သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ကိုသာ တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔ ကန္ေအာက္လႊတ္ေတာ္မွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေတာင္းဆို 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ တရားဝင္အစိုးရအျဖစ္ NUG ကို အသိအမွတ္ျပဳဖို႔နဲ႔ အေမရိကန္ျပည္ေထာင္စုမွာရွိေနတဲ့ ျမန္မာအစိုးရ ရန္ပုံေငြကို ျမန္မာျပည္သူေတြရဲ႕ အက်ိဳးစီးပြားအတြက္ NUG အေနနဲ႔ ထိန္းခ်ဳပ္ခြင့္ျပဳဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

အဂၤါေန႔က အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီမွာ ဗြီဒီယိုကြန္ဖရင့္နဲ႔ ျပဳလုပ္တဲ့ ျမန္မာ့အေရး ၾကားနာပြဲမွာ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ျမန္မာ စစ္ဗိုလ္ခ်ဳပ္ေတြအေပၚ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူမႈေတြဟာ ျမန္မာ့အၾကပ္အတည္းေျဖရွင္းရာမွာ ထိေရာက္တဲ့ နည္းလမ္းတခုျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

လက္ရွိ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ဖိႏွိပ္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔"The Unfolding Crisis in Burma" ျမန္မာႏိုင္ငံတြင္ျဖစ္ေပၚေနေသာျပႆနာ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဗြီဒီယိုကြန္ဖရင့္ ၾကားနာပြဲကို အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီမွာ အဂၤါေန႔က ျပဳလုပ္ခဲ့ပါတယ္။

အခ်ိန္ (၃)နာရီၾကာျမင့္တဲ့ ျမန္မာ့အေရးၾကားနာပြဲမွာ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္အမ်ားအျပား စိတ္ဝင္တစား ပါဝင္ေဆြးေႏြးခဲ့တာပါ။ ထူးျခားခ်က္ကေတာ့ သက္ေသအျဖစ္ထြက္ဆိုသူေတြထဲမွာ ကုလသမဂၢက ဆက္လက္ၿပီး ျမန္မာႏိုင္ငံကိုယ္စားလွယ္အျဖစ္ တရားဝင္အသိအမွတ္ျပဳထားတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က ဒီၾကားနာပြဲမွာ သူရဲ႕ ရာထူးတာဝန္နဲ႔ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳ ထြက္ဆိုခဲ့တာျဖစ္ပါတယ္။

သူက အေမရိကန္လႊတ္ေတာ္အေနနဲ႔ ျမန္မာ့အၾကပ္အတည္းကို ကူညီေျဖရွင္းရာမွာ အေရးႀကီးဆုံး ေဆာင္႐ြက္သင့္တဲ့ အခ်က္ေတြကို ဗြီဒီယိုကြန္ဖရင့္ကေန အခုလို ျပတ္ျပတ္သားသား တင္ျပသြားပါတယ္။

”စစ္တပ္ကို ပစ္မွတ္ထားတဲ့ ညႇိဳႏႈိင္း ပိတ္ဆို႔အေရးယူမႈကို ေဆာင္႐ြက္သင့္ပါတယ္။ ျမဝတီဘဏ္၊ အင္းဝဘဏ္၊ ႏိုင္ငံျခားကုန္သြယ္ေရးဘဏ္၊ MFTB နဲ႔ ျမန္မာ့ေရနံ သဘာဝဓါတ္ေငြ႕လုပ္ငန္း MOGE တို႔ကို အေမရိကန္ရဲ႕ ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔အေရးယူတဲ့ စာရင္းထဲမွာ ခ်က္ခ်င္းထည့္သြင္းသင့္ပါတယ္။ စစ္တပ္နဲ႔ သူ႔ အဖြဲ႕ဝင္ေတြရဲ႕ ဘဏ္အေကာင့္ေတြအားလုံးကို ထိန္းခ်ဳပ္သင့္ပါတယ္။ စစ္ေကာင္စီနဲ႔ သူရဲ႕အေပါင္းပါေတြအတြက္ ဝင္ေငြေတြကို ခ်က္ျခင္းျဖတ္ေတာက္ပစ္ဖို႔လိုပါတယ္။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ရပ္ဆိုင္းသင့္ပါတယ္။”

ဒါအျပင္ ျမန္မာျပည္သူေတြရဲ႕ ေထာက္ခံမႈအျပည့္အဝရရွိထားတဲ့ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရးအစိုးရကို အေမရိကန္က တရားဝင္အသိအမွတ္ျပဳဖို႔လည္း ေအာက္လႊတ္ေတာ္အမတ္ေတြကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုခဲ့ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ တရားဝင္အစိုးရအျဖစ္ NUG ကို အသိအမွတ္ျပဳဖို႔၊ ဒါအျပင္ စစ္ေကာင္စီက ခန႔္အပ္တဲ့ မည္သည့္ သံတမန္ကိုမွ ဗီဇာထုတ္မေပးဖို႔၊ အေမရိကန္ျပည္ေထာင္စုမွာရွိေနတဲ့ ျမန္မာအစိုးရ ရန္ပုံေငြကို ျမန္မာျပည္သူေတြရဲ႕ အက်ိဳးစီးပြားအတြက္ NUG အေနနဲ႔ ထိန္းခ်ဳပ္ခြင့္ျပဳဖို႔ျဖစ္ပါတယ္။”

ဒါအျပင္ ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ ႏိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈေတြကို အေရးယူႏိုင္ေရး NUG အစိုးရဟာ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးနဲ႔ ညႇိဳႏႈိင္းေဆာင္႐ြက္ေနၿပီျဖစ္တယ္လု႔ိလည္း သံအမတ္ႀကီးက ၾကားနာပြဲမွာ ေျပာၾကားခဲ့ပါတယ္။

NUG အစိုးရ ကိုတရားဝင္အသိအမွတ္ျပဳေရးကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္တခ်ိဳ႕ အဓိကထား စိန္ေခၚေမးခြန္းထုတ္ခဲ့တဲ့ အေၾကာင္းအရာေတြထဲမွာ ႐ိုဟင္ဂ်ာ အၾကပ္အတည္းနဲ႔ ၁၉၈၂ခုႏွစ္ ႏိုင္ငံသားဥပေဒ စတာေတြနဲ႔ ပတ္သက္လို႔ NUG ရဲ႕ရပ္တည္ခ်က္ မူဝါဒဘယ္လိုရွိလဲ ဆိုတာပဲျဖစ္ပါတယ္။

ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီ ဥကၠဌ နယူးေရာက္ျပည္နယ္ ဒီမိုကရက္ ဝါရင့္ေအာက္လႊတ္ေတာ္အမတ္ Gregory Meeks ကေတာ့ ျမန္မာျပည္သူေတြရဲ႕ ႀကိဳးပမ္း အားထုတ္မႈေတြကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေထာက္ခံအားေပးဖို႔နဲ႔ စစ္တပ္ကို ျပင္းျပင္းထန္ထန္ အေရးယူပိတ္ဆို႔ႏိုင္ေရး နည္းလမ္းေတြရွာေဖြဖို႔ အခုလို ၾကားနာပြဲကို ျပဳလုပ္ရတာျဖစ္ေၾကာင္း သူ႔ရဲ႕ အဖြင့္အမွာစကားမွာ ေျပာၾကားခဲ့ပါတယ္။

”အာဏာသိမ္းခဲ့တဲ့ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ စစ္တပ္ပိုင္ စီးပြားေရးကုမၸဏီႀကီးေတြကို ပိတ္ဆို႔အေရးယူေရးမွာအေမရိကန္နဲ႔သေဘာထားတူညီတဲ့ မိတ္ဖက္ႏိုင္ငံေတြနဲ႔ က်ေနာ္တို႔ လက္တြဲေဆာင္႐ြက္ခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာျပည္ကို တင္ပို႔မႈကို ကန႔္သတ္ခဲ့တဲ့အျပင္ေဒၚလာ ၁ ဘီလီယံပိုင္ဆိုင္မႈကိုလည္း ထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒါေတြဟာ ျမန္မာျပည္သူေတြကို အကာအကြယ္ေပးရာမွာ ပိုမိုအားေကာင္းလာေစဖို႔ ဥပေဒေတြကို က်ေနာ္တို႔ သတ္မွတ္ျပဌာန္းခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို တုန႔္ျပန္ဖို႔ အေမရိကန္ အေနနဲ႔ ကမာၻတဝွမ္းမွာရွိတဲ့ မိတ္ဖက္ေတြနဲ႔အတူတကြ ဆက္လက္လုပ္ေဆာင္သြားမွာပါ။"

ၾကားနာပြဲမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ အတူ ေနာက္ထပ္ထြက္ဆိုသူႏွစ္ဦးကေတာ့- Progressive Voice အဖြဲ႕ တည္ေထာင္သူနဲ႔ အႀကံေပးဘုတ္အဖြဲ႕ဥကၠ႒ ေဒၚခင္ဥမၼာ၊ ႏိုင္ငံတကာ အမ်ိဳးသမီးေရးရာ ကိစၥရပ္မ်ားဆိုင္ရာ ဂုဏ္ထူးေဆာင္ အေမရိကန္သံအမတ္ႀကီးေဟာင္း Kelley E. Currie တို႔ျဖစ္ပါတယ္။

ႏွစ္ေပါင္း ၃၀ ေက်ာ္ ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားမႈမွာ တက္တက္ႂကြႂကြပါဝင္ေနသူလည္းျဖစ္တဲ့ ေဒၚခင္ဥမၼာက သူ႔ျဖတ္သန္း ခဲ့တဲ့ အေတြ႕အႀကဳံအရ ျမန္မာစစ္တပ္ရဲ႕ ရက္စက္လွတဲ့ ျပစ္မႈက်ဴးလြန္မႈေတြကို အေရးမယူႏိုင္ခဲ့တဲ့အတြက္ အခုလို ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ေပၚေနရတယ္လို႔ ၾကားနာပြဲမွာ အခုလို ထြက္ဆိုသြားပါတယ္။

”လြန္ခဲ့တဲ့ ျဖစ္ရပ္ေတြမွာ တာဝန္ခံမႈ၊ တာဝန္ယူမႈမရွိခဲ့တဲ့အတြက္ေၾကာင့္သာ ဒီေန႔အၾကမ္းဖက္မႈနဲ႔ ရက္စက္မႈေတြဟာ ျဖစ္ေပၚေနတာပါ။ ဒီစစ္တပ္ကို အေရးယူၿပီး အရပ္သားအုပ္ခ်ဳပ္မႈေအာက္ လုံးဝမေရာက္မျခင္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းမႈဆိုတာရွိမွာမဟုတ္ပါဘူး။”

ျမန္မာ့အေရးကိစၥမွာ တ႐ုတ္နဲ႔႐ုရွားက ကုလသမဂၢမွာ အတားအဆီးျပဳလုပ္ေနတာနဲ႔ပတ္သက္လို႔ ဘယ္လိုနည္းလမ္းနဲ႔အေကာင္းဆုံးေက်ာ္လႊားႏိုင္မလဲဆိုတဲ့ ေမးခြန္းကို ၾကားနာပြဲမွာ သက္ေသ အျဖစ္ထြက္ဆိုခဲ့တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီးေရးရာကိစၥရပ္မ်ားဆိုင္ရာ ဂုဏ္ထူးေဆာင္ အေမရိကန္ သံအမတ္ႀကီးေဟာင္း Kelley E. Currie က အခုလို ေျဖၾကားခဲ့ပါတယ္။

”ကုလသမဂၢမွာ တိုးတက္မႈကိုျမင္ႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့- ျမန္မာ့အေရးျပႆနာကို အမွန္တကယ္ ဖိအားေပးဖုိ႔နဲ႕ျမန္မာျပည္သူေတြ ေတာင္းဆိုေနတဲ့ ျမန္မာႏိုင္ငံကို လက္နက္ေရာင္းခ်မႈ ပိတ္ပင္ဖို႔ ဒါမွမဟုတ္ ေလယာဥ္ပ်ံသန္းဖို႔ မသင့္တဲ့ နယ္ေျမေတြသတ္မွတ္ဖို႔ စတာေတြကို လံုၿခံဳေရးေကာင္စီမွာ ဆံုးျဖတ္ခ်က္ခ်မွတ္ႏိုင္ေရး စတင္ေဆြးေႏြးသင့္ၿပီလို႔ က်မယံုၾကည္ပါတယ္။ ေနာက္ၿပီး လံုၿခံဳေရးေကာင္စီမွာ တံခါးပိတ္မဟုတ္ပဲ အမ်ားျပည္သူ သိရွိႏိုင္ေရး ပြင့္လင္းတဲ့ အစည္းအေ၀းလုပ္ဖို႔ ဒါမွသာ တရုတ္နဲ႔ အျခားႏိုင္ငံေတြကို ဖိအားေပးႏိုင္မွျဖစ္ပါတယ္။ ပြင့္လင္းတဲ့ အစည္းအေ၀းေတြလုပ္ျခင္းအားျဖင့္ တရုတ္ရဲ႕ ဟန္႕တားမႈေတြကို ေလ်ာ့ခ်ႏိုင္ၿပီး သူ႔ကို ပိုၿပီး ဖိအားေပးႏိုင္မွာ ျဖစ္ပါတယ္။”

သံအမတ္ႀကီးေဟာင္း Kelley Currie ဟာ ျမန္မာ့အေရးမွာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ပါဝင္ကူညီေဆာင္႐ြက္ခဲ့သူလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာရင္ဆိုင္ေနရတဲ့ စစ္အာဏာသိမ္းမႈ အေျခအေနကို အေမရိကန္အေနနဲ႔ ဘယ္လို ပါဝင္ကူညီေျဖရွင္းေပးသင့္သလဲ၊ တပ္မေတာ္ကို ပိတ္ဆို႔အေရးယူထားတာေတြ ထိေရာက္မႈရွိမရွိ၊ အာဆီယံ ရဲ႕ အခန္းက႑ အပါအဝင္ ျမန္မာနယ္စပ္တေလွ်ာက္က ဒုကၡသည္ေတြရဲ႕ အေျခအေန စတာေတြနဲ႔ ပတ္သက္လို႔လည္း ဒီၾကားနာပြဲမွာ ေအာက္လႊတ္ေတာ္အမတ္ေတြက က်ယ္က်ယ္ျပန႔္ျပန႔္ ေမးျမန္းေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

(Unicode)

မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြုဖို့နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရ ရန်ပုံငွေကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် NUG အနေနဲ့ ထိန်းချုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

အင်္ဂါနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာ့အကြပ်အတည်းဖြေရှင်းရာမှာ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

လက်ရှိ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့"The Unfolding Crisis in Burma" မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောပြဿနာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီဒီယိုကွန်ဖရင့် ကြားနာပွဲကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

အချိန် (၃)နာရီကြာမြင့်တဲ့ မြန်မာ့အရေးကြားနာပွဲမှာ အမေရိကန်အောက်လွှတ်တော်အမတ်အများအပြား စိတ်ဝင်တစား ပါဝင်ဆွေးနွေးခဲ့တာပါ။ ထူးခြားချက်ကတော့ သက်သေအဖြစ်ထွက်ဆိုသူတွေထဲမှာ ကုလသမဂ္ဂက ဆက်လက်ပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဒီကြားနာပွဲမှာ သူရဲ့ ရာထူးတာဝန်နဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

သူက အမေရိကန်လွှတ်တော်အနေနဲ့ မြန်မာ့အကြပ်အတည်းကို ကူညီဖြေရှင်းရာမှာ အရေးကြီးဆုံး ဆောင်ရွက်သင့်တဲ့ အချက်တွေကို ဗွီဒီယိုကွန်ဖရင့်ကနေ အခုလို ပြတ်ပြတ်သားသား တင်ပြသွားပါတယ်။

”စစ်တပ်ကို ပစ်မှတ်ထားတဲ့ ညှိုနှိုင်း ပိတ်ဆို့အရေးယူမှုကို ဆောင်ရွက်သင့်ပါတယ်။ မြဝတီဘဏ်၊ အင်းဝဘဏ်၊ နိုင်ငံခြားကုန်သွယ်ရေးဘဏ်၊ MFTB နဲ့ မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့ကို အမေရိကန်ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ချက်ချင်းထည့်သွင်းသင့်ပါတယ်။ စစ်တပ်နဲ့ သူ့ အဖွဲ့ဝင်တွေရဲ့ ဘဏ်အကောင့်တွေအားလုံးကို ထိန်းချုပ်သင့်ပါတယ်။ စစ်ကောင်စီနဲ့ သူရဲ့အပေါင်းပါတွေအတွက် ဝင်ငွေတွေကို ချက်ခြင်းဖြတ်တောက်ပစ်ဖို့လိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းသင့်ပါတယ်။”

ဒါအပြင် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုအပြည့်အဝရရှိထားတဲ့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရကို အမေရိကန်က တရားဝင်အသိအမှတ်ပြုဖို့လည်း အောက်လွှတ်တော်အမတ်တွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြုဖို့၊ ဒါအပြင် စစ်ကောင်စီက ခန့်အပ်တဲ့ မည်သည့် သံတမန်ကိုမှ ဗီဇာထုတ်မပေးဖို့၊ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရ ရန်ပုံငွေကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် NUG အနေနဲ့ ထိန်းချုပ်ခွင့်ပြုဖို့ဖြစ်ပါတယ်။”

ဒါအပြင် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူနိုင်ရေး NUG အစိုးရဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ညှိုနှိုင်းဆောင်ရွက်နေပြီဖြစ်တယ်လု့ိလည်း သံအမတ်ကြီးက ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

NUG အစိုးရ ကိုတရားဝင်အသိအမှတ်ပြုရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော် အမတ်တချို့ အဓိကထား စိန်ခေါ်မေးခွန်းထုတ်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ စတာတွေနဲ့ ပတ်သက်လို့ NUG ရဲ့ရပ်တည်ချက် မူဝါဒဘယ်လိုရှိလဲ ဆိုတာပဲဖြစ်ပါတယ်။

အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဌ နယူးရောက်ပြည်နယ် ဒီမိုကရက် ဝါရင့်အောက်လွှတ်တော်အမတ် Gregory Meeks ကတော့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးဖို့နဲ့ စစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့နိုင်ရေး နည်းလမ်းတွေရှာဖွေဖို့ အခုလို ကြားနာပွဲကို ပြုလုပ်ရတာဖြစ်ကြောင်း သူ့ရဲ့ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

”အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီကြီးတွေကို ပိတ်ဆို့အရေးယူရေးမှာအမေရိကန်နဲ့သဘောထားတူညီတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်ကို တင်ပို့မှုကို ကန့်သတ်ခဲ့တဲ့အပြင်ဒေါ်လာ ၁ ဘီလီယံပိုင်ဆိုင်မှုကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။ ဒါတွေဟာ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရာမှာ ပိုမိုအားကောင်းလာစေဖို့ ဥပဒေတွေကို ကျနော်တို့ သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို တုန့်ပြန်ဖို့ အမေရိကန် အနေနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ မိတ်ဖက်တွေနဲ့အတူတကွ ဆက်လက်လုပ်ဆောင်သွားမှာပါ။"

ကြားနာပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူ နောက်ထပ်ထွက်ဆိုသူနှစ်ဦးကတော့- Progressive Voice အဖွဲ့ တည်ထောင်သူနဲ့ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ၊ နိုင်ငံတကာ အမျိုးသမီးရေးရာ ကိစ္စရပ်များဆိုင်ရာ ဂုဏ်ထူးဆောင် အမေရိကန်သံအမတ်ကြီးဟောင်း Kelley E. Currie တို့ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေသူလည်းဖြစ်တဲ့ ဒေါ်ခင်ဥမ္မာက သူ့ဖြတ်သန်း ခဲ့တဲ့ အတွေ့အကြုံအရ မြန်မာစစ်တပ်ရဲ့ ရက်စက်လှတဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေးမယူနိုင်ခဲ့တဲ့အတွက် အခုလို မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေရတယ်လို့ ကြားနာပွဲမှာ အခုလို ထွက်ဆိုသွားပါတယ်။

”လွန်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိခဲ့တဲ့အတွက်ကြောင့်သာ ဒီနေ့အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေဟာ ဖြစ်ပေါ်နေတာပါ။ ဒီစစ်တပ်ကို အရေးယူပြီး အရပ်သားအုပ်ချုပ်မှုအောက် လုံးဝမရောက်မခြင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုဆိုတာရှိမှာမဟုတ်ပါဘူး။”

မြန်မာ့အရေးကိစ္စမှာ တရုတ်နဲ့ရုရှားက ကုလသမဂ္ဂမှာ အတားအဆီးပြုလုပ်နေတာနဲ့ပတ်သက်လို့ ဘယ်လိုနည်းလမ်းနဲ့အကောင်းဆုံးကျော်လွှားနိုင်မလဲဆိုတဲ့ မေးခွန်းကို ကြားနာပွဲမှာ သက်သေ အဖြစ်ထွက်ဆိုခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာကိစ္စရပ်များဆိုင်ရာ ဂုဏ်ထူးဆောင် အမေရိကန် သံအမတ်ကြီးဟောင်း Kelley E. Currie က အခုလို ဖြေကြားခဲ့ပါတယ်။

”ကုလသမဂ္ဂမှာ တိုးတက်မှုကိုမြင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့- မြန်မာ့အရေးပြဿနာကို အမှန်တကယ် ဖိအားပေးဖို့နဲ့မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဒါမှမဟုတ် လေယာဉ်ပျံသန်းဖို့ မသင့်တဲ့ နယ်မြေတွေသတ်မှတ်ဖို့ စတာတွေကို လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး စတင်ဆွေးနွေးသင့်ပြီလို့ ကျမယုံကြည်ပါတယ်။ နောက်ပြီး လုံခြုံရေးကောင်စီမှာ တံခါးပိတ်မဟုတ်ပဲ အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းတဲ့ အစည်းအဝေးလုပ်ဖို့ ဒါမှသာ တရုတ်နဲ့ အခြားနိုင်ငံတွေကို ဖိအားပေးနိုင်မှဖြစ်ပါတယ်။ ပွင့်လင်းတဲ့ အစည်းအဝေးတွေလုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဟန့်တားမှုတွေကို လျော့ချနိုင်ပြီး သူ့ကို ပိုပြီး ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။”

သံအမတ်ကြီးဟောင်း Kelley Currie ဟာ မြန်မာ့အရေးမှာ ဆယ်စုနှစ် နှစ်ခုကျော် ပါဝင်ကူညီဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ စစ်အာဏာသိမ်းမှု အခြေအနေကို အမေရိကန်အနေနဲ့ ဘယ်လို ပါဝင်ကူညီဖြေရှင်းပေးသင့်သလဲ၊ တပ်မတော်ကို ပိတ်ဆို့အရေးယူထားတာတွေ ထိရောက်မှုရှိမရှိ၊ အာဆီယံ ရဲ့ အခန်းကဏ္ဍ အပါအဝင် မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်တွေရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်လို့လည်း ဒီကြားနာပွဲမှာ အောက်လွှတ်တော်အမတ်တွေက ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG