သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းရက္ ၁၀ဝ ျပည့္ အမ်ားျပည္သူေဘးကင္း လုံၿခဳံမႈ


ေမလ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ထဲတေနရာမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ေမ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာ ဒီကေန႔ ရက္ ၁၀၀ ျပည့္ပါၿပီ။ ရက္ ၁၀၀ အတြင္း အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ကန႔္ကြက္မႈေတြ နည္းမ်ိဳးစုံနဲ႔ ရွိေနသလို စစ္ေကာင္စီဘက္ကလည္း ႏွိမ္နင္းဖိႏွိပ္ေနပါတယ္။ စစ္ေကာင္စီအုပ္ခ်ဳပ္ေနတဲ့ ရက္ ၁၀၀ အတြင္း လုံၿခဳံေဘးကင္းမႈနဲ႔ ပတ္သက္လို႔ ျပည္သူေတြ ဘယ္လို ခံစားေနၾကရသလဲဆိုတာ ရန္ကုန္က လာတဲ့သတင္းကို မခင္ျဖဴေထြး ကတင္ျပပါတယ္။

ေ႐ြးေကာက္ပြဲမွာ မဲစာရင္းကြာဟတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စၿပီး တပ္မေတာ္က အရပ္သားအစိုးရဆီကေန အာဏာသိမ္းလိုက္တာ ဒီကေန႔ ရက္ ၁၀၀ ျပည့္ၿပီျဖစ္ပါတယ္။ ရက္ ၁၀၀ အတြင္း အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ရပ္မသြားသလို စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ လုံၿခဳံေရးအဖြဲ႕ေတြရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈ ပုံစံမ်ိဳးစုံေတြကိုလည္း ျမန္မာျပည္တြင္းမွာသာမက ကမာၻကပါ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ ျပည္သူေတြကို အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ႏိုင္ဖို႔ နည္းမ်ိဳးစုံသုံး ႏွိပ္ကြပ္မႈၾကားမြာ ရက္ ၁၀၀ ကို ျဖတ္ေက်ာ္ခဲ့ရသလို ဘဝလုံၿခဳံမႈပါ မရွိသလို ခံစားေနရတယ္လို႔ အမည္မေဖာ္လိုတဲ့ ျပည္သူတေယာက္က ေျပာပါတယ္။

"က်ေနာ္တို႔ ျပည္သူလူထုဟာ ဘယ္လိုမွ လုံၿခဳံမႈမရွိသလို ခံစားၾကရတယ္။ စၿပီးေတာ့မွ အာဏာသိမ္းၿပီဆိုကတည္းကကိုက အၾကမ္းဖက္ဖမ္းဆီးမႈေတြနဲ႔ အရင္ စခဲ့တယ္။ ကိုယ့္ရပ္ကြက္မွာ၊ ကိုယ့္ၿမိဳ႕နယ္၊ ကိုယ့္ေက်းရြာမွာ ဘယ္ခ်ိန္မွာ ဝင္ၿပီေတာ့မွ ဖမ္းဆီးမလဲ။ ဘယ္လိုအၾကမ္းဖက္မလဲဆိုတာမ်ိဳးေတြနဲ႔ စိုးရိမ္ပူပန္မႈေတြနဲ႔ က်ေနာ္တို႔ ၾကံဳၾကရတယ္။ အဆိုးရြားဆံုး က်ေနာ္တို႔ ၾကံဳေတြ႔ၾကရတယ္။ ရပ္ကြက္ေတြတြင္းမွာဆိုလည္း အခ်ိန္မေတာ္ ဝင္ေရာက္ၿပီးေတာ့မွ ဖမ္းဆီးတယ္။ မနက္က်ေတာ့ အေလာင္းလာပို႔တယ္။ ဒီ ၃ လအတြင္းမွာ သူတို႔လုပ္ႏိုင္တယ္ဆိုတာကေတာ့ လူ ၄,၀၀၀ ေက်ာ္ကို မတရားဖမ္းဆီး ႏွိပ္စက္တယ္။ လမ္းေပၚမွာရွိေနတဲ့ အပစ္မဲ့ ျပည္သူေတြကို ရိုက္ႏွက္မႈေတြလုပ္တယ္။ အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ဖို႔ ၾကိဳးစားတာဗ်။ ဒီထက္ပိုၿပီးေတာ့ ဆိုးတာက ကေလးသူငယ္ေတြ သတ္ျဖတ္တာေတြပါလာတယ္။ အေၾကာက္တရားနဲ႔ ရက္ရက္စက္စက္ သတ္ျဖတ္ၿပီးေတာ့မွ အေၾကာက္တရားကို သြင္းၿပီးေတာ့မွ အုပ္ခ်ဳပ္ဖို႔ၾကိဳးစားတယ္။"

စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာ ေန႔ေန႔ညည ႐ိုက္ႏွက္ ဖမ္းဆီးမႈေတြ၊ လုံၿခဳံေရးအရ သံသယ ရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဥပေဒမဲ့ စစ္ေဆးဖမ္းဆီးတာေတြ၊ ပစ္ခတ္ႏွိမ္နင္းတာေတြ၊ ျပည္သူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ဖ်က္ဆီးတာေတြ ရွိေနတာမို႔ စီးပြားေရး လုပ္ငန္းေတြလည္း ပံုမွန္လို ျပန္လည္ လည္ပတ္ဖို႔ ခက္ေနတယ္လို႔ လုပ္ငန္းရွင္တဦးကေျပာပါတယ္။

"ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ တတိုင္းတျပည္လုံး အေမွာင္က်သြားတာ။ အကုန္အဆင္မေျပမႈေတြနဲ႔ဘဲ ရင္ဆိုင္ေနရတာေပါ့။ ဒီ ရက္ ၁၀၀ အတြင္းမွာ အားလုံး လမ္းေပ်ာက္ေနရတာေပါ့။ စစ္တပ္အာဏာသိမ္းထားတာမွာ အသက္အိုးအိမ္စည္းစိမ္ဆိုတာ လုံၿခဳံမႈမရွိဘူး။ ဘာမွ အာမခံခ်က္မရွိဘူးျဖစ္ေနတယ္။ က်ေနာ္တို႔ စီးပြားေရးပိုင္းမွာလည္း စစ္တပ္အာဏာသိမ္းၿပီးေနာက္မွာ အခုဆိုရင္ ရက္ ၁၀၀ ရွိၿပီ... ၃ လရွိၿပီေပါ့ေလ။ ျပန္လုပ္ႏိုင္မလား ႀကိဳးစားေပမဲ့ က်ေနာ္တို႔ လုပ္ငန္းေတြကေတာ့ ဘယ္လိုမွကို ေမွ်ာ္လင့္ခ်က္မရွိဘူး။"

ဒီရက္ ၁၀၀ အတြင္း တပ္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ၁၀ ႏွစ္ေအာက္ ကေလးငယ္ေတြအပါအဝင္ ၈၀၀ ေသဆုံးခဲ့ၾကရပါတယ္။ ဖမ္းဆီးေသဆုံးသူေတြရဲ႕ စာရင္းကို ျပဳစုၿပီး အတည္ျပဳႏိုင္သေလာက္ ထုတ္ျပန္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ဦးဆန္းမင္းက ရက္ ၁၀၀ အတြင္း ေသဆုံးနဲ႔ ဖမ္းဆီးခံရသူ အေျခအေနကို ခုလိုေျပာျပပါတယ္။

"လက္ရွိ ဒီေန႔ update ဆိုရင္ ၇၈၂ ေယာက္ျဖစ္မယ္။ ေနာက္ထပ္ ထည့္ျဖည့္ဖို႔က ၂ ေယာက္ ထပ္ထည့္မယ္ဆိုရင္ အားလံုးေပါင္း ၇၈၄ ေယာက္ေလာက္ရွိတယ္။ ဖမ္းဆီးခံရသူဦးေရကေတာ့ မေနက အထိကို ၃,၈၃၆ ေယာက္ ရွိတယ္။ သူတို႔လည္း သူတို႔ တရားဝင္ေအာ္လုပ္ေဆာင္တာမွာ တရားမဝင္တာဘဲ အဖတ္တင္တယ္ေျပာရပါမယ္။ ရက္ ၁၀၀ အတြင္းမွာေလ... ဘယ္သူမွ အသိအမွတ္ျပဳတာ မခံရဘူးတဲ့ အေနအထားမ်ိဳးမွာ ဆက္ၿပီးေတာ့ ၾကံဳေတြ႔ေနရတယ္။ ေနာက္တခုကေတာ့ ျပည္သူေတြက အေၾကာက္တရားကို လုံးဝကို မရွိဘဲနဲ႔ ရင္ဆိုင္ရဲတယ္ဆိုတာကို သူတို႔ေတြ႔ေနရတယ္။ သူတို႔ရဲ႕ ေအာင္ျမင္မႈမရွိတဲ့ အာဏာသိမ္းမႈက ရက္ ၁၀၀ ျပည့္လာတဲ့တိုင္ေအာင္ လူေတြသတ္တာပဲ အဖတ္တင္တယ္ေျပာရမယ္။"

အာဏာသိမ္းထားတဲ့ န.စ.က ေကာင္စီဘက္ကေတာ့ AAPP အဖြဲ႕စာရင္းေတြက ပိုပိုသာသာ ထုတ္ျပန္ထားတာေတြ ရွိတယ္ဆိုၿပီး တုံ႔ျပန္ထားပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရးကို ၿငိမ္းခ်မ္းစြာ အၾကမ္းမဖက္ တြန္းလွန္ဖို႔ CDM လုပ္တဲ့ ႏိုင္ငံဝန္ထမ္းေတြကိုလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ လုံၿခဳံေရးအဖြဲ႕ေတြက ရက္ရက္စက္စက္ဖမ္းဆီးအေရးယူတာ၊ CDM လုပ္သူေတြကို ေထာင္ ၃ ႏွစ္ခ်ႏိုင္တဲ့ ဥပေဒေတြနဲ႔ ဖမ္းဝရမ္းထုတ္ဖမ္းတာ၊ CDM လုပ္သူကို ဖမ္းတာမွာ ဖမ္းဆီးခ်င္သူမေတြ႕ရင္ မိသားစုဝင္ေတြကို ဖမ္းဆီးေခၚေဆာင္တာေတြထိပါ လုပ္ေနပါတယ္။

အမလုပ္သူ CDM လုပ္တဲ့ ေက်ာင္းဆရာမကို မေတြ႕လို႔ မိခင္ျဖစ္သူကို အမကိုယ္စားဖမ္းေခၚတာခံရသလို တျခားမိသားစုဝင္ေတြပါ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ အေျခအေနနဲ႔ႀကဳံေနရတယ္ နယ္က ေဒသခံတဦးကေတာ့ ေနာက္ေက်ာမလုံတဲ့ ဘဝကို မလိုခ်င္ေတာ့ဘူးလို႔ဆိုပါတယ္။

"ရက္ ၁၀၀ လည္းျပည့္သြားၿပီေပါ့... ဘာမွထူးထူးျခားျခားလည္း ျဖစ္မလာဘူး။ မိသားစုကလည္း ဖမ္းခံရတယ္အေပၚမွာ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ကေတာ့ အရင္လိုပဲ ပန္ေနခ်င္တယ္။ ဒီ ဟာႀကီးေတြ မျဖစ္ေစခ်င္ေတာ့ဘူး။ သူတို႔ဘက္က ညႇိႏိႈင္းတာမ်ိဳးျဖစ္ေစခ်င္တာေပါ့။ အျပင္ထြက္တာေတာင္ ၾကည့္ထြက္ေနရတယ္။ ဘယ္သြားသြား၊ ဘယ္လာလာၾကည့္သြားေနရတယ္။ ဖုန္းေတြဘာေတြဆို သိပ္မယူသြာရဲေတာ့ဘူး။ သြားလာရတာကအစေနာက္ဆံတင္းေနရတယ္။ ေနာက္ေက်ာမလုံဘူး။ အကုန္လုံးက မိသားစုတကြဲတ ျပားနဲ႔ ျဖစ္ေနေတာ့ ဘယ္လိုမွ အဆင္မေျပဘူးဗ်။"

AAPP စာရင္းအရ ဓားစာခံအေနနဲ႔ ဖမ္းခံရသူဟာ ရက္ ၁၀၀ အတြင္း အေယာက္ ၄၀ မထက္မနည္းရွိပါတယ္။ လက္ရွိ ရက္ ၁၀၀ အတြင္း စစ္ေကာင္စီက ဖမ္းဝရမ္းထုတ္ခံထားသူ အေယာက္ ၂,၀၀၀ ထက္မနည္း ရွိပါတယ္။ ဒီထဲမွာ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ အဆိုေတာ္ေတြ၊ ဆရာဝန္၊ ဆရာမ သူနာျပဳေတြအပါအဝင္ သာမန္အရပ္သားေတြလည္း ပါဝင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် အများပြည်သူဘေးကင်း လုံခြုံမှု

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ဒီကနေ့ ရက် ၁၀၀ ပြည့်ပါပြီ။ ရက် ၁၀၀ အတွင်း အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ နည်းမျိုးစုံနဲ့ ရှိနေသလို စစ်ကောင်စီဘက်ကလည်း နှိမ်နင်းဖိနှိပ်နေပါတယ်။ စစ်ကောင်စီအုပ်ချုပ်နေတဲ့ ရက် ၁၀၀ အတွင်း လုံခြုံဘေးကင်းမှုနဲ့ ပတ်သက်လို့ ပြည်သူတွေ ဘယ်လို ခံစားနေကြရသလဲဆိုတာ ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေး ကတင်ပြပါတယ်။

ရွေးကောက်ပွဲမှာ မဲစာရင်းကွာဟတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး တပ်မတော်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းလိုက်တာ ဒီကနေ့ ရက် ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။ ရက် ၁၀၀ အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ရပ်မသွားသလို စစ်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှု ပုံစံမျိုးစုံတွေကိုလည်း မြန်မာပြည်တွင်းမှာသာမက ကမ္ဘာကပါ မြင်တွေ့ခဲ့ကြရပါတယ်။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ နည်းမျိုးစုံသုံး နှိပ်ကွပ်မှုကြားမွာ ရက် ၁၀၀ ကို ဖြတ်ကျော်ခဲ့ရသလို ဘဝလုံခြုံမှုပါ မရှိသလို ခံစားနေရတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူတယောက်က ပြောပါတယ်။

"ကျနော်တို့ ပြည်သူလူထုဟာ ဘယ်လိုမှ လုံခြုံမှုမရှိသလို ခံစားကြရတယ်။ စပြီးတော့မှ အာဏာသိမ်းပြီဆိုကတည်းကကိုက အကြမ်းဖက်ဖမ်းဆီးမှုတွေနဲ့ အရင် စခဲ့တယ်။ ကိုယ့်ရပ်ကွက်မှာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်ကျေးရွာမှာ ဘယ်ချိန်မှာ ဝင်ပြီတော့မှ ဖမ်းဆီးမလဲ။ ဘယ်လိုအကြမ်းဖက်မလဲဆိုတာမျိုးတွေနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ကျနော်တို့ ကြုံကြရတယ်။ အဆိုးရွားဆုံး ကျနော်တို့ ကြုံတွေ့ကြရတယ်။ ရပ်ကွက်တွေတွင်းမှာဆိုလည်း အချိန်မတော် ဝင်ရောက်ပြီးတော့မှ ဖမ်းဆီးတယ်။ မနက်ကျတော့ အလောင်းလာပို့တယ်။ ဒီ ၃ လအတွင်းမှာ သူတို့လုပ်နိုင်တယ်ဆိုတာကတော့ လူ ၄,၀၀၀ ကျော်ကို မတရားဖမ်းဆီး နှိပ်စက်တယ်။ လမ်းပေါ်မှာရှိနေတဲ့ အပစ်မဲ့ ပြည်သူတွေကို ရိုက်နှက်မှုတွေလုပ်တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတာဗျ။ ဒီထက်ပိုပြီးတော့ ဆိုးတာက ကလေးသူငယ်တွေ သတ်ဖြတ်တာတွေပါလာတယ်။ အကြောက်တရားနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီးတော့မှ အကြောက်တရားကို သွင်းပြီးတော့မှ အုပ်ချုပ်ဖို့ကြိုးစားတယ်။"

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ နေ့နေ့ညည ရိုက်နှက် ဖမ်းဆီးမှုတွေ၊ လုံခြုံရေးအရ သံသယ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေမဲ့ စစ်ဆေးဖမ်းဆီးတာတွေ၊ ပစ်ခတ်နှိမ်နင်းတာတွေ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေ ရှိနေတာမို့ စီးပွားရေး လုပ်ငန်းတွေလည်း ပုံမှန်လို ပြန်လည် လည်ပတ်ဖို့ ခက်နေတယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

"ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တတိုင်းတပြည်လုံး အမှောင်ကျသွားတာ။ အကုန်အဆင်မပြေမှုတွေနဲ့ဘဲ ရင်ဆိုင်နေရတာပေါ့။ ဒီ ရက် ၁၀၀ အတွင်းမှာ အားလုံး လမ်းပျောက်နေရတာပေါ့။ စစ်တပ်အာဏာသိမ်းထားတာမှာ အသက်အိုးအိမ်စည်းစိမ်ဆိုတာ လုံခြုံမှုမရှိဘူး။ ဘာမှ အာမခံချက်မရှိဘူးဖြစ်နေတယ်။ ကျနော်တို့ စီးပွားရေးပိုင်းမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အခုဆိုရင် ရက် ၁၀၀ ရှိပြီ... ၃ လရှိပြီပေါ့လေ။ ပြန်လုပ်နိုင်မလား ကြိုးစားပေမဲ့ ကျနော်တို့ လုပ်ငန်းတွေကတော့ ဘယ်လိုမှကို မျှော်လင့်ချက်မရှိဘူး။"

ဒီရက် ၁၀၀ အတွင်း တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ်တွေအပါအဝင် ၈၀၀ သေဆုံးခဲ့ကြရပါတယ်။ ဖမ်းဆီးသေဆုံးသူတွေရဲ့ စာရင်းကို ပြုစုပြီး အတည်ပြုနိုင်သလောက် ထုတ်ပြန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဆန်းမင်းက ရက် ၁၀၀ အတွင်း သေဆုံးနဲ့ ဖမ်းဆီးခံရသူ အခြေအနေကို ခုလိုပြောပြပါတယ်။

"လက်ရှိ ဒီနေ့ update ဆိုရင် ၇၈၂ ယောက်ဖြစ်မယ်။ နောက်ထပ် ထည့်ဖြည့်ဖို့က ၂ ယောက် ထပ်ထည့်မယ်ဆိုရင် အားလုံးပေါင်း ၇၈၄ ယောက်လောက်ရှိတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ မနေက အထိကို ၃,၈၃၆ ယောက် ရှိတယ်။ သူတို့လည်း သူတို့ တရားဝင်အော်လုပ်ဆောင်တာမှာ တရားမဝင်တာဘဲ အဖတ်တင်တယ်ပြောရပါမယ်။ ရက် ၁၀၀ အတွင်းမှာလေ... ဘယ်သူမှ အသိအမှတ်ပြုတာ မခံရဘူးတဲ့ အနေအထားမျိုးမှာ ဆက်ပြီးတော့ ကြုံတွေ့နေရတယ်။ နောက်တခုကတော့ ပြည်သူတွေက အကြောက်တရားကို လုံးဝကို မရှိဘဲနဲ့ ရင်ဆိုင်ရဲတယ်ဆိုတာကို သူတို့တွေ့နေရတယ်။ သူတို့ရဲ့ အောင်မြင်မှုမရှိတဲ့ အာဏာသိမ်းမှုက ရက် ၁၀၀ ပြည့်လာတဲ့တိုင်အောင် လူတွေသတ်တာပဲ အဖတ်တင်တယ်ပြောရမယ်။"

အာဏာသိမ်းထားတဲ့ န.စ.က ကောင်စီဘက်ကတော့ AAPP အဖွဲ့စာရင်းတွေက ပိုပိုသာသာ ထုတ်ပြန်ထားတာတွေ ရှိတယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးကို ငြိမ်းချမ်းစွာ အကြမ်းမဖက် တွန်းလှန်ဖို့ CDM လုပ်တဲ့ နိုင်ငံဝန်ထမ်းတွေကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေက ရက်ရက်စက်စက်ဖမ်းဆီးအရေးယူတာ၊ CDM လုပ်သူတွေကို ထောင် ၃ နှစ်ချနိုင်တဲ့ ဥပဒေတွေနဲ့ ဖမ်းဝရမ်းထုတ်ဖမ်းတာ၊ CDM လုပ်သူကို ဖမ်းတာမှာ ဖမ်းဆီးချင်သူမတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေထိပါ လုပ်နေပါတယ်။

အမလုပ်သူ CDM လုပ်တဲ့ ကျောင်းဆရာမကို မတွေ့လို့ မိခင်ဖြစ်သူကို အမကိုယ်စားဖမ်းခေါ်တာခံရသလို တခြားမိသားစုဝင်တွေပါ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ကြုံနေရတယ် နယ်က ဒေသခံတဦးကတော့ နောက်ကျောမလုံတဲ့ ဘဝကို မလိုချင်တော့ဘူးလို့ဆိုပါတယ်။

"ရက် ၁၀၀ လည်းပြည့်သွားပြီပေါ့... ဘာမှထူးထူးခြားခြားလည်း ဖြစ်မလာဘူး။ မိသားစုကလည်း ဖမ်းခံရတယ်အပေါ်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကတော့ အရင်လိုပဲ ပန်နေချင်တယ်။ ဒီ ဟာကြီးတွေ မဖြစ်စေချင်တော့ဘူး။ သူတို့ဘက်က ညှိနှိုင်းတာမျိုးဖြစ်စေချင်တာပေါ့။ အပြင်ထွက်တာတောင် ကြည့်ထွက်နေရတယ်။ ဘယ်သွားသွား၊ ဘယ်လာလာကြည့်သွားနေရတယ်။ ဖုန်းတွေဘာတွေဆို သိပ်မယူသွာရဲတော့ဘူး။ သွားလာရတာကအစနောက်ဆံတင်းနေရတယ်။ နောက်ကျောမလုံဘူး။ အကုန်လုံးက မိသားစုတကွဲတ ပြားနဲ့ ဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူးဗျ။"

AAPP စာရင်းအရ ဓားစာခံအနေနဲ့ ဖမ်းခံရသူဟာ ရက် ၁၀၀ အတွင်း အယောက် ၄၀ မထက်မနည်းရှိပါတယ်။ လက်ရှိ ရက် ၁၀၀ အတွင်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားသူ အယောက် ၂,၀၀၀ ထက်မနည်း ရှိပါတယ်။ ဒီထဲမှာ နာမည်ကြီး သရုပ်ဆောင်တွေ အဆိုတော်တွေ၊ ဆရာဝန်၊ ဆရာမ သူနာပြုတွေအပါအဝင် သာမန်အရပ်သားတွေလည်း ပါဝင်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG