သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေအာက္လႊတ္ေတာ္ၾကားနာပဲြ ျမန္မာသံအမတ္ႀကီးတင္ျပခ်က္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ ႀကိဳဆို


ကုလဆိုင္ရာ ျမန္မာႏိုင္ငံ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - OPCW - ႏိုဝင္ဘာ ၁၆၊ ၂၀၁၈)

[Zawgyi/Unicode]

စစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ အေပါင္းအပါ စီးပြားေရး လုပ္ငန္းရွင္ေတြကို ပစ္မွတ္ထားၿပီး ပိတ္ဆို႔အေရးယူမႈေတြ ဆက္လုပ္သြားဖို႔လိုေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီးက အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္ေတြကို တိုက္တြန္းလိုက္တဲ့အေပၚမွာ လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕က ႀကိဳဆိုေထာက္ခံလိုက္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေဇာ္၀င္းလိႈင္ ေျပာျပေပးမွာပါ။

ျမန္မာ စစ္ဗိုလ္ခ်ဳပ္ေတြကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္တာက ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အက်ပ္အတည္းကို ေျဖရွင္းတာမွာ ထိေရာက္တဲ့ နည္းလမ္းတခုျဖစ္ေၾကာင္း ကုလဆိုင္ရာ ျမန္မာႏိုင္ငံ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အဂၤါေန႔က လုပ္တဲ့ အေမရိကန္ေအာက္လႊတ္ေတာ္ ျမန္မာ့အေရး ၾကားနာပြဲမွာ ေျပာလိုက္တာပါ။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုအသိအမွတ္ျပဳၾကဖို႔ န.စ.က စစ္ေကာင္စီ အပါအဝင္ အေပါင္းအပါေတြလက္ထဲ ေရာက္ႏိုင္မယ့္ ဝင္ေငြေတြကို ျဖတ္ေတာက္ ပစ္ဖို႔နဲ႔ စီးပြားေရးပိတ္ဆို႔မႈေတြ ဆက္လုပ္သြားၾကဖို႔ ေအာက္လႊတ္ေတာ္အမတ္ေတြကို သူက တိုက္တြန္းခဲ့တာပါ။

ဗြီဒီယို ကြန္ဖရင့္နဲ႔ ၃ နာရီၾကာလုပ္တဲ့ ဒီၾကားနာပြဲမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေျပာဆိုသြားတာနဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရးနဲ႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသူ တခ်ိဳ႕က ႀကိဳဆိုလိုက္ပါတယ္။

အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG ကို လက္ခံေၾကာင္း သေဘာထားေၾကညာခ်က္ ထုတ္ျပန္ခဲ့တဲ့ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO က ဦးေက်ာ္မိုးထြန္း မေန႔က ေဆြးေႏြးသြားတဲ့ သေဘာထားအေပၚမွာ ေထာက္ခံေၾကာင္းေျပာပါတယ္။ န.စ.က စစ္ေကာင္စီကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ဆက္လုပ္သြားဖို႔ လိုေၾကာင္းလည္း CHRO ရဲ႕ ဒုတိယအမႈေဆာင္ ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္ (Salai Za Uk) က ဗြီအိုေအကို ေျပာပါတယ္။

“ဟုတ္ကဲ့။ က်ေနာ္တို႔ လက္ခံႀကိဳဆိုတယ္ေပါ့ေနာ္။ စစ္ေကာင္စီဆိုတဲ့ဟာက သူတို႔ တရားမဝင္တဲ့ အာဏာသိမ္းအဖြဲ႕ပဲလို႔ က်ေနာ္တို႔ သတ္မွတ္ပါတယ္။ ဆိုေတာ့ အခုလိုမ်ိဳး စစ္ေကာင္စီရဲ႕ အာဏာသိမ္းမႈ မေအာင္ျမင္ႏိုင္ေအာင္ ႏိုင္ငံတကာ အစိုးရေတြက ပိတ္ဆို႔မႈကိုလုပ္ဖို႔ က်ေနာ္တို႔ တိုက္တြန္းပါတယ္။”

ႏိုင္ငံတကာ လူ႔အခြင့္အေရးေရွ႕ေန တဦးျဖစ္သလို ဥပေဒ အေထာက္အကူျပဳကြန္ရက္ တည္ေထာင္သူလည္းျဖစ္တဲ့ ဦးေအာင္ထူးကလည္း စစ္ေကာင္စီကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္လာတာကို သူ႔အေနနဲ႔ ေထာက္ခံေၾကာင္း ေျပာပါတယ္။

“က်ေနာ္ကေတာ့ ေထာက္ခံပါတယ္ ဦးေက်ာ္မိုးထြန္းေျပာတာကို ဘာေၾကာင့္လဲဆိုေတာ့ ပိတ္ဆို႔မႈေၾကာင့္ ဆုံးရႈံးသြားႏိုင္တာ ၂ မ်ိဳးရွိတယ္။ တမ်ိဳးက အဓိက စစ္ေကာင္စီနဲ႔ သူ႔ရဲ႕ စီးပြားေရးယႏၲယားေတြ ျဖစ္တယ္။ ေနာက္တမ်ိဳးက သူတို႔နဲ႔ ေပါင္းေနတဲ့ ခ႐ိုနီ စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြ ျဖစ္တယ္။ ႐ိုး႐ိုးစီးပြားေရး လုပ္ငန္းရွင္ႀကီးေတြလည္း ထိခိုက္ႏိုင္တာေပါ့။ သို႔ေသာ္လည္းပဲ အခုလို စစ္ေကာင္စီကို တကယ္တိုက္ေနတဲ့ ကာလထဲမွာ သူတို႔လည္း တစုံတရာ ထိခိုက္တာမ်ိဳးေတာ့ ဆင္ေသရင္ ကြၽဲေလာက္ပဲရွိမယ္လို႔ ထင္တယ္ေလ။ စစ္ေကာင္စီက အခု အစိုးရပုံစံမ်ိဳး အတင္းအက်ပ္လုပ္ေနတဲ့ ကာလထဲမွာ ျမန္မာႏိုင္ငံကို ပိတ္ဆို႔မႈေတြ ဘက္ေပါင္းစုံက လုပ္တာ ေကာင္းတယ္လို႔ က်ေနာ္က ေထာက္ခံပါတယ္။”

လက္ရွိမွာ အေမရိကန္နဲ႔ မိတ္ဖက္ႏိုင္ငံတခ်ိဳ႕က ျမန္မာစစ္ေခါင္းေဆာင္ေတြကို စီးပြားေရး ဆက္လက္ဒဏ္ခတ္ႏိုင္ဖို႔ လက္တြဲေဆာင္႐ြက္ေနၿပီး စစ္ေကာင္စီဆီ ေရာက္ရွိႏိုင္မယ့္ ျမန္မာႏိုင္ငံရဲ႕ ေဒၚလာ ၁ ဘီလီယံ ပိုင္ဆိုင္မႈကိုလည္း ထိန္းခ်ဳပ္ခဲ့ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ ဥကၠ႒ ဝါရင့္လႊတ္ေတာ္အမတ္ Gregory Meeks ကေတာ့ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ျမန္မာစစ္တပ္ကို အေရးယူပိတ္ဆို႔ႏိုင္ေရး နည္းလမ္းေတြ ရွာဖို႔အတြက္ အခုလိုၾကားနာပြဲကို လုပ္ရတာျဖစ္ေၾကာင္း အဂၤါေန႔က သူ႔ရဲ႕ အဖြင့္မိန႔္ခြန္းမွာ ေျပာဆိုသြားတာပါ။

[Unicode Version]

ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို

စစ်အုပ်ချုပ်ရေးကောင်စီနဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားဖို့လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးက အမေရိကန်အောက်လွှတ်တော် အမတ်တွေကို တိုက်တွန်းလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လေ့လာသူတချို့က ကြိုဆိုထောက်ခံလိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင် ပြောပြပေးမှာပါ။

မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တာက မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းတာမှာ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ကြောင်း ကုလဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့က လုပ်တဲ့ အမေရိကန်အောက်လွှတ်တော် မြန်မာ့အရေး ကြားနာပွဲမှာ ပြောလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအသိအမှတ်ပြုကြဖို့ န.စ.က စစ်ကောင်စီ အပါအဝင် အပေါင်းအပါတွေလက်ထဲ ရောက်နိုင်မယ့် ဝင်ငွေတွေကို ဖြတ်တောက် ပစ်ဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်သွားကြဖို့ အောက်လွှတ်တော်အမတ်တွေကို သူက တိုက်တွန်းခဲ့တာပါ။

ဗွီဒီယို ကွန်ဖရင့်နဲ့ ၃ နာရီကြာလုပ်တဲ့ ဒီကြားနာပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသွားတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ တချို့က ကြိုဆိုလိုက်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို လက်ခံကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဦးကျော်မိုးထွန်း မနေ့က ဆွေးနွေးသွားတဲ့ သဘောထားအပေါ်မှာ ထောက်ခံကြောင်းပြောပါတယ်။ န.စ.က စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်သွားဖို့ လိုကြောင်းလည်း CHRO ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုပ် (Salai Za Uk) က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ လက်ခံကြိုဆိုတယ်ပေါ့နော်။ စစ်ကောင်စီဆိုတဲ့ဟာက သူတို့ တရားမဝင်တဲ့ အာဏာသိမ်းအဖွဲ့ပဲလို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဆိုတော့ အခုလိုမျိုး စစ်ကောင်စီရဲ့ အာဏာသိမ်းမှု မအောင်မြင်နိုင်အောင် နိုင်ငံတကာ အစိုးရတွေက ပိတ်ဆို့မှုကိုလုပ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။”

နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ တဦးဖြစ်သလို ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူလည်းဖြစ်တဲ့ ဦးအောင်ထူးကလည်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာတာကို သူ့အနေနဲ့ ထောက်ခံကြောင်း ပြောပါတယ်။

“ကျနော်ကတော့ ထောက်ခံပါတယ် ဦးကျော်မိုးထွန်းပြောတာကို ဘာကြောင့်လဲဆိုတော့ ပိတ်ဆို့မှုကြောင့် ဆုံးရှုံးသွားနိုင်တာ ၂ မျိုးရှိတယ်။ တမျိုးက အဓိက စစ်ကောင်စီနဲ့ သူ့ရဲ့ စီးပွားရေးယန္တယားတွေ ဖြစ်တယ်။ နောက်တမျိုးက သူတို့နဲ့ ပေါင်းနေတဲ့ ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်တယ်။ ရိုးရိုးစီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း ထိခိုက်နိုင်တာပေါ့။ သို့သော်လည်းပဲ အခုလို စစ်ကောင်စီကို တကယ်တိုက်နေတဲ့ ကာလထဲမှာ သူတို့လည်း တစုံတရာ ထိခိုက်တာမျိုးတော့ ဆင်သေရင် ကျွဲလောက်ပဲရှိမယ်လို့ ထင်တယ်လေ။ စစ်ကောင်စီက အခု အစိုးရပုံစံမျိုး အတင်းအကျပ်လုပ်နေတဲ့ ကာလထဲမှာ မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ ဘက်ပေါင်းစုံက လုပ်တာ ကောင်းတယ်လို့ ကျနော်က ထောက်ခံပါတယ်။”

လက်ရှိမှာ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတချို့က မြန်မာစစ်ခေါင်းဆောင်တွေကို စီးပွားရေး ဆက်လက်ဒဏ်ခတ်နိုင်ဖို့ လက်တွဲဆောင်ရွက်နေပြီး စစ်ကောင်စီဆီ ရောက်ရှိနိုင်မယ့် မြန်မာနိုင်ငံရဲ့ ဒေါ်လာ ၁ ဘီလီယံ ပိုင်ဆိုင်မှုကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဝါရင့်လွှတ်တော်အမတ် Gregory Meeks ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့နိုင်ရေး နည်းလမ်းတွေ ရှာဖို့အတွက် အခုလိုကြားနာပွဲကို လုပ်ရတာဖြစ်ကြောင်း အင်္ဂါနေ့က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG