သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပျပည္သူေတြ လြတ္ေျမာက္ေရး ကူညီေပးေနတဲ့ သင့္အတြက္ေရွ႕ေနမ်ား


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း ဖမ္းဆီး ထိန္းသိမ္းခံရသူေတြ ေထာင္နဲ႔ခ်ီ ရွိေနၿပီး ဒီအထဲမွာ ဖမ္းဆီးျပီး ဘယ္ကို ေခၚေဆာင္သြားတယ္ ဆိုတာ မသိရတဲ့သူေတြ၊ မတရားသျဖင့္ တရားစြဲဆိုခံထားရသူေတြ အမ်ားအျပား ရွိေနတယ္လို႔ တရားဥပေဒေရးရာ ကၽြမ္းက်င္သူေတြက ေျပာဆိုၾကပါတယ္။ ဒီလိုလူေတြ ျပန္လြတ္လာဖို႔အတြက္ သင့္အတြက္ ေရွ႕ေနမ်ားအဖြဲ႔က ဥပေဒေရးရာ အၾကံဥာဏ္ေတြ အခမဲ့ ေပးတာ၊ အခမဲ့ အမႈလိုက္ပါ ေဆာင္ရြက္ေပးတာေတြ လုပ္ေပးေနပါတယ္။ ဘာေၾကာင့္ ခုလို ေဆာင္ရြက္ျဖစ္တာပါလဲ။ ဘယ္လို အမႈေတြကို အဓိက လုိက္ပါ ကူညီေပးေနလဲ။ ဘယ္လိုအေျခအေနေတြ အဓိက ၾကံဳေတြ႔ရသလဲ ဆုိတာေတြကို သင့္အတြက္ေရွ႕ေနမ်ားအဖြဲ႔က တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသြယ္သြယ္စိုးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ေဒၚသြယ္သြယ္စိုးတို႔က ျမန္မာႏုိင္ငံမွာ အခု စစ္အာဏာသိမ္းျပီးတဲ့ေနာက္ပိုင္းမွာ စစ္အာဏာရွင္ကို ဆန္႔က်င္ကန္႔ကြက္ လႈပ္ရွားလို႔ အဖမ္းခံရတဲ့သူေတြကို အက်ဥ္းေထာင္ေတြ၊ တရား႐ံုးေတြ၊ ရဲစခန္းေတြကိုသြားျပီး သူတို႔နဲ႔ပတ္သက္ျပီး အခမဲ့ အမႈလုိက္ပါ ေဆာင္ရြက္ေပးေနတယ္လို႔ သိရပါတယ္။ ဒါကို ဘယ္လို စလုပ္ျဖစ္ၾကသလဲ။ ဘယ္လိုပံုစံနဲ႔ အကူအညီေတြ ေပးေနတယ္ဆိုတာ အရင္ဆံုး အက်ဥ္းခ်ဳပ္ ေျပာျပေပးပါလားရွင့္။

“ဟုတ္ကဲ့ပါရွင့္။ က်မတို႔ကေတာ့ စစ္အာဏာသိမ္းျပီးတဲ့ေနာက္ပိုင္း (ေဖေဖာ္၀ါရီလ) ၂၆ ရက္ေန႔မွာ က်မတို႔ထဲက ဆရာမ ႏွစ္ေယာက္က အင္းစိန္ေထာင္ေရွ႕ကိုသြားတယ္။ သြားျပီးေတာ့မွ ဖမ္းဆီးခံရတဲ့ျပည္သူေတြ ရွိေနတယ္ေပါ့ေနာ္။ ဒီလူေတြကို က်မတို႔ေတြ ဘယ္လုိကူညီၾကမလဲ လို႔ သူတို႔ ေတြးမိတယ္။ ေတြးမိတဲ့အခ်ိန္မွာ အဲ့ဒီနားမွာဆိုရင္ အရင္စနစ္အတိုင္းပဲေပါ့။ တံဆိပ္ေခါင္းေတြ၊ ေဖာင္ေတြ၊ ေတြ႔ခြင့္ရဖို႔ လုပ္ေနတာေတြကို ေတြ႔ရတယ္။ အဲ့ဒီလိုေတြ႔ရတဲ့အတြက္ က်မတို႔ေတြက - ေၾသာ္… ျပည္သူေတြဟာ ဆင္းရဲဒုကၡေတြ၊ စိတ္ဆင္းရဲမႈေတြနဲ႔ ၾကံဳေနရတယ္။ ဒီလိုၾကံဳေနရခ်ိန္မွာ ငါတို႔ ဘယ္လိုကူညီၾကမလဲ ဆိုျပီးေတာ့ စဥ္းစားၾကတာေပါ့ေနာ္။ စဥ္းစားတဲ့အခ်ိန္မွာ က်မတို႔ကေတာ့ ငါတို႔ ေနာက္ေန႔က်ရင္ လာမယ္။ ကိုယ့္အမႈသည္ေတြကို အင္းစိန္ေထာင္ေရွ႕ပဲ ခ်ိန္းလိုက္မယ္။ သူတို႔ အင္းစိန္ေထာင္ထဲမွာ အဖမ္းခံရသူေတြ အတြက္ အ၀တ္အစားေတြ၊ အစားအေသာက္ေတြ ေပးလို႔ရရင္းနဲ႔ ငါတို႔ကိုပါ တခါတည္း ေတြ႔ျပီးေတာ့၊ က်မတို႔ကေတာ့ ဒီလို ဥပေဒ ၀န္ေဆာင္မႈကို ေပးမယ္။ ေပးတဲ့အခ်ိန္မွာလည္း က်မတို႔က ဒီေခတ္ကာလျဖစ္တဲ့အျပင္ အေရွ႕ပိုင္းမွာဆိုရင္လဲ ကိုဗစ္ေၾကာင့္မိုလို႔ ျပည္သူေတြဟာ စီးပြားေရးက်ပ္တည္းေနတယ္။ ဒါေၾကာင့္မိုလို႔ အခမဲ့ ကူညီေပးမယ္ေပါ့။ ေစတနာ ေမတၱာသက္သက္နဲ႔ ကူညီေပးမယ္ ဆိုျပီးေတာ့ အဲ့ဒီလိုစိတ္ဓာတ္နဲ႔ က်မတို႔သူငယ္ခ်င္း သံုးေယာက္ အဲ့ဒီလိုမ်ိဳး စုစည္းမိသြားတယ္။ ဒါေလးက က်မတို႔ ဒါကို စလုပ္ျဖစ္တဲ့အေၾကာင္းေလးပါ။”

အဓိက ဘယ္လို အကူအညီေတြကို ေပးရတာရွိပါသလဲ။ ဘယ္လိုအမႈေတြနဲ႔ စြဲဆိုခံရတာ မ်ားပါလဲရွင့္။

“ဟုတ္ကဲ့။ က်မတို႔အေနနဲ႔ ဖမ္းဆီးခံရသူေတြကို စျပီးဖမ္းဆီးတဲ့အခ်ိန္မွာ ဘယ္ေနရာမွာထားသလဲ။ ျပီးေတာ့ မိသားစုေတြက ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ဘယ္လိုက္ရမလဲ မသိေနၾကဘူး။ မသိေနတဲ့အတြက္ ဒီမွာဆိုလို႔ရွိရင္ ဖမ္းဆီးျပီးေတာ့ တေနကုန္ ဖမ္းဆီးထားတဲ့သူေတြကို ညဘက္အခ်ိန္ေတြက်ရင္ အင္းစိန္ေထာင္ကို ပို႔တယ္။ ပို႔တဲ့အတြက္ေၾကာင့္မိုလို႔ ေနာက္ေန႔မနက္က်ရင္ မိသားစု၀င္ေတြက အင္းစိန္ေထာင္မွာ လာျပီး စံုစမ္းေမးျမန္းတာေပါ့။ ေမးျမန္းတဲ့အခါမွာလည္း ဒီဘက္ကို ေရာက္လား မေရာက္ဘူးလားဆုိတာ တခ်ိဳ႕က မသိေနၾကဘူးေပါ့ေနာ္။ မသိေနတဲ့ အတြက္ေၾကာင့္မိုလို႔ အထဲထဲမွာ ဖမ္းထားတဲ့သူေတြက ဘာမွ အဆင္မေျပႏုိင္ဘူး။ ဒါေၾကာင့္မိုလို႔ လာ စံုစမ္းရင္း စံုစမ္းရင္းနဲ႔ သူတို႔ကို ကူညီေပးရတာေပါ့။”

တခ်ိဳ႕ဆိုရင္ေတာ့ တရားစြဲခံထားရတဲ့ အမႈေတြ ဆိုရင္ေရာ အဲ့ဒီအမႈေတြမွာ ဘယ္လိုပံုစံနဲ႔ လုိက္ပါေဆာင္ရြက္ေပးလဲ။

“အမႈဖြင့္ခံရတယ္။ တရားစြဲခံရျပီ ဆိုလို႔ရွိရင္ အင္းစိန္ေထာင္ထဲမွာ ယာယီတရား႐ံုး ရွိတယ္။ အဲ့ဒီ ယာယီတရား႐ံုးမွာ အမႈေတြ တရားစြဲတင္ တယ္။ အမႈေတြကို ရမန္ေပးတဲ့အဆင့္ေတြ ေရာက္ေနပါျပီ။ အခုက်န္ခဲ့တဲ့အမႈေတြေရာ၊ ထပ္ျပီးေတာ့ ဖမ္းဆီးထားတဲ့သူေတြေရာ အမ်ားစုကေတာ့ ပုဒ္မ ၅၀၅ - က နဲ႔ တပ္ပါတယ္ ဆရာမ။ အခုလက္ရွိေတာ့ အဲ့ဒီလူေတြကို လိုက္ပါ ေဆာင္ရြက္ေပးေနတာပါ။ မရွိတဲ့သူေတြကိုလည္း ဘယ္မွာရွိႏိုင္မလဲ ဆိုတဲ့ သတင္းအခ်က္အလက္ေတြကို က်မတို႔ ရွာေပးတယ္။ ရွိႏုိင္တဲ့ေနရာေပါ့ေနာ္။ အခုလတ္တေလာဆိုရင္ အမ်ားစုက ဖမ္းဆီးမိတဲ့အခ်ိန္မွာ ေရႊျပည္သာဘက္မွာရွိတဲ့ စစ္အက်ဥ္းေထာင္လို႔ ေခၚတယ္။ အဲ့ဒီဘက္ကို ေခၚသြားျပီးေတာ့မွ အဲ့ဒီမွာ သူတို႔ ေမးျမန္းစရာရွိတာေတြ ေမးျမန္းျပီးေတာ့မွ အင္းစိန္ေထာင္ကို ပုိ႔ေပးပါတယ္။ အင္းစိန္ေထာင္ကို ေရာက္သြားျပီးေတာ့မွ သူတို႔ တရားစြဲခံရျပီ။ ပုဒ္မ တပ္ခံရျပီ။ ရမန္ဘယ္ေန႔လဲ ေျပာျပီဆိုတာနဲ႔ က်မတို႔ကေတာ့ ဥပေဒဆိုင္ရာ အကူအညီေတြကို ေပးပါတယ္ရွင့္။”

ေဒၚသြယ္သြယ္စိုးတို႔ အေနနဲ႔ အခုအခ်ိန္မွာ တကယ္ကို ခက္ခဲေနတဲ့အခ်ိန္မ်ိဳးမွာ ကိုယ့္အတြက္လဲ အခ်ိန္မေရြး ကိုယ့္ကို အႏၱရာယ္ေပးႏုိင္တဲ့ အေနအထားမ်ိဳး ရွိေနတဲ့ၾကားကေန ဘာေၾကာင့္ အခုလို လိုက္ပါ ေဆာင္ရြက္ ေပးျဖစ္တာပါလဲရွင့္။

“ဟုတ္ကဲ့။ က်မတို႔ကေတာ့ အခုလိုအေျခအေနမ်ိဳးမွာ ဘာလို႔ လုိက္ေပးေနရလဲဆုိရင္ က်မ တေယာက္တည္း ခံယူခ်က္ကေတာ့ ဒီအေျခအေနမွာ က်မကို သူတို႔ အႏၱရာယ္ျပဳလုိက္မယ္။ တခုခုနဲ႔ လုပ္လိုက္လို႔ က်မ ေသသြားျပီဆိုရင္ က်မ ဘာမွမလုပ္ႏုိင္ေတာ့ဘူး။ ဒါေၾကာင့္မိုလို႔ မေသခင္ က်မ ဒီအလုပ္ကို က်မ အေကာင္းဆံုး လုပ္သြားမယ္လို႔ ခံယူခ်က္ထားတယ္။ က်မရဲ႕ သူငယ္ခ်င္းေတြ အားလံုးလည္း မိတ္ေဆြေတြ အားလံုးလည္း ဒီလိုခံယူခ်က္ ထားလိမ့္မယ္လို႔ က်မ ေမ ွ်ာ္လင့္တယ္ေပါ့ေနာ္။ ျပီးေတာ့ က်မတို႔က ဘုရင့္ေနာင္ ေဖာင္ဖ်က္သလိုပါပဲ။ ဒီမွာ ငါတို႔ကို ဖမ္းဆီးခ်င္လဲ ဖမ္းလိုက္ပါ။ ရင္ဆိုင္ဖို႔အသင့္ပဲ ဆိုတဲ့ စိတ္ဓာတ္နဲ႔ ခံယူခ်က္နဲ႔ က်မတို႔ အင္းစိန္ေထာင္ေတြ၊ အက်ဥ္းစခန္းေတြ၊ ရဲစခန္းေတြကို သြားျပီးေတာ့ က်မတို႔ လုိက္ပါ ကူညီ ေဆာင္ရြက္ေပးေနတာပါ။”

အခုလို လိုက္ပါ ေဆာင္ရြက္ေပးေနတဲ့အခ်ိန္မွာ တဘက္က လက္ရွိအာဏာကို ယူထားတဲ့သူေတြက ကိုယ့္ကို ဟန္႔တားတာမ်ိဳး၊ ျခိမ္းေျခာက္တာမ်ိဳးေရာ ၾကံဳရတာရွိပါသလားရွင့္။

“ဟုတ္ကဲ့။ အခု အေျခအေနအထိေတာ့ က်မတို႔ အဲ့ဒီလို မၾကံဳရေသးပါဘူး။ လာျပီးေတာ့မွ အမႈသည္ေတြ ၾကားထဲမွာ က်မတို႔ကို ေစာင့္ၾကည့္ေနတယ္။ သတင္းအခ်က္အလက္ေတြ၊ က်မတို႔ ဘာေတြ လုပ္ေနတယ္ဆိုတာေတြကို လာၾကည့္တဲ့ သေဘာမ်ိဳးေတာ့ ရွိႏိုင္လိမ့္မယ္လို႔ က်မ ထင္ျမင္မိပါတယ္ရွင့္။ ဘာလို႔လဲဆိုေတာ့ က်မတို႔က အင္းစိန္ေထာင္ေရွ႕က ပလက္ေဖာင္းေပၚမွာပဲ က်မတို႔ လုပ္ေပးေနတာေလ။ ျပီးေတာ့ ျပည္သူလူထု ဘယ္သူပဲလာလာ က်မတို႔ကို အကုန္လံုးက ျမင္ႏုိင္တယ္။ အဲ့ဒီလိုအေျခအေန ျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ဒီလိုအေျခအေနေေတာ့ ရွိႏုိင္တယ္လို႔ သံုးသပ္မိပါတယ္။”

ေစာေစာက ေဒၚသြယ္သြယ္စုိး ေျပာသြားတဲ့အထဲမွာ သူငယ္ခ်င္း သံုးေယာက္ ခုလို အကူအညီေပးဖို႔အတြက္ စလုပ္ျဖစ္ၾကတယ္လို႔ ေျပာပါတယ္။ အဲ့ဒါက သင့္အတြက္ေရွ႕ေနမ်ားဆိုတဲ့ အဖြဲ႔ကို ဖြဲ႔လိုက္တာကို ေျပာတာပါလားရွင့္။

“ဟုတ္ပါတယ္။ အဲ့ဒါကလဲေလ က်မတို႔ လုပ္သာ လုပ္လိုက္တာ။ က်မတို႔ ေရွ႕ေနသူငယ္ခ်င္း သံုးေယာက္ေပါ့ေနာ္။ စျပီးေတာ့ လုပ္မိတယ္။ လုပ္မိတဲ့ခ်ိန္မွာ (မတ္လ) ၃ ရက္ေန႔မွာ ေက်ာင္းသားေတြ အဖမ္းခံရတယ္။ တကၠသိုလ္ ေက်ာင္းသားေတြ ပါတယ္။ အဲ့ဒီအထဲမွာ တကၠသိုလ္ ပါေမာကၡတဦးက က်မတို႔ကို အရမ္းေလးစားတယ္။ ဂုဏ္ျပဳတယ္။ အဲ့ဒီလိုအေနနဲ႔ သူကပဲ သင့္အတြက္ေရွ႕ေနမ်ား အဖြဲ႔ ျဖစ္တယ္။ ဘယ္သူျဖစ္ျဖစ္ အကူအညီေပးေနတာ။ အခမဲ ကူညီေပးေနတာ။ ဒါေတြဟာ ေလးစားထိုက္တဲ့ ပုဂၢိဳလ္ေတြ၊ ဂုဏ္ျပဳထိုက္တဲ့ပုဂၢိဳလ္ေတြ ဆိုျပီးေတာ့ က်မတို႔ကို သင့္အတြက္ေရွ႕ေနမ်ား ဆိုျပီးေတာ့ သူက နာမည္ ကင္ပြန္းတပ္လိုက္တာေပါ့။ အဲ့လိုတပ္လိုက္ေတာ့ က်မတို႔ကလည္း ပါေမာကၡၾကီး ကေတာင္ ငါတို႔ကို ဒီလိုမ်ိဳးေတြ နာမည္ ကင္ပြန္းတပ္ေပးတယ္။ ဒီနာမည္ေလးကလည္း ငါတို႔အဖြဲ႔နဲ႔ ကြက္တိပဲ ဆိုျပီးေတာ့မွ က်မတို႔က ဒီအဖြဲ႔ေလး နာမည္ျဖစ္လာတာပါ။”

ဆိုေတာ့ အစကေတာ့ ဒါက အဖြဲ႔အစည္းရယ္လို႔ မဟုတ္ဘဲ သူငယ္ခ်င္းသံုးေယာက္ စ စုသည္းလုိက္တဲ့သေဘာေပါ့။

“ဟုတ္တယ္။ ဟုတ္ပါတယ္။”

အခု ေဒၚသြယ္သြယ္စုိးတို႔ လုိက္ပါ ကူညီေပးျပီးတဲ့ေနာက္ပိုင္းမွာမွ လြတ္လာတဲ့သူေတြေရာ ေတာ္ေတာ္မ်ားမ်ား ရွိပါသလား။

“ဟုတ္ကဲ့ ရွိပါတယ္ အစ္မ။ ေတာ္ေတာ္မ်ားမ်ားေတာ့ က်မတို႔ကူညီေပးလိုက္လို႔ လြတ္လာတာမ်ိဳးေပါ့ေနာ္။ အဲ့ဒီလိုလူေတြ ရွိတယ္။ ကေလးေတြလည္း ရွိတယ္။ ေတာ္ေတာ္မ်ားမ်ား ကေတာ့ အခု သံုးၾကိမ္ လႊတ္တယ္ေပါ့။ ဒီအထဲမွာ ပထမတေခါက္က ၅၀၀ ေက်ာ္ လႊတ္တယ္လို႔ေျပာတယ္။ ဒုတိယ ကေတာ့ ၆၀၀ ေက်ာ္ လြတ္တယ္။ တတိယကေတာ့ ၃၂၂ ေယာက္ လြတ္တယ္။ အဲ့ဒီအထဲမွာဆိုရင္ က်မတို႔ေတြရဲ႕ အမႈသည္ေတြ အမ်ားစုကေတာ့ က်မတို႔ဆီမွာ အၾကံဥာဏ္ယူတယ္။ က်မတို႔ ကူညီေဆာင္ရြက္ေပးလိုက္လို႔ လြတ္သြားတဲ့ သူေတြကေတာ့ အဲ့ဒီအထဲက တအုပ္စုခ်င္းမွာဆိုရင္ သံုးပံုႏွစ္ပံုေလာက္ ပါတယ္လို႔ က်မတို႔ သံုးသပ္မိတယ္။”

အဲ့ဒီေတာ့ ဆက္ျပီးေတာ့ေရာ ေနာက္ထပ္ အကူအညီေတြ ေပးသြားမွာလား။
“ဟုတ္ကဲ့။ အခု အေျခအေနအထိကေတာ့ က်မတို႔ ဒီအေျခအေနမွာ ကိုဗစ္ေၾကာင့္ အမႈေတြကလည္း ရပ္ဆိုင္းထားရတယ္။ တျခား အာဏာရယူျပီးေနာက္ပိုင္းမွာ ဒီအေျခအေနအထိေတာ့ က်မတို႔ သူတို႔ကို ဆက္လက္ လိုက္ပါ ကူညီ ေဆာင္ရြက္ေပးေနဦးမွာပါ။”

အကယ္၍ တဘက္ကေနျပီးေတာ့မွ ဒါကိုမလုပ္ဖို႔ ဟန္႔တားတာ၊ ျခိမ္းေျခာက္တာေတြ ၾကံဳလာခဲ့ရရင္ေရာ ရပ္ပစ္မွာလား။ ဆက္လုပ္ၾကမွာလားရွင့္။

“အဲ့ဒါကေတာ့ က်မတို႔ အဖြဲ႔အေနနဲ႔ကေတာ့ က်မတို႔ ေရွ႕ေနေတြမွာ လြတ္လပ္တဲ့ ခံယူခ်က္ရွိတယ္။ ယံုၾကည္ခ်က္ ရွိပါတယ္။ ဒီအလုပ္ၾကီးကို ဆက္မလုပ္ဖို႔ ဆုိတာကေတာ့ ဘယ္သူမွမရွိဘူး။ အစရွိရင္ က်မတို႔ရဲ႕စိတ္ကေတာ့ အဆံုးပဲရွိမွာပဲ။ အဲ့ဒါေၾကာင့္မုိလို႔ အစရွိတဲ့အတြက္ အဆံုးထိလုပ္မယ္လို႔ ယံုၾကည္ခ်က္ထားျပီးသားပါ။"

သူငယ္ခ်င္းသံုးေယာက္ စုျဖစ္တယ္ဆုိတာက ၂ လပိုင္းထဲမွာေနာ္။ ဘယ္အခ်ိန္မွာ စျဖစ္တာလဲဆိုတာ။

“၂ လပိုင္း ၂၆ ရက္၊ ၂၇ ရက္ေလာက္တုန္းကပါ။”

ဆိုေတာ့ တစ္လေက်ာ္ ျဖစ္သြားျပီေပါ့ေလ။ ဒီလို ကာလအတြင္းမွာပဲ ေစာေစာကေျပာသလိုဆိုရင္ လြတ္ေျမာက္လာသူ အေတာ္မ်ားမ်ား ရွိလာခဲ့တယ္ဆုိေတာ့ ေျပာရရင္ သူငယ္ခ်င္းသံုးေယာက္နဲ႔ စုလိုက္တယ္ဆိုေပမဲ့၊ ေတာ္ေတာ္ေလး ထိထိေရာက္ေရာက္ ကူညီေပးႏိုင္ခဲ့တယ္လို႔ ေျပာလို႔ရမယ္လို႔ ထင္ပါတယ္။
“ဟုတ္ကဲ့။ အခုေနာက္ပိုင္းက်ေတာ့ေလ က်မတို႔က က်မတို႔လိုပဲ စိတ္တူကုိယ္တူ ေရွ႕ေန ဆရာ ဆရာမေတြ ရွိတယ္။ အဖြဲ႔အစည္းေတြလည္း ရွိၾကတယ္။ အဲ့လိုရွိၾကေတာ့ က်မတို႔ အမႈေတြ လက္ခံ ေဆာင္ရြြက္ေပးေနတာ အခုဆိုရင္ ေရွ႕ေနေပါင္း ၃၀ ေက်ာ္ က်မတုိ႔အဖြဲ႔ထဲမွာ ရွိပါတယ္။ အေနာက္ကေန က်မတို႔အမႈေတြကို လုိက္ပါ ကူညီေပးေနတဲ့ ေရွ႕ေနေတြ ၃၀ ေက်ာ္ ရွိပါတယ္။ က်မတို႔ သင့္အတြက္ေရွ႕ေနမ်ား အဖြဲ႔ ဆိုတာက ဒီအေျခအေနမ်ိဳးမွာ ေပၚေပါက္လာတဲ့အဖြဲ႔ ျဖစ္တယ္။ ေနာင္ ေရွ႕ဆက္ျပီးေတာ့ ဆက္လက္ တည္တံ့ေနမယ္လို႔ က်မတို႔ မေျပာႏုိင္ဘူး။ က်မတို႔ ဒီကိစၥေတြ ေအာင္ေအာင္ျမင္ျမင္ ျဖစ္သြားျပီဆိုတာနဲ႔ က်မတို႔ ဒီအဖြဲ႔ၾကီးက ရွိခ်င္မွ ရွိေတာ့မွာေပါ့ေနာ္။ ေနာက္တခ်က္ ကေတာ့ က်မတို႔ ကိုယ့္ယံုၾကည္မႈနဲ႔ကိုယ္ ဥပေဒဆိုင္ရာ အကူအညီေပးမယ္။ က်မတို႔ တတ္စြမ္းသမ ွ် လုိက္ ပါ ကူညီေဆာင္ရြက္ေပးမယ္လို႔ က်မတို႔ကေတာ့ ယံုၾကည္ခ်က္ အျပည့္ထားပါတယ္။”

အခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီး တင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

==========================================

[Unicode Version]

ဆန္ဒပြပြည်သူတွေ လွတ်မြောက်ရေး ကူညီပေးနေတဲ့ သင့်အတွက်ရှေ့နေများအဖွဲ့ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ ထောင်နဲ့ချီ ရှိနေပြီး ဒီအထဲမှာ ဖမ်းဆီးပြီး ဘယ်ကို ခေါ်ဆောင်သွားတယ် ဆိုတာ မသိရတဲ့သူတွေ၊ မတရားသဖြင့် တရားစွဲဆိုခံထားရသူတွေ အများအပြား ရှိနေတယ်လို့ တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ ဒီလိုလူတွေ ပြန်လွတ်လာဖို့အတွက် သင့်အတွက် ရှေ့နေများအဖွဲ့က ဥပဒေရေးရာ အကြံဉာဏ်တွေ အခမဲ့ ပေးတာ၊ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်ပေးနေပါတယ်။ ဘာကြောင့် ခုလို ဆောင်ရွက်ဖြစ်တာပါလဲ။ ဘယ်လို အမှုတွေကို အဓိက လိုက်ပါ ကူညီပေးနေလဲ။ ဘယ်လိုအခြေအနေတွေ အဓိက ကြုံတွေ့ရသလဲ ဆိုတာတွေကို သင့်အတွက်ရှေ့နေများအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဒေါ်သွယ်သွယ်စိုးတို့က မြန်မာနိုင်ငံမှာ အခု စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားလို့ အဖမ်းခံရတဲ့သူတွေကို အကျဉ်းထောင်တွေ၊ တရားရုံးတွေ၊ ရဲစခန်းတွေကိုသွားပြီး သူတို့နဲ့ပတ်သက်ပြီး အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒါကို ဘယ်လို စလုပ်ဖြစ်ကြသလဲ။ ဘယ်လိုပုံစံနဲ့ အကူအညီတွေ ပေးနေတယ်ဆိုတာ အရင်ဆုံး အကျဉ်းချုပ် ပြောပြပေးပါလားရှင့်။

“ဟုတ်ကဲ့ပါရှင့်။ ကျမတို့ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း (ဖေဖော်ဝါရီလ) ၂၆ ရက်နေ့မှာ ကျမတို့ထဲက ဆရာမ နှစ်ယောက်က အင်းစိန်ထောင်ရှေ့ကိုသွားတယ်။ သွားပြီးတော့မှ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိနေတယ်ပေါ့နော်။ ဒီလူတွေကို ကျမတို့တွေ ဘယ်လိုကူညီကြမလဲ လို့ သူတို့ တွေးမိတယ်။ တွေးမိတဲ့အချိန်မှာ အဲ့ဒီနားမှာဆိုရင် အရင်စနစ်အတိုင်းပဲပေါ့။ တံဆိပ်ခေါင်းတွေ၊ ဖောင်တွေ၊ တွေ့ခွင့်ရဖို့ လုပ်နေတာတွေကို တွေ့ရတယ်။ အဲ့ဒီလိုတွေ့ရတဲ့အတွက် ကျမတို့တွေက - သြော်… ပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံနေရတယ်။ ဒီလိုကြုံနေရချိန်မှာ ငါတို့ ဘယ်လိုကူညီကြမလဲ ဆိုပြီးတော့ စဉ်းစားကြတာပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ကျမတို့ကတော့ ငါတို့ နောက်နေ့ကျရင် လာမယ်။ ကိုယ့်အမှုသည်တွေကို အင်းစိန်ထောင်ရှေ့ပဲ ချိန်းလိုက်မယ်။ သူတို့ အင်းစိန်ထောင်ထဲမှာ အဖမ်းခံရသူတွေ အတွက် အဝတ်အစားတွေ၊ အစားအသောက်တွေ ပေးလို့ရရင်းနဲ့ ငါတို့ကိုပါ တခါတည်း တွေ့ပြီးတော့၊ ကျမတို့ကတော့ ဒီလို ဥပဒေ ဝန်ဆောင်မှုကို ပေးမယ်။ ပေးတဲ့အချိန်မှာလည်း ကျမတို့က ဒီခေတ်ကာလဖြစ်တဲ့အပြင် အရှေ့ပိုင်းမှာဆိုရင်လဲ ကိုဗစ်ကြောင့်မိုလို့ ပြည်သူတွေဟာ စီးပွားရေးကျပ်တည်းနေတယ်။ ဒါကြောင့်မိုလို့ အခမဲ့ ကူညီပေးမယ်ပေါ့။ စေတနာ မေတ္တာသက်သက်နဲ့ ကူညီပေးမယ် ဆိုပြီးတော့ အဲ့ဒီလိုစိတ်ဓာတ်နဲ့ ကျမတို့သူငယ်ချင်း သုံးယောက် အဲ့ဒီလိုမျိုး စုစည်းမိသွားတယ်။ ဒါလေးက ကျမတို့ ဒါကို စလုပ်ဖြစ်တဲ့အကြောင်းလေးပါ။”

အဓိက ဘယ်လို အကူအညီတွေကို ပေးရတာရှိပါသလဲ။ ဘယ်လိုအမှုတွေနဲ့ စွဲဆိုခံရတာ များပါလဲရှင့်။

“ဟုတ်ကဲ့။ ကျမတို့အနေနဲ့ ဖမ်းဆီးခံရသူတွေကို စပြီးဖမ်းဆီးတဲ့အချိန်မှာ ဘယ်နေရာမှာထားသလဲ။ ပြီးတော့ မိသားစုတွေက ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်လိုက်ရမလဲ မသိနေကြဘူး။ မသိနေတဲ့အတွက် ဒီမှာဆိုလို့ရှိရင် ဖမ်းဆီးပြီးတော့ တနေကုန် ဖမ်းဆီးထားတဲ့သူတွေကို ညဘက်အချိန်တွေကျရင် အင်းစိန်ထောင်ကို ပို့တယ်။ ပို့တဲ့အတွက်ကြောင့်မိုလို့ နောက်နေ့မနက်ကျရင် မိသားစုဝင်တွေက အင်းစိန်ထောင်မှာ လာပြီး စုံစမ်းမေးမြန်းတာပေါ့။ မေးမြန်းတဲ့အခါမှာလည်း ဒီဘက်ကို ရောက်လား မရောက်ဘူးလားဆိုတာ တချို့က မသိနေကြဘူးပေါ့နော်။ မသိနေတဲ့ အတွက်ကြောင့်မိုလို့ အထဲထဲမှာ ဖမ်းထားတဲ့သူတွေက ဘာမှ အဆင်မပြေနိုင်ဘူး။ ဒါကြောင့်မိုလို့ လာ စုံစမ်းရင်း စုံစမ်းရင်းနဲ့ သူတို့ကို ကူညီပေးရတာပေါ့။”

တချို့ဆိုရင်တော့ တရားစွဲခံထားရတဲ့ အမှုတွေ ဆိုရင်ရော အဲ့ဒီအမှုတွေမှာ ဘယ်လိုပုံစံနဲ့ လိုက်ပါဆောင်ရွက်ပေးလဲ။

“အမှုဖွင့်ခံရတယ်။ တရားစွဲခံရပြီ ဆိုလို့ရှိရင် အင်းစိန်ထောင်ထဲမှာ ယာယီတရားရုံး ရှိတယ်။ အဲ့ဒီ ယာယီတရားရုံးမှာ အမှုတွေ တရားစွဲတင် တယ်။ အမှုတွေကို ရမန်ပေးတဲ့အဆင့်တွေ ရောက်နေပါပြီ။ အခုကျန်ခဲ့တဲ့အမှုတွေရော၊ ထပ်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေရော အများစုကတော့ ပုဒ်မ ၅၀၅ - က နဲ့ တပ်ပါတယ် ဆရာမ။ အခုလက်ရှိတော့ အဲ့ဒီလူတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတာပါ။ မရှိတဲ့သူတွေကိုလည်း ဘယ်မှာရှိနိုင်မလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ကျမတို့ ရှာပေးတယ်။ ရှိနိုင်တဲ့နေရာပေါ့နော်။ အခုလတ်တလောဆိုရင် အများစုက ဖမ်းဆီးမိတဲ့အချိန်မှာ ရွှေပြည်သာဘက်မှာရှိတဲ့ စစ်အကျဉ်းထောင်လို့ ခေါ်တယ်။ အဲ့ဒီဘက်ကို ခေါ်သွားပြီးတော့မှ အဲ့ဒီမှာ သူတို့ မေးမြန်းစရာရှိတာတွေ မေးမြန်းပြီးတော့မှ အင်းစိန်ထောင်ကို ပို့ပေးပါတယ်။ အင်းစိန်ထောင်ကို ရောက်သွားပြီးတော့မှ သူတို့ တရားစွဲခံရပြီ။ ပုဒ်မ တပ်ခံရပြီ။ ရမန်ဘယ်နေ့လဲ ပြောပြီဆိုတာနဲ့ ကျမတို့ကတော့ ဥပဒေဆိုင်ရာ အကူအညီတွေကို ပေးပါတယ်ရှင့်။”

ဒေါ်သွယ်သွယ်စိုးတို့ အနေနဲ့ အခုအချိန်မှာ တကယ်ကို ခက်ခဲနေတဲ့အချိန်မျိုးမှာ ကိုယ့်အတွက်လဲ အချိန်မရွေး ကိုယ့်ကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုး ရှိနေတဲ့ကြားကနေ ဘာကြောင့် အခုလို လိုက်ပါ ဆောင်ရွက် ပေးဖြစ်တာပါလဲရှင့်။

“ဟုတ်ကဲ့။ ကျမတို့ကတော့ အခုလိုအခြေအနေမျိုးမှာ ဘာလို့ လိုက်ပေးနေရလဲဆိုရင် ကျမ တယောက်တည်း ခံယူချက်ကတော့ ဒီအခြေအနေမှာ ကျမကို သူတို့ အန္တရာယ်ပြုလိုက်မယ်။ တခုခုနဲ့ လုပ်လိုက်လို့ ကျမ သေသွားပြီဆိုရင် ကျမ ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကြောင့်မိုလို့ မသေခင် ကျမ ဒီအလုပ်ကို ကျမ အကောင်းဆုံး လုပ်သွားမယ်လို့ ခံယူချက်ထားတယ်။ ကျမရဲ့ သူငယ်ချင်းတွေ အားလုံးလည်း မိတ်ဆွေတွေ အားလုံးလည်း ဒီလိုခံယူချက် ထားလိမ့်မယ်လို့ ကျမ မေ ျှာ်လင့်တယ်ပေါ့နော်။ ပြီးတော့ ကျမတို့က ဘုရင့်နောင် ဖောင်ဖျက်သလိုပါပဲ။ ဒီမှာ ငါတို့ကို ဖမ်းဆီးချင်လဲ ဖမ်းလိုက်ပါ။ ရင်ဆိုင်ဖို့အသင့်ပဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်နဲ့ ကျမတို့ အင်းစိန်ထောင်တွေ၊ အကျဉ်းစခန်းတွေ၊ ရဲစခန်းတွေကို သွားပြီးတော့ ကျမတို့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေတာပါ။”

အခုလို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့အချိန်မှာ တဘက်က လက်ရှိအာဏာကို ယူထားတဲ့သူတွေက ကိုယ့်ကို ဟန့်တားတာမျိုး၊ ခြိမ်းခြောက်တာမျိုးရော ကြုံရတာရှိပါသလားရှင့်။

“ဟုတ်ကဲ့။ အခု အခြေအနေအထိတော့ ကျမတို့ အဲ့ဒီလို မကြုံရသေးပါဘူး။ လာပြီးတော့မှ အမှုသည်တွေ ကြားထဲမှာ ကျမတို့ကို စောင့်ကြည့်နေတယ်။ သတင်းအချက်အလက်တွေ၊ ကျမတို့ ဘာတွေ လုပ်နေတယ်ဆိုတာတွေကို လာကြည့်တဲ့ သဘောမျိုးတော့ ရှိနိုင်လိမ့်မယ်လို့ ကျမ ထင်မြင်မိပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျမတို့က အင်းစိန်ထောင်ရှေ့က ပလက်ဖောင်းပေါ်မှာပဲ ကျမတို့ လုပ်ပေးနေတာလေ။ ပြီးတော့ ပြည်သူလူထု ဘယ်သူပဲလာလာ ကျမတို့ကို အကုန်လုံးက မြင်နိုင်တယ်။ အဲ့ဒီလိုအခြေအနေ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီလိုအခြေအနေေတော့ ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။”

စောစောက ဒေါ်သွယ်သွယ်စိုး ပြောသွားတဲ့အထဲမှာ သူငယ်ချင်း သုံးယောက် ခုလို အကူအညီပေးဖို့အတွက် စလုပ်ဖြစ်ကြတယ်လို့ ပြောပါတယ်။ အဲ့ဒါက သင့်အတွက်ရှေ့နေများဆိုတဲ့ အဖွဲ့ကို ဖွဲ့လိုက်တာကို ပြောတာပါလားရှင့်။

“ဟုတ်ပါတယ်။ အဲ့ဒါကလဲလေ ကျမတို့ လုပ်သာ လုပ်လိုက်တာ။ ကျမတို့ ရှေ့နေသူငယ်ချင်း သုံးယောက်ပေါ့နော်။ စပြီးတော့ လုပ်မိတယ်။ လုပ်မိတဲ့ချိန်မှာ (မတ်လ) ၃ ရက်နေ့မှာ ကျောင်းသားတွေ အဖမ်းခံရတယ်။ တက္ကသိုလ် ကျောင်းသားတွေ ပါတယ်။ အဲ့ဒီအထဲမှာ တက္ကသိုလ် ပါမောက္ခတဦးက ကျမတို့ကို အရမ်းလေးစားတယ်။ ဂုဏ်ပြုတယ်။ အဲ့ဒီလိုအနေနဲ့ သူကပဲ သင့်အတွက်ရှေ့နေများ အဖွဲ့ ဖြစ်တယ်။ ဘယ်သူဖြစ်ဖြစ် အကူအညီပေးနေတာ။ အခမဲ ကူညီပေးနေတာ။ ဒါတွေဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေ ဆိုပြီးတော့ ကျမတို့ကို သင့်အတွက်ရှေ့နေများ ဆိုပြီးတော့ သူက နာမည် ကင်ပွန်းတပ်လိုက်တာပေါ့။ အဲ့လိုတပ်လိုက်တော့ ကျမတို့ကလည်း ပါမောက္ခကြီး ကတောင် ငါတို့ကို ဒီလိုမျိုးတွေ နာမည် ကင်ပွန်းတပ်ပေးတယ်။ ဒီနာမည်လေးကလည်း ငါတို့အဖွဲ့နဲ့ ကွက်တိပဲ ဆိုပြီးတော့မှ ကျမတို့က ဒီအဖွဲ့လေး နာမည်ဖြစ်လာတာပါ။”

ဆိုတော့ အစကတော့ ဒါက အဖွဲ့အစည်းရယ်လို့ မဟုတ်ဘဲ သူငယ်ချင်းသုံးယောက် စ စုသည်းလိုက်တဲ့သဘောပေါ့။

“ဟုတ်တယ်။ ဟုတ်ပါတယ်။”

အခု ဒေါ်သွယ်သွယ်စိုးတို့ လိုက်ပါ ကူညီပေးပြီးတဲ့နောက်ပိုင်းမှာမှ လွတ်လာတဲ့သူတွေရော တော်တော်များများ ရှိပါသလား။

“ဟုတ်ကဲ့ ရှိပါတယ် အစ်မ။ တော်တော်များများတော့ ကျမတို့ကူညီပေးလိုက်လို့ လွတ်လာတာမျိုးပေါ့နော်။ အဲ့ဒီလိုလူတွေ ရှိတယ်။ ကလေးတွေလည်း ရှိတယ်။ တော်တော်များများ ကတော့ အခု သုံးကြိမ် လွှတ်တယ်ပေါ့။ ဒီအထဲမှာ ပထမတခေါက်က ၅၀၀ ကျော် လွှတ်တယ်လို့ပြောတယ်။ ဒုတိယ ကတော့ ၆၀၀ ကျော် လွတ်တယ်။ တတိယကတော့ ၃၂၂ ယောက် လွတ်တယ်။ အဲ့ဒီအထဲမှာဆိုရင် ကျမတို့တွေရဲ့ အမှုသည်တွေ အများစုကတော့ ကျမတို့ဆီမှာ အကြံဉာဏ်ယူတယ်။ ကျမတို့ ကူညီဆောင်ရွက်ပေးလိုက်လို့ လွတ်သွားတဲ့ သူတွေကတော့ အဲ့ဒီအထဲက တအုပ်စုချင်းမှာဆိုရင် သုံးပုံနှစ်ပုံလောက် ပါတယ်လို့ ကျမတို့ သုံးသပ်မိတယ်။”

အဲ့ဒီတော့ ဆက်ပြီးတော့ရော နောက်ထပ် အကူအညီတွေ ပေးသွားမှာလား။
“ဟုတ်ကဲ့။ အခု အခြေအနေအထိကတော့ ကျမတို့ ဒီအခြေအနေမှာ ကိုဗစ်ကြောင့် အမှုတွေကလည်း ရပ်ဆိုင်းထားရတယ်။ တခြား အာဏာရယူပြီးနောက်ပိုင်းမှာ ဒီအခြေအနေအထိတော့ ကျမတို့ သူတို့ကို ဆက်လက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေဦးမှာပါ။”

အကယ်၍ တဘက်ကနေပြီးတော့မှ ဒါကိုမလုပ်ဖို့ ဟန့်တားတာ၊ ခြိမ်းခြောက်တာတွေ ကြုံလာခဲ့ရရင်ရော ရပ်ပစ်မှာလား။ ဆက်လုပ်ကြမှာလားရှင့်။

“အဲ့ဒါကတော့ ကျမတို့ အဖွဲ့အနေနဲ့ကတော့ ကျမတို့ ရှေ့နေတွေမှာ လွတ်လပ်တဲ့ ခံယူချက်ရှိတယ်။ ယုံကြည်ချက် ရှိပါတယ်။ ဒီအလုပ်ကြီးကို ဆက်မလုပ်ဖို့ ဆိုတာကတော့ ဘယ်သူမှမရှိဘူး။ အစရှိရင် ကျမတို့ရဲ့စိတ်ကတော့ အဆုံးပဲရှိမှာပဲ။ အဲ့ဒါကြောင့်မိုလို့ အစရှိတဲ့အတွက် အဆုံးထိလုပ်မယ်လို့ ယုံကြည်ချက်ထားပြီးသားပါ။"

သူငယ်ချင်းသုံးယောက် စုဖြစ်တယ်ဆိုတာက ၂ လပိုင်းထဲမှာနော်။ ဘယ်အချိန်မှာ စဖြစ်တာလဲဆိုတာ။

“၂ လပိုင်း ၂၆ ရက်၊ ၂၇ ရက်လောက်တုန်းကပါ။”

ဆိုတော့ တစ်လကျော် ဖြစ်သွားပြီပေါ့လေ။ ဒီလို ကာလအတွင်းမှာပဲ စောစောကပြောသလိုဆိုရင် လွတ်မြောက်လာသူ အတော်များများ ရှိလာခဲ့တယ်ဆိုတော့ ပြောရရင် သူငယ်ချင်းသုံးယောက်နဲ့ စုလိုက်တယ်ဆိုပေမဲ့၊ တော်တော်လေး ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တယ်လို့ ပြောလို့ရမယ်လို့ ထင်ပါတယ်။


“ဟုတ်ကဲ့။ အခုနောက်ပိုင်းကျတော့လေ ကျမတို့က ကျမတို့လိုပဲ စိတ်တူကိုယ်တူ ရှေ့နေ ဆရာ ဆရာမတွေ ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိကြတယ်။ အဲ့လိုရှိကြတော့ ကျမတို့ အမှုတွေ လက်ခံ ဆောင်ရွက်ပေးနေတာ အခုဆိုရင် ရှေ့နေပေါင်း ၃၀ ကျော် ကျမတို့အဖွဲ့ထဲမှာ ရှိပါတယ်။ အနောက်ကနေ ကျမတို့အမှုတွေကို လိုက်ပါ ကူညီပေးနေတဲ့ ရှေ့နေတွေ ၃၀ ကျော် ရှိပါတယ်။ ကျမတို့ သင့်အတွက်ရှေ့နေများ အဖွဲ့ ဆိုတာက ဒီအခြေအနေမျိုးမှာ ပေါ်ပေါက်လာတဲ့အဖွဲ့ ဖြစ်တယ်။ နောင် ရှေ့ဆက်ပြီးတော့ ဆက်လက် တည်တံ့နေမယ်လို့ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့ ဒီကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်သွားပြီဆိုတာနဲ့ ကျမတို့ ဒီအဖွဲ့ကြီးက ရှိချင်မှ ရှိတော့မှာပေါ့နော်။ နောက်တချက် ကတော့ ကျမတို့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ဥပဒေဆိုင်ရာ အကူအညီပေးမယ်။ ကျမတို့ တတ်စွမ်းသမ ျှ လိုက် ပါ ကူညီဆောင်ရွက်ပေးမယ်လို့ ကျမတို့ကတော့ ယုံကြည်ချက် အပြည့်ထားပါတယ်။”

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

XS
SM
MD
LG