သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို ဒဏ္ခတ္ၿပီး ျပည္သူေတြကို စာနာမႈအေထာက္အပံ့ပိုေပးဖို႔ G-7 ကို ၿဗိတိန္ တိုက္တြန္းဖြယ္ရွိ


(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္မွာ အဂၤါေန႔က စတင္လိုက္တဲ့ ၂ ရက္ၾကာ (G7) စက္မႈထိပ္သီး ၇ ႏိုင္ငံ အစည္းအေ၀းအတြင္း ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္ေခါင္းေဆာင္ေတြနဲ႔ ဆက္ႏြယ္ေနသူေတြနဲ႔ လုပ္ငန္းေတြကို ဒဏ္ခတ္အေရးယူဖို႔ အိမ္ရွင္ၿဗိတိန္ႏိုင္ငံက တိုက္တြန္းလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

စစ္လက္နက္ ေရာင္းခ်မႈေတြ တားျမစ္ဖို႔နဲ႔ ျမန္မာျပည္သူေတြအတြက္ စာနာမႈ အကူအညီေတြ တိုးျမႇင့္ေပးအပ္ႏိုင္ေရး အတြက္လည္း ႏိုင္ငံျခားေရး၀န္ႀကီး Dominic Raab က တိုက္တြန္းမယ့္ အလားအလာရွိေနပါတယ္။

G7 အဖဲြ႕ရဲ႕ အစည္းအေ၀းမွာေတာ့ ျမန္မာႏိ္ုင္ငံအေရး သာမက ဆီးရီးယား၊ တ႐ုတ္၊ ႐ုရွားနဲ႔ အာဖဂနစၥတန္ ႏိုင္ငံအေရး အပါအ၀င္ ႏိုင္ငံတကာ ကိစၥရပ္ေတြကိုလည္း ေဆြးေႏြးၾကမွာပါ။

အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ၀န္ႀကီး Antony Blinken ကေတာ့ ဆီးရီးယား ႏိုင္ငံရဲ႕ ၁၀ ႏွစ္ၾကာ ျပည္တြင္းစစ္ အဆုံးသတ္ေရး ႏိုင္ငံေရး အေျဖရွာဖို႔ G7 အဖဲြ႕၀င္ေတြရဲ႕ သႏၷိ႒ာန္ကို ထပ္ေလာင္းေျပာၾကားလိုေၾကာင္း အစည္းအေ၀း ပထမေန႔ျဖစ္တဲ့ အဂၤါေန႔မွာပဲ Twitter လူမႈကြန္ရက္ကေန ေျပာဆိုထားပါတယ္။

ၿဗိတိ္န္ႏိုင္ငံျခားေရး၀န္ႀကီးကေတာ့ ၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ လူခ်င္းေတြ႕ဆုံမယ့္ အစည္းအေ၀းဟာ သံတမန္ေရး ႀကိဳးပမ္းမႈေတြ ျပန္လည္အားေကာင္းလာတဲ့ လကၡဏာအျဖစ္ ေျပာဆိုခဲ့တာပါ။

“ကမာၻတ၀န္း ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြ အားလုံးနဲ႔ ႏိုင္ငံေတြ အတူတကြ ပူးေပါင္းေျဖရွင္းႏိုင္ဖို႔ စိန္ေခၚမႈေတြ ဘယ္ေလာက္ ႀကီးမားတယ္ဆိုတာကို ျပသရာေရာက္မယ္ ထင္ပါတယ္။” လို႔ ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီး Dominic Raab ေျပာသြားတာပါ။

၂ ရက္ၾကာ အစည္းအေ၀းမွာ G7 အဖဲြ႕၀င္ေတြ သာမက အင္ဒို၊ ပစိဖိတ္ေဒသက မိတ္ဖက္ေတြပါ တက္ေရာက္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ လန္ဒန္ၿမိဳ႕ေတာ္က G7 အစည္းအေ၀းကိုေတာ့ အဖဲြ႕၀င္ ႏိုင္ငံေတြ ျဖစ္ၾကတဲ့ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္ တို႔သာမက၊ ၾသစေၾတးလ်၊ အိႏၵိယ၊ ေတာင္ကိုရီးယား၊ ဘ႐ူႏိုင္းနဲ႔ ေတာင္အာဖရိက ႏိုင္ငံတို႔လည္း တက္ေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူကို စာနာမှုအထောက်အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ

(Unicode)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

စစ်လက်နက် ရောင်းချမှုတွေ တားမြစ်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် စာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ရေး အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တိုက်တွန်းမယ့် အလားအလာရှိနေပါတယ်။

G7 အဖွဲ့ရဲ့ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံအရေး သာမက ဆီးရီးယား၊ တရုတ်၊ ရုရှားနဲ့ အာဖဂနစ္စတန် နိုင်ငံအရေး အပါအဝင် နိုင်ငံတကာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြမှာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး Antony Blinken ကတော့ ဆီးရီးယား နိုင်ငံရဲ့ ၁၀ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး နိုင်ငံရေး အဖြေရှာဖို့ G7 အဖွဲ့ဝင်တွေရဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားလိုကြောင်း အစည်းအဝေး ပထမနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကတော့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမယ့် အစည်းအဝေးဟာ သံတမန်ရေး ကြိုးပမ်းမှုတွေ ပြန်လည်အားကောင်းလာတဲ့ လက္ခဏာအဖြစ် ပြောဆိုခဲ့တာပါ။

“ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အားလုံးနဲ့ နိုင်ငံတွေ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ဖို့ စိန်ခေါ်မှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာကို ပြသရာရောက်မယ် ထင်ပါတယ်။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ပြောသွားတာပါ။

၂ ရက်ကြာ အစည်းအဝေးမှာ G7 အဖွဲ့ဝင်တွေ သာမက အင်ဒို၊ ပစိဖိတ်ဒေသက မိတ်ဖက်တွေပါ တက်ရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လန်ဒန်မြို့တော်က G7 အစည်းအဝေးကိုတော့ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် တို့သာမက၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဘရူနိုင်းနဲ့ တောင်အာဖရိက နိုင်ငံတို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG