သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီထံ ေငြေၾကးစီးဆင္းမႈ ခ်က္ခ်င္းျဖတ္ေတာက္ဖို႔ ကန္ေအာက္လႊတ္ေတာ္မွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တိုက္တြန္း


ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းး။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

စစ္အာဏာသိမ္းထားတဲ႔ ျမန္မာ စစ္တပ္ အေပၚမွာ အေမရိကန္ဘက္က ပစ္မွတ္ထား ဒဏ္ခတ္ အေရးယူဖို႔ ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အေမရိကန္ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရးရာ ေကာ္မတီ ၾကားနာပြဲမွာ တိုက္တြန္းပါတယ္။

“ျမ၀တီဘဏ္၊ အင္း၀ဘဏ္၊ ျမန္မာ့ ႏုိင္ငံျခား ကုန္သြယ္မႈဘဏ္ MFTB နဲ႔ ျမန္မာ့ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔ ကုမၸဏီ MOGE တို႔ကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈ စာရင္းမွာ အျမန္ဆံုး ထည့္သြင္းသင့္ပါတယ္။ စစ္တပ္နဲ႔ စစ္တပ္ အဖြဲ႔၀င္ေတြနဲ႔ ပတ္သက္တဲ႔ ဘဏ္စာရင္းေတြကို ထိန္းခ်ဳပ္ၿပီး စစ္အုပ္ခ်ဳပ္ေရး အဖြဲ႔၊ ေနာက္ ပတ္သက္သူေတြထံ ေငြေၾကး စီးဆင္းမႈေတြကို ခ်က္ခ်င္းဘဲ ျဖတ္ေတာက္ သင့္ေၾကာင္းနဲ႔ ႏုိင္ငံျခား တိုက္ရိုက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြကိုလည္း ဆိုင္းငံ႔ထားသင့္ပါေၾကာင္း” ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အဂၤါေန႔ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရး ရာ ေကာ္မတီ ၾကားနာပြဲမွာ ေျပာဆိုခဲ႔တာပါ။

အေမရိကန္ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မတီက အြန္လိုင္းကေန တဆင့္ က်င္းပတဲ႔ The Unfolding Crisis in Burma ၾကားနာပြဲမွာ ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ Progressive Voice အဖြဲ႔ကို တည္ေထာင္ ဦးစီးသူ ေဒၚခင္ဥမၼာနဲ႔ ကမၻာ့ အမ်ိဳးသမီး ေရးရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Kelley E. Currie တို႔က လက္ရွိ ျမန္မာႏုိင္ငံ စစ္အာဏာသိမ္းမႈ အေရးကို ထြက္ဆို ရွင္းလင္းခဲ႔ၾကတာ ျဖစ္ပါတယ္။

အမ်ိဳးသား ညီညြတ္ေရး အစိုးရ - NUG ကို တရား၀င္ အစိုးရ အျဖစ္ အသိအမွတ္ျပဳေရး၊ စစ္တပ္ အုပ္ခ်ဳပ္ေရး ေကာင္စီက သံတမန္ေတြကို ျပည္၀င္ခြင့္ ဗီဇာ ထုတ္မေပးေရး၊ စစ္အာဏာသိမ္းမႈေၾကာင့္ အေမရိကန္က ထိန္းခ်ဳပ္ထားတဲ႔ ျမန္မာ ႏုိင္ငံပိုင္ ရန္ပံုေငြကို ျမန္မာ လူထု အက်ိဳးစီးပြား အတြက္ NUG အမ်ိဳးသား ညီညြတ္ေရး အစိုးရကို အသံုးျပဳခြင့္ ေပးေရးတို႔ကိုပါ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရးရာ ေကာ္မတီမွာ အႀကံျပဳခဲ႔ပါတယ္။

ျမန္မာ ျပည္သူေတြရဲ႕ အသက္အႏၱရာယ္ ျဖစ္မယ့္အေရး အကာအကြယ္ေပးဖို႔၊ လိုအပ္ေနသူေတြ အတြက္ လူသားခ်င္း စာနာေထာက္ကူမႈေတြ ေပးဖို႔ လိုအပ္တဲ႔ အေၾကာင္း အျပင္ အိမ္နီးခ်င္း ႏုိင္ငံေတြကို ထြက္ေျပးရသူေတြ အတြက္ ခိုလံႈစရာ ေနရာလိုအပ္ေနေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္။ ျမန္မာႏုိင္ငံတြင္းက ေဒသ တခ်ိဳ႕မွာ ေလယာဥ္ မပ်ံသန္းရဇုန္ သတ္မွတ္ေရးနဲ႔ ကမၻာလံုးဆိုင္ရာ လက္နက္ ေရာင္းခ်မႈ တားျမစ္ကန္႔သတ္ခ်က္လည္း ခ်မွတ္ဖို႔ သံအမတ္ႀကီးက တိုက္တြန္းခဲ႔ပါတယ္။


.............

စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ချက်ချင်းဖြတ်တောက်ဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

(Unicode)

စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။

“မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီ MOGE တို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ အမြန်ဆုံး ထည့်သွင်းသင့်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ပြီး စစ်အုပ်ချုပ်ရေး အဖွဲ့၊ နောက် ပတ်သက်သူတွေထံ ငွေကြေး စီးဆင်းမှုတွေကို ချက်ချင်းဘဲ ဖြတ်တောက် သင့်ကြောင်းနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆိုင်းငံ့ထားသင့်ပါကြောင်း” ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက အွန်လိုင်းကနေ တဆင့် ကျင်းပတဲ့ The Unfolding Crisis in Burma ကြားနာပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ Progressive Voice အဖွဲ့ကို တည်ထောင် ဦးစီးသူ ဒေါ်ခင်ဥမ္မာနဲ့ ကမ္ဘာ့ အမျိုးသမီး ရေးရာ အမေရိကန် သံအမတ်ကြီးဟောင်း Kelley E. Currie တို့က လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အရေးကို ထွက်ဆို ရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ - NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုရေး၊ စစ်တပ် အုပ်ချုပ်ရေး ကောင်စီက သံတမန်တွေကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးရေး၊ စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်က ထိန်းချုပ်ထားတဲ့ မြန်မာ နိုင်ငံပိုင် ရန်ပုံငွေကို မြန်မာ လူထု အကျိုးစီးပွား အတွက် NUG အမျိုးသား ညီညွတ်ရေး အစိုးရကို အသုံးပြုခွင့် ပေးရေးတို့ကိုပါ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ အကြံပြုခဲ့ပါတယ်။

မြန်မာ ပြည်သူတွေရဲ့ အသက်အန္တရာယ် ဖြစ်မယ့်အရေး အကာအကွယ်ပေးဖို့၊ လိုအပ်နေသူတွေ အတွက် လူသားချင်း စာနာထောက်ကူမှုတွေ ပေးဖို့ လိုအပ်တဲ့ အကြောင်း အပြင် အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရသူတွေ အတွက် ခိုလှုံစရာ နေရာလိုအပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဒေသ တချို့မှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု တားမြစ်ကန့်သတ်ချက်လည်း ချမှတ်ဖို့ သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG