သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း သံုးလေက်ာ္ လမ္းေပၚဆႏၵျပမႈမ်ား ပံုစံမ်ိဳးစံုရွိေနဆဲ


ဖားကန္႔ၿမိဳ႔ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပပြဲ (ဓါတ္ပုံ၊SK ) ေမလ၊ ၃၊ ၂၀၂၁

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၃ လေက်ာ္သြားပါၿပီ။ ၃ လေက်ာ္လာခ်ိန္မွာ စစ္အာဏာသိမ္းမႈအေပၚ လမ္းေပၚထြက္ ဆန္႔က်င္ကန္႔ကြက္မႈေတြ အ႐ွိန္ေလ်ာ့သြားေပမဲ့ ဆက္ၿပီး႐ွိေနဆဲပါ။ တနသၤာရီတိုင္း၊ ကယားျပည္နယ္၊ မြန္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးဖက္က ဆႏၵပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၃ လေက်ာ္သြားၿပီးျဖစ္ေပမဲ့ ဒီအေပၚ ကန္႔ကြက္ ဆႏၵျပမႈေတြကေတာ့ ပံုစံမ်ဳိးစံုနဲ႔ ဆက္ၿပီး႐ွိေနစဲပါ။ စစ္အာဏာသိမ္းခဲ့ၿပီးခ်ိန္ကစလို႔ ျပည္သူအမ်ားအျပား ေန႔စဥ္လမ္းေပၚထြက္ ဆႏၵျပတဲ့ ၿမိဳ႕ေတြထဲက တခုျဖစ္တဲ့ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕မွာ ဒီေန႔လည္း ျပည္သူတခ်ဳိ႕ ဆႏၵျပခဲ့ၾကပါတယ္။

“ဆႏၵျပတာေတြကေတာ့ ရွိေနတာေပါ့ေနာ္။ၿမိဳ႕ေပၚေတြမွာေရာ ဒီထားဝယ္နယ္ေတြက ရပ္ေက်းေတြမွာေရာ သူ႕ရြာအလိုက္ ဆႏၵျပတာေတြကေတာ့ ေန႔စဥ္ရွိပါတယ္။ ဒီေန႔မွာလည္း အဖမ္းအဆီးေတြလည္းရွိတယ္။ ဖမ္းဆီးတာေတြကေတာ့ ေန႔တိုင္းလိုလိုရွိပါတယ္။ ျပန္လြတ္လိုက္ ဖမ္းလိုက္ ဖမ္းလိုက္ ျပန္လြတ္လိုက္ အဲလိုအေျခအေနေတာ့ ရွိပါတယ္။ၿပီးေတာ့ ေသနတ္ပစ္တာတို႔ ဘာတို႔ရွိတယ္။ ထားဝယ္မွာက ဘာတခုရွိလဲဆိုေတာ့ ၿမိဳ႕ဝင္ၿမိဳ႔ထြက္ ဂိတ္ေတြကို အရမ္းစစ္ေဆးတာေတြ တင္းၾကပ္ေနတာေပါ့ေနာ္။”

လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပမႈေတြအေပၚ စစ္တပ္က အင္အားသံုး ႏွိမ္ႏွင္း ဖမ္းဆီးမႈေတြကိုလည္း အ႐ွိန္ျမွင့္လုပ္ေနတာမို႔ ဆႏၵျပတာေတြ အေစာပိုင္းကေလာက္ လူမမ်ားေတာ့ေပမဲ့ ျဖစ္တဲ့နည္းနဲ႔ လုပ္ေနၾကတာျဖစ္ပါတယ္။ ကယားျပည္နယ္မွာဆိုရင္လည္း ဒီကေန႔အထိ ဆႏၵထုတ္ေဖာ္တာေတြ ရွိေနတယ္လို႔လည္း ဒီေမာဆုိးၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

