သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးနဲ႔ မိတီၳလာက ေလတပ္စခန္းေတြ တိုက္ခိုက္ခံရ


အေဝးပစ္ လွ်ပ္စစ္ေရွာ့တိုက္ဒံုးေတြနဲ႔ တိုက္ခိုက္ခံခဲ့ရတဲ့ မေကြး ေလတပ္စခန္းနဲ႔ မိတီၳလာေလတပ္စခန္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

မေကြးၿမိဳ႕မွာ ႐ွိတဲ့ ေလတပ္စခန္းနဲ႔ မိတၳီလာၿမိဳ႕မွာ႐ွိတဲ့ ေလတပ္စခန္းေတြ ဒီေန႔ တိုက္ခိုက္ခံရပါတယ္။ အေ၀းပစ္ လွ်ပ္စစ္ေရွာ့တိုက္ဒံုးေတြနဲ႔ တိုက္ခိုက္ခံခဲ့ရတာပါ။ မေကြးေလတပ္စခန္း တိုက္ခိုက္ခံရၿပီးတဲ့ေနာက္ ေဒသခံတခ်ဳိ႕ ဖမ္းဆီးခံရပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

ဒီကေန႔ ဧၿပီ ၂၉ ရက္ မနက္အေစာပိုင္းက မေကြးတိုင္းထဲမွာ႐ွိတဲ့ မေကြးေလတပ္စခန္းနဲ႔ မႏၱေလးတိုင္းထဲမွာ႐ွိတဲ့ မိတၳီလာေလတပ္စခန္းတုိ႔ကို အေ၀းပစ္လွ်ပ္စစ္ ေရွာ့တိုက္ ဒံုးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခခဲ့တာပါ။

ေလတပ္စခန္း ႏွစ္ခုလံုးမွာ အပ်က္အစီး ႀကီးႀကီးမားမား မ႐ွိဘူးလို႔ စစ္ေကာင္စီရဲ႕ ဒီကေန႔ သတင္းစာ႐ွင္းပြဲအတြင္း သတင္းထုတ္ျပန္ေရးအဖြဲ႕၀င္ ဗိုလ္ႀကီးေအးသဇင္ျမင့္က ေျပာသြားပါတယ္။

“ဒီကေန႔ ဧၿပီ ၂၉ ရက္ေန႔ မနက္ ၃ နာရီမွာေပါ့ေနာ္ မေကြးေလတပ္စခန္းကို ၁၀၇ မမ ေရွာ့တိုက္ဒံုး ၄ လံုးနဲ႔ လာၿပီးပစ္တယ္။ ပစ္တဲ့အခ်ိန္မွာ ယာခင္းထဲကို ၃ လံုးက်ၿပီးေတာ့ လမ္းေပၚ ၁ လံုးက်ပါတယ္။ လူထိခိုက္ ဒဏ္ရာရရွိမႈေတာ့ မရွိခဲ့ပါဘူး။ အေဆာက္အအံုတခုေတာ့ အနည္းငယ္ထိခိုက္ခဲ့ပါတယ္။ စစ္ေဆးတဲ့အခါမွာ ေလဆိပ္အနီး သေျပစမ္းေတာင္ရြာနဲ႔ စမ္းကန္ရြာအၾကား ယာေတာထဲက ပစ္ခတ္တယ္လို႔ သိရပါတယ္။"

မေကြး ေလတပ္စခန္းတိုက္ခိုက္ခံရမႈမွာ စစ္သား ၆ ဦးအထိ ေသဆံုးတယ္လို႔ ေဒသခံေတြက ေျပာေနၾကေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ ေသဆံုးဒဏ္ရာရတာ မရွိဘူးလို႔ ေျပာပါတယ္။ ဒီလိုေသဆံုးဒဏ္ရာရတဲ့ စာရင္းကိုေတာ့ ဗီြအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။

မိတၳီလာေလတပ္စခန္း တိုက္ခိုက္ခံရတာနဲ႔ ပတ္သက္လုိ႔လည္း စစ္ေကာင္စီသတင္းစာ႐ွင္းပဲြမွာ ခုလိုေျပာသြားပါတယ္။

"အလားတူပဲ ဒီေန႔မနက္ ၅ နာရီမွာေပါ့ေနာ္။ ၅ နာရီကေန ၉ နာရီၾကားမွာ ၁၀၇ မမ ေရွာ့တိုက္ဒံုးနဲ႔ပဲ ေရွာ့တိုက္ဒံုး ၅ လံုးနဲ႔ပဲ လာၿပီးပစ္ခတ္တယ္။ ေလယာဥ္ေျပးလမ္း ေျမာက္ဘက္ထိပ္ ယာခင္းထဲကေနၿပီးေတာ့ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ အနီးအနား ပတ္၀န္းက်င္ကို က်ည္ေတြ က်ေရာက္ခဲ့တယ္လို႔ သိရတယ္။ လူအေဆာက္အအံု ထိခိုက္ဒဏ္ရာရတာေတာ့မရွိပါဘူး။ လံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြအေနနဲ႔ကေတာ့ ပစ္ခတ္သူေတြကို ဖမ္းဆီးရမိဖို႔အတြက္ လံုၿခံဳေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္ရြက္ေနပါတယ္။”

မေကြးေလတပ္စခန္း ပစ္ခတ္မႈျဖစ္ၿပီးေနာက္ အနားမွာ႐ွိတဲ့ သေျပစမ္းေတာင္ရြာနဲ႔ စမ္းကန္ရြာသားအခ်ိဳ႕ကို စစ္တပ္က ဖမ္းဆီးခဲ့ပါတယ္။ ၿမိဳ႕၀င္ၿမိဳ႕ထြက္လမ္းေတြကို ပိတ္ဆို႔ၿပီး ရွာေဖြသလို လံုၿခံဳေရးတင္းၾကပ္စြာ ခ်ထားတယ္လို႔ မေကြးၿမိဳ႕ခံတဦးက ဗြီအိုေအကိုေျပာပါတယ္။

“မနက္ ၃ နာရီခန္႔မွာ ေပါက္ကြဲသံၾကားရတာေပါ့။ ေပါက္ကြဲသံၾကားတဲ့အခါမွာ အနီးနားအထိကို အိမ္ေတြဘာေတြ အကုန္တုန္လႈပ္တာေပါ့ေနာ္။ အသံအက်ယ္ႀကီးနဲ႔ တုန္လႈပ္တဲ့အသံ ၄/၅/၆ ခ်က္ ေပါက္ကြဲသံကို ၾကားရတာ။ အခ်ိန္ခန္႔မွန္းက မနက္ ၃ နာရီေလာက္ေပါ့။ အခု သေျပစမ္းရြာက သူတို႔ရဲ႕ ပစၥည္းက်န္ရွိတဲ့ေနရာ ပစၥည္းက်န္တဲ့ ယာခင္းပိုင္ရွင္ေတြေပါ့ေနာ္။ သေျပစမ္းရြာက ၈ ဦးနဲ႔ စမ္းကန္က ၉ ဦးေပါ့။ ယာပိုင္ရွင္ေတြကို ဖမ္းဆီးေခၚေဆာင္သြားတယ္ခင္ဗ်။ အဲဒီ ျဖစ္ျဖစ္ခ်င္းကေနၿပီး မင္းဘူးတံတားေပါ့ေနာ္။ မေကြးနဲ႔ အေနာက္ဘက္တံတားကို အျဖတ္သန္း အျပဳမခံဘူး။ ေနာက္ခါ ကံဖ်ားေပါ့ နတ္ေမာက္ေရနံေခ်ာင္းဘက္ထြက္တဲ့ ကံဖ်ားတိုးဂိတ္မွာလည္း သူတို႔ပိတ္ၿပီးေတာ့ အ၀င္အထြက္ေတြကို တင္းတင္းၾကပ္ၾကပ္ မနက္ပိုင္းက ေတာက္ေလွ်ာက္ ေဆာင္ရြက္ေနတယ္။ ေတာင္တြင္းလမ္းဘက္လည္း ေတာင္တြင္း တိုးဂိတ္လို႔ေခၚတာေပါ့ မေကြးအထြက္တိုးဂိတ္ အဲ့ဒီေကာင္ကိုလည္း ကားေတြ၊ ဘာေတြဆိုလည္း စီတန္းပိတ္ဆို႔ၿပီး ေစာင့္ေနရတာေပါ့။ ၁၁ ေက်ာ္ေက်ာ္ေလာက္က်မွာ အ၀င္အထြက္ကို ျပန္ၿပီးေတာ့ ဒါေတာင္ေတာ္ေတာ္ စစ္ေဆးပါတယ္ခင္ဗ်။ ၿမိဳ႕တြင္းကလည္း မနက္ပိုင္း ၿမိဳ႕တြင္းေနရာေတာ္ေတာ္မ်ားမ်ားမွာ အင္အားေတြနဲ႔ခ်ၿပီးေတာ့ ဆိုင္ေတြဘာေတြ က်ေနာ္တို႔ မနက္အခြန္လြတ္ေစ်းေတြဘာေတြဆိုရင္ ေစ်းေရာင္း လာတဲ့သူေတြဆိုရင္ စစ္ေဆးတယ္ေပါ့ဗ်ာ။ ေန႔ခင္းပိုင္းလည္း သူတို႔သက္ဆိုင္ရာ လံုၿခံဳေရးေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားတာကို က်ေနာ္တို႔ေတြ႕ရတယ္။”

မိတၳီလာၿမိဳ႕ မွာလည္း ေလတပ္စခန္း တိုက္ခိုက္ခံရၿပီးေနာက္ ၿမိဳ႕အဝင္အထြက္ လံုၿခံဳေရးကို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတယ္လို႔ ၿမိဳ႕ခံက ေျပာျပပါတယ္။

“ရန္ကုန္အထြက္လမ္းရွိတယ္။ မႏၱေလးအထြက္လမ္း ေက်ာက္ပန္းေတာင္းဘက္သြားတဲ့လမ္း ျမင္းၿခံဘက္သြားတဲ့လမ္း ္ေတာင္ႀကီးဘက္သြားတဲ့လမ္း အဲ့ဒါေတြအကုန္လံုးက အဲ့ဒါျဖစ္ၿပီးေတာ့ ပိတ္လိုက္တယ္ေပါ့။ သူတို႔ရွာတာေဖြတာ လုပ္ဖို႔ က်ေနာ္က အဲ့ဒီလိုထင္တယ္ သူတို႔ ပိတ္ဆုိ႔လိုက္တယ္။ ေနာက္ၿပီးေတာ့ ဒီမွာၿမိဳ႕ေရွာင္လမ္း ရွိတယ္။ မိတၳီလာၿမိဳ႕ အေရွ႕ဘက္ကေနၿပီးေတာ့ မႏၱေလးနဲ႔ သာစည္ကို ျဖတ္ၿပီး မိတၳီလာအထြက္ကိုေပါ့ေနာ္။ ေရွာင္တဲ့လမ္း အဲ့ဒီလမ္းကိုလည္း ပိတ္လိုက္တယ္။ ၿမိဳ႕တြင္းထဲလည္း အဲ့ဒီေလာက္ေတာ့ မျဖစ္ဘူး။ သူတို႔က ဒါေတြကို ပိတ္ၿပီးေတာ့ အဓိကက ၿမိဳ႕တြင္းကလာတဲ့ဟာေတြကို စစ္ေနတာ။”

ဒီကေန႔ မနက္ပိုင္းမွာပဲ ပဲခူးတိုင္းေဒသႀကီး သာယာ၀တီၿမိဳ႕အ၀င္က ခလရ ၃၅ မွာလည္း မီးေလာင္ေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။ အဲဒီတပ္စခန္းထဲမွာ ႐ွိတဲ့ လက္နက္တိုက္ ေပါက္ကြဲမႈ ျဖစ္တယ္လို႔ေဒသခံ တစ္ ဦးက ေျပာျပပါတယ္။

“အဲ့ဒီ ၃၅ တပ္ရင္းရဲ႕ နားကရြာေတြေပါ့ေနာ္။ အဲ့ဒီနားက ရြာေတြက တိုက္ပြဲျဖစ္ေနတဲ့ အသံလိုၾကားတယ္ဆိုၿပီး က်ေနာ္တို႔ ဒီဘက္ကို လွမ္းအေၾကာင္းၾကားတယ္။ အေၾကာင္းၾကားေတာ့ နီးစပ္တဲ့ေနရာကလူေတြကို လွမ္းေမးတဲ့အခါက်ေတာ့ ဟုတ္တယ္တဲ့ ၃၅ တပ္ရင္းထဲက လက္နက္တိုက္ ေပါက္တာတဲ့ ေတာ္ေတာ္ေလးၾကားတယ္တဲ့ အဲ့ဒီသတင္းေတာ့ confirm ေတာ့ျဖစ္ပါတယ္။”

ေပါက္ကြဲမႈျဖစ္ပြားၿပီး မၾကာခင္မွာပဲ ခလရ ၃၅ နဲ႔အနီးဆံုးျဖစ္တဲ့ သာယာ၀တီ လက္ပံတန္းၿမိဳ႕က မီးသတ္ကားေတြ ထြက္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေပါက္ကြဲမႈျဖစ္စဥ္ အေသးစိတ္ကိုေတာ့ မသိရေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းမထုတ္ျပန္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မကွေးနဲ့ မိတ္ထီလာက လေတပ်စခန်းတွေ တိုက်ခိုက်ခံရ

မကွေးမြို့မှာ ရှိတဲ့ လေတပ်စခန်းနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ လေတပ်စခန်းတွေ ဒီနေ့ တိုက်ခိုက်ခံရပါတယ်။ အဝေးပစ် လျှပ်စစ်ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ မကွေးလေတပ်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတချို့ ဖမ်းဆီးခံရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

ဒီကနေ့ ဧပြီ ၂၉ ရက် မနက်အစောပိုင်းက မကွေးတိုင်းထဲမှာရှိတဲ့ မကွေးလေတပ်စခန်းနဲ့ မန္တလေးတိုင်းထဲမှာရှိတဲ့ မိတ္ထီလာလေတပ်စခန်းတို့ကို အဝေးပစ်လျှပ်စစ် ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခခဲ့တာပါ။

လေတပ်စခန်း နှစ်ခုလုံးမှာ အပျက်အစီး ကြီးကြီးမားမား မရှိဘူးလို့ စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းပွဲအတွင်း သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်ကြီးအေးသဇင်မြင့်က ပြောသွားပါတယ်။

“ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၃ နာရီမှာပေါ့နော် မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ လာပြီးပစ်တယ်။ ပစ်တဲ့အချိန်မှာ ယာခင်းထဲကို ၃ လုံးကျပြီးတော့ လမ်းပေါ် ၁ လုံးကျပါတယ်။ လူထိခိုက် ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။ အဆောက်အအုံတခုတော့ အနည်းငယ်ထိခိုက်ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ လေဆိပ်အနီး သပြေစမ်းတောင်ရွာနဲ့ စမ်းကန်ရွာအကြား ယာတောထဲက ပစ်ခတ်တယ်လို့ သိရပါတယ်။"

မကွေး လေတပ်စခန်းတိုက်ခိုက်ခံရမှုမှာ စစ်သား ၆ ဦးအထိ သေဆုံးတယ်လို့ ဒေသခံတွေက ပြောနေကြပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုသေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီသတင်းစာရှင်းပွဲမှာ ခုလိုပြောသွားပါတယ်။

"အလားတူပဲ ဒီနေ့မနက် ၅ နာရီမှာပေါ့နော်။ ၅ နာရီကနေ ၉ နာရီကြားမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ပဲ ရှော့တိုက်ဒုံး ၅ လုံးနဲ့ပဲ လာပြီးပစ်ခတ်တယ်။ လေယာဉ်ပြေးလမ်း မြောက်ဘက်ထိပ် ယာခင်းထဲကနေပြီးတော့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အနီးအနား ပတ်ဝန်းကျင်ကို ကျည်တွေ ကျရောက်ခဲ့တယ်လို့ သိရတယ်။ လူအဆောက်အအုံ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ပစ်ခတ်သူတွေကို ဖမ်းဆီးရမိဖို့အတွက် လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။”

မကွေးလေတပ်စခန်း ပစ်ခတ်မှုဖြစ်ပြီးနောက် အနားမှာရှိတဲ့ သပြေစမ်းတောင်ရွာနဲ့ စမ်းကန်ရွာသားအချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ မြို့ဝင်မြို့ထွက်လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေသလို လုံခြုံရေးတင်းကြပ်စွာ ချထားတယ်လို့ မကွေးမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနက် ၃ နာရီခန့်မှာ ပေါက်ကွဲသံကြားရတာပေါ့။ ပေါက်ကွဲသံကြားတဲ့အခါမှာ အနီးနားအထိကို အိမ်တွေဘာတွေ အကုန်တုန်လှုပ်တာပေါ့နော်။ အသံအကျယ်ကြီးနဲ့ တုန်လှုပ်တဲ့အသံ ၄/၅/၆ ချက် ပေါက်ကွဲသံကို ကြားရတာ။ အချိန်ခန့်မှန်းက မနက် ၃ နာရီလောက်ပေါ့။ အခု သပြေစမ်းရွာက သူတို့ရဲ့ ပစ္စည်းကျန်ရှိတဲ့နေရာ ပစ္စည်းကျန်တဲ့ ယာခင်းပိုင်ရှင်တွေပေါ့နော်။ သပြေစမ်းရွာက ၈ ဦးနဲ့ စမ်းကန်က ၉ ဦးပေါ့။ ယာပိုင်ရှင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ခင်ဗျ။ အဲဒီ ဖြစ်ဖြစ်ချင်းကနေပြီး မင်းဘူးတံတားပေါ့နော်။ မကွေးနဲ့ အနောက်ဘက်တံတားကို အဖြတ်သန်း အပြုမခံဘူး။ နောက်ခါ ကံဖျားပေါ့ နတ်မောက်ရေနံချောင်းဘက်ထွက်တဲ့ ကံဖျားတိုးဂိတ်မှာလည်း သူတို့ပိတ်ပြီးတော့ အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် မနက်ပိုင်းက တောက်လျှောက် ဆောင်ရွက်နေတယ်။ တောင်တွင်းလမ်းဘက်လည်း တောင်တွင်း တိုးဂိတ်လို့ခေါ်တာပေါ့ မကွေးအထွက်တိုးဂိတ် အဲ့ဒီကောင်ကိုလည်း ကားတွေ၊ ဘာတွေဆိုလည်း စီတန်းပိတ်ဆို့ပြီး စောင့်နေရတာပေါ့။ ၁၁ ကျော်ကျော်လောက်ကျမှာ အဝင်အထွက်ကို ပြန်ပြီးတော့ ဒါတောင်တော်တော် စစ်ဆေးပါတယ်ခင်ဗျ။ မြို့တွင်းကလည်း မနက်ပိုင်း မြို့တွင်းနေရာတော်တော်များများမှာ အင်အားတွေနဲ့ချပြီးတော့ ဆိုင်တွေဘာတွေ ကျနော်တို့ မနက်အခွန်လွတ်ဈေးတွေဘာတွေဆိုရင် ဈေးရောင်း လာတဲ့သူတွေဆိုရင် စစ်ဆေးတယ်ပေါ့ဗျာ။ နေ့ခင်းပိုင်းလည်း သူတို့သက်ဆိုင်ရာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတာကို ကျနော်တို့တွေ့ရတယ်။”

မိတ္ထီလာမြို့ မှာလည်း လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံက ပြောပြပါတယ်။

“ရန်ကုန်အထွက်လမ်းရှိတယ်။ မန္တလေးအထွက်လမ်း ကျောက်ပန်းတောင်းဘက်သွားတဲ့လမ်း မြင်းခြံဘက်သွားတဲ့လမ်း ်တောင်ကြီးဘက်သွားတဲ့လမ်း အဲ့ဒါတွေအကုန်လုံးက အဲ့ဒါဖြစ်ပြီးတော့ ပိတ်လိုက်တယ်ပေါ့။ သူတို့ရှာတာဖွေတာ လုပ်ဖို့ ကျနော်က အဲ့ဒီလိုထင်တယ် သူတို့ ပိတ်ဆို့လိုက်တယ်။ နောက်ပြီးတော့ ဒီမှာမြို့ရှောင်လမ်း ရှိတယ်။ မိတ္ထီလာမြို့ အရှေ့ဘက်ကနေပြီးတော့ မန္တလေးနဲ့ သာစည်ကို ဖြတ်ပြီး မိတ္ထီလာအထွက်ကိုပေါ့နော်။ ရှောင်တဲ့လမ်း အဲ့ဒီလမ်းကိုလည်း ပိတ်လိုက်တယ်။ မြို့တွင်းထဲလည်း အဲ့ဒီလောက်တော့ မဖြစ်ဘူး။ သူတို့က ဒါတွေကို ပိတ်ပြီးတော့ အဓိကက မြို့တွင်းကလာတဲ့ဟာတွေကို စစ်နေတာ။”

ဒီကနေ့ မနက်ပိုင်းမှာပဲ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့အဝင်က ခလရ ၃၅ မှာလည်း မီးလောင်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီတပ်စခန်းထဲမှာ ရှိတဲ့ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်တယ်လို့ဒေသခံ တစ် ဦးက ပြောပြပါတယ်။

“အဲ့ဒီ ၃၅ တပ်ရင်းရဲ့ နားကရွာတွေပေါ့နော်။ အဲ့ဒီနားက ရွာတွေက တိုက်ပွဲဖြစ်နေတဲ့ အသံလိုကြားတယ်ဆိုပြီး ကျနော်တို့ ဒီဘက်ကို လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားတော့ နီးစပ်တဲ့နေရာကလူတွေကို လှမ်းမေးတဲ့အခါကျတော့ ဟုတ်တယ်တဲ့ ၃၅ တပ်ရင်းထဲက လက်နက်တိုက် ပေါက်တာတဲ့ တော်တော်လေးကြားတယ်တဲ့ အဲ့ဒီသတင်းတော့ confirm တော့ဖြစ်ပါတယ်။”

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာပဲ ခလရ ၃၅ နဲ့အနီးဆုံးဖြစ်တဲ့ သာယာဝတီ လက်ပံတန်းမြို့က မီးသတ်ကားတွေ ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG