သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံသဘောတူညီချက် NUG နဲ့ ထိစပ်အကောင်အထည်ဖော်ဖို့ SAC-M တိုက်တွန်း


မြန်မာ့အရေး အာဆီယယံအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောဆိုနေသည့် အင်ဒိုနီးရှားသမ္မတ Joko Widodo ။ ဧပြီ ၂၄၊ ၂၀၂၁။
မြန်မာ့အရေး အာဆီယယံအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောဆိုနေသည့် အင်ဒိုနီးရှားသမ္မတ Joko Widodo ။ ဧပြီ ၂၄၊ ၂၀၂၁။

(Zawgyi/Unicode)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်အပေါ် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိစပ်ပြီး ခိုင်မာတဲ့လုပ်ဆောင်မှုနဲ့ အကောင်အထည်ဖော်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"အာဆီယံရဲ့ သဘောတူညီချက်ငါးခုဟာ မြန်မာနိုင်ငံအခြေအနေ ရှေ့ဆက်ဖြစ်ထွန်းစေရေး လုပ်ငန်းစဉ်တခုရဲ့ မြေစမ်းခရမ်းပျိုးအဆင့်ပဲဖြစ်ပါတယ်။ ရှေ့ဆက်ဖြစ်ထွန်းဖို့ဆိုရင် ဒီသဘောတူညီချက်နောက်မှာ ခိုင်မာတဲ့လုပ်ဆောင်မှုပါရပါမယ်။ ဦးစားပေးရမှာက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ သတ်ဖြတ်မှုတွေ ရပ်သွားဖို့ဖြစ်ပါတယ်" လို့ SAC-M အဖွဲ့ဝင်တဦးဖြစ်သူ Marzuki Darusman ကပြောပါတယ်။

"အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ သဘောတူခဲ့ကြတဲ့အပေါ် ရှေ့ဆက်လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတာ NUG က ပြောထားပါတယ်။ NUG ဟာ မြန်မာလူထုကို တရားဝင် ကိုယ်စားပြုထားသလို နိုင်ငံတကာအသိုင်းအဝိုင်းက ထိတွေ့ဆက်ဆံရမယ့် အပြုသဘောဆောင် မိတ်ဘက်အဖွဲ့ဖြစ်ပါတယ်။ တဘက်မှာတော့ သဘောတူထားတာကို နောက်ပြန်လှည့်ဖို့ တပ်မတော်က ကြိုးစားနေပါပြီ။ အာဆီယံအနေနဲ့ စကားလုံးလှလှတွေကို ခိုင်မာတဲ့လုပ်ဆောင်မှုနဲ့ ပြသဖို့လိုပါတယ်" လို့ SAC-M နောက်အဖွဲ့ဝင်တဦးဖြစ်တဲ့ Chris Sidoti ကပြောပါတယ်။

"အကြမ်းဖက်ဝါဒီ စစ်ကောင်စီဟာ ASEAN ရဲ့ ဘုံသဘောတူညီချက် အားနည်းပျက်ပြယ်စေဖို့ ကြိုးစားနေပါပြီ။ ဒါဟာဖြင့် ထိစပ်လုပ်ဆောင်ရေး နိုင်ငံတကာကြိုးပမ်းမှုကို တပ်မတော်က လှည့်ကွက်လုပ်အသုံးချပြီး ရှေ့ဆက်ဖြစ်ထွန်းဖို့ ဘယ်လိုကြိုးပမ်းမှုမဆို နှောင့်နှေးအောင် ထပ်ပြီးကြိုးစားတာပဲဖြစ်ပါတယ်" လို့ SAC-M ရဲ့ ကျန်အဖွဲ့ဝင်တဦးဖြစ်သူ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးဟောင်း ပါမောက္ခ Yanghee Lee ကပြောပါတယ်။

"ရိုဟင်ဂျာတွေကြုံခဲ့ရတာအတွက် မင်းအောင်လှိုင်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေး အရေးယူသင့်ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်ရေး ဘယ်လိုအစီအစဉ်မျိုးမှာမဆို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ ပါဝင်ပတ်သက်လို့မရပါဘူး" ဆိုပြီးတော့လည်း ပါမောက္ခ Yanghee Lee က ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

...................

(Unicode)







XS
SM
MD
LG