သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံက ျမန္မာ့အေရး အလ်င္အျမန္ကိုင္တြယ္ဖို႔ လူ႔အခြင့္အေရးကုလမဟာမင္းႀကီးရံုး တိုက္တြန္း


မတ္လ ၂၇ ရက္ေန႔က ရန္ကုန္ သာေကတၿမိဳ႕နယ္ရွိ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ႐ံုးရဲ႕ ေျပာခြင့္ရ Rupert Colville
လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ႐ံုးရဲ႕ ေျပာခြင့္ရ Rupert Colville

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အေနနဲ႔ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး အလ်င္အျမန္ ကိုင္တြယ္ေဆာင္ရြက္ဖို႔ ဂ်ီနီဗာအေျခစိုက္ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုးက ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒၊ ဘ႐ူႏုိင္းႏုိင္ငံက ကိုယ္စားလွယ္တဦးနဲ႔ အာဆီယံအတြင္းေရးမွဴးခ်ဳပ္တို႔ ဒီသီတင္းပတ္ထဲ ျမန္မာႏုိင္ငံကိုသြားၿပီး စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုေဆြးေႏြးမယ္ဆိုတဲ့သတင္း မေန႔က ထြက္လာၿပီးတဲ့ေနာက္ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ႐ံုးရဲ႕ ေျပာခြင့္ရ Rupert Colville က ဒီကေန႔ ထုတ္ျပန္ခ်က္ထဲမွာ အဲဒီလို တိုက္တြန္းထားတာပါ။

ဧၿပီလ ၂၄ ရက္ေန႔က အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးအၿပီး သေဘာတူထုတ္ျပန္ထားတဲ့ အခ်က္ငါးခ်က္ပါ အစီအစဥ္ကို အာဏာသိမ္းစစ္တပ္က လိုက္နာလုပ္ေဆာင္လာေစေရးနဲ႔ မလိုက္နာဘူးဆိုရင္ တာဝန္ယူမႈရွိေစေရး အရွိန္တိုးျမွင့္လုပ္ေဆာင္ဖို႔လည္း ေျပာခြင့္ရ Rupert Colville က ေတာင္းဆိုထားပါတယ္။

ျမန္မာႏုိင္ငံရဲ႕လူ႔အခြင့္အေရးအေျခအေန ေနာက္ထပ္ပိုၿပီး ဆိုးရြားမလာေအာင္ တားဆီးေရး ႏုိင္ငံတကာအေနနဲ႔ ပိုၿပီး ပါဝင္လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္ဆိုတာ ရွင္းလင္းသိသာေနပါတယ္လို႔လည္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုးက ေျပာထားပါတယ္။

ျမန္မာႏုိင္ငံဟာ ကမာၻေပၚမွာ အကာအကြယ္ အကင္းမဲ့ဆံုးနဲ႔ အဆိုးရြားဆံုး လူမႈအက်ပ္အတည္းနဲ႔ ၾကံဳေနရတယ္လုိ႔ ကုလသမဂၢက တနလၤာေန႔မွာ ေျပာခဲ့ပါေသးတယ္။

စစ္အာဏာသိမ္းတာ ရက္ေပါင္း ၁၀၀ ေက်ာ္လာတဲ့အထိ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြအေနနဲ႔ သူတို႔ အာဏာခိုင္ျမဲေရးအတြက္ ရက္ရက္စက္စက္ ၿဖိဳခြဲႏွိမ္နင္းေနတာေတြ ေလ်ာ့သြားမယ့္ အရိပ္လကၡဏာ မေတြ႔ရေသးဘူးလို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလမဟာမင္းႀကီး႐ံုး ေျပာခြင့္ရက ေျပာပါတယ္။

တဘက္မွာလည္း စစ္အာဏာသိမ္းတာကို ဆန္႔က်င္ကန္႔ကြက္တဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) နဲ႔ တျခား ဆန္႔က်င္ဆႏၵျပတာေတြကလည္း ေလ်ာ့က်မသြားေသးဘဲ အခိုင္အမာ ဆက္ရွိေနတုန္းပဲလို႔ လူ႔အခြင့္အေရး မဟာမင္းႀကီး႐ံုး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဆီယံက မြန်မာ့အရေး အလျင်အမြန်ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကုလမဟာမင်းကြီးရုံး တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလျင်အမြန် ကိုင်တွယ်ဆောင်ရွက်ဖို့ ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံက ကိုယ်စားလှယ်တဦးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကိုသွားပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့သတင်း မနေ့က ထွက်လာပြီးတဲ့နောက် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ပြောခွင့်ရ Rupert Colville က ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။

ဧပြီလ ၂၄ ရက်နေ့က အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအပြီး သဘောတူထုတ်ပြန်ထားတဲ့ အချက်ငါးချက်ပါ အစီအစဉ်ကို အာဏာသိမ်းစစ်တပ်က လိုက်နာလုပ်ဆောင်လာစေရေးနဲ့ မလိုက်နာဘူးဆိုရင် တာဝန်ယူမှုရှိစေရေး အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့လည်း ပြောခွင့်ရ Rupert Colville က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ နောက်ထပ်ပိုပြီး ဆိုးရွားမလာအောင် တားဆီးရေး နိုင်ငံတကာအနေနဲ့ ပိုပြီး ပါဝင်လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းလင်းသိသာနေပါတယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကာအကွယ် အကင်းမဲ့ဆုံးနဲ့ အဆိုးရွားဆုံး လူမှုအကျပ်အတည်းနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းတာ ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ အာဏာခိုင်မြဲရေးအတွက် ရက်ရက်စက်စက် ဖြိုခွဲနှိမ်နင်းနေတာတွေ လျော့သွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီးရုံး ပြောခွင့်ရက ပြောပါတယ်။

တဘက်မှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ တခြား ဆန့်ကျင်ဆန္ဒပြတာတွေကလည်း လျော့ကျမသွားသေးဘဲ အခိုင်အမာ ဆက်ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG