သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီမိသားစုဝင္ေတြ ျပည္၀င္ခြင့္အခ်က္အလက္ ၾသစေၾတးလ် စတင္စစ္ေဆး


ၾသစေၾတးလ် အလံ

(Zawgyi/Unicode)

Australia ႏိုင္ငံထဲမွာ ႐ွိေနတဲ့ နစက စစ္ေကာင္စီ မိသားစုဝင္ေတြ၊ စစ္တပ္မိသားစုေတြအေပၚ ႏိုင္ငံထဲကေန ႏွင္ထုတ္ႏိုင္ဖုိ႔ ျမန္မာ့ဒီမိုကေရစီေရး အားေပးတဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ ျမန္မာ့အေရးလႈပ္႐ွားသူေတြက တိုက္တြန္းေနၾကပါတယ္။

Australia အစိုးရကလည္း သူတုိ႔ခ်မွတ္ထားတဲ့ အေရးယူဒဏ္ခတ္မႈကို ခ်ဳိးေဖာက္ထားသူေတြ႐ွိရင္ အသိေပးဖို႔ ေျပာၾကားထားပါတယ္။ ဒီလိုအေျခအေနမွာ စစ္ေကာင္စီ ထိပ္ပိုင္းေခါင္းေဆာင္တခ်ဳိ႕ရဲ႕ မိသားစုဝင္ စာရင္းကို ျမန္မာ့အေရးလႈပ္႐ွားသူတခ်ဳိ႕က ျပဳစုၿပီး သက္ဆို္င္သူေတြဆီ ေပးပို႔ေနၾကပါတယ္။ ဒီသတင္းအျပည့္အစံုကို ကိုရဲမြန္ ကတင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းအုပ္ခ်ဳပ္ေနမႈ အဆံုးသတ္ေအာင္ Australia အစိုးရက ဖိအားေပးဖုိ႔ ျမန္မာ့အေရးလႈပ္႐ွားသူေတြ၊ ျမန္မာ့ဒီမိုကေရစီေရးကို အားေပးတဲ့ လႊတ္ေတာ္အမတ္ေတြက ႀကိဳးစားေနၾကပါတယ္။ Australia ႏိုင္ငံထဲမွာ စစ္ေကာင္စီနဲ႔ စစ္တပ္အသိုင္းအဝိုင္းက မိသားစုေတြကို ႏိုင္ငံထဲက ႏွင္ထုတ္ဖုိ႔ သူတို႕ရ႕ဲ ပိုင္ဆိုင္မႈေတြနဲ႔ပါတ္သက္လို႔ စံုစမ္းစစ္ေဆးဖို႔ လႊတ္ေတာ္အမတ္ေတြကလည္း အစိုးရကို တိုက္တြန္းေနပါတယ္။

ဒါေၾကာင့္ Australia အစိုးရက သူတုိ႔ခ်မွတ္ထားတဲ့ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ခ်ဳိးေဖာက္ထားသူ႐ွိရင္ အသိေပးႏိုင္ဖုိ႔ ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာန Website မွာ မတ္လက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေနာက္ ျမန္မာ့အေရးလႈပ္႐ွားသူေတြက သူတို႔ စံုစမ္းသိထားတဲ့ အခ်က္အလက္ေတြကို အစိုးရကို လွ်ိဴ႕ဝွက္ေပးပို႔ခဲ့ၾကပါတယ္။ ျမန္မာ့အေရးလႈပ္႐ွားသူ တေယာက္ျဖစ္တဲ့ ေဒါက္တာနန္းစီစီဝင္းကလည္း သူသိထားသူ အေယာက္ ၂၀ ေက်ာ္ရဲ႕ အခ်က္အလက္ေတြကို ေပးခဲ့တယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“အေရအတြက္ကေတာ့ ၂၂ ေယာက္ထက္ မ်ားပါတယ္၊ ဒါေပမယ့္ ဒီ ၂၂ ေယာက္ကေတာ့ အေရးလည္းႀကီးတယ္၊ သူတို႔ရဲ႕ အခ်က္အလက္ေတြကလည္း အစုံအလင္ရတဲ့ အတြက္ေၾကာင့္မို႔လို႔ ၂၂ ေယာက္ကို ေလာေလာဆယ္ တင္လိုက္တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းကိုလည္း က်မတို႔က ဆက္တင္မယ္ဆိုၿပီး သူတို႔ကို ေျပာထားပါတယ္၊ ေနာက္ပိုင္းတင္မယ့္ အခ်က္ေတြမွာေတာ့ လူတဦးတေယာက္စီရဲ႕ အခ်က္အလက္ေတြအျပင္ ဆက္ႏြယ္ေနတဲ့ စီးပြားေရးေတြကိုပါ တင္ျပသြားမွာ ျဖစ္ပါတယ္။”

နစက စစ္ေကာင္စီအဖဲြ႔ထဲပါေနသူ တခ်ဳိ႕ရဲ႕ မိသားစုေတြ Australia ႏိုင္ငံထဲမွာ ေနထိုင္ေနတာနဲ႔ပတ္သက္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက စံုစမ္းေနၿပီလို႔ Sydney Morning Herald သတင္းစာမွာ ေဖာ္ျပခဲ့ေပမဲ့ Australia အစိုးရက တရားဝင္လူသိ႐ွင္ၾကား ထုတ္ျပန္တာေတာ့ မ႐ွိေသးပါဘူး။ ခုလုိ ျမန္မာ့အေရးလႈပ္႐ွားသူေတြ တင္ျပတဲ့ စာရင္းနဲ႔ပတ္သက္လို႔ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အေလးထားၿပီး ကိုင္တြယ္သြားမယ္လို႔ ဩစေၾတးလ်အစိုးရက စာေရးၿပီး တုံ႔ျပန္ခဲ့ေၾကာင္း သူကေျပာပါတယ္။

စစ္ေကာင္စီရဲ႕ မိသားစုဝင္ေတြကို ဘယ္လိုမ်ိဳး စစ္ေဆးမႈေတြ လုပ္သြားမယ္ဆိုတာ ဩစေၾတးလ်အစိုးရက ထုတ္ေဖာ္မေျပာေပမဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ အေရးတႀကီး ေဆာင္႐ြက္ရမယ္လို႔ တုံ႔ျပန္ထားေၾကာင္းလည္း ေျပာပါတယ္။

“ USA နဲ႔ EU ကေတာ့ သူတို႔က ပိတ္ဆို႔မႈေတြလုပ္ၾကတယ္၊ က်မတို႔ ဩစေၾတးလ်မွာ ပိတ္ဆို႔မႈေတြလုပ္ဖို႔ နည္းနည္းလက္ေႏွး ေနတဲ့အတြက္ေၾကာင့္မို႔ က်မတို႔က targeted sanction ဆိုၿပီးေတာ့ က်မတို႔က ေခါင္းစဥ္တပ္ၿပီးေတာ့ လုပ္ပါတယ္။ ဒီႏိုင္ငံမွာရွိေနတာက ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ သားေတြ၊ ေျမးေတြ ျဖစ္ေနတယ္၊ သူတို႔ေတြက ဒီႏိုင္ငံမွာ ေအးေအးေဆးေဆး လာေနၾကတယ္၊ ဒီႏိုင္ငံမွာ ေက်ာင္းလာတက္ၾကတယ္၊ ဒီမိုကေရစီရဲ႕ အရသာကို ခံစားေနၾကတယ္။ အဲဒါေတြကို က်မတို႔က တိုက္ခိုက္တာပါ။ ေနာက္ဆုံးက်မွ ဒီလူေတြက ဒီႏိုင္ငံကေန ထြက္သြားရမွာတို႔ သူတို႔ရဲ႕ စီးပြားေရးေတြကို ပိတ္ဆို႔လိုက္တယ္ ဆိုတာက ေနာက္ဆုံးက်မွ သိရမွာပါ။ အခုသူတို႔က အခ်ိန္ယူၿပီး ေဆာင္႐ြက္ပါတယ္၊ ဒီႏိုင္ငံမွာက တေယာက္နဲ႔တေယာက္ မေသခ်ာဘဲ တရားစြဲလို႔ မရဘူး၊ လုပ္ပိုင္ခြင့္ေတြကို တားဆီးခြင့္ မရွိတဲ့ အတြက္ေၾကာင့္မို႔လို႔ သူတို႔က ေသေသခ်ာခ်ာ ေဆာင္႐ြက္မွာမို႔လို႔ က်မက မွန္းထားတာ အနည္းဆုံး ၆ လေလာက္ေတာ့ ၾကာမယ္လို႔ ထင္တယ္။”

ျပည္အတြင္းမွာ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈ အေျခအေနေတြကို ႏိုင္ငံတကာက အမွန္အတိုင္းသိႏိုင္ဖို႔ဆိုရင္ ျပည္ပေရာက္ျမန္မာေတြရဲ႕ လႈပ္ရွားေဆာင္႐ြက္မႈ ေတြက အေရးႀကီးေၾကာင္း ဩစေၾတးလ်က ျမန္မာလူငယ္ အဖြဲ႕အစည္းတခုျဖစ္တဲ့ Victorian Myanmar Youth က မလဲ့ရည္မြန္က ေျပာပါတယ္။ မတရားမႈကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္မရွိတဲ့ ျမန္မာ ႏိုင္ငံသားေတြကိုယ္စား ဆႏၵျပလႈပ္ရွားမႈေတြမွာ ပါဝင္ေပးတာျဖစ္ေၾကာင္း ေျပာပါတယ္။

“ ဒီဩစေၾတးလ် ႏိုင္ငံမွာဆိုရင္လည္း ဒီႏိုင္ငံသားေတြ ေတာ္ေတာ္မ်ားမ်ားေပါ့ ျမန္မာႏိုင္ငံမွာ ဘာေတြျဖစ္ေနလဲဆိုတာ တိတိက်က် မသိၾကဘူးေပါ့၊ သူတို႔သိေနတဲ့ information ေတြကလည္း မွားေနတာေတြလည္း ရွိတယ္။ တိတိက်က်သတင္းေတြကို သူတို႔ကို awareness အဓိကေပါ့ international community ကို awareness ရေအာင္ လုပ္ေပးႏိုင္ဖို႔က ျပည္ပေရာက္ ျမန္မာေတြကပဲ ႀကိဳးပမ္းအားထုတ္မွပဲ ရမွာေပါ့ေနာ္။ ျပည္တြင္းက လူေတြအေနနဲ႔က် ဒီဘက္ကို သူတို႔မွာ ေျပာဖို႔အတြက္ကို အခြင့္အေရး မရရွိဘူးေပါ့။ အစ္မတို႔က အခြင့္အေရး ရွိတဲ့အတြက္ေၾကာင့္မို႔ သူတို႔ကိုယ္စား ဒီမွာ ျဖစ္ပ်က္ေနတာေတြကို ထဲထဲဝင္ဝင္ သိတဲ့အတြက္ေၾကာင့္မို႔ လူငယ္ေတြအေနနဲ႔ voice out လုပ္ေပးတာေပါ့ေနာ္။ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳး အတြက္လည္း တာဝန္ရွိတယ္လို႔ ထင္ပါတယ္။”

ဩစေၾတးလ်ေရာက္ လူငယ္ေတြအေနနဲ႔ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ ခ်ီတက္ဆႏၵျပပြဲေတြကို အာဏာသိမ္းခံရၿပီး အခ်ိန္ကစလို႔ ေတာက္ေလွ်ာက္ လုပ္ေနေၾကာင္း သူကေျပာပါတယ္။ CDM လုပ္သူေတြ၊ CRPH နဲ႔ စစ္ေဘးေရွာင္ ျပည္သူေတြအတြက္ ရံပုံေငြစုေဆာင္း ေထာက္ပံ့တာ ဒါေတြကိုလည္း ျပည္တြင္းက အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ လႉဒါန္းေနေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြ ဆက္႐ွိေနတာေၾကာင့္ Australia မွာ ေက်ာင္းလာတက္ေနၾကသူေတြအပါအဝင္ ယာယီလာေရာက္ေနထုိင္သူေတြကို ဆက္လက္ေနထိုင္ခြင့္ ျပဳထားမယ္လို႔ Australia အစိုးရက ေမလ ၅ ရက္ေန႔က ေၾကညာခဲ့ပါတယ္။

ႏိုင္ငံထဲမွာ ယာယီဗီဇာအမ်ဳိးမ်ဳိးနဲ႔ ေနထိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံက စုစုေပါင္း ၃၄၀၀ ထက္မနည္း႐ွိတယ္လို႔ Australia ျပည္ထဲေရးဌာနရဲ႕ စာရင္းမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

စစ်ကောင်စီမိသားစုဝင်တွေ ပြည်ဝင်ခွင့်အချက်အလက် သြစတြေးလျ စတင်စစ်ဆေး
(Unicode)

Australia နိုင်ငံထဲမှာ ရှိနေတဲ့ နစက စစ်ကောင်စီ မိသားစုဝင်တွေ၊ စစ်တပ်မိသားစုတွေအပေါ် နိုင်ငံထဲကနေ နှင်ထုတ်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

Australia အစိုးရကလည်း သူတို့ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုကို ချိုးဖောက်ထားသူတွေရှိရင် အသိပေးဖို့ ပြောကြားထားပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ မိသားစုဝင် စာရင်းကို မြန်မာ့အရေးလှုပ်ရှားသူတချို့က ပြုစုပြီး သက်ဆိုင်သူတွေဆီ ပေးပို့နေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုရဲမွန် ကတင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေမှု အဆုံးသတ်အောင် Australia အစိုးရက ဖိအားပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့ လွှတ်တော်အမတ်တွေက ကြိုးစားနေကြပါတယ်။ Australia နိုင်ငံထဲမှာ စစ်ကောင်စီနဲ့ စစ်တပ်အသိုင်းအဝိုင်းက မိသားစုတွေကို နိုင်ငံထဲက နှင်ထုတ်ဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လွှတ်တော်အမတ်တွေကလည်း အစိုးရကို တိုက်တွန်းနေပါတယ်။

ဒါကြောင့် Australia အစိုးရက သူတို့ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချိုးဖောက်ထားသူရှိရင် အသိပေးနိုင်ဖို့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန Website မှာ မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့အရေးလှုပ်ရှားသူတွေက သူတို့ စုံစမ်းသိထားတဲ့ အချက်အလက်တွေကို အစိုးရကို လျှိူ့ဝှက်ပေးပို့ခဲ့ကြပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူ တယောက်ဖြစ်တဲ့ ဒေါက်တာနန်းစီစီဝင်းကလည်း သူသိထားသူ အယောက် ၂၀ ကျော်ရဲ့ အချက်အလက်တွေကို ပေးခဲ့တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အရေအတွက်ကတော့ ၂၂ ယောက်ထက် များပါတယ်၊ ဒါပေမယ့် ဒီ ၂၂ ယောက်ကတော့ အရေးလည်းကြီးတယ်၊ သူတို့ရဲ့ အချက်အလက်တွေကလည်း အစုံအလင်ရတဲ့ အတွက်ကြောင့်မို့လို့ ၂၂ ယောက်ကို လောလောဆယ် တင်လိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းကိုလည်း ကျမတို့က ဆက်တင်မယ်ဆိုပြီး သူတို့ကို ပြောထားပါတယ်၊ နောက်ပိုင်းတင်မယ့် အချက်တွေမှာတော့ လူတဦးတယောက်စီရဲ့ အချက်အလက်တွေအပြင် ဆက်နွယ်နေတဲ့ စီးပွားရေးတွေကိုပါ တင်ပြသွားမှာ ဖြစ်ပါတယ်။”

နစက စစ်ကောင်စီအဖွဲ့ထဲပါနေသူ တချို့ရဲ့ မိသားစုတွေ Australia နိုင်ငံထဲမှာ နေထိုင်နေတာနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းနေပြီလို့ Sydney Morning Herald သတင်းစာမှာ ဖော်ပြခဲ့ပေမဲ့ Australia အစိုးရက တရားဝင်လူသိရှင်ကြား ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ခုလို မြန်မာ့အရေးလှုပ်ရှားသူတွေ တင်ပြတဲ့ စာရင်းနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထားပြီး ကိုင်တွယ်သွားမယ်လို့ ဩစတြေးလျအစိုးရက စာရေးပြီး တုံ့ပြန်ခဲ့ကြောင်း သူကပြောပါတယ်။

စစ်ကောင်စီရဲ့ မိသားစုဝင်တွေကို ဘယ်လိုမျိုး စစ်ဆေးမှုတွေ လုပ်သွားမယ်ဆိုတာ ဩစတြေးလျအစိုးရက ထုတ်ဖော်မပြောပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးတကြီး ဆောင်ရွက်ရမယ်လို့ တုံ့ပြန်ထားကြောင်းလည်း ပြောပါတယ်။

“ USA နဲ့ EU ကတော့ သူတို့က ပိတ်ဆို့မှုတွေလုပ်ကြတယ်၊ ကျမတို့ ဩစတြေးလျမှာ ပိတ်ဆို့မှုတွေလုပ်ဖို့ နည်းနည်းလက်နှေး နေတဲ့အတွက်ကြောင့်မို့ ကျမတို့က targeted sanction ဆိုပြီးတော့ ကျမတို့က ခေါင်းစဉ်တပ်ပြီးတော့ လုပ်ပါတယ်။ ဒီနိုင်ငံမှာရှိနေတာက ဗိုလ်ချုပ်ကြီးတွေရဲ့ သားတွေ၊ မြေးတွေ ဖြစ်နေတယ်၊ သူတို့တွေက ဒီနိုင်ငံမှာ အေးအေးဆေးဆေး လာနေကြတယ်၊ ဒီနိုင်ငံမှာ ကျောင်းလာတက်ကြတယ်၊ ဒီမိုကရေစီရဲ့ အရသာကို ခံစားနေကြတယ်။ အဲဒါတွေကို ကျမတို့က တိုက်ခိုက်တာပါ။ နောက်ဆုံးကျမှ ဒီလူတွေက ဒီနိုင်ငံကနေ ထွက်သွားရမှာတို့ သူတို့ရဲ့ စီးပွားရေးတွေကို ပိတ်ဆို့လိုက်တယ် ဆိုတာက နောက်ဆုံးကျမှ သိရမှာပါ။ အခုသူတို့က အချိန်ယူပြီး ဆောင်ရွက်ပါတယ်၊ ဒီနိုင်ငံမှာက တယောက်နဲ့တယောက် မသေချာဘဲ တရားစွဲလို့ မရဘူး၊ လုပ်ပိုင်ခွင့်တွေကို တားဆီးခွင့် မရှိတဲ့ အတွက်ကြောင့်မို့လို့ သူတို့က သေသေချာချာ ဆောင်ရွက်မှာမို့လို့ ကျမက မှန်းထားတာ အနည်းဆုံး ၆ လလောက်တော့ ကြာမယ်လို့ ထင်တယ်။”

ပြည်အတွင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှု အခြေအနေတွေကို နိုင်ငံတကာက အမှန်အတိုင်းသိနိုင်ဖို့ဆိုရင် ပြည်ပရောက်မြန်မာတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု တွေက အရေးကြီးကြောင်း ဩစတြေးလျက မြန်မာလူငယ် အဖွဲ့အစည်းတခုဖြစ်တဲ့ Victorian Myanmar Youth က မလဲ့ရည်မွန်က ပြောပါတယ်။ မတရားမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့ မြန်မာ နိုင်ငံသားတွေကိုယ်စား ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ပေးတာဖြစ်ကြောင်း ပြောပါတယ်။

“ ဒီဩစတြေးလျ နိုင်ငံမှာဆိုရင်လည်း ဒီနိုင်ငံသားတွေ တော်တော်များများပေါ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ တိတိကျကျ မသိကြဘူးပေါ့၊ သူတို့သိနေတဲ့ information တွေကလည်း မှားနေတာတွေလည်း ရှိတယ်။ တိတိကျကျသတင်းတွေကို သူတို့ကို awareness အဓိကပေါ့ international community ကို awareness ရအောင် လုပ်ပေးနိုင်ဖို့က ပြည်ပရောက် မြန်မာတွေကပဲ ကြိုးပမ်းအားထုတ်မှပဲ ရမှာပေါ့နော်။ ပြည်တွင်းက လူတွေအနေနဲ့ကျ ဒီဘက်ကို သူတို့မှာ ပြောဖို့အတွက်ကို အခွင့်အရေး မရရှိဘူးပေါ့။ အစ်မတို့က အခွင့်အရေး ရှိတဲ့အတွက်ကြောင့်မို့ သူတို့ကိုယ်စား ဒီမှာ ဖြစ်ပျက်နေတာတွေကို ထဲထဲဝင်ဝင် သိတဲ့အတွက်ကြောင့်မို့ လူငယ်တွေအနေနဲ့ voice out လုပ်ပေးတာပေါ့နော်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက်လည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်။”

ဩစတြေးလျရောက် လူငယ်တွေအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေကို အာဏာသိမ်းခံရပြီး အချိန်ကစလို့ တောက်လျှောက် လုပ်နေကြောင်း သူကပြောပါတယ်။ CDM လုပ်သူတွေ၊ CRPH နဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရံပုံငွေစုဆောင်း ထောက်ပံ့တာ ဒါတွေကိုလည်း ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လှူဒါန်းနေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေတာကြောင့် Australia မှာ ကျောင်းလာတက်နေကြသူတွေအပါအဝင် ယာယီလာရောက်နေထိုင်သူတွေကို ဆက်လက်နေထိုင်ခွင့် ပြုထားမယ်လို့ Australia အစိုးရက မေလ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

နိုင်ငံထဲမှာ ယာယီဗီဇာအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံက စုစုပေါင်း ၃၄၀၀ ထက်မနည်းရှိတယ်လို့ Australia ပြည်ထဲရေးဌာနရဲ့ စာရင်းမှာ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG