သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်ေရာက္ျမန္မာေတြ ဗီဇာသက္တမ္းတိုးခြင့္ရ


မတ္လ ၁၄ ရက္ေန႔က ၾသစေၾတးလ်ေရာက္ ျမန္မာမ်ား စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပျမင္ကြင္း။ (မတ္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ၾသစေၾတးလ်ႏုိင္ငံမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ေဘးကင္းလုံျခံဳမႈ ရွိေစေရးအတြက္ ရည္ရြယ္တဲ့ ဗီဇာသက္တမ္း တုိးေပးမယ့္အစီအစဥ္သစ္တခုကုိ ၾသစေၾတးလ်အစုိးရက စတင္လုိက္ပါတယ္။

ျပည္၀င္ခြင့္ဗီဇာနဲ႔ ၾသစေၾတးလ်ကုိ ယာယီ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၃,၃၀၀ ေက်ာ္အေနနဲ႔ ကုိယ့္တုိင္းျပည္ကုိ ေဘးကင္းလုံျခံဳစြာ ျပန္ခြင့္ရမယ့္အခ်ိန္အထိ ဗီဇာသက္တမ္းတုိးေပးဖုိ႔ ၾသစေၾတးလ်အစုိးရအေနနဲ႔ ဖိအားေပးခံေနရတာပါ။ ဒီအထဲက ထက္၀က္ေက်ာ္ဟာ ၾသစေၾတးလ်မွာ ေက်ာင္းလာတက္ေနၾကသူေတြ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာေၾကာင့္ သူတုိ႔အေနနဲ႔ တုိင္းျပည္ကုိ အခုခ်ိန္မွာျပန္သြားရင္ ဖမ္းဆီးအေရးယူခံရမွာ စုိးရိမ္တဲ့အတြက္ ျမန္မာႏုိင္ငံမွာ ေရြးေကာက္ခံ အရပ္သားအစုိးရ တက္လာေတာ့မွ အမ်ားစုက ျပည္ေတာ္ျပန္ဖို႔ ဆႏၵရွိေနၾကတာပါ။

ဒါေပမဲ့ ၾသစေၾတးလ်အစုိးရအေနနဲ႔ ဗီဇာသက္တမ္းကုိ ဘယ္ေလာက္အထိ တုိးေပးမယ္၊ ျမန္မာႏုိင္ငံကုိ ဘယ္အခ်ိန္မွာ ေအးခ်မ္းစြာ ျပန္လုိ႔ရၿပီလုိ႔ သတ္မွတ္မယ္ဆုိတာေတာ့ အတိအက် မသိရေသးပါဘူး။

ၾသစေၾတးလ်အစုိးရရဲ႕ ဆုံးျဖတ္ခ်က္ကုိ သူ႔အေနနဲ႔ ႀကိဳဆုိေၾကာင္း ဒီမုိကရက္တစ္ ျမန္မာ့အသံ DVB ရဲ႕ ညြန္ၾကားေရးမွဴးတဦးျဖစ္သူ ဦးတုိးေဇာ္လတ္က ေျပာပါတယ္။

“ၾသစေၾတးလ်က အခုလုိ ဗီဇာသက္တမ္းတုိးေပးတာ မွန္ကန္တဲ့လုပ္ရပ္လုိ႔ က်ေနာ္ျမင္ပါတယ္။ အေမရိကန္အပါအ၀င္ ႏုိင္ငံအေတာ္မ်ားမ်ားကလည္း ေက်ာင္းသားေတြကုိ ဗီဇာသက္တမ္းတုိးေပးတဲ့အစီအစဥ္ေတြ လုပ္ေနၾကတာပါ။ ဒီ ဆုံးျဖတ္ခ်က္ကုိ က်ေနာ္ ႀကိဳဆုိပါတယ္။ ေနာက္ၿပီးေတာ့ ခုိလႈံခြင့္ေလွ်ာက္ထားခ်င္တဲ့သူေတြကုိလည္း ၾသစေၾတးလ်ကုိ ၀င္လာခြင့္ျပဳသင့္ပါတယ္။ ဒါဟာ မွန္ကန္တဲ့ဘက္ကုိ ဦးတည္သြားေနတဲ့လုပ္ရပ္ျဖစ္ပါတယ္။” လုိ႔ ဦးတုိးေဇာ္လတ္က ေျပာပါတယ္။

ဒီအေတာအတြင္း ၾသစေၾတးလ်ႏုိင္ငံမွာ ေရာက္ေနတဲ့ အာဏာသိမ္းစစ္ေကာင္စီအဖြဲ႔၀င္ေတြရဲ႕ ေဆြမ်ဳိးသားခ်င္းေတြ၊ သူတုိ႔နဲ႔ နီးစပ္သူေတြကုိ ၾသစေၾတးလ် ျပည္ထဲေရး၀န္ႀကီးဌာနက စုံစမ္းေနေၾကာင္း မေန႔ ေမလ ၅ ရက္ေန႔ထုတ္ ၾသစေၾတးလ်သတင္းေတြမွာ ေဖာ္ျပပါတယ္။

ဒီလူေတြဟာ စစ္တပ္ရဲ႕ ပုိင္ဆုိင္မႈေတြကုိ ကြယ္၀ွက္ေပးထားတယ္။ ဒါမွမဟုတ္ ေထာက္ပံ့မႈေတြ လက္ခံရရွိေနတယ္ဆုိတဲ့ ေျပာဆုိမႈေတြ ထြက္ေပၚေနတာေၾကာင့္ အခုလုိ စုံစမ္း ေဖာ္ထုတ္ဖုိ႔ ျဖစ္လာတာပါ။

အခုခ်ိန္ထိ ထိပ္တန္း စစ္ေခါင္းေဆာင္ေတြရဲ႕ ေဆြမ်ဳိးသားခ်င္း ၂၂ ေယာက္ကုိ ၾသစေၾတးလ်အေျခစုိက္ The Age နဲ႔ The Sydney Morning Herald သတင္းစာတုိက္တုိ႔အေနနဲ႔ စုံစမ္း ေဖာ္ထုတ္ႏုိင္ၿပီျဖစ္ေၾကာင္း ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သြစတြေးလျရောက်မြန်မာတွေ ဗီဇာသက်တမ်းတိုးခွင့်ရ

သြစတြေးလျနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ရည်ရွယ်တဲ့ ဗီဇာသက်တမ်း တိုးပေးမယ့်အစီအစဉ်သစ်တခုကို သြစတြေးလျအစိုးရက စတင်လိုက်ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာနဲ့ သြစတြေးလျကို ယာယီ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ၃,၃၀၀ ကျော်အနေနဲ့ ကိုယ့်တိုင်းပြည်ကို ဘေးကင်းလုံခြုံစွာ ပြန်ခွင့်ရမယ့်အချိန်အထိ ဗီဇာသက်တမ်းတိုးပေးဖို့ သြစတြေးလျအစိုးရအနေနဲ့ ဖိအားပေးခံနေရတာပါ။ ဒီအထဲက ထက်ဝက်ကျော်ဟာ သြစတြေးလျမှာ ကျောင်းလာတက်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကြောင့် သူတို့အနေနဲ့ တိုင်းပြည်ကို အခုချိန်မှာပြန်သွားရင် ဖမ်းဆီးအရေးယူခံရမှာ စိုးရိမ်တဲ့အတွက် မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရ တက်လာတော့မှ အများစုက ပြည်တော်ပြန်ဖို့ ဆန္ဒရှိနေကြတာပါ။

ဒါပေမဲ့ သြစတြေးလျအစိုးရအနေနဲ့ ဗီဇာသက်တမ်းကို ဘယ်လောက်အထိ တိုးပေးမယ်၊ မြန်မာနိုင်ငံကို ဘယ်အချိန်မှာ အေးချမ်းစွာ ပြန်လို့ရပြီလို့ သတ်မှတ်မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

သြစတြေးလျအစိုးရရဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ကြိုဆိုကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ညွန်ကြားရေးမှူးတဦးဖြစ်သူ ဦးတိုးဇော်လတ်က ပြောပါတယ်။

“သြစတြေးလျက အခုလို ဗီဇာသက်တမ်းတိုးပေးတာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံအတော်များများကလည်း ကျောင်းသားတွေကို ဗီဇာသက်တမ်းတိုးပေးတဲ့အစီအစဉ်တွေ လုပ်နေကြတာပါ။ ဒီ ဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ နောက်ပြီးတော့ ခိုလှုံခွင့်လျှောက်ထားချင်တဲ့သူတွေကိုလည်း သြစတြေးလျကို ဝင်လာခွင့်ပြုသင့်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်သွားနေတဲ့လုပ်ရပ်ဖြစ်ပါတယ်။” လို့ ဦးတိုးဇော်လတ်က ပြောပါတယ်။

ဒီအတောအတွင်း သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ သူတို့နဲ့ နီးစပ်သူတွေကို သြစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းနေကြောင်း မနေ့ မေလ ၅ ရက်နေ့ထုတ် သြစတြေးလျသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီလူတွေဟာ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုတွေကို ကွယ်ဝှက်ပေးထားတယ်။ ဒါမှမဟုတ် ထောက်ပံ့မှုတွေ လက်ခံရရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို စုံစမ်း ဖော်ထုတ်ဖို့ ဖြစ်လာတာပါ။

အခုချိန်ထိ ထိပ်တန်း စစ်ခေါင်းဆောင်တွေရဲ့ ဆွေမျိုးသားချင်း ၂၂ ယောက်ကို သြစတြေးလျအခြေစိုက် The Age နဲ့ The Sydney Morning Herald သတင်းစာတိုက်တို့အနေနဲ့ စုံစမ်း ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG