သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာ႔သတင္းလြတ္လပ္ခြင့္ေန႔မွာ မလြတ္လပ္တဲ႔ ျမန္မာ႔သတင္းသမားတို႔ ဘဝ 


၂၀၂၁ မတ္လတုန္းက ရန္ကုန္ဆႏၵျပပြဲေတြအတြင္း သတင္းဓါတ္ပံုယူေနေသာ အမ်ဳိးသမီးဓါတ္ပံု သတင္းေထာက္  ၿငိမ္းေလး (ဓါတ္ပံု credit: Thant Lwan Wai Chit)

(Zawgyi/Unicode)

ေမလ (၃)ရက္ကို ကမၻာလံုးဆိုင္ရာ စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ အထိမ္းအမွတ္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္ ။ျမန္မာႏိုင္ငံမွာေတာ့ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စစ္ေကာင္စီက သတင္းသမားေတြကို ပစ္မွတ္ထား အၾကမ္းဖက္ဖိႏွိပ္ေနတဲ့ၾကားက သူတို႔အေနနဲ႔ စြန္႔စြန္႔စားစားသတင္းယူေနရေၾကာင္း အမ်ဳိးသမီးဓါတ္ပံု သတင္းေထာက္ ၿငိမ္းေလးက ေျပာပါတယ္။

ရန္ကုန္မွာ ေဖေဖၚ၀ါရီလ ကုန္ပိုင္းေလာက္ကစၿပီး စစ္ေကာင္စီက ဆႏၵျပသူေတြကို ပစ္ခတ္ၿဖိဳခဲြေနတဲ့ သတင္းမွတ္တမ္းဓါတ္ပံုေတြကို ႏိုင္ငံတကာသိေအာင္ သက္စြန္႔ဆံဖ်ားရိုက္ယူခဲ့တဲ့ ၿငိမ္းေလးရဲ႕ အေတြ႕အႀကံဳေတြနဲ႔ပတ္သက္လို႔ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ ညီမတို႔ ဓါတ္ပံု သတင္းေထာက္ေတြရဲ႕ စြန္႔စားမႈေပါ့၊ တကယ့္ကို ထိထိမိမိနဲ႔ ေဖာ္ျပႏိုင္ေအာင္လို႔ေပါ့ေနာ္ အထူးႀကိဳးစားတာေတြ ရိုက္ခ်က္ေတြေပါ့ေနာ္ ကမာၻ႕မီဒီယာေတြ သတင္းဌာနေတြမွာလည္းေတြ႔ရပါတယ္၊ သူတို႔လည္းေဖာ္ျပၾကတယ္။ ညီမဆိုရင္အထူးသျဖင့္ အမ်ဳိးသမီးဓါတ္ပံု သတင္းေထာက္တေယာက္အေနနဲ႔ ဒီလို လံုၿခံဳေရးတပ္ေတြ စစ္တပ္ေတြက ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲေနတဲ့ၾကားထဲက အဲလိုဓါတ္ပံုသတင္းေတြကိုရေအာင္ ဘယ္လိုယူသလဲရွင့္ ဒီလို စြန္႔စားၿပီးေတာ့ေပါ့ေနာ္ အဲဒီအေတြ႔အၾကံဳ ေျပာျပပါဦး။

ၿငိမ္းေလး။ ။ မတ္လေလာက္ကဆိုရင္ ဆႏၵျပတဲ့ပံုစံေတြက လူေတြက လမ္းထဲမွာ defense ပံုစံေတြလုပ္ၿပီးေတာ့ သဲအိတ္ေတြကာၿပီးေတာ့ လမ္းေတြမွာ ပိတ္ၿပီးေတာ့ အဲဒီေနာက္မွာမွ ဆႏၵျပတဲ့လူေတြရွိတယ္။ ၿပီးရင္ အဲဒီ သဲအိတ္ေတြေနာက္ဘက္မွာ defense လိုင္းေတြ ၁၊ ၂၊ ၃ အဲလိုမ်ိဳးေတြ ထားထားတယ္။ က်ေနာ္ကေတာ့ ဓါတ္ပံုရိုက္ေတာ့ အရမ္းၾကီးလည္း ေရွ႕မွာလည္း သြားေနလို႔မရဘူး။ ေတာ္ၾကာသူတို႔ဘက္ကေနၿပီးေတာ့ ၿဖိဳခြဲတဲ့အခါက်ရင္ ကိုယ့္ဆီကို တန္းေရာက္လာႏိုင္တာလည္းျဖစ္ႏိုင္တဲ့အခါက်ေတာ့ ေထာင့္တေထာင့္မွာေနၿပီးေတာ့ ေစာင့္ေနတယ္။ အဲဒီအခ်ိန္မွာ အေရွ႕ကလူေတြေျပးလာတာကိုလည္းရိုက္တယ္။ ၿပီးရင္ ျဖစ္ႏိုင္တယ္ဆုိရင္ ျမင္ရတယ္ဆိုရင္ သူတို႔ ပစ္တဲ့ဟာေတြကိုလည္း လွမ္းၿပီးေတာ့ ရိုက္တယ္ေပါ့ေနာ္။ ၿပီးသြားတယ္ဆိုရင္ က်ေနာ္တို႔လည္း သူတို႔နဲ႔အတူတူ ေျပးရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က မေျပးရင္ ကိုယ့္ကိုလည္း ဖမ္းသြားမွာဆိုေတာ့ေလ။

