သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္က ႐ိုက္ႏွက္ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ဖခင္အတြက္ စိုးရိမ္ေနရသူ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ကစလို႔ ကန္႔ကြက္ဆႏၵျပပြဲေတြနဲ႔ ဆက္စပ္ျပီး ဖမ္းဆီးထိန္းသိမ္းခံရသူ ၂,၀၀၀ ေက်ာ္ ရွိတယ္လို႔ ကုလသမဂၢ အပါအ၀င္ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာဆိုထားပါတယ္။ ဖမ္းဆီးခံရသူ အမ်ားစု ျပန္မလြတ္ေသးသလို၊ ဘယ္ေနရာမွာ ခ်ဳပ္ေႏွာင္ထားသလဲ ဆုိတာ မသိရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။ ဖခင္ျဖစ္သူကို စစ္တပ္က လာေရာက္ဖမ္းဆီးသြားခဲ့ျပီး သီတင္း ၂ ပတ္ေလာက္ရွိလာေပမဲ့ ဘယ္ေနရာမွာရွိေနသလဲ ဆိုတာ မသိရဘူးလို႔ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ေနတဲ့ မ၀တ္ရည္ေမာင္ ကေျပာပါတယ္။ ကိုယ္တိုင္က တက္ၾကြလႈပ္ရွားသူတဦးျဖစ္ျပီး အစ္ကိုျဖစ္သူကလည္း NLD လႊတ္ေတာ္ကိုယ္စားလွယ္တဦး ျဖစ္တာေၾကာင့္ ဖခင္ ဖမ္းဆီးခံထားရတဲ့ တခ်ိန္တည္းမွာ မိသားစုေတြ အတြက္လည္း လံုျခံဳေရး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ မ၀တ္ရည္ေမာင္က ေျပာျပပါတယ္။ မ၀တ္ရည္ေမာင္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

“အေဖ အဖမ္းခံရတာ မတ္လ ၇ ရက္ေလာက္ကေပါ့။ အဲ့ေန႔က ည ၉ နာရီခြဲ ၀န္းက်င္ေလာက္မွာ ညီမတို႔ ေနတဲ့ လိႈင္အိမ္ကို စစ္တပ္က စစ္ကား ၈ စီးနဲ႔ ညီမတို႔အိမ္ လမ္းထိပ္ ဟိုဘက္လမ္း ဒီဘက္လမ္း အေရွ႕အေနာက္ ပတ္ပတ္လည္ကို စစ္ကား ၈ စီးပါတယ္။ ရဲကား ၁ စီးပါတယ္။ ရဲေတြက အရင္ဆင္းျပီးေတာ့ လံုျခံဳေရး ယူလိုက္တယ္။ ယူျပီးေတာ့မွ အဲ့ဒီ စစ္ကားေပၚကေန စစ္သားေတြ ၁၀ ေယာက္ေလာက္က ဒိုင္းကိုင္ထားတယ္။ ေနာက္ထပ္ ၁၀ ေယာက္ေလာက္က ေသနတ္ေတြနဲ႔ေပါ့ေနာ္။ ညီမတို႔အိမ္ေရွ႕ကို ေရာက္လာတယ္။ ဓာတ္မီးေတြ ထိုးျပီးေတာ့ လမ္းထိပ္မွာလည္း ကာရံထားတဲ့ အတားအဆီးေတြကို ဖ်က္ေပါ့။ ေရာက္လာတဲ့အခါက်ေတာ့ ညီမ အေမကေန ဘယ္သူလဲ ဘာကိစၥ ရွိလို႔လဲလို႔ေမးေတာ့ သူတို႔က တံခါး အခုခ်က္ခ်င္း ဖြင့္ေပါ့။ ဆိုေတာ့ အေမက - မဟုတ္ဘူးေလ ဒီအခ်ိန္လာတာ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔က ဘာမွကို ေျပာခြင့္မေပးဘူး။ ဖြင့္စမ္း အခုခ်က္ခ်င္း တံခါးကို အျမန္ဖြင့္စမ္း။ မဖြင့္ရင္ ပစ္သတ္လိုက္မယ္ဆိုျပီး ေျပာတယ္။ ေနာက္ျပီးေတာ့ ေသနတ္ေတြနဲ႔လည္း ခ်ိန္ထားတယ္ အိမ္အျပင္ကေန။ အဲ့ဒီအခ်ိန္မွာ ညီမက ဖုန္းကိုင္ထားတယ္။ ဖုန္းနဲ႔ ဗြီဒီယို ႐ိုက္မယ့္ဟာကိုလည္း ညီမကို အိမ္အျပင္ကေန ေသနတ္နဲ႔ ခ်ိန္တယ္။ ဖုန္းကို အခုခ်က္ခ်င္း ခ်လိုက္ေပါ့ေနာ္။ လံုး၀ကို ဖုန္းနဲ႔မ႐ိုက္နဲ႔ဆိုျပီးေတာ့ အဲ့ဒီလို ေျပာျပီးေတာ့ အေမက မဖြင့္ေပးဘူး။ ဖြင့္လည္း မဖြင့္ေပးေရာ သူတို႔က သူတို႔လက္ထဲမွာ သံတူရြင္းေတြေရာ၊ ေသာ့ဖ်က္တဲ့ ကိ႐ိယာအၾကီးၾကီးေတြလည္း ပါတယ္။ အဲ့ဒါေတြနဲ႔ ညီမတို႔အိမ္ တံခါး ႏွစ္ထပ္ရွိတာကို သူတို႔ဖ်က္လိုက္တယ္။ ဖ်က္ျပီးေတာ့ အိမ္ထဲ ၀င္လာတယ္။ အိမ္ထဲေရာက္ေရာက္ခ်င္းပဲ ညီမနဲ႔ အေမနဲ႔ကို အိမ္ေရွ႕က ထိုင္ခုံမွာ ထိုင္ခိုင္းတယ္။ ထိုင္ေန စကားမမ်ားနဲ႔။ မ်ားရင္ ပစ္သတ္လိုက္မယ္ဆိုျပီး ညီမအေမကိုလည္း ေသနတ္နဲ႔ တေယာက္က ခ်ိန္ထားတယ္။ ညီမကိုလည္း တေယာက္က ေသနတ္နဲ႔ ခ်ိန္ထားတယ္။ ျပီးတဲ့အခါက်ေတာ့ သူတို႔ေတြက အိမ္ထဲကို ၀င္ရွာတယ္။ အိမ္အခန္းေတြထဲကို ၀င္ေမႊသြားတယ္။ အဲ့ဒီအခ်ိန္မွာ အိမ္ေနာက္ေဖးမွာ အေဖ့ကို မိသြားတယ္ေပါ့ေနာ္။ မိမိခ်င္း အေဖ့ကို ေသနတ္ဒင္ေတြနဲ႔ ေခါင္းေတြ ေက်ာကုန္းေတြကို ထုတယ္။ ထုျပီးေတာ့မွ လက္ျပန္ၾကိဳး တုတ္လုိက္ျပီး အေဖ့ကို ေခၚသြားတယ္။ ေခၚသြားျပီးေတာ့ ညီမတို႔ အခန္းေတြထဲမွာ ေမႊေႏွာက္သြားတယ္။ ညီမရဲ႕ ညီမအငယ္ဆံုးေလးက ကေလးေလး ေမြးထားတယ္။ သူ႔မွာ ၄ လအရြယ္ ကေလးေလး ရွိတယ္။ အဲ့ဒီကေလးငယ္ေလးနဲ႔ ညီမရဲ႕ ညီမေလးကိုလည္း ေသနတ္နဲ႔ ခ်ိန္ထားတယ္။ ျငိမ္ျငိမ္ေနေပါ့ေနာ္။ စကားမမ်ားနဲ႔ စကားမ်ားရင္ ပစ္သတ္လိုက္မယ္ဆိုတာမ်ိဳး ေတာက္ေလ ွ်ာက္ေျပာတယ္။ အဲ့လိုမ်ိဳး ေျပာျပီးေတာ့ အေဖကို ေခၚျပီးေတာ့ ထြက္သြားပါတယ္။”

အဲ့ေတာ့ သူတို႔က အေဖကို ႐ိုက္ႏွက္ေခၚသြားတယ္။ တျခား အိမ္သားေတြနဲ႔ အိမ္ကိုေရာ သူတို႔က တျခား ဘာေတြ လုပ္သြားေသးလဲ။

“အေဖကို ေခၚသြားျပီးေတာ့ ညီမတို႔ အိမ္ တအိမ္လံုးကုိလည္း သူတို႔က ေမ ႊေႏွာက္ခဲ့တာေပါ့ေနာ္ အကုန္လံုး။ ညီမအခန္းထဲမွာရွိတဲ့ ညီမ ေက်ာပိုးအိတ္ထဲ ထည့္ထားတဲ့ လက္ပ္ေတာ့ MacBook ကို ယူသြားတယ္။ ျပီးရင္ ညီမတို႔ ဗီဒိုထဲက ဖုန္းႏွစ္လံုးနဲ႔ ပိုက္ဆံ ၅ သိန္း ယူသြားတယ္။ ျပီးရင္ ညီမအခန္း မွန္တင္ခံု အံဆြဲထဲမွာရွိတဲ့ ညီမအေမရဲ႕ ေရႊထုတ္ေတြ။ အဲ့ဒီအထဲမွာ ဆြဲၾကိဳးပါတယ္။ လက္စြပ္ပါတယ္။ ဟန္းခ်ိန္း ပါတယ္။ လက္ေကာက္ပါတယ္။ နားကပ္ပါတယ္။ အဲ့ဒါေတြကိုလည္း ယူသြားပါတယ္။”

ေစာေစာကေျပာေတာ့ အေဖကို ေခၚသြားတာ ၇ ရက္ေန႔ကတည္းက ဖမ္းေခၚသြားတာ။ အခု အေဖနဲ႔ပတ္သက္လုိ႔ ဘယ္မွာရွိေနတယ္ဆိုတာကို ဘာမွမသိရဘူးေပါ့။

“ဟုတ္ကဲ့အစ္မ ဘာမွမသိရပါဘူး။ ညီမတို႔ လိုက္စံုစမ္းလည္း မသိဘူး။ မရွိဘူးလို႔ပဲ ေျပာပါတယ္။ သက္ဆိုင္ရာ နယ္ေျမရဲစခန္းကိုလည္း ညီမတို႔သြားေမးတယ္။ အေဖ ပါသြားျပီး ေနာက္ရက္မွာ သြားေမးတယ္။ သြားေမးလည္း နယ္ေျမခံရဲက ေျပာတယ္။ က်ေနာ္တို႔ လာေခၚတဲ့ေန႔ကလည္း မပါဘူးတဲ့။ အဓိက တပ္ကပဲ လုပ္ေနတာေပါ့ေနာ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳးဆိုေတာ့ က်ေနာ္တို႔လည္း မသိပါဘူးတဲ့ ဆုိျပီး အဲ့လိုမ်ိဳးပဲေျပာတယ္။ ညီမတို႔ အင္းစိန္ေထာင္မွာလည္း သြားစံုစမ္းတယ္။ အင္းစိန္ေထာင္မွာဆိုလဲ မရွိဘူး မသိဘူးေပါ့ေနာ္။ ညီမတို႔ကို အဲ့ဒီလိုပဲ ေျပာတယ္။”

အဲ့ဒီေတာ့ အေဖကို ဘယ္ေနရာကို ေခၚသြားျပီး ခ်ဳပ္ေႏွာင္ထားတယ္ဆိုတာ မသိရသလို၊ အေဖ ေနေကာင္းရဲ႕လား က်န္းမာရဲ႕လား ဆုိတာကိုလည္း မိသားစု အေနနဲ႔ သိခြင့္မရတဲ့ အေျခအေန ျဖစ္ေနတာေပါ့။

“ဟုတ္ကဲ့အစ္မ ဟုတ္ပါတယ္။”

အေဖကို ဖမ္းဆီးေခၚေဆာင္သြားတဲ့အခ်ိန္မွာေရာ ဘာေၾကာင့္ သူတို႔ဖမ္းတယ္လို႔ ေျပာပါလဲ။

“ဟုတ္ကဲ့။ ညီမတို႔ တံခါးမဖြင့္ေပးခင္ကေပါ့ေနာ္။ ညီမ အေမကေမးေတာ့ သူတို႔က ဦးပီတာကို လာရွာတာလို႔ ေျပာပါတယ္။ ဦးပီတာ ဆိုတာ ညီမ အေဖေပါ့ေနာ္။ ဆိုေတာ့ အေမက ကိုပီတာ ဘာလုပ္လို႔လဲေပါ့။ ဘာေၾကာင့္လာေခၚတာလဲလို႔ ေမးေတာ့ ညီမအေဖကို CDM လႈပ္ရွားမႈမွာ ပါ၀င္ေနတဲ့သူေတြကို အားေပးကူညီမႈနဲ႔ လိႈင္ ရဲစခန္းမွာ အမႈဖြင့္ထားတယ္တဲ့။ အဲ့ဒီအတြက္ လာေခၚတာပါေပါ့ေနာ္။ ဒါေပမဲ့ ညီမ အေမက ၀ရမ္း ေမးတယ္။ လာေခၚတယ္ဆုိရင္ ဖမ္း၀ရမ္းျပေပါ့ေနာ္။ အဲ့လိုမ်ိဳးေျပာေတာ့လဲ ညီမတို႔ကို ဘာမွကိုဆက္ေမးခြင့္ မျပဳဘူးေပါ့ေနာ္။ မျပဳဘဲနဲ႔ စကားမမ်ားနဲ႔ ပစ္သတ္လိုက္မယ္ ဆိုျပီးေတာ့ပဲ တံခါးကို ဖ်က္ဆီးျပီးေတာ့ အိမ္ထဲ၀င္လာတာေပါ့ေနာ္။”

အခု အေဖကို ဖမ္းထားျပီးေတာ့ တရားစြဲဆိုထားတာမ်ိဳးေရာ ရွိပါလား။

“အဲ့ဒါမ်ိဳးေတြေတာ့ မၾကားရေသးဘူး အစ္မ။ ညီမတို႔ ေနာက္ဆံုးက ၇ ရက္ေန႔က အေဖ့ကို လာေခၚသြားတုန္းက အဲ့ဒီလို အမႈဖြင့္သြားတယ္လို႔ပဲ ေျပာသြားတာေပါ့ေနာ္။ က်န္တာေတြ၊ က်န္တဲ့ အဲ့ဒီအမႈဖြင့္တဲ့ ပုဒ္မတပ္တဲ့သတင္းေတြ ဘာမွကို မၾကားရေသးပါဘူး။ နယ္ေျမခံ ရဲစခန္းမွာ အမႈဖြင့္ထားတယ္ဆိုေတာ့ ညီမတို႔ လိႈင္က ရဲစခန္းကို သြြားေမးတာေတာင္ ရဲစခန္းက သူတို႔ ေသေသခ်ာခ်ာ ဘာမွမသိဘူး။ မေျပာႏို္င္ဘူးေပါ့ေနာ္။”

အဲ့ေတာ့ အခု အေဖနဲ႔ပတ္သက္ျပီးေတာ့ စိုးရိမ္မႈေတြရွိေနမွာေပါ့။

“ဟုတ္။ ညီမ အေဖက သူ႔မွာ ႏွလံုးေရာဂါ ရွိတယ္။ ႏွလံုးေရာဂါ ရွိတာမွာေတာင္ သူက ဆိုးဆိုးရြားရြား ျပီးခဲ့တဲ့ မႏွစ္ကဆိုလို႔ရွိရင္ ေဆးရံုမွာေတာင္ အၾကာၾကီး ေနလိုက္ရတယ္။ ျပီးရင္ အေဖ့မွာ ေသြးတိုးလည္း ရွိတယ္။ အေဖ့ကို ေခၚသြားတဲ့ေန႔ကဆိုရင္ ညီမ အေမက ႏွလံုးေရာဂါရွိလို႔ ေသာက္ေနက်ေဆးေလး ေပးလိုက္ပါရေစလို႔ ေျပာတာေတာင္မွပဲ သူတို႔က မယူသြားေပးဘူးေပါ့ေနာ္။ အဲ့ဒါ အေမက အတင္း စစ္သားတေယာက္ေနာက္ကို အတင္းေျပးလုိက္သြားျပီးေတာ့ အတင္းေပးလိုက္ေတာ့မွ စစ္သားတေယာက္က ယူသြားတယ္။ အဲ့ဟာေလးပဲ အေမက ထည့္ေပးလိုက္ႏုိင္တယ္ေပါ့ေနာ္။ ျပီးရင္ ညီမအေဖကို ေခၚသြားတာေတာင္ ဖိနပ္ေတာင္ မပါသြားဘူး။ သူတို႔ ဖိနပ္ေတာင္စီးခြင့္ မေပးဘူး။ အဲ့ဒီလိုမ်ိဳး အေျခအေနဆိုေတာ့ ညီမတို႔အေနနဲ႔ စိုးရိမ္တယ္ဆုိတာက အေဖက သူ ေသာက္ေနက် ပံုမွန္ေဆးေတြလည္း ရွိတယ္။ အဲ့ဒါေတြလည္း သူ အခု မေသာက္ရဘူး။ ျပီးရင္ အထဲ ထဲမွာ သူ႔မွာ ဖိနပ္လည္း မပါသြားဘူး။ အိမ္မွာေနတဲ့ ပုဆိုးေလးနဲ႔ အက်ီၤေလးနဲ႔ပဲ သြားရတာဆိုေတာ့ သူ႔အတြက္ေတာ့ ညီမတို႔က စိုးရိမ္တာေပါ့ေနာ္။ အဓိက ကေတာ့ အနည္းဆံုး ေဆးေလးျဖစ္ျဖစ္ ညီမတို႔သြင္းခြင့္ ရရင္ေတာင္ ညီမတို႔အေနနဲ႔ နည္းနည္း အဆင္ေျပတယ္ေပါ့ေနာ္။ အခုဟာကေတာ့ ဘယ္ေရာက္လို႔ေရာက္ေနမွန္းလဲ မသိေပါ့ေနာ္။ ဘယ္မွာမွလဲ စံုစမ္းလို႔မရတဲ့ အေျခအေန ျဖစ္ေနတာ။”

အခုလက္ရွိမွာ က်န္တဲ့မိသားစုေတြ အတြက္ေရာ လံုျခံဳေရးကေရာ ဘယ္လိုရွိပါလဲ။

“အမွန္အတိုင္းေျပာရရင္ေတာ့ အစ္မရယ္ သူတို႔က၊ ညီမအစ္ကို ကိုစည္သူေမာင္က အခု ပန္းဘဲတန္းျမိဳ႕နယ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဆိုေတာ့ သူတို႔က အဓိက ညီမအစ္ကို ကို သူတို႔ လိုခ်င္ေနတာေပါ့ေနာ္။ လိုခ်င္ေနတာဆိုေတာ့ ညီမအစ္ကို ကုိ သူတို႔ အခုထိမရေသးတဲ့အခ်ိန္မွာေတာ့ သူတို႔ ၂၀၀၇ တုန္းက သူတို႔လုပ္ခဲ့တဲ့ပံုစံအတိုင္းပဲ ထပ္ျပီးေတာ့ (မိသားစုကို) မဲတယ္လို႔လည္း က်မတို႔ကေတာ့ အဲ့ဒီလိုပဲ ယူဆတယ္။ ယူဆတယ္ဆိုတာက ၂၀၀၇ တုန္းကဆိုရင္ အေဖကိုလည္း ေခၚတယ္။ အေမကိုလည္း ေခၚသြားတယ္ေပါ့ေနာ္။ အျပင္မွာ ညီမရယ္၊ ညီမေလးရယ္ ႏွစ္ေယာက္ပဲ က်န္ခဲ့တာဆိုေတာ့။ အခုအေျခအေနမ်ိဳးမွာလည္း သူတို႔က အဲ့ဒီလိုမ်ိဳး လာသြားတယ္။ အေဖကို ေခၚသြားတယ္ေပါ့ေနာ္။ ဒါေပမဲ့ ကိုၾကီးက အခုထိ လံုျခံဳတဲ့ေနရာမွာ ရွိေနေသးတယ္ ဆိုေတာ့၊ ညီမတို႔ မိသားစု အေနနဲ႔ကလည္း လံုျခံဳေရးကေတာ့ အရမ္းကို စဥ္းစားရတဲ့ အေျခအေနတခု ျဖစ္တယ္ေပါ့ေနာ္။ ျဖစ္တဲ့အတြက္ ညီမတို႔ကေတာ့ ကိုယ္စီကိုယ္စီ လံုျခံဳတဲ့ေနရာေတြမွာေတာ့ ေန ေနရတဲ့ အေျခအေနေတာ့ ရွိတယ္ေပါ့။ အခုေလာေလာဆယ္ ကေတာ့။”

ဆိုေတာ့ လက္ရွိအေျခအေနမွာဆိုရင္ ဒါက အေဖအတြက္လည္း စိတ္ပူေနရတယ္။ မိသားစု လံုျခံဳေရးဆိုရင္လည္း ကိုယ္ ကိုယ္တိုင္အပါအ၀င္ အားလံုးအတြက္ စိုးရိမ္ေၾကာင့္ၾကေနရတယ္။ ဆိုေတာ့ ဒီလိုအေျခအေနမွာ လက္ရွိ အခုဆိုလို႔ရွိရင္ ျမန္မာႏုိင္ငံမွာ ဒီလိုမ်ိဳး မတရား ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့သူေတြ၊ အသက္ပါ ေပးလိုက္ရတဲ့သူေတြလည္း အမ်ားၾကီး ရွိလာတယ္။ ဆိုေတာ့ ဒီအေျခအေနမွာ ကိုယ္တိုင္ မိသားစုက တိုက္႐ိုက္ၾကံဳေတြ႔ရတဲ့ မိသားစု၀င္ တေယာက္ အေနနဲ႔ လက္ရွိအေျခအေန အေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါလဲ။

“ဟုတ္ကဲ့။ လက္ရွိအေျခအေန အေပၚမွာေတာ့ - သူတို႔ကေတာ့ ဒါက သူတို႔ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကေတာ့ လူတိုင္းကို လုပ္ေနမွာေပါ့ေနာ္။ ညီမတို႔ဆုိရင္ အခု မိသားစုထဲမွာ ဒီလိုခံစားေနရျပီေပါ့ေနာ္။ ညီမတို႔လိုပဲ တႏိုင္ငံလံုးမွာ ခံစားေနရတဲ့မိသားစုေတြ အမ်ားၾကီး ရွိပါတယ္။ ဆိုေတာ့ ဒီလိုမ်ိဳး သားသမီးကို ဆံုးရံႈးလိုက္ရတဲ့မိသားစုေတြ၊ မိဘေတြကို ဆံုး႐ံႈးလိုက္ရတဲ့ သားသမီးေတြ အမ်ားၾကီး ရွိတယ္။ အဲ့ဟာေတြ အကုန္လံုးကို ပံုမွန္အတိုင္း ျပန္ျဖစ္လာမယ့္ အေျခအေနက ညီမတို႔ ဒီအေရးေတာ္ပံုၾကီး ေအာင္ဖို႔ေပါ့ေနာ္။ ဆိုေတာ့ ဒီအေရးေတာ္ပံုၾကီး ေအာင္ဖို႔အတြက္ အဓိက က်တာက CDM လႈပ္ရွားမႈက အဓိက က်ပါတယ္။ ညီမကိုလည္း လူေတြက - အေဖက အဲ့ဒီလိုမ်ိဳး ပါသြားတယ္။ အစ္ကိုရဲ႕ အေျခအေန လံုျခံဳေရးကိစၥေတြလည္း ရွိတယ္ဆိုေတာ့ လာေမးၾကရင္ ညီမ ကေတာ့ အျမဲတမ္း ေျပာတယ္။ ညီမတို႔ကို ကူညီခ်င္တယ္ဆိုရင္၊ support လုပ္ခ်င္တယ္ဆုိရင္ CDM မွာ ပါ၀င္ေပးၾကဖို႔။ ျပီးရင္ CDM လုပ္ေနတဲ့သူေတြကို support အျပည့္အ၀ လုပ္ေပးၾကဖို႔ေပါ့ေနာ္။ ညီမတို႔က အဲ့ဒီလိုမ်ိဳးပဲ ျပန္ေျပာတယ္။ အဓိက က ညီမတို႔အကုန္လံုး အခုအခ်ိန္မွာ မတူတဲ့လက္ေတြ အကုန္တြဲျပီးေတာ့ တူတဲ့ပန္းတိုင္တခုကို သြားဖို႔ ညီမတို႔ လိုတယ္။ စည္းစည္းလံုးလံုးနဲ႔ ျပည္သူေတြ အခ်င္းခ်င္း ေဖးမျပီး ညီမတို႔ေတြ အတူတူေလ ွ်ာက္ၾကမယ္။ အဆံုးထိ တိုက္ၾကမယ္။ ဘယ္လို အေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ညီမတို႔ မိသားစု အေနနဲ႔ ကေတာ့ ညီမတို႔ ၾကံဳလာသမ ွ်ကို ညီမတို႔ ၾကံ့ၾကံ့ခံျပီးေတာ့ ရင္ဆိုင္မယ္။ ညီမတို႔ လုပ္စရာရွိတာကို ဆက္လုပ္မယ္။ ေျပာစရာရွိတာကို ဆက္ေျပာမယ္။ အဲ့ဒီလိုပဲ ညီမတို႔လိုပဲ တျခား မိသားစုေတြလည္း အဲ့ဒီလိုမ်ိဳး ခံယူခ်က္ အတူတူပဲ ရွိတယ္ဆိုတာကိုလည္း ညီမ ယံုၾကည္ပါတယ္။”

မ၀တ္ရည္ေမာင္ဟာ လက္ရွိ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ေနတဲ့ လူငယ္ အမ်ိဳးသမီး တဦးျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဘာေၾကာင့္ ခုလို ပါ၀င္ျဖစ္တာလဲ။ လက္ရွိ လႈပ္ရွားမႈမွာ လူငယ္ေတြ အမ်ိဳးသမီးေတြ ဘယ္လို ခံယူခ်က္ေတြနဲ႔ ေရွ႕တန္းက ပါ၀င္ေနၾကသလဲ။ သူတို႔ရဲ႕ ပါ၀င္မႈက ဘယ္ေလာက္အထိ အေရးပါသလဲ ဆုိတာေတြကိုလည္း မ၀တ္ရည္ေမာင္နဲ႔ ေမးျမန္းထားတာကို ေရွ႕သီတင္းပတ္မွာ ဆက္ျပီး တင္ျပေပးသြားပါမယ္။ အခုေတာ့ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင့္။

တိုက္႐ိုက္ လင့္ခ္

=============================================

[Unicode Version]

စစ်တပ်က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖခင်အတွက် စိုးရိမ်နေရသူ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၂,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ ဖမ်းဆီးခံရသူ အများစု ပြန်မလွတ်သေးသလို၊ ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲ ဆိုတာ မသိရသူတွေလည်း အများအပြား ရှိနေပါတယ်။ ဖခင်ဖြစ်သူကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီး သီတင်း ၂ ပတ်လောက်ရှိလာပေမဲ့ ဘယ်နေရာမှာရှိနေသလဲ ဆိုတာ မသိရဘူးလို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ မဝတ်ရည်မောင် ကပြောပါတယ်။ ကိုယ်တိုင်က တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း NLD လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တာကြောင့် ဖခင် ဖမ်းဆီးခံထားရတဲ့ တချိန်တည်းမှာ မိသားစုတွေ အတွက်လည်း လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မဝတ်ရည်မောင်က ပြောပြပါတယ်။ မဝတ်ရည်မောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“အဖေ အဖမ်းခံရတာ မတ်လ ၇ ရက်လောက်ကပေါ့။ အဲ့နေ့က ည ၉ နာရီခွဲ ဝန်းကျင်လောက်မှာ ညီမတို့ နေတဲ့ လှိုင်အိမ်ကို စစ်တပ်က စစ်ကား ၈ စီးနဲ့ ညီမတို့အိမ် လမ်းထိပ် ဟိုဘက်လမ်း ဒီဘက်လမ်း အရှေ့အနောက် ပတ်ပတ်လည်ကို စစ်ကား ၈ စီးပါတယ်။ ရဲကား ၁ စီးပါတယ်။ ရဲတွေက အရင်ဆင်းပြီးတော့ လုံခြုံရေး ယူလိုက်တယ်။ ယူပြီးတော့မှ အဲ့ဒီ စစ်ကားပေါ်ကနေ စစ်သားတွေ ၁၀ ယောက်လောက်က ဒိုင်းကိုင်ထားတယ်။ နောက်ထပ် ၁၀ ယောက်လောက်က သေနတ်တွေနဲ့ပေါ့နော်။ ညီမတို့အိမ်ရှေ့ကို ရောက်လာတယ်။ ဓာတ်မီးတွေ ထိုးပြီးတော့ လမ်းထိပ်မှာလည်း ကာရံထားတဲ့ အတားအဆီးတွေကို ဖျက်ပေါ့။ ရောက်လာတဲ့အခါကျတော့ ညီမ အမေကနေ ဘယ်သူလဲ ဘာကိစ္စ ရှိလို့လဲလို့မေးတော့ သူတို့က တံခါး အခုချက်ချင်း ဖွင့်ပေါ့။ ဆိုတော့ အမေက - မဟုတ်ဘူးလေ ဒီအချိန်လာတာ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ဘာမှကို ပြောခွင့်မပေးဘူး။ ဖွင့်စမ်း အခုချက်ချင်း တံခါးကို အမြန်ဖွင့်စမ်း။ မဖွင့်ရင် ပစ်သတ်လိုက်မယ်ဆိုပြီး ပြောတယ်။ နောက်ပြီးတော့ သေနတ်တွေနဲ့လည်း ချိန်ထားတယ် အိမ်အပြင်ကနေ။ အဲ့ဒီအချိန်မှာ ညီမက ဖုန်းကိုင်ထားတယ်။ ဖုန်းနဲ့ ဗွီဒီယို ရိုက်မယ့်ဟာကိုလည်း ညီမကို အိမ်အပြင်ကနေ သေနတ်နဲ့ ချိန်တယ်။ ဖုန်းကို အခုချက်ချင်း ချလိုက်ပေါ့နော်။ လုံးဝကို ဖုန်းနဲ့မရိုက်နဲ့ဆိုပြီးတော့ အဲ့ဒီလို ပြောပြီးတော့ အမေက မဖွင့်ပေးဘူး။ ဖွင့်လည်း မဖွင့်ပေးရော သူတို့က သူတို့လက်ထဲမှာ သံတူရွင်းတွေရော၊ သော့ဖျက်တဲ့ ကိရိယာအကြီးကြီးတွေလည်း ပါတယ်။ အဲ့ဒါတွေနဲ့ ညီမတို့အိမ် တံခါး နှစ်ထပ်ရှိတာကို သူတို့ဖျက်လိုက်တယ်။ ဖျက်ပြီးတော့ အိမ်ထဲ ဝင်လာတယ်။ အိမ်ထဲရောက်ရောက်ချင်းပဲ ညီမနဲ့ အမေနဲ့ကို အိမ်ရှေ့က ထိုင်ခုံမှာ ထိုင်ခိုင်းတယ်။ ထိုင်နေ စကားမများနဲ့။ များရင် ပစ်သတ်လိုက်မယ်ဆိုပြီး ညီမအမေကိုလည်း သေနတ်နဲ့ တယောက်က ချိန်ထားတယ်။ ညီမကိုလည်း တယောက်က သေနတ်နဲ့ ချိန်ထားတယ်။ ပြီးတဲ့အခါကျတော့ သူတို့တွေက အိမ်ထဲကို ဝင်ရှာတယ်။ အိမ်အခန်းတွေထဲကို ဝင်မွှေသွားတယ်။ အဲ့ဒီအချိန်မှာ အိမ်နောက်ဖေးမှာ အဖေ့ကို မိသွားတယ်ပေါ့နော်။ မိမိချင်း အဖေ့ကို သေနတ်ဒင်တွေနဲ့ ခေါင်းတွေ ကျောကုန်းတွေကို ထုတယ်။ ထုပြီးတော့မှ လက်ပြန်ကြိုး တုတ်လိုက်ပြီး အဖေ့ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ညီမတို့ အခန်းတွေထဲမှာ မွှေနှောက်သွားတယ်။ ညီမရဲ့ ညီမအငယ်ဆုံးလေးက ကလေးလေး မွေးထားတယ်။ သူ့မှာ ၄ လအရွယ် ကလေးလေး ရှိတယ်။ အဲ့ဒီကလေးငယ်လေးနဲ့ ညီမရဲ့ ညီမလေးကိုလည်း သေနတ်နဲ့ ချိန်ထားတယ်။ ငြိမ်ငြိမ်နေပေါ့နော်။ စကားမများနဲ့ စကားများရင် ပစ်သတ်လိုက်မယ်ဆိုတာမျိုး တောက်လေ ျှာက်ပြောတယ်။ အဲ့လိုမျိုး ပြောပြီးတော့ အဖေကို ခေါ်ပြီးတော့ ထွက်သွားပါတယ်။”

အဲ့တော့ သူတို့က အဖေကို ရိုက်နှက်ခေါ်သွားတယ်။ တခြား အိမ်သားတွေနဲ့ အိမ်ကိုရော သူတို့က တခြား ဘာတွေ လုပ်သွားသေးလဲ။

“အဖေကို ခေါ်သွားပြီးတော့ ညီမတို့ အိမ် တအိမ်လုံးကိုလည်း သူတို့က မေ ွှနှောက်ခဲ့တာပေါ့နော် အကုန်လုံး။ ညီမအခန်းထဲမှာရှိတဲ့ ညီမ ကျောပိုးအိတ်ထဲ ထည့်ထားတဲ့ လက်ပ်တော့ MacBook ကို ယူသွားတယ်။ ပြီးရင် ညီမတို့ ဗီဒိုထဲက ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံ ၅ သိန်း ယူသွားတယ်။ ပြီးရင် ညီမအခန်း မှန်တင်ခုံ အံဆွဲထဲမှာရှိတဲ့ ညီမအမေရဲ့ ရွှေထုတ်တွေ။ အဲ့ဒီအထဲမှာ ဆွဲကြိုးပါတယ်။ လက်စွပ်ပါတယ်။ ဟန်းချိန်း ပါတယ်။ လက်ကောက်ပါတယ်။ နားကပ်ပါတယ်။ အဲ့ဒါတွေကိုလည်း ယူသွားပါတယ်။”

စောစောကပြောတော့ အဖေကို ခေါ်သွားတာ ၇ ရက်နေ့ကတည်းက ဖမ်းခေါ်သွားတာ။ အခု အဖေနဲ့ပတ်သက်လို့ ဘယ်မှာရှိနေတယ်ဆိုတာကို ဘာမှမသိရဘူးပေါ့။

“ဟုတ်ကဲ့အစ်မ ဘာမှမသိရပါဘူး။ ညီမတို့ လိုက်စုံစမ်းလည်း မသိဘူး။ မရှိဘူးလို့ပဲ ပြောပါတယ်။ သက်ဆိုင်ရာ နယ်မြေရဲစခန်းကိုလည်း ညီမတို့သွားမေးတယ်။ အဖေ ပါသွားပြီး နောက်ရက်မှာ သွားမေးတယ်။ သွားမေးလည်း နယ်မြေခံရဲက ပြောတယ်။ ကျနော်တို့ လာခေါ်တဲ့နေ့ကလည်း မပါဘူးတဲ့။ အဓိက တပ်ကပဲ လုပ်နေတာပေါ့နော်။ ဆိုတော့ အဲ့ဒီလိုမျိုးဆိုတော့ ကျနော်တို့လည်း မသိပါဘူးတဲ့ ဆိုပြီး အဲ့လိုမျိုးပဲပြောတယ်။ ညီမတို့ အင်းစိန်ထောင်မှာလည်း သွားစုံစမ်းတယ်။ အင်းစိန်ထောင်မှာဆိုလဲ မရှိဘူး မသိဘူးပေါ့နော်။ ညီမတို့ကို အဲ့ဒီလိုပဲ ပြောတယ်။”

အဲ့ဒီတော့ အဖေကို ဘယ်နေရာကို ခေါ်သွားပြီး ချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို၊ အဖေ နေကောင်းရဲ့လား ကျန်းမာရဲ့လား ဆိုတာကိုလည်း မိသားစု အနေနဲ့ သိခွင့်မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။

“ဟုတ်ကဲ့အစ်မ ဟုတ်ပါတယ်။”

အဖေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်မှာရော ဘာကြောင့် သူတို့ဖမ်းတယ်လို့ ပြောပါလဲ။

“ဟုတ်ကဲ့။ ညီမတို့ တံခါးမဖွင့်ပေးခင်ကပေါ့နော်။ ညီမ အမေကမေးတော့ သူတို့က ဦးပီတာကို လာရှာတာလို့ ပြောပါတယ်။ ဦးပီတာ ဆိုတာ ညီမ အဖေပေါ့နော်။ ဆိုတော့ အမေက ကိုပီတာ ဘာလုပ်လို့လဲပေါ့။ ဘာကြောင့်လာခေါ်တာလဲလို့ မေးတော့ ညီမအဖေကို CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့သူတွေကို အားပေးကူညီမှုနဲ့ လှိုင် ရဲစခန်းမှာ အမှုဖွင့်ထားတယ်တဲ့။ အဲ့ဒီအတွက် လာခေါ်တာပါပေါ့နော်။ ဒါပေမဲ့ ညီမ အမေက ဝရမ်း မေးတယ်။ လာခေါ်တယ်ဆိုရင် ဖမ်းဝရမ်းပြပေါ့နော်။ အဲ့လိုမျိုးပြောတော့လဲ ညီမတို့ကို ဘာမှကိုဆက်မေးခွင့် မပြုဘူးပေါ့နော်။ မပြုဘဲနဲ့ စကားမများနဲ့ ပစ်သတ်လိုက်မယ် ဆိုပြီးတော့ပဲ တံခါးကို ဖျက်ဆီးပြီးတော့ အိမ်ထဲဝင်လာတာပေါ့နော်။”

အခု အဖေကို ဖမ်းထားပြီးတော့ တရားစွဲဆိုထားတာမျိုးရော ရှိပါလား။

“အဲ့ဒါမျိုးတွေတော့ မကြားရသေးဘူး အစ်မ။ ညီမတို့ နောက်ဆုံးက ၇ ရက်နေ့က အဖေ့ကို လာခေါ်သွားတုန်းက အဲ့ဒီလို အမှုဖွင့်သွားတယ်လို့ပဲ ပြောသွားတာပေါ့နော်။ ကျန်တာတွေ၊ ကျန်တဲ့ အဲ့ဒီအမှုဖွင့်တဲ့ ပုဒ်မတပ်တဲ့သတင်းတွေ ဘာမှကို မကြားရသေးပါဘူး။ နယ်မြေခံ ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုတော့ ညီမတို့ လှိုင်က ရဲစခန်းကို သွားမေးတာတောင် ရဲစခန်းက သူတို့ သေသေချာချာ ဘာမှမသိဘူး။ မပြောနိုင်ဘူးပေါ့နော်။”

အဲ့တော့ အခု အဖေနဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေရှိနေမှာပေါ့။

“ဟုတ်။ ညီမ အဖေက သူ့မှာ နှလုံးရောဂါ ရှိတယ်။ နှလုံးရောဂါ ရှိတာမှာတောင် သူက ဆိုးဆိုးရွားရွား ပြီးခဲ့တဲ့ မနှစ်ကဆိုလို့ရှိရင် ဆေးရုံမှာတောင် အကြာကြီး နေလိုက်ရတယ်။ ပြီးရင် အဖေ့မှာ သွေးတိုးလည်း ရှိတယ်။ အဖေ့ကို ခေါ်သွားတဲ့နေ့ကဆိုရင် ညီမ အမေက နှလုံးရောဂါရှိလို့ သောက်နေကျဆေးလေး ပေးလိုက်ပါရစေလို့ ပြောတာတောင်မှပဲ သူတို့က မယူသွားပေးဘူးပေါ့နော်။ အဲ့ဒါ အမေက အတင်း စစ်သားတယောက်နောက်ကို အတင်းပြေးလိုက်သွားပြီးတော့ အတင်းပေးလိုက်တော့မှ စစ်သားတယောက်က ယူသွားတယ်။ အဲ့ဟာလေးပဲ အမေက ထည့်ပေးလိုက်နိုင်တယ်ပေါ့နော်။ ပြီးရင် ညီမအဖေကို ခေါ်သွားတာတောင် ဖိနပ်တောင် မပါသွားဘူး။ သူတို့ ဖိနပ်တောင်စီးခွင့် မပေးဘူး။ အဲ့ဒီလိုမျိုး အခြေအနေဆိုတော့ ညီမတို့အနေနဲ့ စိုးရိမ်တယ်ဆိုတာက အဖေက သူ သောက်နေကျ ပုံမှန်ဆေးတွေလည်း ရှိတယ်။ အဲ့ဒါတွေလည်း သူ အခု မသောက်ရဘူး။ ပြီးရင် အထဲ ထဲမှာ သူ့မှာ ဖိနပ်လည်း မပါသွားဘူး။ အိမ်မှာနေတဲ့ ပုဆိုးလေးနဲ့ အကျီၤလေးနဲ့ပဲ သွားရတာဆိုတော့ သူ့အတွက်တော့ ညီမတို့က စိုးရိမ်တာပေါ့နော်။ အဓိက ကတော့ အနည်းဆုံး ဆေးလေးဖြစ်ဖြစ် ညီမတို့သွင်းခွင့် ရရင်တောင် ညီမတို့အနေနဲ့ နည်းနည်း အဆင်ပြေတယ်ပေါ့နော်။ အခုဟာကတော့ ဘယ်ရောက်လို့ရောက်နေမှန်းလဲ မသိပေါ့နော်။ ဘယ်မှာမှလဲ စုံစမ်းလို့မရတဲ့ အခြေအနေ ဖြစ်နေတာ။”

အခုလက်ရှိမှာ ကျန်တဲ့မိသားစုတွေ အတွက်ရော လုံခြုံရေးကရော ဘယ်လိုရှိပါလဲ။

“အမှန်အတိုင်းပြောရရင်တော့ အစ်မရယ် သူတို့က၊ ညီမအစ်ကို ကိုစည်သူမောင်က အခု ပန်းဘဲတန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ သူတို့က အဓိက ညီမအစ်ကို ကို သူတို့ လိုချင်နေတာပေါ့နော်။ လိုချင်နေတာဆိုတော့ ညီမအစ်ကို ကို သူတို့ အခုထိမရသေးတဲ့အချိန်မှာတော့ သူတို့ ၂၀၀၇ တုန်းက သူတို့လုပ်ခဲ့တဲ့ပုံစံအတိုင်းပဲ ထပ်ပြီးတော့ (မိသားစုကို) မဲတယ်လို့လည်း ကျမတို့ကတော့ အဲ့ဒီလိုပဲ ယူဆတယ်။ ယူဆတယ်ဆိုတာက ၂၀၀၇ တုန်းကဆိုရင် အဖေကိုလည်း ခေါ်တယ်။ အမေကိုလည်း ခေါ်သွားတယ်ပေါ့နော်။ အပြင်မှာ ညီမရယ်၊ ညီမလေးရယ် နှစ်ယောက်ပဲ ကျန်ခဲ့တာဆိုတော့။ အခုအခြေအနေမျိုးမှာလည်း သူတို့က အဲ့ဒီလိုမျိုး လာသွားတယ်။ အဖေကို ခေါ်သွားတယ်ပေါ့နော်။ ဒါပေမဲ့ ကိုကြီးက အခုထိ လုံခြုံတဲ့နေရာမှာ ရှိနေသေးတယ် ဆိုတော့၊ ညီမတို့ မိသားစု အနေနဲ့ကလည်း လုံခြုံရေးကတော့ အရမ်းကို စဉ်းစားရတဲ့ အခြေအနေတခု ဖြစ်တယ်ပေါ့နော်။ ဖြစ်တဲ့အတွက် ညီမတို့ကတော့ ကိုယ်စီကိုယ်စီ လုံခြုံတဲ့နေရာတွေမှာတော့ နေ နေရတဲ့ အခြေအနေတော့ ရှိတယ်ပေါ့။ အခုလောလောဆယ် ကတော့။”

ဆိုတော့ လက်ရှိအခြေအနေမှာဆိုရင် ဒါက အဖေအတွက်လည်း စိတ်ပူနေရတယ်။ မိသားစု လုံခြုံရေးဆိုရင်လည်း ကိုယ် ကိုယ်တိုင်အပါအဝင် အားလုံးအတွက် စိုးရိမ်ကြောင့်ကြနေရတယ်။ ဆိုတော့ ဒီလိုအခြေအနေမှာ လက်ရှိ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဒီလိုမျိုး မတရား ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူတွေ၊ အသက်ပါ ပေးလိုက်ရတဲ့သူတွေလည်း အများကြီး ရှိလာတယ်။ ဆိုတော့ ဒီအခြေအနေမှာ ကိုယ်တိုင် မိသားစုက တိုက်ရိုက်ကြုံတွေ့ရတဲ့ မိသားစုဝင် တယောက် အနေနဲ့ လက်ရှိအခြေအနေ အပေါ်မှာရော ဘာများပြောချင်ပါလဲ။

“ဟုတ်ကဲ့။ လက်ရှိအခြေအနေ အပေါ်မှာတော့ - သူတို့ကတော့ ဒါက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကတော့ လူတိုင်းကို လုပ်နေမှာပေါ့နော်။ ညီမတို့ဆိုရင် အခု မိသားစုထဲမှာ ဒီလိုခံစားနေရပြီပေါ့နော်။ ညီမတို့လိုပဲ တနိုင်ငံလုံးမှာ ခံစားနေရတဲ့မိသားစုတွေ အများကြီး ရှိပါတယ်။ ဆိုတော့ ဒီလိုမျိုး သားသမီးကို ဆုံးရှုံးလိုက်ရတဲ့မိသားစုတွေ၊ မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေ အများကြီး ရှိတယ်။ အဲ့ဟာတွေ အကုန်လုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်လာမယ့် အခြေအနေက ညီမတို့ ဒီအရေးတော်ပုံကြီး အောင်ဖို့ပေါ့နော်။ ဆိုတော့ ဒီအရေးတော်ပုံကြီး အောင်ဖို့အတွက် အဓိက ကျတာက CDM လှုပ်ရှားမှုက အဓိက ကျပါတယ်။ ညီမကိုလည်း လူတွေက - အဖေက အဲ့ဒီလိုမျိုး ပါသွားတယ်။ အစ်ကိုရဲ့ အခြေအနေ လုံခြုံရေးကိစ္စတွေလည်း ရှိတယ်ဆိုတော့ လာမေးကြရင် ညီမ ကတော့ အမြဲတမ်း ပြောတယ်။ ညီမတို့ကို ကူညီချင်တယ်ဆိုရင်၊ support လုပ်ချင်တယ်ဆိုရင် CDM မှာ ပါဝင်ပေးကြဖို့။ ပြီးရင် CDM လုပ်နေတဲ့သူတွေကို support အပြည့်အ၀ လုပ်ပေးကြဖို့ပေါ့နော်။ ညီမတို့က အဲ့ဒီလိုမျိုးပဲ ပြန်ပြောတယ်။ အဓိက က ညီမတို့အကုန်လုံး အခုအချိန်မှာ မတူတဲ့လက်တွေ အကုန်တွဲပြီးတော့ တူတဲ့ပန်းတိုင်တခုကို သွားဖို့ ညီမတို့ လိုတယ်။ စည်းစည်းလုံးလုံးနဲ့ ပြည်သူတွေ အချင်းချင်း ဖေးမပြီး ညီမတို့တွေ အတူတူလေ ျှာက်ကြမယ်။ အဆုံးထိ တိုက်ကြမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ညီမတို့ မိသားစု အနေနဲ့ ကတော့ ညီမတို့ ကြုံလာသမ ျှကို ညီမတို့ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်မယ်။ ညီမတို့ လုပ်စရာရှိတာကို ဆက်လုပ်မယ်။ ပြောစရာရှိတာကို ဆက်ပြောမယ်။ အဲ့ဒီလိုပဲ ညီမတို့လိုပဲ တခြား မိသားစုတွေလည်း အဲ့ဒီလိုမျိုး ခံယူချက် အတူတူပဲ ရှိတယ်ဆိုတာကိုလည်း ညီမ ယုံကြည်ပါတယ်။”

မဝတ်ရည်မောင်ဟာ လက်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ လူငယ် အမျိုးသမီး တဦးဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာကြောင့် ခုလို ပါဝင်ဖြစ်တာလဲ။ လက်ရှိ လှုပ်ရှားမှုမှာ လူငယ်တွေ အမျိုးသမီးတွေ ဘယ်လို ခံယူချက်တွေနဲ့ ရှေ့တန်းက ပါဝင်နေကြသလဲ။ သူတို့ရဲ့ ပါဝင်မှုက ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာတွေကိုလည်း မဝတ်ရည်မောင်နဲ့ မေးမြန်းထားတာကို ရှေ့သီတင်းပတ်မှာ ဆက်ပြီး တင်ပြပေးသွားပါမယ်။ အခုတော့ အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

XS
SM
MD
LG