သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လႈပ္ရွားမႈ ေသြးေအးသြားၿပီလား


ရန္ကုန္မွာ ဆႏၵျပေနသူတခ်ိဳ႕ (ေဖေဖာ္ဝါရီလ ၁၅ ရက္၊ ၀၂၁) ဓာတ္ပံု - ႐ိုက္တာ

(Zawgyi/Unicode)

CDM လႈပ္ရွားမႈ ေသြးေအးသြားၿပီလား (အမ်ိဳးသမီးက႑)

ျမန္မာႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြ ဦးေဆာင္ၿပီး စစ္အုပ္ခ်ဳပ္ေရးကို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈ ေသြးေအး မသြားေသးပါဘူးလို႔ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္က ဖိႏွိပ္တာေတြ ျပင္းျပင္းထန္ထန္ လုပ္လာတဲ့အတြက္ လမ္းေပၚထြက္လႈပ္ရွားမႈေတြ အရင္ေလာက္ လူမမ်ားေတာ့ေပမဲ့ CDM အပါအဝင္ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြဟာ ပုံစံမ်ိဳးစုံနဲ႔ ဆက္ရွိေနတယ္လို႔ သူတို႔က ေျပာပါတယ္။ ၃ လနီးပါး ရွိလာၿပီျဖစ္တဲ့ CDM လႈပ္ရွားမႈေတြ ဘယ္လိုပုံစံနဲ႔ ဆက္ရွိေနပါလဲ။ ဘယ္ေလာက္အထိ ေအာင္ျမင္တယ္လို႔ေရာ ေျပာႏိုင္ပါမလဲ။ စစ္အုပ္ခ်ဳပ္မႈ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ေရွ႕တန္းမွာပါဝင္ေနတဲ့ အမ်ိဳးသမီး ဆရာဝန္တခ်ိဳ႕ကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ရက္ပိုင္းအတြင္းမွာပဲ အာဏာသိမ္းမႈကို ဆန႔္က်င္ ကန႔္ကြက္တဲ့ လႈပ္ရွားမႈေတြ ျမန္မာႏိုင္ငံတဝွမ္း ပုံစံမ်ိဳးစုံနဲ႔ ေပၚထြက္လာခဲ့တာမွာ အာဏာသိမ္းထားတဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ မပူးေပါင္းဘူးဆိုတဲ့ CDM လႈပ္ရွားမႈဟာလည္း အရွိန္အဟုန္ ေကာင္းေကာင္းနဲ႔ စတင္ခဲ့တာပါ။ ဒါေပမဲ့ အာဏာသိမ္းထားတဲ့အခ်ိန္ ၾကာျမင့္လာတာနဲ႔အမ ွ် ဒီလႈပ္ရွားမႈေတြ တျဖည္းျဖည္းခ်င္း အားနည္းသြားမလားဆိုတဲ့ စိုးရိမ္မႈေတြလည္း ျဖစ္လာပါတယ္။ လက္ရွိ CDM လႈပ္ရွားမႈေတြမွာ ေရွ႕တန္းကပါဝင္ေနၿပီး သူ႔ရဲ႕လုံၿခဳံေရးေၾကာင့္ အမည္မေဖာ္လိုတဲ့ ဆရာဝန္ အမ်ိဳးသမီးလူငယ္တေယာက္ ကေတာ့ CDM အပါအ၀င္ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြ ေသြးေအး မသြားေသးပါဘူးလို႔ ေျပာပါတယ္။

“ေသြးေအးသြားတာေတာ့ မဟုတ္ဘူးခင္ဗ်။ က်ေနာ္တို႔ကေလ လက္ရွိမွာ အားလံုး ကိုယ့္က႑နဲ႔ကိုယ္ အကုန္လံုး ျပန္ျပီးေတာ့ တိုက္ဖို႔အတြက္ကို အားလံုး ေသခ်ာေတာ့ စီစဥ္ေနၾကတာေပါ့ေနာ္။ ကိုယ့္က႑နဲ႔ကိုယ္ က်ေနာ္တို႔ဆိုရင္လည္း လူနာေတြကို အျပင္မွာ ဘယ္လိုကုမလဲ။ protest ေတြျဖစ္လာရင္ လူနာေတြကို ဘယ္လိုကုမလဲ။ ဘယ္လိုကယ္မလဲ။ ဆရာ၀န္ေတြေရာ ဆရာမေတြေရာက အဲ့ဒီအတြက္ ေသခ်ာလုပ္ေနသလို၊ တျခား protest ေတြသည္လည္း နည္းသြားတာမဟုတ္ဘူးခင္ဗ်။ လက္ရွိမွာ အခုဆိုရင္ အရင္တုန္းကလိုပဲ protest ေတြ ေတာက္ေလ ွ်ာက္ ျပန္ထြက္လာၾကျပီ။ ေသြးေအးသြားတာေတာ့ မဟုတ္ဘူးဗ်။ ေသြးေအးတာမဟုတ္ဘဲ ျပန္တိုက္ဖို႔အတြက္ က်ေနာ္တို႔ဘက္ကလည္း ဗ်ဴဟာနဲ႔ျပန္ျပီးေတာ့ အကြက္ခ်ေနတာေပါ့ေနာ္။ အဲ့ဒီလိုပံုစံမ်ိဳး လုပ္ေနတာ။ လံုး၀ေတာ့ ေသြးေအးသြားတာမဟုတ္ဘူး။ က်ေနာ္တို႔က အဆံုးထိ ဆက္တိုက္သြားမွာပဲ။ က်ေနာ္တို႔အႏိုင္ရတဲ့အထိကို ဆက္တိုက္သြားဖို႔ က်ေနာ္တို႔ အစီအစဥ္ရွိတယ္ဗ်။”

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ၊ ကန႔္ကြက္လႈပ္ရွားမႈေတြကို စစ္ေကာင္စီ တပ္ဖြဲ႕ေတြက ေန႔ေရာညပါ ပစ္ခတ္ သတ္ျဖတ္ ႏွိမ္နင္းတာ၊ ဖမ္းဆီး အေရးယူတာ၊ ႏွိပ္စက္ညႇင္းပမ္းတာေတြ ဆက္တိုက္ လုပ္ေဆာင္လာေနတာေၾကာင့္ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ အရင္ေလာက္ လူ မမ်ားေတာ့သလို၊ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကသူေတြကို အလုပ္ျပန္ဆင္းဖို႔ ဖိအားေပး ခံရတာေတြကလည္း တေန႔တျခား ပိုၿပီး မ်ားလာေနပါတယ္။ အခ်ိန္ၾကာလတာနဲ႔အမွ် အခက္အခဲေတြ ရွိလာေပမဲ့၊ အမ်ားစုကေတာ့ ခုခ်ိန္ထိ ေတာင့္ခံထားၾကတုန္းပါပဲ လို႔ CDM လႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ေဒါက္တာမ်ိဳးကလည္း ေျပာပါတယ္။


“အေပၚက ထပ္ ထပ္ျပီးေတာ့လာတဲ့ ဖိအားေတြေပၚမွာ မူတည္ျပီးေတာ့ တေယာက္ခ်င္းစီ တ group ခ်င္းစီက ျဖစ္ၾကမွာေလ။ အဲ့ေတာ့ တတ္ႏုိင္သ၍ေတာ့ ဥပမာ - က်မတုိ႔က အခ်င္းခ်င္းေျပာေပးလို႔ရတာက၊ တကယ္လို႔မ်ား လံုး၀ ေနာက္ဆံုးအက်ပ္အတည္းျဖစ္သြားလို႔ အလုပ္၀င္တဲ့သူေတြ ရွိရင္ေတာင္မွ အဲ့လိုလူေတြသည္ ဘယ္လိုနည္းနဲ႔ဆက္ျပီး resist လုပ္လို႔ရမလဲ။ ယႏၱရား မလည္ပတ္ႏုိင္ေအာင္ ရံုးကို သြား႐ံုသြားတယ္။ လက္မွတ္ထုိးတယ္။ ျပီးရင္ျပန္တယ္။ ဒါေပမဲ့ အခုက ဘာျဖစ္ေနလဲ ဆိုေတာ့ က်မတို႔ အခ်င္းခ်င္းထဲမွာကို အဲ့ဒီလိုဟာမ်ိဳးေျပာရင္ ဒါက သစၥာေဖာက္ျဖစ္သြားတာ ေပါ့ေနာ္။ အဲ့ဒါကလဲ ေျပာေနတဲ့သူေတြမွာလဲ အျပစ္မရွိပါဘူးေနာ္။ ဒီလိုမ်ိဳးနဲ႔ ေလ်ာ့သြားမွာစိုးတာကိုေနာ္။ အဲ့ဒီအခါက်ေတာ့ သစၥာေဖာက္ျဖစ္သြားတဲ့ဟာမ်ိဳးကလည္း ၀မ္းနည္းဖို႔ေတာ့ ေကာင္းတယ္ေပါ့ေနာ္။ ကိုယ့္ေနရာဌာနအလုိက္ပဲ ဆံုးျဖတ္ရမယ္လို႔ ထင္တယ္။ တတ္ႏိုင္သ၍ အလုပ္ လုပ္လို႔မရေအာင္ တခ်ိဳ႕ အငယ္ေလးေတြ ေၾကာက္လို႔၀င္သြားရရင္ေတာင္ က်န္တဲ့သူေတြက အလုပ္ လုပ္လို႔မရေအာင္ မသြားၾကဘူး ဆိုရင္ေတာ့ အဆင္ေျပမွာပါ။ မ်ားေသာအားျဖင့္ ဆရာ၀န္အငယ္ေတြက သူတို႔က ေနာက္ဆံုးအခ်ိန္အထိ သြားမွာ။ ေနာက္ဆံုးအခ်ိန္အထိ resist လုပ္မွာပဲ။ အၾကီးထဲမွာေတာ့ တခ်ိဳ႕ကလည္း မတတ္သာလို႔ သြားရတာေတြ ရွိေကာင္းရွိႏုိင္တယ္။ တခ်ိဳ႕က်ေတာ့လည္း အစကတည္းက သြားခ်င္လုိ႔သြားတာလဲ ျဖစ္ႏိုင္တာေပါ့ေနာ္။ အဲ့ဒီေတာ့ ကိုယ့္ေနရာေဒသ ကိုယ့္ဌာနေပၚမူတည္ျပီးေတာ့ ေတာ့ လႈပ္ရွားရမယ္ထင္ပါတယ္။ ရာခိုင္ႏႈန္းအမ်ားႀကီးက ေတာင့္ခံႏုိင္ရင္ သူတို႔ကလည္း ဘယ္လိုမ်ိဳးမ်ား ျပန္ေခၚရမလဲ ဆုိတာကို စဥ္းစားမွာပဲေလ။ ဒီလို ျခိမ္းေျခာက္ေနတာေတြ မေအာင္ျမင္ဘူးဆိုရင္ ျခိမ္းေျခာက္တဲ့နည္းလမ္း မဟုတ္ဘဲနဲ႔ တျခားနည္းလမ္း သူတို႔ သံုးရဦးမွာေပါ့။ အခုလဲ သူတို႔က ျခိမ္းေျခာက္တာနဲ႔ ေခ်ာ့တာနဲ႔ကို တျပိဳင္နက္တည္းမွာ တတ္ႏိင္သ၍ေတာ့ သံုးေနတာ။”


အၾကမ္းမဖက္တဲ့နည္းနဲ႔ အာဏာရွင္ကို ဖီဆန္တဲ့ CDM လႈပ္ရွားမႈဟာ အတိုင္းအတာ တခုအထိ ေအာင္ျမင္ေနတယ္ဆိုတာ သိသာပါတယ္လို႔လည္း ေဒါက္တာမ်ိဳးက ေျပာပါတယ္။

“အခုထိ က်မတို႔သည္ မွတ္တိုင္တခုကို စိုက္ခဲ့ျပီးသား။ CDM ၀န္ထမ္းေတြသည္ မွတ္တိုင္တခုကို စိုက္ခဲ့ျပီးသား။ အဲ့ဒီရဲ႕အက်ိဳးဆက္ကိုလည္း ျမင္ေနရျပီးသား။ ဘာေၾကာင့္လဲ ဆိုေတာ့ က်န္းမာေရးကေတာ့ အဓိကအက်ဆံုးပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေဆး႐ံုေဆးခန္းဆိုတာ အစကတည္းက လူေတြနဲ႔ ဆက္ဆံျပီး service ေပးေနတဲ့ေနရာေတြေလ။ အဲ့ဒီလို general public ကို service ေပးေနတဲ့ေနရာေတြ မလည္ပတ္တာက အရမ္းသိသာထင္ရွားတယ္ေလ။ ႏုိင္ငံတကာမွာလည္း image (ပံုရိပ္) က အရမ္းၾကီးတယ္။ impact (သက္ေရာက္မႈ) က အရမ္းၾကီးတယ္ေပါ့။ သူတို႔ ယႏၱရားပ်က္ေလာက္ေအာင္ တိုက္ႏုိင္တာ ဟုတ္ခ်င္မွဟုတ္မယ္ ဆိုေသာ္ျငားလည္း ဒီဟာရဲ႕ ပံုရိပ္က အရမ္းၾကီးတယ္။ အဲ့ဒီအတြက္ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရတယ္။ က်မေတာ့ အဲ့ဒီလိုပဲ ျမင္တယ္ေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္ တိုက္ထုတ္ခ်င္တယ္ဆိုရင္ အခုအခ်ိန္မွာ CDM လႈပ္ရွားမႈ အရွိန္ျပတ္မသြားေအာင္ ဆက္ ထိန္းထားႏိုင္ဖို႔ အေရးႀကီးတယ္လို႔ အမည္ေဖာ္တဲ့ ဆရာဝန္တဦးက ေျပာပါတယ္။

“အဓိက ကေတာ့ က်ေနာ္တို႔ ဆရာ၀န္ေတြဆိုရင္ ေတာင့္ခံႏုိင္ေသးတယ္ေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ အားလံုးသည္ ၀င္ေငြ မရၾကေတာ့ဘူးဆိုေပမဲ့လည္း အခု အေျခေအနမွာ က်ေနာ္တုိ႔က မိသားစုေတြဆီက အကူအညီယူတာမ်ိဳးနဲ႔ ေတာင့္ခံလို႔ရေပမဲ့ တကယ့္တကယ္တမ္း ေတာင့္မခံႏိုင္တာက အငယ္၀န္ထမ္းေတြခင္ဗ်။ တျခားဌာနက အငယ္၀န္ထမ္းေတြေရာ၊ က်ေနာ္တို႔ဌာနက အငယ္၀န္ထမ္းေတြေရာေပါ့ေနာ္။ အဲ့ဒီအတြက္ေတာ့ က်ေနာ္တို႔လည္း တတ္ႏုိင္သေလာက္ support ေတြေတာ့ ရွာေပးေနတယ္ေပါ့ေနာ္။ တျခားဌာနေတြ ဆိုရင္လည္း က်ေနာ္တုိ႔ တတ္ႏုိင္သမ ွ် support ေတြ ေပးတယ္။ ေနာက္ဆံုး ပိုက္ဆံေတြ ဘာေတြေပးဖို႔ မတတ္ႏုိင္ရင္ အခက္အခဲျဖစ္ေနရင္ေတာင္မွ ဆန္ေတြ၊ ဆီေတြ အဲ့လိုေတြ၀ယ္ျပီး စားဖို႔ေသာက္ဖို႔အတြက္ တအိမ္ေထာင္စာ ဆိုတာမ်ိဳး လိုက္ပို႔ေပးတယ္။ ဒီေတာင့္ခံႏုိင္မႈကေတာ့ ေတာ္ေတာ့ကို အေရးၾကီးပါတယ္။ ဘာလို႔လဲဆုိေတာ့ အခုခ်ိန္မွာ က်ေနာ္တို႔ ဆက္သာမေတာင့္ခံႏိုင္ဘူးဆိုရင္ က်ေနာ္တို႔ဘက္က ဘယ္လိုေျပာရမလဲ ႐ံႈးတယ္လို႔မဟုတ္ရင္ေတာင္ ေရရွည္ တအားၾကီး အခ်ိန္ ဆြဲဆန္႔လိုက္သလို ျဖစ္သြားမယ္ေပါ့ေနာ္။ ျပန္၀င္တဲ့သူမ်ားတယ္ဆိုရင္။ ေတာင့္ခံႏိုင္ဖို႔ ကေတာ့ ေတာ္ေတာ္ကို အေရးၾကီးတယ္ခင္ဗ်။”

ခုခ်ိန္မွာ CDM လႈပ္ရွားမႈကို ျပည္တြင္းျပည္ပက ဝိုင္းဝန္း ကူညီေထာက္ပံ့ေပးေနတာေတြ အားလံုးကလည္း ဒီလႈပ္ရွားမႈ ရပ္တန႔္မသြားေအာင္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစတယ္လို႔လည္း သူက ေျပာပါတယ္။

“အဲ့ဒါေတြက ထိေရာက္မႈရွိပါတယ္။ CDM support team ေတြ ျပည္တြင္းျပည္ပကေန အကုန္လံုး support ေတြ ေပးၾကတယ္ေပါ့ေနာ္။ တကယ္ဆိုရင္ က်ေနာ္တို႔သည္ ၂၀၂၀ တႏွစ္လံုးမွာ ျပည္တြင္းကေရာ ျပည္ပကေရာ အကုန္လံုးက ကိုဗစ္ေၾကာင့္ စီးပြားေရး အခက္အခဲေတြ ျဖစ္ခဲ့ၾကတယ္ေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳး အေျခအေနမ်ိဳးမွာေတာင္မွပဲ အားလံုးက လိုလိုလားလားနဲ႔ တကယ့္ကို လိုအပ္တဲ့သူကို support ေပးဖို႔အတြက္ကို ေသေသခ်ာခ်ာကို group ေတြဖြဲ႔ျပီးေတာ့ လိုက္ျပီးေတာ့ လူကိုယ္တုိင္ေရာ၊ ေငြေၾကးတတ္ႏုိင္တဲ့သူက ေငြေၾကး ေပါ့ေနာ္။ ျပီးေတာ့ ေငြေၾကးသာမက လူအင္အားပါ စိုက္ထုတ္ျပီးေတာ့ အကုန္လံုးလုိက္ျပီးေတာ့ support လုပ္ေပးေနတဲ့သူေတြလည္း အမ်ားၾကီးရွိတယ္ခင္ဗ်။ အားလံုးကိုလည္း တကယ္ကို ေက်းဇူးတင္ရပါတယ္။ သူတို႔သာ မကူညီရင္လည္း လက္ရွိ CDM ဆက္လက္ လုပ္ေဆာင္ေနတဲ့ ၀န္ထမ္းေတြ အကုန္လံုးအတြက္ ေတာ္ေတာ္ကိုပဲ အခက္အခဲျဖစ္ႏိုင္ပါတယ္။”