အင္ၾကင္းႏိုင္။ ။ ညီမဆိုရင္ ဒီေလာက္အၾကမ္းဖက္ဖိႏွိပ္ၿပီးေတာ့ ၿဖိဳခြဲေနတဲ့ဟာ ေတာ္ေတာ္ေလးလည္း အႏၱရာယ္မ်ားတယ္။ အသက္အႏၱရာယ္လည္း စြန္႔စားရတဲ့အခါမွာ အမ်ိဳးသမီး ဓါတ္ပံုသတင္းေထာက္ ျဖစ္တဲ့အတြက္ အားသာခ်က္၊ အားနည္းခ်က္ေတြေရာ ဘယ္လိုရွိသလဲ။

ၿငိမ္းေလး။ ။ အေကာင္းဘက္ကေနစေျပာရမယ္ဆိုရင္ေတာ့ ညီမဆိုရင္ ကင္မရာ ၂ လံုးလြယ္ထားတာျဖစ္တဲ့အတြက္ေလးတယ္ေပါ့ေနာ္၊ တခါတေလ laptop ပါရင္ပါတယ္။ မပါဘူးဆိုရင္ တျခားဟာေတြပါတယ္ဆိုေတာ့ တကယ္ေျပးတဲ့အခ်ိန္မွာ အဲဒါေတြက weight မ်ားၿပီ လူေျပးလို႔မရေအာင္ျဖစ္ေနတာေပါ့ေနာ္။ မတ္လကုန္ေလာက္က တာေကသမွာ သူတို႔လုပ္တဲ့ ဆႏၵျပပြဲမွာဆိုရင္ သူတို႔ crack down လုပ္ေတာ့ က်ေနာ့္နားမွာ ေတာ္ေတာ္နီးေနၿပီေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေတြေျပးလာတာအရမ္းျမန္တယ္ ကိုယ္ေတြကေတာ့ အဲလိုမ်ိဳးမဟုတ္ဘူး။ ေသေသခ်ာခ်ာ train ထားတာလည္း မဟုတ္ဘူး camera ေတြလည္းပါေနေတာ့ ေလးၿပီးေတာ့ ေတာ္ေတာ္နဲ႔မသြားႏိုင္ဘူး အဲဒီအခ်ိန္မွာ ဒီအတိုင္းဆႏၵျပေနတဲ့သူ ကိုယ္နဲ႔ အတူတူေျပးေနတဲ့သူတေယာက္က အမ လာလာ ေျပးေျပး ဆိုၿပီးေတာ့ က်ေနာ္ကိုင္ထားတဲ့ ကင္မရာတလံုးကို အတင္းေတာင္းၿပီးေတာ့ ၊ က်ေနာ္သယ္ေပးမယ္ က်ေနာ္နဲ႔အတူတူေျပးမယ္ဆိုၿပီးေတာ့ ကိုယ္ေလးေနတာကို သူပါထမ္းၿပီးေတာ့ ကိုယ္နဲ႔အတူတူ လိုက္ေျပးတာမ်ိဳးေတာ့ ရွိတယ္ေပါ့ေနာ္။ မေကာင္းတာကေတာ့ ဘယ္လိုလဲဆိုေတာ့ ခုနေျပာတဲ့ Defense လိုင္းမွာဆိုရင္ေတာ္ေတာ္မ်ားမ်ားက ေယာက်ၤားေလးေတြပဲ ရွိတယ္ေပါ့ေနာ္။ သူတို႔က ၿပီးေတာ့ ေၾကြးေၾကာ္သံေတြ ေအာ္ေနတယ္ ၊ ေအာ္ေနရင္းနဲ႔ မဆိုင္တဲ့သူေတြဆိုရင္ အေနာက္ကိုသြားေပးပါဆိုၿပီးေတာ့ မိန္းကေလးေတြဆိုရင္ အေနာက္မွာ ေနေပးပါေပါ့ ။ ဆိုေတာ့ အဲဒါႀကီးကေတာ့ ေယာကၤ်ားေလးနဲ႔ မိန္းကေလးရဲ႕ ခြဲျခားဆက္ဆံမႈ နည္းနည္းမ်ားတယ္ေပါ့ေနာ္။ ေတာ္ေတာ္ေလး သိပ္သေဘာမက်ဘူးေပါ့ေနာ္ မိန္းကေလးျဖစ္ေနလို႔ က်ေနာ္အေရွ႕မွာ ေနလို႔မရဘူးလားေပါ့။

အင္ၾကင္းႏိုင္။ ။ အခုဆိုရင္ စစ္ေကာင္စီက သတင္းသမားေတြကို ေတာ္ေတာ္ေလး ဖိႏွိပ္တဲ့ေနရာမွာ အိမ္ေတြကိုလိုက္ၿပီးေတာ့ ဖမ္းတာလည္းရွိတယ္။ ညီမကိုယ္တိုင္လည္း လံုၿခံဳေရးအရ ေတာ္ေတာ္စိုးရိမ္ေနရတဲ့အေျခအေနရွိေတာ့ အခု စစ္ေကာင္စီက သတင္းေထာက္ေတြ ၊ သတင္းသမားေတြကို ဖိႏွိပ္ေနတဲ့ အေျခအေနက ဘယ္ေလာက္အထိ ဆိုးရြားေနသလဲရွင့္။

ၿငိမ္းေလး။ ။ ဘယ္ေလာက္အထိ ဖိႏွိပ္ေနသလဲဆုိရင္ က်ေနာ္တို႔ အခုေနာက္ပိုင္း ကိုယ့္ကိုယ္ကို သတင္းသမားလို႔ မထင္ရေလာက္ေအာင္ကို အ၀တ္အစားကအစ ကင္မရာကအစ လံုး၀မထုတ္ပဲနဲ႔ကို အျပင္ထြက္ၿပီးေတာ့ သတင္းယူေနရတယ္ေပါ့ေနာ္။ ၿပီးသြားရင္ ကိုယ္တိုင္ကလည္း တေနရာရာမ်ာ အခ်ိန္အၾကာႀကီးမေနရဲတာတို႔ အဲလိုမ်ိဳး စိတ္ပူတာတို႔ ၊ စိတ္ထဲမွာ လန္႔ေနတာတို႔ အဲလိုမ်ိဳး လန္႔ေနရတာေပါ့ေနာ္။ ဘယ္ေန႔မ်ား ကိုယ့္ကို လာဖမ္းလိုက္မလဲဆိုတဲ့အေတြးနဲ႔ေပါ့ေနာ္။

အင္ၾကင္းႏိုင္။ ။ အက်ဥ္းေထာင္ေတြထဲမွာ သတင္းသမားေတြကို ဖမ္းဆီးထားတာ ၊ အဲဒါနဲ႔ ပတ္သက္လို႔ ညီမတို႔ ဘာၾကားသလဲ။

ၿငိမ္းေလး။ ။ ဘာၾကားသလဲဆိုေတာ့ အဲဒီအထဲမွာ အခုေရာက္ေနတာ အေယာက္ ၇၀ ေက်ာ္ေပါ့ ။ အဲဒီအထဲက တ၀က္ေလာက္နီးပါးကို သူတို႔ တရားစြဲထားတယ္ေပါ့ေနာ္။ ေရာက္တဲ့အထဲမွာလည္း က်ေနာ္နဲ႔ အရမ္းခင္တဲ့ သူငယ္ခ်င္းတေယာက္လည္းပါတယ္။ သူကလည္း အခုအထိ ရံုးခ်ိန္းေတြနဲ႔ေပါ့။

အင္ၾကင္းႏိုင္။ ။ ကိုယ္တိုင္လည္း အခု သတင္းယူေနတဲ့အခါက်ေတာ့ အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈက ဘယ္ေလာက္အခ်ိန္အထိ သြားႏိုင္မလဲ၊ သတင္းသမားေတြေရာ အဲဒီအတြက္ ဘယ္လိုေတြ ျပင္ဆင္ထားသလဲေပါ့။

ၿငိမ္းေလး။ ။ က်ေနာ့္အေနနဲ႔ဆိုရင္ေတာ့ က်ေနာ္ကေတာ့ ေနာက္ပိုင္းမွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ အရမ္းႀကီးေတာ့ သိပ္မသိေပမယ့္လည္း ဆက္ျဖစ္လာတဲ့အေျခအေနမွာ မူတည္ၿပီးေတာ့ ကိုယ္တိုင္က သတင္းရရင္ ရသလို ရေအာင္လည္းယူမယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္တိုင္ကလည္း သတင္းက ဓါတ္ပံုက အျပင္မွာ ထြက္မရိုက္ေနရဘူးဆိုရင္ အိမ္ထဲမွာ ေနေနရတယ္ဆိုရင္ အခ်ိန္ေတြၾကာလာတယ္ဆိုရင္ သေဘာမက်ဘူးေလ။ သတင္းသမားဆိုေတာ့ အျမဲတမ္း သတင္းကို ဆာေလာင္ေနတာေပါ့ေနာ္ အဲဒါဆိုေတာ့ ထြက္ရိုက္လို႔ရၿပီဆိုတာနဲ႔ ထြက္ရိုက္မွာေပါ့။

တိုက္႐ိုက္ လင့္ခ္

..........

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မလွတ်လပ်တဲ့ မြန်မာ့သတင်းသမားတို့ ဘဝ

(Unicode)

မေလ (၃)ရက်ကိုကမ္ဘာလုံးဆိုင်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထား အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက သူတို့အနေနဲ့ စွန့်စွန့်စားစားသတင်းယူနေရကြောင်း အမျိုးသမီးဓါတ်ပုံ သတင်းထောက် ငြိမ်းလေးက ပြောပါတယ်။

ရန်ကုန်မှာ ဖေဖေါ်ဝါရီလ ကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေကို နိုင်ငံတကာသိအောင် သက်စွန့်ဆံဖျားရိုက်ယူခဲ့တဲ့ ငြိမ်းလေးရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ညီမတို့ ဓါတ်ပုံ သတင်းထောက်တွေရဲ့ စွန့်စားမှုပေါ့၊ တကယ့်ကို ထိထိမိမိနဲ့ ဖော်ပြနိုင်အောင်လို့ပေါ့နော် အထူးကြိုးစားတာတွေ ရိုက်ချက်တွေပေါ့နော် ကမ္ဘာ့မီဒီယာတွေ သတင်းဌာနတွေမှာလည်းတွေ့ရပါတယ်၊ သူတို့လည်းဖော်ပြကြတယ်။ ညီမဆိုရင်အထူးသဖြင့် အမျိုးသမီးဓါတ်ပုံ သတင်းထောက်တယောက်အနေနဲ့ ဒီလို လုံခြုံရေးတပ်တွေ စစ်တပ်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတဲ့ကြားထဲက အဲလိုဓါတ်ပုံသတင်းတွေကိုရအောင် ဘယ်လိုယူသလဲရှင့် ဒီလို စွန့်စားပြီးတော့ပေါ့နော် အဲဒီအတွေ့အကြုံ ပြောပြပါဦး။

ငြိမ်းလေး။ ။ မတ်လလောက်ကဆိုရင် ဆန္ဒပြတဲ့ပုံစံတွေက လူတွေက လမ်းထဲမှာ defense ပုံစံတွေလုပ်ပြီးတော့ သဲအိတ်တွေကာပြီးတော့ လမ်းတွေမှာ ပိတ်ပြီးတော့ အဲဒီနောက်မှာမှ ဆန္ဒပြတဲ့လူတွေရှိတယ်။ ပြီးရင် အဲဒီ သဲအိတ်တွေနောက်ဘက်မှာ defense လိုင်းတွေ ၁၊ ၂၊ ၃ အဲလိုမျိုးတွေ ထားထားတယ်။ ကျနော်ကတော့ ဓါတ်ပုံရိုက်တော့ အရမ်းကြီးလည်း ရှေ့မှာလည်း သွားနေလို့မရဘူး။ တော်ကြာသူတို့ဘက်ကနေပြီးတော့ ဖြိုခွဲတဲ့အခါကျရင် ကိုယ့်ဆီကို တန်းရောက်လာနိုင်တာလည်းဖြစ်နိုင်တဲ့အခါကျတော့ ထောင့်တထောင့်မှာနေပြီးတော့ စောင့်နေတယ်။ အဲဒီအချိန်မှာ အရှေ့ကလူတွေပြေးလာတာကိုလည်းရိုက်တယ်။ ပြီးရင် ဖြစ်နိုင်တယ်ဆိုရင် မြင်ရတယ်ဆိုရင် သူတို့ ပစ်တဲ့ဟာတွေကိုလည်း လှမ်းပြီးတော့ ရိုက်တယ်ပေါ့နော်။ ပြီးသွားတယ်ဆိုရင် ကျနော်တို့လည်း သူတို့နဲ့အတူတူ ပြေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မပြေးရင် ကိုယ့်ကိုလည်း ဖမ်းသွားမှာဆိုတော့လေ။

အင်ကြင်းနိုင်။ ။ ညီမဆိုရင် ဒီလောက်အကြမ်းဖက်ဖိနှိပ်ပြီးတော့ ဖြိုခွဲနေတဲ့ဟာ တော်တော်လေးလည်း အန္တရာယ်များတယ်။ အသက်အန္တရာယ်လည်း စွန့်စားရတဲ့အခါမှာ အမျိုးသမီး ဓါတ်ပုံသတင်းထောက် ဖြစ်တဲ့အတွက် အားသာချက်၊ အားနည်းချက်တွေရော ဘယ်လိုရှိသလဲ။

ငြိမ်းလေး။ ။ အကောင်းဘက်ကနေစပြောရမယ်ဆိုရင်တော့ ညီမဆိုရင် ကင်မရာ ၂ လုံးလွယ်ထားတာဖြစ်တဲ့အတွက်လေးတယ်ပေါ့နော်၊ တခါတလေ laptop ပါရင်ပါတယ်။ မပါဘူးဆိုရင် တခြားဟာတွေပါတယ်ဆိုတော့ တကယ်ပြေးတဲ့အချိန်မှာ အဲဒါတွေက weight များပြီ လူပြေးလို့မရအောင်ဖြစ်နေတာပေါ့နော်။ မတ်လကုန်လောက်က တာကေသမှာ သူတို့လုပ်တဲ့ ဆန္ဒပြပွဲမှာဆိုရင် သူတို့ crack down လုပ်တော့ ကျနော့်နားမှာ တော်တော်နီးနေပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေပြေးလာတာအရမ်းမြန်တယ် ကိုယ်တွေကတော့ အဲလိုမျိုးမဟုတ်ဘူး။ သေသေချာချာ train ထားတာလည်း မဟုတ်ဘူး camera တွေလည်းပါနေတော့ လေးပြီးတော့ တော်တော်နဲ့မသွားနိုင်ဘူး အဲဒီအချိန်မှာ ဒီအတိုင်းဆန္ဒပြနေတဲ့သူ ကိုယ်နဲ့ အတူတူပြေးနေတဲ့သူတယောက်က အမ လာလာ ပြေးပြေး ဆိုပြီးတော့ ကျနော်ကိုင်ထားတဲ့ ကင်မရာတလုံးကို အတင်းတောင်းပြီးတော့ ၊ ကျနော်သယ်ပေးမယ် ကျနော်နဲ့အတူတူပြေးမယ်ဆိုပြီးတော့ ကိုယ်လေးနေတာကို သူပါထမ်းပြီးတော့ ကိုယ်နဲ့အတူတူ လိုက်ပြေးတာမျိုးတော့ ရှိတယ်ပေါ့နော်။ မကောင်းတာကတော့ ဘယ်လိုလဲဆိုတော့ ခုနပြောတဲ့ Defense လိုင်းမှာဆိုရင်တော်တော်များများက ယောင်္ကျားလေးတွေပဲ ရှိတယ်ပေါ့နော်။ သူတို့က ပြီးတော့ ကြွေးကြော်သံတွေ အော်နေတယ် ၊ အော်နေရင်းနဲ့ မဆိုင်တဲ့သူတွေဆိုရင် အနောက်ကိုသွားပေးပါဆိုပြီးတော့ မိန်းကလေးတွေဆိုရင် အနောက်မှာ နေပေးပါပေါ့ ။ ဆိုတော့ အဲဒါကြီးကတော့ ယောင်္ကျားလေးနဲ့ မိန်းကလေးရဲ့ ခွဲခြားဆက်ဆံမှု နည်းနည်းများတယ်ပေါ့နော်။ တော်တော်လေး သိပ်သဘောမကျဘူးပေါ့နော် မိန်းကလေးဖြစ်နေလို့ ကျနော်အရှေ့မှာ နေလို့မရဘူးလားပေါ့။

အင်ကြင်းနိုင်။ ။ အခုဆိုရင် စစ်ကောင်စီက သတင်းသမားတွေကို တော်တော်လေး ဖိနှိပ်တဲ့နေရာမှာ အိမ်တွေကိုလိုက်ပြီးတော့ ဖမ်းတာလည်းရှိတယ်။ ညီမကိုယ်တိုင်လည်း လုံခြုံရေးအရ တော်တော်စိုးရိမ်နေရတဲ့အခြေအနေရှိတော့ အခု စစ်ကောင်စီက သတင်းထောက်တွေ ၊ သတင်းသမားတွေကို ဖိနှိပ်နေတဲ့ အခြေအနေက ဘယ်လောက်အထိ ဆိုးရွားနေသလဲရှင့်။

ငြိမ်းလေး။ ။ ဘယ်လောက်အထိ ဖိနှိပ်နေသလဲဆိုရင် ကျနော်တို့ အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို သတင်းသမားလို့ မထင်ရလောက်အောင်ကို အဝတ်အစားကအစ ကင်မရာကအစ လုံးဝမထုတ်ပဲနဲ့ကို အပြင်ထွက်ပြီးတော့ သတင်းယူနေရတယ်ပေါ့နော်။ ပြီးသွားရင် ကိုယ်တိုင်ကလည်း တနေရာရာမျာ အချိန်အကြာကြီးမနေရဲတာတို့ အဲလိုမျိုး စိတ်ပူတာတို့ ၊ စိတ်ထဲမှာ လန့်နေတာတို့ အဲလိုမျိုး လန့်နေရတာပေါ့နော်။ ဘယ်နေ့များ ကိုယ့်ကို လာဖမ်းလိုက်မလဲဆိုတဲ့အတွေးနဲ့ပေါ့နော်။

အင်ကြင်းနိုင်။ ။ အကျဉ်းထောင်တွေထဲမှာ သတင်းသမားတွေကို ဖမ်းဆီးထားတာ ၊ အဲဒါနဲ့ ပတ်သက်လို့ ညီမတို့ ဘာကြားသလဲ။

ငြိမ်းလေး။ ။ ဘာကြားသလဲဆိုတော့ အဲဒီအထဲမှာ အခုရောက်နေတာ အယောက် ၇၀ ကျော်ပေါ့ ။ အဲဒီအထဲက တဝက်လောက်နီးပါးကို သူတို့ တရားစွဲထားတယ်ပေါ့နော်။ ရောက်တဲ့အထဲမှာလည်း ကျနော်နဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်လည်းပါတယ်။ သူကလည်း အခုအထိ ရုံးချိန်းတွေနဲ့ပေါ့။

အင်ကြင်းနိုင်။ ။ ကိုယ်တိုင်လည်း အခု သတင်းယူနေတဲ့အခါကျတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက ဘယ်လောက်အချိန်အထိ သွားနိုင်မလဲ၊ သတင်းသမားတွေရော အဲဒီအတွက် ဘယ်လိုတွေ ပြင်ဆင်ထားသလဲပေါ့။

ငြိမ်းလေး။ ။ ကျနော့်အနေနဲ့ဆိုရင်တော့ ကျနော်ကတော့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အရမ်းကြီးတော့ သိပ်မသိပေမယ့်လည်း ဆက်ဖြစ်လာတဲ့အခြေအနေမှာ မူတည်ပြီးတော့ ကိုယ်တိုင်က သတင်းရရင် ရသလို ရအောင်လည်းယူမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကလည်း သတင်းက ဓါတ်ပုံက အပြင်မှာ ထွက်မရိုက်နေရဘူးဆိုရင် အိမ်ထဲမှာ နေနေရတယ်ဆိုရင် အချိန်တွေကြာလာတယ်ဆိုရင် သဘောမကျဘူးလေ။ သတင်းသမားဆိုတော့ အမြဲတမ်း သတင်းကို ဆာလောင်နေတာပေါ့နော် အဲဒါဆိုတော့ ထွက်ရိုက်လို့ရပြီဆိုတာနဲ့ ထွက်ရိုက်မှာပေါ့။

XS
SM
MD
LG