“ကယားျပည္နယ္မွာကေတာ့ ဆႏၵေတြကေတာ့ ျပေနဆဲပဲေပါ့ေနာ္။ ဒါေပမယ့္ ေန႔တိုင္းလိုလိုျပေနတာေတာ့မဟုတ္ဘူး။ တရက္တေလ အဲလိုျခားျခားၿပီးေတာ့ မေန႔ကေတာ့ အႀကီးအက်ယ္ပဲ အမ်ားႀကီးျပၾကတယ္။ ဒီလိြုင္ေကာ္ဖက္ မိုင္းလံုးဖက္ ဒီေမာဆိုး သူ႔ေနရာနဲ႔ သူေတာ့ ျပၾကတဲ့ထဲမွာပဲ မိုင္းလံုးဖက္မွာေတာ့ လူေတာင္မစုရေသးဘူး။ ေသနတ္နွစ္ခ်က္ ေဖာက္ၿပီးေတာ့ လူစုခြဲလိုက္တာေပါ့ေနာ္။”

ဖမ္းဆီးတာေတြေန႔စဥ္ရွိ္ေနေပမယ့္လည္း နည္းမ်ိဳးစံုနဲ႔ အာဏာရွင္ဆန္႔က်င္တာေတြရွိေနတဲ့ စစ္ကိုင္းတိုင္း ေဒသႀကီး မုံရြာၿမိဳ႕နယ္မွာ အာဏာရွင္ဆန္႔က်င္လွုပ္ရွားမႈအတြင္း ေသဆံုးသြားသူေတြအတြက္ ဒီကေန႔မွာေတာ့ ဆုေတာင္းပြဲလုပ္ခဲ့ၾကတယ္လို႔ မုံရြာသပိတ္ဦးေဆာင္သူ တစ္ဦးကေျပာပါတယ္။

“ဒီေန႔မွာေတာ့ ဖယ္ဒရယ္ဒီမုိကေရစီအေရးေတာ္ပံုအတြက္ အသက္ေသြးေတြ ေပးဆပ္သြားၾကတဲ့ ေက်ာင္းသားလူငယ္ေလးေတြ ျပည္သူလူထုေတြကို ဘယ္ေတာ့မွ မေမ့ဘူး ဆိုတာကို ျပသဖို႔အတြက္ မုံရြာၿမိဳ႕ ဆုေတာင္းျပည့္ဘုရားမွာ ေမတၱာပို့တာမ်ိုး ျပဳလုပ္ခဲ့ႀကပါတယ္။ ေနရာတိုင္းမွာ ရပ္ကြက္တိုင္းမွာေပါ့ေနာ္ ။ ရတဲ့နည္းနဲ႔ ရသလိုမ်ိဳး ဆန္႔က်င္မႉေတြကေတာ့ မုံရြာၿမို႕နယ္မွာေရာ ၿမိဳ႔နယ္တဝွမ္းမွာေရာ ေန႔စဥ္ရက္ဆက္ဆိုသလို အာဏာရွင္ကိုဖီဆန္လ်က္ရွိေနတယ္။”

မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔အ႐ုဏ္တက္ခ်ိန္ကစလို႔ သံဃာ့သမဂၢသပိတ္၊ တပ္ေပါင္းစုသပိတ္၊ အင္ဂ်င္နီယာေတြရဲ႕ ဘူးသပိတ္စစ္ေၾကာင္းအျပင္ ဆႏၵျပသူေတြပုံစံမ်ိဳးစုံနဲ႔ စုေဝးဆႏၵျပၾကပါတယ္။​ ပဲခူး၊ ေညာင္ဦး၊၊ ဘုတလင္၊ မင္းဘူး၊ ေတာင္ငူ၊ လႈိင္ေကာ္၊ ေ႐ႊဘို၊ မုံ႐ြာ၊ ျမစ္ႀကီးနား၊ လိြဳင္ေကာ္ၿမိဳ႕ေတြမွာလည္း ဆိုင္ကယ္သပိတ္၊ လူမဲ့သပိတ္၊ ႐ြာတြင္းသပိတ္နဲ႔ အိမ္တြင္းသပိတ္ေတြျပဳလုပ္ၾကၿပီး စစ္အာဏာရွင္ကိုဆန္႔က်င္ေၾကာင္း ပုံစံမ်ိဳးစုံနဲ႔ ျပသေနၾကပါတယ္။

မေန႔ကပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့တဲ့ ဖားကန္႔ၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္း လူရာခ်ီ စုေဝးဆႏၵျပၾကပါတယ္။

ကမာၻလံုးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔အျဖစ္သတ္မွတ္ၿပီး ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံစံုမွာ ဆႏၵျပၾကတဲ့ မေန႔တုန္းကေတာ့ ဖားကန္႔၊ ေနာင္ခ်ိဳ၊ မႏၲေလးနဲ႔ ဝက္လက္ၿမိဳ႕ေတြက ဆႏၵျပပဲြေတြအေပၚ စစ္တပ္က ပစ္ခတ္ၿဖိဳခြဲလို႔ ၈ ေယာက္ေသဆံုးခဲ့ပါတယ္။

..........................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်သွားပါပြီ။ ၃ လကျော်လာချိန်မှာ စစ်အာဏာသိမ်းမှုအပေါ် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်မှုတွေ အရှိန်လျော့သွားပေမဲ့ ဆက်ပြီးရှိနေဆဲပါ။ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဖက်က ဆန္ဒပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်သွားပြီးဖြစ်ပေမဲ့ ဒီအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေကတော့ ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေစဲပါ။ စစ်အာဏာသိမ်းခဲ့ပြီးချိန်ကစလို့ ပြည်သူအများအပြား နေ့စဉ်လမ်းပေါ်ထွက် ဆန္ဒပြတဲ့ မြို့တွေထဲက တခုဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့လည်း ပြည်သူတချို့ ဆန္ဒပြခဲ့ကြပါတယ်။

“ဆန္ဒပြတာတွေကတော့ ရှိနေတာပေါ့နော်။မြို့ပေါ်တွေမှာရော ဒီထားဝယ်နယ်တွေက ရပ်ကျေးတွေမှာရော သူ့ရွာအလိုက် ဆန္ဒပြတာတွေကတော့ နေ့စဉ်ရှိပါတယ်။ ဒီနေ့မှာလည်း အဖမ်းအဆီးတွေလည်းရှိတယ်။ ဖမ်းဆီးတာတွေကတော့ နေ့တိုင်းလိုလိုရှိပါတယ်။ ပြန်လွတ်လိုက် ဖမ်းလိုက် ဖမ်းလိုက် ပြန်လွတ်လိုက် အဲလိုအခြေအနေတော့ ရှိပါတယ်။ပြီးတော့ သေနတ်ပစ်တာတို့ ဘာတို့ရှိတယ်။ ထားဝယ်မှာက ဘာတခုရှိလဲဆိုတော့ မြို့ဝင်မြို့ထွက် ဂိတ်တွေကို အရမ်းစစ်ဆေးတာတွေ တင်းကြပ်နေတာပေါ့နော်။”

လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေအပေါ် စစ်တပ်က အင်အားသုံး နှိမ်နှင်း ဖမ်းဆီးမှုတွေကိုလည်း အရှိန်မြှင့်လုပ်နေတာမို့ ဆန္ဒပြတာတွေ အစောပိုင်းကလောက် လူမများတော့ပေမဲ့ ဖြစ်တဲ့နည်းနဲ့ လုပ်နေကြတာဖြစ်ပါတယ်။ ကယားပြည်နယ်မှာဆိုရင်လည်း ဒီကနေ့အထိ ဆန္ဒထုတ်ဖော်တာတွေ ရှိနေတယ်လို့လည်း ဒီမောဆိုးမြို့ခံတစ်ဦးကပြောပါတယ်။

“ကယားပြည်နယ်မှာကတော့ ဆန္ဒတွေကတော့ ပြနေဆဲပဲပေါ့နော်။ ဒါပေမယ့် နေ့တိုင်းလိုလိုပြနေတာတော့မဟုတ်ဘူး။ တရက်တလေ အဲလိုခြားခြားပြီးတော့ မနေ့ကတော့ အကြီးအကျယ်ပဲ အများကြီးပြကြတယ်။ ဒီလွိုင်ကော်ဖက် မိုင်းလုံးဖက် ဒီမောဆိုး သူ့နေရာနဲ့ သူတော့ ပြကြတဲ့ထဲမှာပဲ မိုင်းလုံးဖက်မှာတော့ လူတောင်မစုရသေးဘူး။ သေနတ်နှစ်ချက် ဖောက်ပြီးတော့ လူစုခွဲလိုက်တာပေါ့နော်။”

ဖမ်းဆီးတာတွေနေ့စဉ်ရှိနေပေမယ့်လည်း နည်းမျိုးစုံနဲ့ အာဏာရှင်ဆန့်ကျင်တာတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း သေဆုံးသွားသူတွေအတွက် ဒီကနေ့မှာတော့ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်လို့ မုံရွာသပိတ်ဦးဆောင်သူ တစ်ဦးကပြောပါတယ်။

“ဒီနေ့မှာတော့ ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်သွေးတွေ ပေးဆပ်သွားကြတဲ့ ကျောင်းသားလူငယ်လေးတွေ ပြည်သူလူထုတွေကို ဘယ်တော့မှ မမေ့ဘူး ဆိုတာကို ပြသဖို့အတွက် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားမှာ မေတ္တာပို့တာမျိုး ပြုလုပ်ခဲ့ကြပါတယ်။ နေရာတိုင်းမှာ ရပ်ကွက်တိုင်းမှာပေါ့နော် ။ ရတဲ့နည်းနဲ့ ရသလိုမျိုး ဆန့်ကျင်မှူတွေကတော့ မုံရွာမြို့နယ်မှာရော မြို့နယ်တဝှမ်းမှာရော နေ့စဉ်ရက်ဆက်ဆိုသလို အာဏာရှင်ကိုဖီဆန်လျက်ရှိနေတယ်။”

မန္တလေးမြို့မှာလည်း ဒီကနေ့အရုဏ်တက်ချိန်ကစလို့ သံဃာ့သမဂ္ဂသပိတ်၊ တပ်ပေါင်းစုသပိတ်၊ အင်ဂျင်နီယာတွေရဲ့ ဘူးသပိတ်စစ်ကြောင်းအပြင် ဆန္ဒပြသူတွေပုံစံမျိုးစုံနဲ့ စုဝေးဆန္ဒပြကြပါတယ်။ ပဲခူး၊ ညောင်ဦး၊၊ ဘုတလင်၊ မင်းဘူး၊ တောင်ငူ၊ လှိုင်ကော်၊ ရွှေဘို၊ မုံရွာ၊ မြစ်ကြီးနား၊ လွိုင်ကော်မြို့တွေမှာလည်း ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ ရွာတွင်းသပိတ်နဲ့ အိမ်တွင်းသပိတ်တွေပြုလုပ်ကြပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပုံစံမျိုးစုံနဲ့ ပြသနေကြပါတယ်။

မနေ့ကပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ ဖားကန့်မြို့မှာ ဒီကနေ့မနက်ပိုင်း လူရာချီ စုဝေးဆန္ဒပြကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံစုံမှာ ဆန္ဒပြကြတဲ့ မနေ့တုန်းကတော့ ဖားကန့်၊ နောင်ချို၊ မန္တလေးနဲ့ ဝက်လက်မြို့တွေက ဆန္ဒပြပွဲတွေအပေါ် စစ်တပ်က ပစ်ခတ်ဖြိုခွဲလို့ ၈ ယောက်သေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG