(Zawgyi / Unicode)
ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္မွာ ျမန္္မာစစ္တပ္ရဲ႕ မတ္လ ၂၇ ရက္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆံုး ပ်က္စီးမႈေတြနဲ႔ ေတာေတာင္ေတြထဲမွာ အခုခ်ိန္အထိ ေဒသခံေတြ ပုန္းေအာင္းေနရတာကို Free Burma Ranger အဖြဲ႔ ေမလဆန္းက ႐ုိက္ကူးထားတဲ့ ဗီြဒီယိုမွတ္တမ္းကို ေသာၾကာေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။
ဖာပြန္ခ႐ုိင္ ေဒပူႏိုးရြာကို ျမန္မာစစ္တပ္က ၂ ႀကိမ္တိုင္တိုင္ ေလယာဥ္နဲ႔ ဗံုးလာႀကဲခဲ့တဲ့အတြက္ ေသဆံုးသူ ၃ ေယာက္နဲ႔ ဒဏ္ရာရသူ ၈ ေယာက္ရွိတဲ့အျပင္ စာသင္ေက်ာင္းနဲ႔ ေနအိမ္ေတြ ပ်က္စီးခဲ့ရတာကိုေရာ အခုအခ်ိန္ထိ ေတာေတာင္ထဲ ပုန္းေအာင္းေနရတာကို မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။
“၂၀၂၁ ေမလ ၃ ရက္ေန႔မွာ ကရင္ျပည္နယ္ မုေထာၿမိဳ႕နယ္ထဲက ေတာေတာင္ေတြထဲ ေဒသခံ ရြာသားေတြ ပုန္းေအာင္းေနရတယ္။” လို႔ Free Burma Ranger အဖြဲ႔က ေျပာသြားတာပါ။
ထိုင္း-ျမန္မာနယ္စပ္ကေန ၇ မိုင္ေလာက္အကြာမွာ တည္ရွိတဲ့ ေဒပူႏိုးရြာဟာ ယြန္းစလင္းေခ်ာင္းနံေဘးမွာ တည္ရွိၿပီး ေဒသခံ ၅,၀၀၀ ေလာက္ဟာ အခုအခါမွာေတာ့ ေနအိမ္ေတြမွာ မေနရဲဘဲ ဝန္းက်င္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနၾကရတာ ျဖစ္ပါတယ္။
အရင္က တိုက္ပြဲေတြ ခဏခဏႀကံဳရေပမယ့္ ျမန္မာစစ္တပ္က ေလေၾကာင္းနဲ႔ မတိုက္ခိုက္တာ အႏွစ္ ၂၀ ေလာက္ရွိခဲ့ၿပီးမွ အခု ျပန္တိုက္လာတာျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။
ဖာပြန္ခ႐ုိင္ထဲက မယ့္ရထာ ျမန္မာစစ္ေကာင္စီ တပ္စခန္းတခုကို ေကအန္ယူ တပ္မဟာ ၅ က ဧၿပီလ ၂၇ ရက္ေန႔မွာ သိမ္းပိုက္လိုက္တ့ဲ တေန႔တည္းမွာပဲ သံလြင္ျမစ္ကမ္းအနီးက ကရင္ေက်းရြာေတြကို စစ္ေကာင္စီဘက္က ဗံုးႀကဲ တိုက္ခိုက္မႈ လုပ္ခဲ့တယ္လို႔ ေကအန္ယူ တပ္မဟာ ၅ က ဗီြအိုေအကို ေျပာၾကားခဲ့ပါတယ္။
သံလြင္ျမစ္ေၾကာင္းတေလွ်ာက္က ကရင္ေက်းရြာေတြမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြ ရက္ဆက္ျပဳလုပ္ခဲ့တဲ့အတြက္ ေသဆံုးရသူ အနည္းဆံုး ၂၀ ရွိၿပီး ၄၀ ေလာက္ ဒဏ္ရာရခဲ့သလို အိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူက ၃၀,၀၀၀ ေက်ာ္ေနၿပီလို႔ Free Burma Ranger က ေျပာပါတယ္။
---------------------------
(Unicode)
တပ်မတော် လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ထောင်နဲ့ချီ တိမ်းရှောင်နေရ
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ မြန်မာစစ်တပ်ရဲ့ မတ်လ ၂၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပျက်စီးမှုတွေနဲ့ တောတောင်တွေထဲမှာ အခုချိန်အထိ ဒေသခံတွေ ပုန်းအောင်းနေရတာကို Free Burma Ranger အဖွဲ့ မေလဆန်းက ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဖာပွန်ခရိုင် ဒေပူနိုးရွာကို မြန်မာစစ်တပ်က ၂ ကြိမ်တိုင်တိုင် လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တဲ့အတွက် သေဆုံးသူ ၃ ယောက်နဲ့ ဒဏ်ရာရသူ ၈ ယောက်ရှိတဲ့အပြင် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတာကိုရော အခုအချိန်ထိ တောတောင်ထဲ ပုန်းအောင်းနေရတာကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
“၂၀၂၁ မေလ ၃ ရက်နေ့မှာ ကရင်ပြည်နယ် မုထောမြို့နယ်ထဲက တောတောင်တွေထဲ ဒေသခံ ရွာသားတွေ ပုန်းအောင်းနေရတယ်။” လို့ Free Burma Ranger အဖွဲ့က ပြောသွားတာပါ။
ထိုင်း-မြန်မာနယ်စပ်ကနေ ၇ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဒေပူနိုးရွာဟာ ယွန်းစလင်းချောင်းနံဘေးမှာ တည်ရှိပြီး ဒေသခံ ၅,၀၀၀ လောက်ဟာ အခုအခါမှာတော့ နေအိမ်တွေမှာ မနေရဲဘဲ ဝန်းကျင် တောတောင်တွေထဲ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။
အရင်က တိုက်ပွဲတွေ ခဏခဏကြုံရပေမယ့် မြန်မာစစ်တပ်က လေကြောင်းနဲ့ မတိုက်ခိုက်တာ အနှစ် ၂၀ လောက်ရှိခဲ့ပြီးမှ အခု ပြန်တိုက်လာတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖာပွန်ခရိုင်ထဲက မယ့်ရထာ မြန်မာစစ်ကောင်စီ တပ်စခန်းတခုကို ကေအန်ယူ တပ်မဟာ ၅ က ဧပြီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်လိုက်တဲ့ တနေ့တည်းမှာပဲ သံလွင်မြစ်ကမ်းအနီးက ကရင်ကျေးရွာတွေကို စစ်ကောင်စီဘက်က ဗုံးကြဲ တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၅ က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
သံလွင်မြစ်ကြောင်းတလျှောက်က ကရင်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်ပြုလုပ်ခဲ့တဲ့အတွက် သေဆုံးရသူ အနည်းဆုံး ၂၀ ရှိပြီး ၄၀ လောက် ဒဏ်ရာရခဲ့သလို အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက ၃၀,၀၀၀ ကျော်နေပြီလို့ Free Burma Ranger က ပြောပါတယ်။