လက္ရွိမွာ စစ္ေကာင္စီဘက္က ျပည္သူေတြ ေၾကာက္လန႔္ေစမယ့္ နည္းလမ္းေပါင္းစုံ သုံးၿပီး အက်ပ္ကိုင္ ေျခာက္လန႔္တာေတြ ရွိေနတာေၾကာင့္ လူထုၾကား စိုးရိမ္မႈနဲ႔ အေၾကာက္တရားေတြ မ်ားလာေစတယ္လို႔လည္း သူက ေျပာပါတယ္။ လက္ရွိ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈ အၿပီးတိုင္ ေအာင္ျမင္ဖို႔ဆိုရင္ ဒီလို စစ္ေကာင္စီဘက္က ဖန္တီးေနတဲ့ အေၾကာက္တရားေတြကို တြန္းလွန္ႏိုင္ဖို႔က အဓိကပါပဲလို႔လည္း သူက ေျပာပါတယ္။

“အခု လက္ရွိ ေတြ႕ေနၾကတဲ့အတိုင္းေပါ့ေနာ္။ ပူးေပါင္းတဲ့သူေတြ ရွိသလို၊ မပူးေပါင္းတဲ့သူေတြလည္း ရွိေနတုန္းပဲ။ Generation L ေတြလို လူေတြလည္း ရွိတယ္။ တကယ္ေတာ့ အဓိက အခက္အခဲ ကေတာ့ ဘာလဲဆိုရင္ အခု လက္ရွိလုပ္ေနတဲ့ CDM ကိုလည္း ေသခ်ာ support လုပ္မယ္။ protest ေတြကိုလည္း ေသခ်ာ လုပ္ေဆာင္သြားမယ္။ ေနာက္တခုက CRPH ကလည္း NUG ဖြဲ႔ျပီးေတာ့ အခု NUG ကလည္း သူ႔အပုိင္းနဲ႔သူ လုပ္ပိုင္ခြင့္ထဲကေန ေသခ်ာလုပ္ျပီးေတာ့ ဟိုဘက္နဲ႔ဒီဘက္ အခ်ိတ္အဆက္မိမိ လုပ္သြားမယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ေအာင္ျမင္ႏုိင္တယ္ေပါေ့နာ္။ အဓိက ကေတာ့ တခုနဲ႔တခုၾကားထဲမွာ နည္းနည္းေလး communication gap (ဆက္သြယ္မႈပိုင္း လိုအပ္ခ်က္ေတြ) ရွိေနတာကလည္း အခက္အခဲ တခုျဖစ္ျပီးေတာ့ ေနာက္တခုက က်ေတာ့ ျပည္သူေတြ ေၾကာက္တာခင္ဗ်။ ၀န္ထမ္းေတြလက္ရွိ CDM ကေန ေဆး႐ံုေတြ ျပန္သြားတယ္။ အလုပ္ေတြ ျပန္၀င္ၾကတယ္။ non-CDM ေတြ ျဖစ္သြားၾကတယ္ ဆိုတာက ေၾကာက္ၾကတာခင္ဗ်။ ဘာလို႔လဲဆိုေတာ့ လက္ရွိ အာဏာလုထားတဲ့ စစ္ေကာင္စီေပါ့။ က်ေနာ္ကေတာ့ အာဏာလု လို႔ပဲ သံုးတယ္ခင္ဗ်။ အာဏာလုစစ္ေကာင္စီက က်ေနာ္တို႔ေတြအကုန္လံုးကို ဘာလုပ္လဲဆိုေတာ့ အေၾကာက္တရား ထည့္ေပးလိုက္တာ အကုန္လံုးကို။ အားလံုးကို ၅၀၅ (က) နဲ႔ တီဗြီမွာ ေၾကညာတယ္။ ျပီးရင္ ဒီ ၅၀၅ (က) မွာပါတဲ့ တခ်ိဳ႕ေတြကို ၀င္ဆြဲတယ္။ ဖမ္းတယ္ဆိုတဲ့ သတင္းေတြတက္လာတယ္။ အဲ့ဒီအခ်ိန္မွာ အားလံုးက ဘာျဖစ္လာလဲဆိုေတာ့ ေၾကာက္ၾကတယ္။ အကုန္လံုးက။ ကုိယ့္မိသားစုလည္း အဲ့ဒီလိုပါသြားမွာကို ေၾကာက္ၾကျပီးေတာ့ အလုပ္ေတြျပန္၀င္ၾကတယ္ခင္ဗ်။ အဲ့ဒီဟာက တကယ့္ကို ေလာေလာဆယ္အေနအထားအရ အဓိက အခက္အခဲ ျဖစ္ေနတာေပါ့ေနာ္။”

သူ႔အေနနဲ႔ကေတာ့ ဒီလႈပ္ရွားမႈ မုခ်ေအာင္ရမယ္လို႔ အခိုင္အမာ ယုံၾကည္ထားတယ္လို႔လည္း ေျပာပါတယ္။
“က်ေနာ္ကေတာ့ ယံုၾကည္တယ္ခင္ဗ်။ က်ေနာ္တို႔ ႏုိင္ကိုႏုိင္ရမယ္။ ႏိုင္ကိုႏုိင္တဲ့အထိလဲ လုပ္သြားမွာခင္ဗ်။ အဲ့ဒီအတြက္ အားလံုး အားတင္းထားျပီးေတာ့ ကိုယ္တတ္ႏိုင္တာကို တတ္ႏိုင္တဲ့အပိုင္းကေန လုပ္ေပးေနၾကတာကလည္း အားလံုးက က်ေနာ္တို႔ႏိုင္ငံၾကီး လက္ရွိက်ေရာက္ေနတဲ့ အခက္အခဲကို ေက်ာ္လႊားေနတဲ့အခ်ိန္မွာ တတတ္တအားပါပဲ။ အဲ့ဒီေတာ့ အေၾကာက္တရားေလးေတြကို ေဘးဖယ္ျပီးေတာ့ေပါ့ေနာ္။ အားလံုးမွာလည္း မိသားစုေတြရွိၾကတာပါပဲ။ လူတိုင္းက ေမြးလာကတည္းက တေကာင္ၾကြက္မွမဟုတ္တာ။ လူတိုင္းမွာ မိသားစု ရွိပါတယ္။ အဲ့ဒီေတာ့ လက္ရွိလုပ္ေနတဲ့သူေတြက မိသားစု ဆိုတာကိုလည္း ကိုယ့္ရဲ႕ရွိေနတဲ့ မိသားစုကိုလည္း မငဲ့ကြက္တာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ကိုယ့္ရဲ႕ေနာက္မွာ ဆက္ျပီးေပၚထြက္လာမယ့္ မ်ိဳးဆက္ေတြကို ေကာင္းေကာင္းမြန္မြန္နဲ႔ ေကာင္းမြန္တဲ့ ႏိုင္ငံၾကီးထဲမွာ ထားခဲ့ခ်င္တဲ့အတြက္ အခုလို ၾကိဳးစားေနၾကတာပါ။ အဲ့ဒီအတြက္ အားလံုး ဆက္ျပီးေတာ့ လက္ရွိ CDM လုပ္ေနတဲ့ ၀န္ထမ္းေတြ ကလည္း ဆက္လုပ္ျပီးေတာ့ ၾကိဳးစားၾကပါလို႔ေတာ့ ေျပာခ်င္ပါတယ္။”
ေဖေဖာ္၀ါရီလကတည္းက စတင္ခဲ့တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြဟာ ၃ လနီးပါး ၾကာလာခ်ိန္မွာေတာ့ အေစာပိုင္း အခ်ိန္ေတြမွာေလာက္ လမ္းေပၚထြက္ လႈပ္ရွားမႈေတြ မရွိေတာ့ေပမဲ့ ေပ်ာက္က်ားသပိတ္၊ လူမဲ့သပိတ္ စသျဖင့္ စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ ထိပ္တုိက္ မေတြ႔ေအာင္ ပံုစံမ်ိဳးစံုနဲ႔ ေရွာင္ရွားလုပ္ၾကတဲ့ လႈပ္ရွားမႈေတြ ကေတာ့ ျမန္မာႏိုင္ငံတ၀ွမ္း အခုခ်ိန္ထိ က်ယ္က်ယ္ျပန္ျပန္႔ ဆက္ရွိေနဆဲပဲဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင့္။

တိုက္႐ိုက္ လင့္ခ္

=====================================

[Unicode Version]

CDM လှုပ်ရှားမှု သွေးအေးသွားပြီလား (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှု သွေးအေး မသွားသေးပါဘူးလို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ဖိနှိပ်တာတွေ ပြင်းပြင်းထန်ထန် လုပ်လာတဲ့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ အရင်လောက် လူမများတော့ပေမဲ့ CDM အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်လို့ သူတို့က ပြောပါတယ်။ ၃ လနီးပါး ရှိလာပြီဖြစ်တဲ့ CDM လှုပ်ရှားမှုတွေ ဘယ်လိုပုံစံနဲ့ ဆက်ရှိနေပါလဲ။ ဘယ်လောက်အထိ အောင်မြင်တယ်လို့ရော ပြောနိုင်ပါမလဲ။ စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းမှာပါဝင်နေတဲ့ အမျိုးသမီး ဆရာဝန်တချို့ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံတဝှမ်း ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာခဲ့တာမှာ အာဏာသိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ မပူးပေါင်းဘူးဆိုတဲ့ CDM လှုပ်ရှားမှုဟာလည်း အရှိန်အဟုန် ကောင်းကောင်းနဲ့ စတင်ခဲ့တာပါ။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့အချိန် ကြာမြင့်လာတာနဲ့အမ ျှ ဒီလှုပ်ရှားမှုတွေ တဖြည်းဖြည်းချင်း အားနည်းသွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်လာပါတယ်။ လက်ရှိ CDM လှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်နေပြီး သူ့ရဲ့လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဆရာဝန် အမျိုးသမီးလူငယ်တယောက် ကတော့ CDM အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ သွေးအေး မသွားသေးပါဘူးလို့ ပြောပါတယ်။

“သွေးအေးသွားတာတော့ မဟုတ်ဘူးခင်ဗျ။ ကျနော်တို့ကလေ လက်ရှိမှာ အားလုံး ကိုယ့်ကဏ္ဍနဲ့ကိုယ် အကုန်လုံး ပြန်ပြီးတော့ တိုက်ဖို့အတွက်ကို အားလုံး သေချာတော့ စီစဉ်နေကြတာပေါ့နော်။ ကိုယ့်ကဏ္ဍနဲ့ကိုယ် ကျနော်တို့ဆိုရင်လည်း လူနာတွေကို အပြင်မှာ ဘယ်လိုကုမလဲ။ protest တွေဖြစ်လာရင် လူနာတွေကို ဘယ်လိုကုမလဲ။ ဘယ်လိုကယ်မလဲ။ ဆရာဝန်တွေရော ဆရာမတွေရောက အဲ့ဒီအတွက် သေချာလုပ်နေသလို၊ တခြား protest တွေသည်လည်း နည်းသွားတာမဟုတ်ဘူးခင်ဗျ။ လက်ရှိမှာ အခုဆိုရင် အရင်တုန်းကလိုပဲ protest တွေ တောက်လေ ျှာက် ပြန်ထွက်လာကြပြီ။ သွေးအေးသွားတာတော့ မဟုတ်ဘူးဗျ။ သွေးအေးတာမဟုတ်ဘဲ ပြန်တိုက်ဖို့အတွက် ကျနော်တို့ဘက်ကလည်း ဗျူဟာနဲ့ပြန်ပြီးတော့ အကွက်ချနေတာပေါ့နော်။ အဲ့ဒီလိုပုံစံမျိုး လုပ်နေတာ။ လုံးဝတော့ သွေးအေးသွားတာမဟုတ်ဘူး။ ကျနော်တို့က အဆုံးထိ ဆက်တိုက်သွားမှာပဲ။ ကျနော်တို့အနိုင်ရတဲ့အထိကို ဆက်တိုက်သွားဖို့ ကျနော်တို့ အစီအစဉ်ရှိတယ်ဗျ။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ကန့်ကွက်လှုပ်ရှားမှုတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက နေ့ရောညပါ ပစ်ခတ် သတ်ဖြတ် နှိမ်နင်းတာ၊ ဖမ်းဆီး အရေးယူတာ၊ နှိပ်စက်ညှင်းပမ်းတာတွေ ဆက်တိုက် လုပ်ဆောင်လာနေတာကြောင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ အရင်လောက် လူ မများတော့သလို၊ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြသူတွေကို အလုပ်ပြန်ဆင်းဖို့ ဖိအားပေး ခံရတာတွေကလည်း တနေ့တခြား ပိုပြီး များလာနေပါတယ်။ အချိန်ကြာလတာနဲ့အမျှ အခက်အခဲတွေ ရှိလာပေမဲ့၊ အများစုကတော့ ခုချိန်ထိ တောင့်ခံထားကြတုန်းပါပဲ လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဒေါက်တာမျိုးကလည်း ပြောပါတယ်။


“အပေါ်က ထပ် ထပ်ပြီးတော့လာတဲ့ ဖိအားတွေပေါ်မှာ မူတည်ပြီးတော့ တယောက်ချင်းစီ တ group ချင်းစီက ဖြစ်ကြမှာလေ။ အဲ့တော့ တတ်နိုင်သ၍တော့ ဥပမာ - ကျမတို့က အချင်းချင်းပြောပေးလို့ရတာက၊ တကယ်လို့များ လုံး၀ နောက်ဆုံးအကျပ်အတည်းဖြစ်သွားလို့ အလုပ်ဝင်တဲ့သူတွေ ရှိရင်တောင်မှ အဲ့လိုလူတွေသည် ဘယ်လိုနည်းနဲ့ဆက်ပြီး resist လုပ်လို့ရမလဲ။ ယန္တရား မလည်ပတ်နိုင်အောင် ရုံးကို သွားရုံသွားတယ်။ လက်မှတ်ထိုးတယ်။ ပြီးရင်ပြန်တယ်။ ဒါပေမဲ့ အခုက ဘာဖြစ်နေလဲ ဆိုတော့ ကျမတို့ အချင်းချင်းထဲမှာကို အဲ့ဒီလိုဟာမျိုးပြောရင် ဒါက သစ္စာဖောက်ဖြစ်သွားတာ ပေါ့နော်။ အဲ့ဒါကလဲ ပြောနေတဲ့သူတွေမှာလဲ အပြစ်မရှိပါဘူးနော်။ ဒီလိုမျိုးနဲ့ လျော့သွားမှာစိုးတာကိုနော်။ အဲ့ဒီအခါကျတော့ သစ္စာဖောက်ဖြစ်သွားတဲ့ဟာမျိုးကလည်း ဝမ်းနည်းဖို့တော့ ကောင်းတယ်ပေါ့နော်။ ကိုယ့်နေရာဌာနအလိုက်ပဲ ဆုံးဖြတ်ရမယ်လို့ ထင်တယ်။ တတ်နိုင်သ၍ အလုပ် လုပ်လို့မရအောင် တချို့ အငယ်လေးတွေ ကြောက်လို့ဝင်သွားရရင်တောင် ကျန်တဲ့သူတွေက အလုပ် လုပ်လို့မရအောင် မသွားကြဘူး ဆိုရင်တော့ အဆင်ပြေမှာပါ။ များသောအားဖြင့် ဆရာဝန်အငယ်တွေက သူတို့က နောက်ဆုံးအချိန်အထိ သွားမှာ။ နောက်ဆုံးအချိန်အထိ resist လုပ်မှာပဲ။ အကြီးထဲမှာတော့ တချို့ကလည်း မတတ်သာလို့ သွားရတာတွေ ရှိကောင်းရှိနိုင်တယ်။ တချို့ကျတော့လည်း အစကတည်းက သွားချင်လို့သွားတာလဲ ဖြစ်နိုင်တာပေါ့နော်။ အဲ့ဒီတော့ ကိုယ့်နေရာဒေသ ကိုယ့်ဌာနပေါ်မူတည်ပြီးတော့ တော့ လှုပ်ရှားရမယ်ထင်ပါတယ်။ ရာခိုင်နှုန်းအများကြီးက တောင့်ခံနိုင်ရင် သူတို့ကလည်း ဘယ်လိုမျိုးများ ပြန်ခေါ်ရမလဲ ဆိုတာကို စဉ်းစားမှာပဲလေ။ ဒီလို ခြိမ်းခြောက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ခြိမ်းခြောက်တဲ့နည်းလမ်း မဟုတ်ဘဲနဲ့ တခြားနည်းလမ်း သူတို့ သုံးရဦးမှာပေါ့။ အခုလဲ သူတို့က ခြိမ်းခြောက်တာနဲ့ ချော့တာနဲ့ကို တပြိုင်နက်တည်းမှာ တတ်နိင်သ၍တော့ သုံးနေတာ။”


အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာရှင်ကို ဖီဆန်တဲ့ CDM လှုပ်ရှားမှုဟာ အတိုင်းအတာ တခုအထိ အောင်မြင်နေတယ်ဆိုတာ သိသာပါတယ်လို့လည်း ဒေါက်တာမျိုးက ပြောပါတယ်။

“အခုထိ ကျမတို့သည် မှတ်တိုင်တခုကို စိုက်ခဲ့ပြီးသား။ CDM ဝန်ထမ်းတွေသည် မှတ်တိုင်တခုကို စိုက်ခဲ့ပြီးသား။ အဲ့ဒီရဲ့အကျိုးဆက်ကိုလည်း မြင်နေရပြီးသား။ ဘာကြောင့်လဲ ဆိုတော့ ကျန်းမာရေးကတော့ အဓိကအကျဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဆေးရုံဆေးခန်းဆိုတာ အစကတည်းက လူတွေနဲ့ ဆက်ဆံပြီး service ပေးနေတဲ့နေရာတွေလေ။ အဲ့ဒီလို general public ကို service ပေးနေတဲ့နေရာတွေ မလည်ပတ်တာက အရမ်းသိသာထင်ရှားတယ်လေ။ နိုင်ငံတကာမှာလည်း image (ပုံရိပ်) က အရမ်းကြီးတယ်။ impact (သက်ရောက်မှု) က အရမ်းကြီးတယ်ပေါ့။ သူတို့ ယန္တရားပျက်လောက်အောင် တိုက်နိုင်တာ ဟုတ်ချင်မှဟုတ်မယ် ဆိုသော်ငြားလည်း ဒီဟာရဲ့ ပုံရိပ်က အရမ်းကြီးတယ်။ အဲ့ဒီအတွက် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ကျမတော့ အဲ့ဒီလိုပဲ မြင်တယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ချင်တယ်ဆိုရင် အခုအချိန်မှာ CDM လှုပ်ရှားမှု အရှိန်ပြတ်မသွားအောင် ဆက် ထိန်းထားနိုင်ဖို့ အရေးကြီးတယ်လို့ အမည်ဖော်တဲ့ ဆရာဝန်တဦးက ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ ဆရာဝန်တွေဆိုရင် တောင့်ခံနိုင်သေးတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အားလုံးသည် ဝင်ငွေ မရကြတော့ဘူးဆိုပေမဲ့လည်း အခု အခြေအေနမှာ ကျနော်တို့က မိသားစုတွေဆီက အကူအညီယူတာမျိုးနဲ့ တောင့်ခံလို့ရပေမဲ့ တကယ့်တကယ်တမ်း တောင့်မခံနိုင်တာက အငယ်ဝန်ထမ်းတွေခင်ဗျ။ တခြားဌာနက အငယ်ဝန်ထမ်းတွေရော၊ ကျနော်တို့ဌာနက အငယ်ဝန်ထမ်းတွေရောပေါ့နော်။ အဲ့ဒီအတွက်တော့ ကျနော်တို့လည်း တတ်နိုင်သလောက် support တွေတော့ ရှာပေးနေတယ်ပေါ့နော်။ တခြားဌာနတွေ ဆိုရင်လည်း ကျနော်တို့ တတ်နိုင်သမ ျှ support တွေ ပေးတယ်။ နောက်ဆုံး ပိုက်ဆံတွေ ဘာတွေပေးဖို့ မတတ်နိုင်ရင် အခက်အခဲဖြစ်နေရင်တောင်မှ ဆန်တွေ၊ ဆီတွေ အဲ့လိုတွေဝယ်ပြီး စားဖို့သောက်ဖို့အတွက် တအိမ်ထောင်စာ ဆိုတာမျိုး လိုက်ပို့ပေးတယ်။ ဒီတောင့်ခံနိုင်မှုကတော့ တော်တော့ကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ ကျနော်တို့ ဆက်သာမတောင့်ခံနိုင်ဘူးဆိုရင် ကျနော်တို့ဘက်က ဘယ်လိုပြောရမလဲ ရှုံးတယ်လို့မဟုတ်ရင်တောင် ရေရှည် တအားကြီး အချိန် ဆွဲဆန့်လိုက်သလို ဖြစ်သွားမယ်ပေါ့နော်။ ပြန်ဝင်တဲ့သူများတယ်ဆိုရင်။ တောင့်ခံနိုင်ဖို့ ကတော့ တော်တော်ကို အရေးကြီးတယ်ခင်ဗျ။”

ခုချိန်မှာ CDM လှုပ်ရှားမှုကို ပြည်တွင်းပြည်ပက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးနေတာတွေ အားလုံးကလည်း ဒီလှုပ်ရှားမှု ရပ်တန့်မသွားအောင် အများကြီး အထောက်အကူ ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

“အဲ့ဒါတွေက ထိရောက်မှုရှိပါတယ်။ CDM support team တွေ ပြည်တွင်းပြည်ပကနေ အကုန်လုံး support တွေ ပေးကြတယ်ပေါ့နော်။ တကယ်ဆိုရင် ကျနော်တို့သည် ၂၀၂၀ တနှစ်လုံးမှာ ပြည်တွင်းကရော ပြည်ပကရော အကုန်လုံးက ကိုဗစ်ကြောင့် စီးပွားရေး အခက်အခဲတွေ ဖြစ်ခဲ့ကြတယ်ပေါ့နော်။ အဲ့ဒီလိုမျိုး အခြေအနေမျိုးမှာတောင်မှပဲ အားလုံးက လိုလိုလားလားနဲ့ တကယ့်ကို လိုအပ်တဲ့သူကို support ပေးဖို့အတွက်ကို သေသေချာချာကို group တွေဖွဲ့ပြီးတော့ လိုက်ပြီးတော့ လူကိုယ်တိုင်ရော၊ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေး ပေါ့နော်။ ပြီးတော့ ငွေကြေးသာမက လူအင်အားပါ စိုက်ထုတ်ပြီးတော့ အကုန်လုံးလိုက်ပြီးတော့ support လုပ်ပေးနေတဲ့သူတွေလည်း အများကြီးရှိတယ်ခင်ဗျ။ အားလုံးကိုလည်း တကယ်ကို ကျေးဇူးတင်ရပါတယ်။ သူတို့သာ မကူညီရင်လည်း လက်ရှိ CDM ဆက်လက် လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ အကုန်လုံးအတွက် တော်တော်ကိုပဲ အခက်အခဲဖြစ်နိုင်ပါတယ်။”

လက်ရှိမှာ စစ်ကောင်စီဘက်က ပြည်သူတွေ ကြောက်လန့်စေမယ့် နည်းလမ်းပေါင်းစုံ သုံးပြီး အကျပ်ကိုင် ခြောက်လန့်တာတွေ ရှိနေတာကြောင့် လူထုကြား စိုးရိမ်မှုနဲ့ အကြောက်တရားတွေ များလာစေတယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အပြီးတိုင် အောင်မြင်ဖို့ဆိုရင် ဒီလို စစ်ကောင်စီဘက်က ဖန်တီးနေတဲ့ အကြောက်တရားတွေကို တွန်းလှန်နိုင်ဖို့က အဓိကပါပဲလို့လည်း သူက ပြောပါတယ်။

“အခု လက်ရှိ တွေ့နေကြတဲ့အတိုင်းပေါ့နော်။ ပူးပေါင်းတဲ့သူတွေ ရှိသလို၊ မပူးပေါင်းတဲ့သူတွေလည်း ရှိနေတုန်းပဲ။ Generation L တွေလို လူတွေလည်း ရှိတယ်။ တကယ်တော့ အဓိက အခက်အခဲ ကတော့ ဘာလဲဆိုရင် အခု လက်ရှိလုပ်နေတဲ့ CDM ကိုလည်း သေချာ support လုပ်မယ်။ protest တွေကိုလည်း သေချာ လုပ်ဆောင်သွားမယ်။ နောက်တခုက CRPH ကလည်း NUG ဖွဲ့ပြီးတော့ အခု NUG ကလည်း သူ့အပိုင်းနဲ့သူ လုပ်ပိုင်ခွင့်ထဲကနေ သေချာလုပ်ပြီးတော့ ဟိုဘက်နဲ့ဒီဘက် အချိတ်အဆက်မိမိ လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့က အောင်မြင်နိုင်တယ်ပေါေ့နာ်။ အဓိက ကတော့ တခုနဲ့တခုကြားထဲမှာ နည်းနည်းလေး communication gap (ဆက်သွယ်မှုပိုင်း လိုအပ်ချက်တွေ) ရှိနေတာကလည်း အခက်အခဲ တခုဖြစ်ပြီးတော့ နောက်တခုက ကျတော့ ပြည်သူတွေ ကြောက်တာခင်ဗျ။ ဝန်ထမ်းတွေလက်ရှိ CDM ကနေ ဆေးရုံတွေ ပြန်သွားတယ်။ အလုပ်တွေ ပြန်ဝင်ကြတယ်။ non-CDM တွေ ဖြစ်သွားကြတယ် ဆိုတာက ကြောက်ကြတာခင်ဗျ။ ဘာလို့လဲဆိုတော့ လက်ရှိ အာဏာလုထားတဲ့ စစ်ကောင်စီပေါ့။ ကျနော်ကတော့ အာဏာလု လို့ပဲ သုံးတယ်ခင်ဗျ။ အာဏာလုစစ်ကောင်စီက ကျနော်တို့တွေအကုန်လုံးကို ဘာလုပ်လဲဆိုတော့ အကြောက်တရား ထည့်ပေးလိုက်တာ အကုန်လုံးကို။ အားလုံးကို ၅၀၅ (က) နဲ့ တီဗွီမှာ ကြေညာတယ်။ ပြီးရင် ဒီ ၅၀၅ (က) မှာပါတဲ့ တချို့တွေကို ဝင်ဆွဲတယ်။ ဖမ်းတယ်ဆိုတဲ့ သတင်းတွေတက်လာတယ်။ အဲ့ဒီအချိန်မှာ အားလုံးက ဘာဖြစ်လာလဲဆိုတော့ ကြောက်ကြတယ်။ အကုန်လုံးက။ ကိုယ့်မိသားစုလည်း အဲ့ဒီလိုပါသွားမှာကို ကြောက်ကြပြီးတော့ အလုပ်တွေပြန်ဝင်ကြတယ်ခင်ဗျ။ အဲ့ဒီဟာက တကယ့်ကို လောလောဆယ်အနေအထားအရ အဓိက အခက်အခဲ ဖြစ်နေတာပေါ့နော်။”

သူ့အနေနဲ့ကတော့ ဒီလှုပ်ရှားမှု မုချအောင်ရမယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်လို့လည်း ပြောပါတယ်။
“ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။ ကျနော်တို့ နိုင်ကိုနိုင်ရမယ်။ နိုင်ကိုနိုင်တဲ့အထိလဲ လုပ်သွားမှာခင်ဗျ။ အဲ့ဒီအတွက် အားလုံး အားတင်းထားပြီးတော့ ကိုယ်တတ်နိုင်တာကို တတ်နိုင်တဲ့အပိုင်းကနေ လုပ်ပေးနေကြတာကလည်း အားလုံးက ကျနော်တို့နိုင်ငံကြီး လက်ရှိကျရောက်နေတဲ့ အခက်အခဲကို ကျော်လွှားနေတဲ့အချိန်မှာ တတတ်တအားပါပဲ။ အဲ့ဒီတော့ အကြောက်တရားလေးတွေကို ဘေးဖယ်ပြီးတော့ပေါ့နော်။ အားလုံးမှာလည်း မိသားစုတွေရှိကြတာပါပဲ။ လူတိုင်းက မွေးလာကတည်းက တကောင်ကြွက်မှမဟုတ်တာ။ လူတိုင်းမှာ မိသားစု ရှိပါတယ်။ အဲ့ဒီတော့ လက်ရှိလုပ်နေတဲ့သူတွေက မိသားစု ဆိုတာကိုလည်း ကိုယ့်ရဲ့ရှိနေတဲ့ မိသားစုကိုလည်း မငဲ့ကွက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့နောက်မှာ ဆက်ပြီးပေါ်ထွက်လာမယ့် မျိုးဆက်တွေကို ကောင်းကောင်းမွန်မွန်နဲ့ ကောင်းမွန်တဲ့ နိုင်ငံကြီးထဲမှာ ထားခဲ့ချင်တဲ့အတွက် အခုလို ကြိုးစားနေကြတာပါ။ အဲ့ဒီအတွက် အားလုံး ဆက်ပြီးတော့ လက်ရှိ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ ကလည်း ဆက်လုပ်ပြီးတော့ ကြိုးစားကြပါလို့တော့ ပြောချင်ပါတယ်။”
ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ၃ လနီးပါး ကြာလာချိန်မှာတော့ အစောပိုင်း အချိန်တွေမှာလောက် လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ မရှိတော့ပေမဲ့ ပျောက်ကျားသပိတ်၊ လူမဲ့သပိတ် စသဖြင့် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် မတွေ့အောင် ပုံစံမျိုးစုံနဲ့ ရှောင်ရှားလုပ်ကြတဲ့ လှုပ်ရှားမှုတွေ ကတော့ မြန်မာနိုင်ငံတဝှမ်း အခုချိန်ထိ ကျယ်ကျယ်ပြန်ပြန့် ဆက်ရှိနေဆဲပဲဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင့်။

XS
SM
MD
LG