သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ရန်ကုန်မြို့ ဟိန္ဒူဘုရားကျောင်းရှေ့အနီးမှာ တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တဦး။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]


ဆုတ်ယုတ်ကျဆင်းလာတဲ့ မြန်မာ့အခြေအနေအရပ်ရပ်တွေ ပြောင်းလဲသွားအောင်လုပ်ကိုင်တဲ့ နေရာမှာ စီးပွါးရေးလုပ်ငန်းတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့လည်း လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့က မေလ ၁၂ ရက်နေ့မှာ ကြေငြာချက်ထုတ် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံထဲက စီးပွါးရေးလုပ်ငန်းတွေလည်း စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့စီးပွါးရေးလုပ်ငန်းတွေက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်းအတော်များများကတော့ စစ်တပ်နဲ့ စီးပွါးရေးဆက်လုပ်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

ပြည်သူတွေကို စစ်တပ်က ဖိနှိပ်မှုတွေ တိုးလုပ်နေချိန်မှာ စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှောင်ရှားနိုင်အောင် မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်အောင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ "စီးပွါးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ" နဲ့အညီ လိုက်နာကျင့်ကြံလုပ်ကိုင်ကြပါလို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ကို အထိနာစေမယ့် ငွေကြေးစီးဆင်းမှု ရပ်သွားအောင် စီးပွါးရေုးလုပ်ငန်းရှင်တွေဘက်က ပစ်မှတ်ထားလုပ်ကိုင်သင့်သလို ပြည်သူတွေ ထိခိုက်မှုနည်းအောင်လုပ်ဖို့ လိုတော့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်ပြီး လုပ်ကိုင်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေအနေနဲ့လည်း ၀န်ထမ်းတွေကို အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးကို အားပေးထောက်ခံဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ထုတ်ဖော် ပြောဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။

အရှေ့ တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံထဲက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု မရှိအောင် ၀ိုင်းဝန်းကာကွယ်တဲ့အနေနဲ့ အခိုင်အမာ ပူးပေါင်းလုပ်ကိုင်သင့်တယ်လို့ ကြေငြာချက်မှာ အကြံပြုတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

မြန်မာစစ်တပ်ကို ဖိအားပေးဖို့ စီးပွားရေးလုပ်ငန်းတွေကို ကုလလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ စီးပွါးရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင်ဖိအားပေးကြဖို့ ကုလသမဂ္ဂက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

ဆုတ်ယုတ်ကျဆင်းလာတဲ့ မြန်မာ့အခြေအနေအရပ်ရပ်တွေ ပြောင်းလဲသွားအောင်လုပ်ကိုင်တဲ့ နေရာမှာ စီးပါွးရေးလုပ်ငန်းတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့လည်း လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့က မေလ ၁၂ ရက်နေ့မှာ ကြေငြာချက်ထုတ် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံထဲက စီးပါွးရေးလုပ်ငန်းတွေလည်း စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့စီးပါွးရေးလုပ်ငန်းတွေက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်းအတော်များများကတော့ စစ်တပ်နဲ့ စီးပါွးရေးဆက်လုပ်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

ပြည်သူတွေကို စစ်တပ်က ဖိနှိပ်မှုတွေ တိုးလုပ်နေချိန်မှာ စီးပါွးရေးလုပ်ငန်းရှင်တွေအနေနဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှောင်ရှားနိုင်အောင် မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်အောင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ "စီးပါွးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ" နဲ့အညီ လိုက်နာကျင့်ကြံလုပ်ကိုင်ကြပါလို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ကို အထိနာစေမယ့် ငွေကြေးစီးဆင်းမှု ရပ်သွားအောင် စီးပါွးရေးုလုပ်ငန်းရှင်တွေဘက်က ပစ်မှတ်ထားလုပ်ကိုင်သင့်သလို ပြည်သူတွေ ထိခိုက်မှုနည်းအောင်လုပ်ဖို့ လိုတော့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်ပြီး လုပ်ကိုင်နေတဲ့ စီးပါွးရေးလုပ်ငန်းတွေအနေနဲ့လည်း ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးကို အားပေးထောက်ခံဖု့ိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ထုတ်ဖော် ပြောဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံထဲက သူတို့ရဲ့စီးပါွးရေးလုပ်ငန်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု မရှိအောင် ဝိုင်းဝန်းကာကွယ်တဲ့အနေနဲ့ အခိုင်အမာ ပူးပေါင်းလုပ်ကိုင်သင့်တယ်လို့ ကြေငြာချက်မှာ အကြံပြုတိုက်တွန်းထားပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG