သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး လႈပ္ရွားမႈနဲ႔ လူငယ္ အမ်ိဳးသမီးေတြရဲ႕ပါ၀င္မႈ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းခဲ့ျပီးတဲ့ေနာက္ ဒါကို ဆန္႔က်င္ကန္႔ကြက္တဲ့ လႈပ္ရွားမႈေတြမွာ လူငယ္ေတြ အမ်ိဳးသမီးေတြ ေရွ႕တန္းကေန အဓိက ပါ၀င္ေနၾကပါတယ္။ အာဏာသိမ္းစစ္တပ္ရဲ႕ ရက္ရက္စက္စက္ ပစ္ခတ္ျဖိဳခြဲမႈေတြၾကားကပဲ လူငယ္ေတြကေတာ့ ေနာက္မတြန္႔ဘဲ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို ပံုစံမ်ိဳးစံုနဲ႔ ဆက္ျပီး လႈပ္ရွားေနၾကပါတယ္။ လက္ရွိ စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈမွာ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ ဘယ္လို ခံယူခ်က္ေတြနဲ႔ ဘာေၾကာင့္ ေရွ႕တန္းက ပါ၀င္ေနၾကပါလဲ။ သူတို႔ရဲ႕ ပါ၀င္မႈက ဘယ္ေလာက္အထိ အေရးပါ ပါသလဲ။ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ေနတဲ့ လူငယ္ အမ်ိဳးသမီးတဦးျဖစ္တဲ့ မ၀တ္ရည္ေမာင္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ျမန္မာႏိုင္ငံ ေနရာအႏွံ႔ျဖစ္ေနတာမွာ မ၀တ္ရည္ေမာင္ တိုလို႔လူငယ္ေတြ၊ အမ်ိဳးသမီးေတြေရွ႕တန္းမွာ ပါ၀င္ေနၾကတယ္ ဆိုတာကေတာ့ ဒါ အားလံုးျမင္ေတြ႔ေနရတဲ့ အခ်က္ပါ။ တခ်ိဳ႕ဆို အသက္ေပးရတဲ့အထိ ရွိတယ္။ အဖမ္းခံရတာေတြလည္း ရွိပါတယ္။ အသက္အႏၱရာယ္ ျဖစ္ႏိုင္တယ္ဆိုတဲ့ အႏၱရာယ္ေတြၾကားမွာကိုပဲ လူငယ္ေတြ ဘာေၾကာင့္ ခုလို ပါ၀င္ေနတယ္လို႔ မ၀တ္ရည္ေမာင္ အေနနဲ႔ ထင္ပါလဲ။ ကိုယ္ ကိုယ္တိုင္ေရာ ဘာေၾကာင့္ ပါ၀င္ျဖစ္သလဲဆိုတာ ေျပာျပေပးပါလား။

“ဟုတ္ကဲ့။ ညီမတို႔ေတြ ဘာလို႔ပါ၀င္ေနလဲဆိုေတာ့ လက္နက္ကိုင္ လူတန္းစားေတြကေန လက္နက္ရွိတုိင္း ျပည္သူေတြကို မတရားသျဖင့္ ႏိုင့္ထက္စီးနင္းလုပ္တာေတြကို ညီမတို႔ေတြ လက္မခံႏုိင္ဘူး။ ျပီးေတာ့ မဲစာရင္းေတြ မမွန္ကန္ဘူးဆိုတဲ့ သက္ေသအေထာက္အထား မခိုင္လံုတဲ့အေၾကာင္းျပခ်က္နဲ႔ ညီမတို႔ ျပည္သူေတြ ေရြးေကာက္တင္ေျမွာက္ထားတဲ့ ျပည္သူ႔အစိုးရကို ျဖဳတ္ခ်တယ္။ ညီမတို႔ရဲ႕ ေခါင္းေဆာင္ေတြကိုလည္း ဖမ္းဆီးထားတယ္။ အဲ့ဒါေတြက ညီမတို႔ျပည္သူတရပ္လံုးကို ေစာ္ကားလိုက္တာနဲ႔ အတူတူပါပဲ။ ညီမတို႔ေတြရဲ႕ အနာဂတ္ေတြကို ဖ်က္ဆီးလိုက္တာေပါ့ေနာ္။ အဲ့ဒီလို တရား မမ ွ်တမႈေတြ အတြက္ကို ညီမတို႔ တိုက္ပြဲ၀င္ေနတာျဖစ္ပါတယ္။”

အခုဆိုရင္ စစ္အာဏာသိမ္းတာကို ကန္႔ကြက္ဆႏၵျပတဲ့အေပၚမွာ အင္အားသံုးျပီး အၾကမ္းဖက္ ပစ္ခတ္တာေတြ၊ ႐ိုက္ႏွက္ ဖမ္ဆီးတာေတြ၊ ေနအိမ္ေတြထဲအထိ ပစ္ခတ္တာေတြ ရွိတယ္။ ဒီလို အေျခအေနေတြ အႏၱရာယ္ေတြၾကားထဲမွာပဲ ကိုယ္ ကိုယ္တိုင္ေရာ ကိုယ့္အေပၚမွာ အသက္အႏၱရာယ္အထိ ျပဳႏိုင္တယ္ဆိုတဲ့ အေျခအေနကို သိသိၾကီးနဲ႔ မေၾကာက္မရြံ႕ ပါ၀င္တယ္ဆိုတာက ကိုယ့္ရဲ႕ခံယူခ်က္၊ ရပ္တည္ခ်က္က ဘယ္ေလာက္အထိ ျပင္းပ်တယ္လို႔ ေျပာႏုိင္ပါမလဲ။

“ဟုတ္ကဲ့။ ဒီပစ္ခတ္ ႏွိမ္နင္းမႈေတြကေတာ့ အခုမွရွိတာ မဟုတ္ပါဘူး။ သူတို႔စစ္အာဏာသိမ္းမႈ အေစာပိုင္းကတည္းက ပစ္ခတ္ ႏွိမ္နင္းတာေတြ ရွိတယ္ဆိုတာ ဒါ အကုန္လံုးလည္း သိတာပါပဲ။ ဆိုေတာ့ ဒီအၾကမ္းဖက္အုပ္စုအေနနဲ႔ သူတို႔ဘက္ကေန သိရမွက ဒီအေရးေတာ္ပံုၾကီးဟာ ပစ္ခတ္ ႏွိမ္နင္းတာ တခုတည္းနဲ႔ ျပည္သူေတြကို ထိန္းခ်ဳပ္လုိ႔မရဘူးဆိုတာကို ညီမတို႔ေတြက ျပေနတာပါ။ ျပီးေတာ့ ညီမတို႔လူထုရဲ႕ ႏိုင္ငံေရးေတာင္းဆိုမႈေတြက အရမ္းျမင့္သြားပါျပီ။ ျပီးခဲ့တဲ့ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒေအာက္က ႏိုင္ငံေရးအခင္းအက်င္းကို လူထုက မလုိခ်င္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ညီမတို႔ေပးဆပ္ေနရတာနဲ႔ ထိုက္တန္တဲ့ ဒီမိုကေရစီစစ္မွန္မႈကိုပဲ ညီမတို႔ လိုခ်င္တယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ အခု စစ္တပ္က ၂၅ % ပါ၀င္ေနတာေတြ၊ လႊတ္ေတာ္ထဲမွာ စစ္တပ္က ၀င္ထိုင္ေနတာေတြ။ ျပီးေတာ့ တရား၀င္ အာဏာသိမ္းခြင့္ကိုေပးထားတဲ့ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ လိုဟာေတြကို ညီမတို႔ ထပ္ျပီးေတာ့ လက္မခံႏုိင္ဘူး။ ဆိုေတာ့ ခုနကေျပာသလိုပဲ လူထုရဲ႕ ႏုိင္ငံေရးေတာင္းဆိုမႈ ေရခ်ိန္က အရမ္းျမင့္သြားျပီဆိုတာကို ဒီအေရးေတာ္ပံုက ျပလုိက္တာပါ။ ဆိုေတာ့ ညီမတို႔ေတြက ေသခ်ာတာကေတာ့ ညီမတို႔ အေနာက္ကိုျပန္မလွည့္ခ်င္ဘူး။ ညီမတို႔ ပိုေကာင္းတဲ့ အနာဂတ္ကိုပဲ သြားခ်င္ပါတယ္။ ပိုေကာင္းတဲ့ ႏုိင္ငံေရး အခင္းအက်င္းကိုပဲ သြားခ်င္တယ္။ စစ္မွန္ျပည့္၀တဲ့ ဒီမိုကေရစီကုိပဲ ညီမတုိ႔ လုိခ်င္ပါတယ္။ ျပီးေတာ့ တုိင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္ ဒီမိုကေရစီ စနစ္ကိုပဲ သြြားခ်င္တယ္။ ဆိုေတာ့ ညီမတို႔လူငယ္ေတြ အေနနဲ႔ကေတာ့ အဲ့ဒီအခ်က္ေတြကိုပဲ ဦးတည္ျပီးေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ညီမတို႔က ရတဲ့နည္းနဲ႔ ဆက္လက္ တိုက္ပြဲ၀င္သြားမယ္ဆိုတဲ့ ခံယူခ်က္နဲ႔ပဲ ညီမတို႔ လုပ္ေနတာပါ။”

ဒီလႈပ္ရွားမႈက အဓိက လူငယ္ေတြဦးေဆာင္တာလို႔ ေျပာလို႔ရပါတယ္။ လူငယ္ေတြအမ်ားအျပား ေရွ႕တန္းမွာ ရွိေနပါတယ္။ ဆိုေတာ့ ဒီလို လူငယ္ေတြရဲ႕ ပါ၀င္မႈဟာ လက္ရွိ ျပည္သူေတြ ေတာင္းဆိုေနတဲ့ စစ္အာဏာသိမ္းမႈ ပ်က္သုဥ္းျပီးေတာ့မွ ဒီမိုကေရစီစနစ္ ျဖစ္လာဖို႔ဆိုတာေတြ၊ တိုင္းျပည္မွာ ျပည္သူေတြလိုခ်င္တဲ့ အေျပာင္းအလဲ ျပန္ျဖစ္လာဖို႔ ဆိုတာေတြ အတြက္ လူငယ္ေတြရဲ႕ ပါ၀င္မႈအားက ဘယ္ေလာက္အထိ အေရးႀကီးတယ္လို႔ ထင္ပါလဲ။

“အခု ဒီမွာေတာ့ လူငယ္ေတြကေတာ့ အမ်ားစုေပါ့ေနာ္။ ေရွ႕တန္းကေန ပါ၀င္ေနၾကတာေပါ့ေနာ္။ ဒါေပမဲ့ ဒီအေရးေတာ္ပံုၾကီးမွာေတာ့ ဒီအေျခအေနေအာက္မွာေတာ့ လူၾကီး လူငယ္ မ်ိဳးဆက္ေပါင္းစံုက က်ရာက႑ကေန တိုက္ပြဲ၀င္ေနၾကပါတယ္။ ဒါေပမဲ့ ညီမတို႔ လူငယ္ေတြအေနနဲ႔ ကေတာ့ ညီမတို႔ဆီမွာ နည္းပညာေတြ၊ သတင္းအခ်က္အလက္ ျမန္ဆန္မႈေတြ၊ ဘာသာစကား ကၽြမ္းက်င္မႈေတြ ညီမတို႔ လူငယ္ေတြမွာ ရွိတယ္။ ညီမတို႔ရဲ႕ အေရွ႕မ်ိဳးဆက္ေတြ လူၾကီးေတြ အေနနဲ႔က်ေတာ့ သူတို႔ျဖတ္သန္းခဲ့ရတဲ့ အေတြ႔အၾကံဳေတြေပါ့ေနာ္။ ျဖစ္လာႏုိင္တဲ့ အေျခအေနေတြကို သူတို႔ေတြက ညီမတို႔ေတြကို ျပန္မ ွ်ေ၀ေပးတယ္။ အဲ့ဒီလိုဆိုေတာ့ ဒီအေရးေတာ္ပံုၾကီးဟာ ညီမတုိ႔ လူငယ္ေတြရဲ႕ ကၽြမ္းက်င္မႈေတြနဲ႔ လူၾကီးေတြရဲ႕ အေတြ႔အၾကံဳေတြနဲ႔ ဒါေတြကို ေပါင္းစပ္ျပီးေတာ့မွ မ်ိဳးဆက္ေပါင္းစံု အတူတူ တိုက္ပြဲ၀င္ေနၾကတာျဖစ္ပါတယ္။”

အခုဆိုရင္ စစ္တပ္ဘက္က အင္အားသံုးတာေတြ ပိုျပီးလုပ္လာတယ္။ ရက္ရက္စက္စက္ ျဖိဳခြင္းလာတာေတြ ေတြ႔ရတယ္။ ေသတဲ့သူေတြ ရာနဲ႔ခ်ီ ရွိလာသလို ဖမ္းဆီးခံရသူေတြ ဆိုရင္လည္း ေထာင္နဲ႔ခ်ီ ရွိပါတယ္။ ဆိုေတာ့ ကိုယ့္အေနနဲ႔ေရာ ဒီအေပၚမွာ ဖိႏွိပ္မႈေတြ ျပင္းထန္လာတဲ့အေပၚမွာ စိုးရိမ္ေၾကာက္ရြံ႕ျပီး ေနာက္တြြန္႔တာမ်ိဳး၊ ဒီလႈပ္ရွားမႈၾကီးက ဒီလို မတရားဖိႏွိပ္လာတဲ့အခါမွာ ရပ္တန္႔သြားႏိုင္တယ္လို႔ေရာ ထင္ပါသလား။ ဒီလိုျဖစ္မသြားဖို႔ေရာ ဘာေတြ ဆက္ျပီး လုပ္သြြားသင့္တယ္လို႔ ထင္ပါသလဲ။

“ဟုတ္ကဲ့။ ညီမတို႔ကေတာ့ ဒီဟာေတြက ညီမတို႔ကို သူတို႔ ဒီလို ပစ္ခတ္ႏွိမ္နင္းတာေတြနဲ႔ ညီမတို႔လူထုကို ထိန္းခ်ဳပ္လို႔မရဘူးဆိုတာက အခုခ်ိန္ထိ၊ ဒီေန႔အထိ လူထုလႈပ္ရွားမႈေတြကေန ျပေနပါတယ္။ ဒီဟာနဲ႔ပတ္သက္ျပီးေတာ့ ညီမတို႔အေနနဲ႔ တုန္လႈပ္မႈလည္း မရွိဘူး။ ေနာက္ဆုတ္သြားမွာလဲ မဟုတ္ဘူးေပါ့ေနာ္။ ခုနကေျပာတဲ့ ညီမတို႔ေတြရဲ႕ ေတာင္းဆိုခ်က္ေတြ အတိုင္းပဲ ညီမတို႔ အေနာက္ကိုျပန္မလွည့္ခ်င္ဘူး။ ပိုေကာင္းတဲ့အနာဂတ္ကို သြားခ်င္တယ္။ ပိုေကာင္းတဲ့ ႏုိင္ငံေရးအခင္းအက်င္းတခုကို လိုလားတယ္ေပါ့။ ျပီးရင္ ဖက္ဒရယ္ဒီမိုကေရစီကို ညီမတို႔လုိခ်င္တယ္ေပါ့ေနာ္။ ညီမတို႔က အဲ့ဒီဟာေတြကိုပဲ ကိုင္စြဲျပီးေတာ့ ဆက္ တိုက္ပြဲ၀င္သြားပါမယ္။ ဒီလႈပ္ရွားမႈေတြကို မရပ္တန္႔ဖို႔ ဘာေတြဆက္လုပ္သင့္သလဲ ဆိုေတာ့ အခု ဒါ က်မတို႔ လူငယ္ေတြ အေနနဲ႔ကလည္း အမ်ားၾကီး ဆက္လုပ္ရမယ္။ CRPH အေနနဲ႔ေရာ၊ အေရွ႕မ်ိဳးဆက္ အေနနဲ႔ေရာ သူတို႔ဆီက အၾကံဥာဏ္ေတြ အကုန္လံုးကို ေတာင္းခံျပီးေတာ့ ညီမတို႔ ကေတာ့ ဘယ္လို ခုခံကာကြယ္သြားမလဲ ဆိုတာကို အကုန္လံုး ညီမတို႔ဘက္က ျပင္ဆင္သင့္တာေတြ အားလံုး ျပင္ဆင္ထားပါတယ္။”

မ၀တ္ရည္ေမာင္ ဆိုရင္ ကိုယ္တိုင္က အခုလႈပ္ရွားမႈေတြမွာလည္း ေရွ႕တန္းကေန လူငယ္တေယာက္ အေနနဲ႔ တက္တက္ၾကြၾကြ ပါ၀င္ေနတယ္။ မိသားစု ဆိုရင္လဲ ကိုယ့္ရဲ႕အေဖဆိုရင္ အခု စစ္တပ္က ဖမ္းဆီးေခၚသြားတာ ခံရတယ္။ အာဏာသိမ္းျပီးေနာက္ပိုင္း သိပ္မၾကာခင္ကမွ ဖမ္းဆီး ခံထားရတယ္။ အစ္ကိုဆိုရင္လဲ NLD ပါတီ လႊတ္ေတာ္အမတ္ တေယာက္ျဖစ္တယ္ဆိုေတာ့ ဒီလို ႏုိင္ငံေရးမိသားစုက လူတေယာက္အေနနဲ႔ ခုလိုအခ်ိန္မွာ အက်ပ္အတည္း၊ အႏၲရာယ္ေတြ ကေတာ့ ပိုမ်ားမယ္လို႔ထင္ပါတယ္။ ဒီအေျခအေနမွာေရာ ဘယ္လို ခံယူခ်က္ထားၿပီး ကိုယ္တိုင္ ျဖတ္သန္းေနပါလဲ။ ကိုယ့္အေၾကာင္းကိုလည္း နည္းနည္း ေျပာျပေပးပါလား။

“ဟုတ္ကဲ့။ ညီမတို႔မိသားစု အေနနဲ႔ကေတာ့ ဒီလိုအေျခအေနမ်ိဳးက ဒါ ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ၂၀၀၇ ခုႏွစ္တုန္းကလည္း ေရႊ၀ါေရာင္လႈပ္ရွားမႈ ေတာ္လွန္ေရးမွာတုန္းကလည္း ဒီလိုနည္းတူပဲ။ သူတို႔က ညီမ အေဖကိုေရာ၊ အေမကိုေရာ၊ ညီမ အစ္ကို ကိုေရာ ဖမ္းဆီး ေထာင္ခ်ခဲ့တယ္။ ျမန္မာႏုိင္ငံရဲ႕ သြြားလို႔ လာဖို႔ ခက္ခဲျပီး ေ၀းလံေခါင္ဖ်ားတဲ့ ေနရာေတြမွာ အေဖဆိုရင္ လိြဳင္ေကာ္ေထာင္၊ အေမဆိုရင္ေျမာင္းျမေထာင္၊ အစ္ကိုဆိုရင္ ဟိုး ဘဂၤလားေဒ့ရွ္ နယ္စပ္က ဘူးသီးေတာင္ အက်ဥ္းေထာင္မွာ ထားခဲ့တယ္။ အျပင္မွာ ညီမ နဲ႔ ညီမရဲ႕ ညီမလးနဲ႔ပဲ က်န္တယ္။ ညီမဆုိရင္ ၇ တန္း၊ ညီမေလး ဆိုရင္ ၂ တန္း။ အဲ့ဒီလိုမ်ိဳး က်န္ခဲ့တယ္။ ညီမတုိ႔အေနနဲ႔ကေတာ့ ဒါက ပထမဆံုး ၾကံဳေတြ႔ရတဲ့ အေျခအေနေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ဆိုေတာ့ ဒီ ဒုတိယအၾကိမ္မွာ ညီမတို႔ ပိုျပီးေတာ့ ခံႏုိင္ရည္ ရွိလာတယ္။ ညီမ အေနနဲ႔ ဆိုရင္လဲ ျဖစ္လာသမ ွ်ကို ညီမတို႔က ရင္ဆိုင္မယ္။ အကုန္လံုးကို ၾကံ့ၾကံ့ခုိင္ ရင္ဆိုင္မယ္။ ရင္ဆိုင္ျပီးေတာ့ ညီမတို႔က ရတဲ့နည္းနဲ႔ အာဏာရွင္စနစ္ကို ဆန္႔က်င္ေတာ္လွန္ဖို႔ လုပ္သြားမွာပဲ ျဖစ္ပါတယ္။ သူတို႔က ဦးခ်ိဳးလိုက္တယ္လို႔ေတာ့ ခံစားရပါတယ္။ ဥပမာ ညီမ အေဖကို သူတို႔ ေခၚသြားတယ္ဆိုေတာ့။ ဒါေပမဲ့ သူတို႔ ဦးဘယ္ေလာက္ခ်ိဳးခ်ိဳး ညီမတို႔က ဦးမက်ိဳးပါဘူး။ ညီမတို႔ မိသားစု တေယာက္ခ်င္းစီက ညီမတို႔ ရရာ အခန္းက႑ကေန အာဏာရွင္ဆန္႔က်င္ေရးကို အဆံုးထိ လုပ္သြားမွာပါ။”

အခုလည္း ကိုယ္ ကိုယ္တိုင္က တက္ၾကြလႈပ္ရွားေနသူတေယာက္ အေနနဲ႔ တျခားေသာ ျမန္မာႏိုင္ငံမွာ ရွိေနၾကတဲ့ လူငယ္ေတြ အမ်ိဳးသမီးေတြကိုေရာ ခုလိုအခ်ိန္မွာ ကိုယ့္အေနနဲ႔ ဘာမွာ ေျပာခ်င္ပါေသးလဲ။


“အခုအခ်ိန္မွာ ညီမတို႔က စည္းစည္းလံုးလံုး ညီညီညြတ္ညြတ္နဲ႔ မတူတဲ့လက္ေတြ အကုန္လံုးကို တြဲျပီးေတာ့ ဘံုရန္သူကို တိုက္ရမယ့္အေျခအေန တခုျဖစ္ပါတယ္။ ဆိုေတာ့ ညီမတို႔ေတြ အကုန္လံုး လက္ေတြတြဲျပီးေတာ့ အဆံုးထိ အတူလက္တြဲြ တိုက္သြားၾကမယ္ေပါ့ေနာ္။ ေနာက္တခုကက်ေတာ့ ဒီအေျခအေနနဲ႔ ပတ္သက္ျပီးေတာ့ ေနာက္လာမယ့္ အနာဂတ္မွာ ညီမတို႔ ေမ ွ်ာ္မွန္းထားတဲ့၊ ညီမတို႔ တည္ေဆာက္မယ့္ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ငံေတာ္အသစ္မွာ ညီမတုိ႔ လူငယ္ေတြ၊ ဒီအထဲမွာ အမ်ိဳးသမီးေတြလည္း ပါတယ္။ က႑ေပါင္းစံုကလူေတြ ပါတယ္ေပါ့ေနာ္။ Transitional Justice လို႔ေခၚတဲ့ အသြင္ကူးေျပာင္းေရး ဆိုင္ရာ တရားမ ွ်တမႈကို ညီမတုိ႔က ရွာေဖြရမွာျဖစ္တယ္။ ျပီးခဲ့တဲ့အတိတ္က ျဖစ္ခဲ့တဲ့ကိစၥေတြ အကုန္လံုး၊ ျပီးေတာ့ စစ္အုပ္စုရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြ အဲ့ဒါေတြ အကုန္လံုးကို ဒီအသြင္ကူးေျပာင္းေရး ဆိုင္ရာ တရားမ ွ်တမႈနဲ႔ ညီမတုိ႔ေတြက အတူတူလက္တြဲျပီးေတာ့ ျပန္လည္ ကုစားသြားရမယ္ေပါ့ေနာ္။ ဒါက ဒီေတာ္လွန္ေရးၾကီးကို ညီမတို႔ အရင္ဆံုး ေအာင္ေအာင္ ႏိုင္ေအာင္တိုက္မယ္။ ျပီးရင္ ညီမတို႔ ေနာက္ထပ္ မလြဲမေသြ လုပ္ရမယ့္အခ်က္က အဲ့ဒီ Transitional Justice ဆိုတဲ့အပုိင္း ျဖစ္ပါတယ္ေပါ့ေနာ္။ အဲ့ဒါကို ညီမတို႔ လူငယ္ေတြ အကုန္လံုး က႑ေပါင္းစံုက လူေတြ အကုန္လံုး၊ တက္ၾကြလႈပ္ရွားသူေတြ အကုန္လံုး လက္တြဲျပီးေတာ့ မလႊဲမေသြ လုပ္ရမယ့္အခ်က္ျဖစ္တယ္ဆုိတာကို ေျပာခ်င္ပါတယ္ရွင့္။”

ဟုတ္ကဲ့။ အခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူး အမ်ားၾကီးတင္ပါတယ္။

“ဟုတ္ကဲ့ပါ။ ေက်းဇူးတင္ပါတယ္ အစ္မ။”

တိုက္႐ိုက္ လင့္ခ္

=============================================

[Unicode Version]

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ လူငယ် အမျိုးသမီးတွေရဲ့ပါဝင်မှု (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဒါကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ လူငယ်တွေ အမျိုးသမီးတွေ ရှေ့တန်းကနေ အဓိက ပါဝင်နေကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွဲမှုတွေကြားကပဲ လူငယ်တွေကတော့ နောက်မတွန့်ဘဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ဆက်ပြီး လှုပ်ရှားနေကြပါတယ်။ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူငယ်တွေ၊ အမျိုးသမီးတွေ ဘယ်လို ခံယူချက်တွေနဲ့ ဘာကြောင့် ရှေ့တန်းက ပါဝင်နေကြပါလဲ။ သူတို့ရဲ့ ပါဝင်မှုက ဘယ်လောက်အထိ အရေးပါ ပါသလဲ။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ လူငယ် အမျိုးသမီးတဦးဖြစ်တဲ့ မဝတ်ရည်မောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံ နေရာအနှံ့ဖြစ်နေတာမှာ မဝတ်ရည်မောင် တိုလို့လူငယ်တွေ၊ အမျိုးသမီးတွေရှေ့တန်းမှာ ပါဝင်နေကြတယ် ဆိုတာကတော့ ဒါ အားလုံးမြင်တွေ့နေရတဲ့ အချက်ပါ။ တချို့ဆို အသက်ပေးရတဲ့အထိ ရှိတယ်။ အဖမ်းခံရတာတွေလည်း ရှိပါတယ်။ အသက်အန္တရာယ် ဖြစ်နိုင်တယ်ဆိုတဲ့ အန္တရာယ်တွေကြားမှာကိုပဲ လူငယ်တွေ ဘာကြောင့် ခုလို ပါဝင်နေတယ်လို့ မဝတ်ရည်မောင် အနေနဲ့ ထင်ပါလဲ။ ကိုယ် ကိုယ်တိုင်ရော ဘာကြောင့် ပါဝင်ဖြစ်သလဲဆိုတာ ပြောပြပေးပါလား။

“ဟုတ်ကဲ့။ ညီမတို့တွေ ဘာလို့ပါဝင်နေလဲဆိုတော့ လက်နက်ကိုင် လူတန်းစားတွေကနေ လက်နက်ရှိတိုင်း ပြည်သူတွေကို မတရားသဖြင့် နိုင့်ထက်စီးနင်းလုပ်တာတွေကို ညီမတို့တွေ လက်မခံနိုင်ဘူး။ ပြီးတော့ မဲစာရင်းတွေ မမှန်ကန်ဘူးဆိုတဲ့ သက်သေအထောက်အထား မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ညီမတို့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို ဖြုတ်ချတယ်။ ညီမတို့ရဲ့ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထားတယ်။ အဲ့ဒါတွေက ညီမတို့ပြည်သူတရပ်လုံးကို စော်ကားလိုက်တာနဲ့ အတူတူပါပဲ။ ညီမတို့တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးလိုက်တာပေါ့နော်။ အဲ့ဒီလို တရား မမ ျှတမှုတွေ အတွက်ကို ညီမတို့ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။”

အခုဆိုရင် စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့အပေါ်မှာ အင်အားသုံးပြီး အကြမ်းဖက် ပစ်ခတ်တာတွေ၊ ရိုက်နှက် ဖမ်ဆီးတာတွေ၊ နေအိမ်တွေထဲအထိ ပစ်ခတ်တာတွေ ရှိတယ်။ ဒီလို အခြေအနေတွေ အန္တရာယ်တွေကြားထဲမှာပဲ ကိုယ် ကိုယ်တိုင်ရော ကိုယ့်အပေါ်မှာ အသက်အန္တရာယ်အထိ ပြုနိုင်တယ်ဆိုတဲ့ အခြေအနေကို သိသိကြီးနဲ့ မကြောက်မရွံ့ ပါဝင်တယ်ဆိုတာက ကိုယ့်ရဲ့ခံယူချက်၊ ရပ်တည်ချက်က ဘယ်လောက်အထိ ပြင်းပျတယ်လို့ ပြောနိုင်ပါမလဲ။

“ဟုတ်ကဲ့။ ဒီပစ်ခတ် နှိမ်နင်းမှုတွေကတော့ အခုမှရှိတာ မဟုတ်ပါဘူး။ သူတို့စစ်အာဏာသိမ်းမှု အစောပိုင်းကတည်းက ပစ်ခတ် နှိမ်နင်းတာတွေ ရှိတယ်ဆိုတာ ဒါ အကုန်လုံးလည်း သိတာပါပဲ။ ဆိုတော့ ဒီအကြမ်းဖက်အုပ်စုအနေနဲ့ သူတို့ဘက်ကနေ သိရမှက ဒီအရေးတော်ပုံကြီးဟာ ပစ်ခတ် နှိမ်နင်းတာ တခုတည်းနဲ့ ပြည်သူတွေကို ထိန်းချုပ်လို့မရဘူးဆိုတာကို ညီမတို့တွေက ပြနေတာပါ။ ပြီးတော့ ညီမတို့လူထုရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေက အရမ်းမြင့်သွားပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က နိုင်ငံရေးအခင်းအကျင်းကို လူထုက မလိုချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ညီမတို့ပေးဆပ်နေရတာနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီစစ်မှန်မှုကိုပဲ ညီမတို့ လိုချင်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ အခု စစ်တပ်က ၂၅ % ပါဝင်နေတာတွေ၊ လွှတ်တော်ထဲမှာ စစ်တပ်က ဝင်ထိုင်နေတာတွေ။ ပြီးတော့ တရားဝင် အာဏာသိမ်းခွင့်ကိုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုဟာတွေကို ညီမတို့ ထပ်ပြီးတော့ လက်မခံနိုင်ဘူး။ ဆိုတော့ ခုနကပြောသလိုပဲ လူထုရဲ့ နိုင်ငံရေးတောင်းဆိုမှု ရေချိန်က အရမ်းမြင့်သွားပြီဆိုတာကို ဒီအရေးတော်ပုံက ပြလိုက်တာပါ။ ဆိုတော့ ညီမတို့တွေက သေချာတာကတော့ ညီမတို့ အနောက်ကိုပြန်မလှည့်ချင်ဘူး။ ညီမတို့ ပိုကောင်းတဲ့ အနာဂတ်ကိုပဲ သွားချင်ပါတယ်။ ပိုကောင်းတဲ့ နိုင်ငံရေး အခင်းအကျင်းကိုပဲ သွားချင်တယ်။ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီကိုပဲ ညီမတို့ လိုချင်ပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကိုပဲ သွားချင်တယ်။ ဆိုတော့ ညီမတို့လူငယ်တွေ အနေနဲ့ကတော့ အဲ့ဒီအချက်တွေကိုပဲ ဦးတည်ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ညီမတို့က ရတဲ့နည်းနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ ညီမတို့ လုပ်နေတာပါ။”

ဒီလှုပ်ရှားမှုက အဓိက လူငယ်တွေဦးဆောင်တာလို့ ပြောလို့ရပါတယ်။ လူငယ်တွေအများအပြား ရှေ့တန်းမှာ ရှိနေပါတယ်။ ဆိုတော့ ဒီလို လူငယ်တွေရဲ့ ပါဝင်မှုဟာ လက်ရှိ ပြည်သူတွေ တောင်းဆိုနေတဲ့ စစ်အာဏာသိမ်းမှု ပျက်သုဉ်းပြီးတော့မှ ဒီမိုကရေစီစနစ် ဖြစ်လာဖို့ဆိုတာတွေ၊ တိုင်းပြည်မှာ ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲ ပြန်ဖြစ်လာဖို့ ဆိုတာတွေ အတွက် လူငယ်တွေရဲ့ ပါဝင်မှုအားက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါလဲ။

“အခု ဒီမှာတော့ လူငယ်တွေကတော့ အများစုပေါ့နော်။ ရှေ့တန်းကနေ ပါဝင်နေကြတာပေါ့နော်။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးမှာတော့ ဒီအခြေအနေအောက်မှာတော့ လူကြီး လူငယ် မျိုးဆက်ပေါင်းစုံက ကျရာကဏ္ဍကနေ တိုက်ပွဲဝင်နေကြပါတယ်။ ဒါပေမဲ့ ညီမတို့ လူငယ်တွေအနေနဲ့ ကတော့ ညီမတို့ဆီမှာ နည်းပညာတွေ၊ သတင်းအချက်အလက် မြန်ဆန်မှုတွေ၊ ဘာသာစကား ကျွမ်းကျင်မှုတွေ ညီမတို့ လူငယ်တွေမှာ ရှိတယ်။ ညီမတို့ရဲ့ အရှေ့မျိုးဆက်တွေ လူကြီးတွေ အနေနဲ့ကျတော့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေပေါ့နော်။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သူတို့တွေက ညီမတို့တွေကို ပြန်မ ျှဝေပေးတယ်။ အဲ့ဒီလိုဆိုတော့ ဒီအရေးတော်ပုံကြီးဟာ ညီမတို့ လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံတွေနဲ့ ဒါတွေကို ပေါင်းစပ်ပြီးတော့မှ မျိုးဆက်ပေါင်းစုံ အတူတူ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။”

အခုဆိုရင် စစ်တပ်ဘက်က အင်အားသုံးတာတွေ ပိုပြီးလုပ်လာတယ်။ ရက်ရက်စက်စက် ဖြိုခွင်းလာတာတွေ တွေ့ရတယ်။ သေတဲ့သူတွေ ရာနဲ့ချီ ရှိလာသလို ဖမ်းဆီးခံရသူတွေ ဆိုရင်လည်း ထောင်နဲ့ချီ ရှိပါတယ်။ ဆိုတော့ ကိုယ့်အနေနဲ့ရော ဒီအပေါ်မှာ ဖိနှိပ်မှုတွေ ပြင်းထန်လာတဲ့အပေါ်မှာ စိုးရိမ်ကြောက်ရွံ့ပြီး နောက်တွန့်တာမျိုး၊ ဒီလှုပ်ရှားမှုကြီးက ဒီလို မတရားဖိနှိပ်လာတဲ့အခါမှာ ရပ်တန့်သွားနိုင်တယ်လို့ရော ထင်ပါသလား။ ဒီလိုဖြစ်မသွားဖို့ရော ဘာတွေ ဆက်ပြီး လုပ်သွားသင့်တယ်လို့ ထင်ပါသလဲ။

“ဟုတ်ကဲ့။ ညီမတို့ကတော့ ဒီဟာတွေက ညီမတို့ကို သူတို့ ဒီလို ပစ်ခတ်နှိမ်နင်းတာတွေနဲ့ ညီမတို့လူထုကို ထိန်းချုပ်လို့မရဘူးဆိုတာက အခုချိန်ထိ၊ ဒီနေ့အထိ လူထုလှုပ်ရှားမှုတွေကနေ ပြနေပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ညီမတို့အနေနဲ့ တုန်လှုပ်မှုလည်း မရှိဘူး။ နောက်ဆုတ်သွားမှာလဲ မဟုတ်ဘူးပေါ့နော်။ ခုနကပြောတဲ့ ညီမတို့တွေရဲ့ တောင်းဆိုချက်တွေ အတိုင်းပဲ ညီမတို့ အနောက်ကိုပြန်မလှည့်ချင်ဘူး။ ပိုကောင်းတဲ့အနာဂတ်ကို သွားချင်တယ်။ ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို လိုလားတယ်ပေါ့။ ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီကို ညီမတို့လိုချင်တယ်ပေါ့နော်။ ညီမတို့က အဲ့ဒီဟာတွေကိုပဲ ကိုင်စွဲပြီးတော့ ဆက် တိုက်ပွဲဝင်သွားပါမယ်။ ဒီလှုပ်ရှားမှုတွေကို မရပ်တန့်ဖို့ ဘာတွေဆက်လုပ်သင့်သလဲ ဆိုတော့ အခု ဒါ ကျမတို့ လူငယ်တွေ အနေနဲ့ကလည်း အများကြီး ဆက်လုပ်ရမယ်။ CRPH အနေနဲ့ရော၊ အရှေ့မျိုးဆက် အနေနဲ့ရော သူတို့ဆီက အကြံဉာဏ်တွေ အကုန်လုံးကို တောင်းခံပြီးတော့ ညီမတို့ ကတော့ ဘယ်လို ခုခံကာကွယ်သွားမလဲ ဆိုတာကို အကုန်လုံး ညီမတို့ဘက်က ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ထားပါတယ်။”

မဝတ်ရည်မောင် ဆိုရင် ကိုယ်တိုင်က အခုလှုပ်ရှားမှုတွေမှာလည်း ရှေ့တန်းကနေ လူငယ်တယောက် အနေနဲ့ တက်တက်ကြွကြွ ပါဝင်နေတယ်။ မိသားစု ဆိုရင်လဲ ကိုယ့်ရဲ့အဖေဆိုရင် အခု စစ်တပ်က ဖမ်းဆီးခေါ်သွားတာ ခံရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သိပ်မကြာခင်ကမှ ဖမ်းဆီး ခံထားရတယ်။ အစ်ကိုဆိုရင်လဲ NLD ပါတီ လွှတ်တော်အမတ် တယောက်ဖြစ်တယ်ဆိုတော့ ဒီလို နိုင်ငံရေးမိသားစုက လူတယောက်အနေနဲ့ ခုလိုအချိန်မှာ အကျပ်အတည်း၊ အန္တရာယ်တွေ ကတော့ ပိုများမယ်လို့ထင်ပါတယ်။ ဒီအခြေအနေမှာရော ဘယ်လို ခံယူချက်ထားပြီး ကိုယ်တိုင် ဖြတ်သန်းနေပါလဲ။ ကိုယ့်အကြောင်းကိုလည်း နည်းနည်း ပြောပြပေးပါလား။

“ဟုတ်ကဲ့။ ညီမတို့မိသားစု အနေနဲ့ကတော့ ဒီလိုအခြေအနေမျိုးက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်တုန်းကလည်း ရွှေဝါရောင်လှုပ်ရှားမှု တော်လှန်ရေးမှာတုန်းကလည်း ဒီလိုနည်းတူပဲ။ သူတို့က ညီမ အဖေကိုရော၊ အမေကိုရော၊ ညီမ အစ်ကို ကိုရော ဖမ်းဆီး ထောင်ချခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သွားလို့ လာဖို့ ခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ အဖေဆိုရင် လွိုင်ကော်ထောင်၊ အမေဆိုရင်မြောင်းမြထောင်၊ အစ်ကိုဆိုရင် ဟိုး ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဘူးသီးတောင် အကျဉ်းထောင်မှာ ထားခဲ့တယ်။ အပြင်မှာ ညီမ နဲ့ ညီမရဲ့ ညီမလးနဲ့ပဲ ကျန်တယ်။ ညီမဆိုရင် ၇ တန်း၊ ညီမလေး ဆိုရင် ၂ တန်း။ အဲ့ဒီလိုမျိုး ကျန်ခဲ့တယ်။ ညီမတို့အနေနဲ့ကတော့ ဒါက ပထမဆုံး ကြုံတွေ့ရတဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒီ ဒုတိယအကြိမ်မှာ ညီမတို့ ပိုပြီးတော့ ခံနိုင်ရည် ရှိလာတယ်။ ညီမ အနေနဲ့ ဆိုရင်လဲ ဖြစ်လာသမ ျှကို ညီမတို့က ရင်ဆိုင်မယ်။ အကုန်လုံးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်မယ်။ ရင်ဆိုင်ပြီးတော့ ညီမတို့က ရတဲ့နည်းနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့ လုပ်သွားမှာပဲ ဖြစ်ပါတယ်။ သူတို့က ဦးချိုးလိုက်တယ်လို့တော့ ခံစားရပါတယ်။ ဥပမာ ညီမ အဖေကို သူတို့ ခေါ်သွားတယ်ဆိုတော့။ ဒါပေမဲ့ သူတို့ ဦးဘယ်လောက်ချိုးချိုး ညီမတို့က ဦးမကျိုးပါဘူး။ ညီမတို့ မိသားစု တယောက်ချင်းစီက ညီမတို့ ရရာ အခန်းကဏ္ဍကနေ အာဏာရှင်ဆန့်ကျင်ရေးကို အဆုံးထိ လုပ်သွားမှာပါ။”

အခုလည်း ကိုယ် ကိုယ်တိုင်က တက်ကြွလှုပ်ရှားနေသူတယောက် အနေနဲ့ တခြားသော မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူငယ်တွေ အမျိုးသမီးတွေကိုရော ခုလိုအချိန်မှာ ကိုယ့်အနေနဲ့ ဘာမှာ ပြောချင်ပါသေးလဲ။


“အခုအချိန်မှာ ညီမတို့က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ မတူတဲ့လက်တွေ အကုန်လုံးကို တွဲပြီးတော့ ဘုံရန်သူကို တိုက်ရမယ့်အခြေအနေ တခုဖြစ်ပါတယ်။ ဆိုတော့ ညီမတို့တွေ အကုန်လုံး လက်တွေတွဲပြီးတော့ အဆုံးထိ အတူလက်တွဲ တိုက်သွားကြမယ်ပေါ့နော်။ နောက်တခုကကျတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်လာမယ့် အနာဂတ်မှာ ညီမတို့ မေ ျှာ်မှန်းထားတဲ့၊ ညီမတို့ တည်ဆောက်မယ့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ်မှာ ညီမတို့ လူငယ်တွေ၊ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ ကဏ္ဍပေါင်းစုံကလူတွေ ပါတယ်ပေါ့နော်။ Transitional Justice လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမ ျှတမှုကို ညီမတို့က ရှာဖွေရမှာဖြစ်တယ်။ ပြီးခဲ့တဲ့အတိတ်က ဖြစ်ခဲ့တဲ့ကိစ္စတွေ အကုန်လုံး၊ ပြီးတော့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဲ့ဒါတွေ အကုန်လုံးကို ဒီအသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမ ျှတမှုနဲ့ ညီမတို့တွေက အတူတူလက်တွဲပြီးတော့ ပြန်လည် ကုစားသွားရမယ်ပေါ့နော်။ ဒါက ဒီတော်လှန်ရေးကြီးကို ညီမတို့ အရင်ဆုံး အောင်အောင် နိုင်အောင်တိုက်မယ်။ ပြီးရင် ညီမတို့ နောက်ထပ် မလွဲမသွေ လုပ်ရမယ့်အချက်က အဲ့ဒီ Transitional Justice ဆိုတဲ့အပိုင်း ဖြစ်ပါတယ်ပေါ့နော်။ အဲ့ဒါကို ညီမတို့ လူငယ်တွေ အကုန်လုံး ကဏ္ဍပေါင်းစုံက လူတွေ အကုန်လုံး၊ တက်ကြွလှုပ်ရှားသူတွေ အကုန်လုံး လက်တွဲပြီးတော့ မလွှဲမသွေ လုပ်ရမယ့်အချက်ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်ရှင့်။”

ဟုတ်ကဲ့။ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် အစ်မ။”

XS
SM
MD
LG