက်ကကော်ဖီသောက်နေတယ်။ သောက်နေရင်း သေနတ်တချက် ဖောက်လိုက်တယ်။ ဟိုကလဲမဆင်းဘူးပေါ့။ သူတို့ဆက်သွားတော့ အတွဲလိုက်အဖြုတ်လိုက် အဲဒီမှာပဲ ပွဲချင်းပြီး သုံးယောက်သေတယ်။ စစ်တပ်ဘက်ကပြန်ပစ်တာလားမသိဘူး။ ရွာသားတယောက်ပဲ ဆိုင်ကယ်မောင်းတဲ့ကောင်လေး ပစ်လိုက်တယ် ပေါင်ထိသွားတယ်ဆိုလား။"

ဒီမနက် တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေနဲ့ပက်သက်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က အခုလိုပြောပါတယ်။

"ဒေသခံပြည်သူတွေက NUG ရဲ့ထောက်ခံပွဲလုပ်တယ်လေ။ အင်အား ၁,၀၀၀ လောက်တော့ရှိမှာပေါ့နော်။ အဲဒီမှာ ကျနော်တို့ပြောတော့ ပြည်သူလူထုဆန္ဒပြလို့ရှိရင် သွားမနှောင့်ယှက်နဲ့ပေါ့နော်။ သူတို့တနာရီလောက်ပဲ အချိန်ယူပြီး သူတို့လုပ်မှာပေါ့နော်။ တကယ်လို့နှောင့်ယှက်လာလို့ရှိရင်တော့ ကျနော်တို့အဖွဲ့အနေနဲ့လည်း ပြည်သူဘက်က ရပ်တည် ပေးရတာပေါ့နော်။ တိုက်ပွဲဖြစ်တာတော့ ဒီ နောင်ဘိုနဲ့ကျိုက်ကော်ကြားမှာလို့ ကျနော်ကြားတယ်။ အကောင်းကြိုက်ထမင်းဆိုင်တဆိုင်ရှိတယ် အဲဒီမှာ။ အဲဒီအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်တယ်လို့ကျနော်ကြားရတယ်။"

တိုက်ပွဲဖြစ်ပွါးအပြီး KNU တပ်မဟာ (၁) ဗ ျူဟာကုန်းရှိတဲ့ ဘီးလင်းမြို့နယ်အစပ် ရွေရောင်ပြကျေးရွာဘက်ကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အနီးနားရွာသားတချို့သေဆုံးဒဏ်ရာရရှိခဲ့တယ်လိုလည်း သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့် ကပြောပါတယ်။

"သူတို့လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။ အခုပိန္နဲတောစခန်းကနေ လက်နက်ကြီးတွေပစ်တယ်။ အဲဒီကျနော်တို့ ကျောက်တောင်ရွာသစ်မှာ တလုံးကျတယ်။ အင်းရွာမှာ နှစ်လုံးကျတယ်။ အဲဒီမရမ်းကုန်းရွာဘက်က လက်နက်ကြီး ကျတယ် တယောက်သေတယ် တယောက်ဒဏ်ရာရတယ်။"

KNU တပ်ဖွဲ့တွေရှိရာဘက်ကို မြန်မာစစ်တပ်ကနေ ညနေပိုင်းအထိ ပစ်ခတ်နေတယ်လို့ သထုံမြို့ခံတဦးက ပြောပြပါတယ်။

"နောက်ပိုင်းမှာ လုံခြုံရေးတွေ ဆက်ချပေးပြီးတော့ ရွာတွေထဲကိုဝင်မွှေတယ်။ ပြီးရင်တော့လက်နက်ကြီးတွေနဲ့ တောင် ပစ်မြောက်ပစ် ပစ်တယ်။ KNU တပ်မဟာ (၁ ) ဗျူဟာကုန်းကို ရည်ရွယ်ပြီးလှမ်းပစ်တယ်။ ရွာတွေထဲကိုကျတယ်။ သုံး လေးလုံးကျတယ်။ ဘီးလင်းဘက်ကနေပစ်လာတာ။"

ကေအန်ယူနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် စစ်ကောင်စီတပ်တွေ အင်အားဖြည့်ဖို့ သထုံမြို့ဘက်ကနေ လာကြတဲ့အတွက် ရွာတွေအတွင်း ဝင်ရောက်လာမှာကိုလည်း ဒေသခံ တွေ စိုးရိမ်နေကြပါတယ်။ မြန်မာ စစ်တပ်နဲ့ KNU ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒီနေ့ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းက စစ်တပ်နဲ့ KNU တပ်တွေ သထုံမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က သထုံနဲ့ ဘီလင်းကြား ကားလမ်းပေါ်မှာ အသွားအလာ ရပ်တံ့သွားတယ်လို့ သုဝဏ္ဏဝတီမြို့ခံတဦး က ပြောပါတယ်။ "

"ကားတွေ မနက်ကဖြစ်ဖြစ်ချင်းတော့ ပိတ်ထားတယ်။ ပိတ်တော့အခုပြန်သွားပြီ။ ခုနတချက်က ပန်းတိမ်ရိုးမှာ အသံကြားလို့ ကားတန်းပြန်ပိတ်တယ်။ ပန်းတိမ်ရိုးနဲ့နောင်ဘိုကြားမှာ လမ်းပိတ်ထားတယ်။"

ညနေပိုင်းအထိတော့ ပစ်သံကြားနေဆဲအခြေအနေမို့က ားလမ်းမပွင့်သေးဘူးလို့သထုံမြို့ခံတွေကပြောပါတယ်။ လက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေထဲက ဖာပွန်ခရိုင်မှာရှိတဲ့ တပ်မဟာ (၅) နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွါးနေသလို သထုံခရိုင်ထဲမှာရှိတဲ့ တပ်မဟာ (၁)၊ ထားဝယ်ခရိုင်ထဲမှာရှိတဲ့ တပ်မဟာ (၄)၊ ဒူပလာယားခရိုင် တပ်မဟာ (၆) တို့နဲ့ ရံဖန်ရံခါတိုက်ပွဲဖြစ်ပွါးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG