သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာ္လွန္သၾကၤန္နဲ႔ လူငယ္အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူမ်ား


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့အခ်ိန္ က်ေရာက္တဲ့ ႏွစ္သစ္ကူး သၾကၤန္ပြဲေတာ္ကို ဒီႏွစ္ေတာ့ ေရေတာင္မပတ္ဘဲ ေတာ္လွန္သၾကၤန္ သပိတ္ပြဲေတြ ပံုစံမ်ိဳးစံုနဲ႔ ဆင္ႏႊဲၾကပါတယ္။ စစ္တပ္ဘက္က ဆႏၵျပသူေတြကို ျပင္းျပင္းထန္ထန္ ဖိအားေပး ႏွိမ္နင္းေနေပမဲ့လည္း စစ္အာဏာရွင္က်ဆံုးတဲ့အထိ တြန္းလွန္သြားမယ္လို႔ လူငယ္အမ်ိဳးသမီး တက္ႂကြ လႈပ္ရွားသူေတြက ေျပာဆိုၾကပါတယ္။ ေတာ္လွန္သၾကၤန္လႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ေနၾကတဲ့ လူငယ္ အမ်ိဳးသမီးတခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းၿပီး မခင္ျဖဴေထြးက ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ တင္ဆက္ထားပါတယ္။

ခုလို ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူး အတာသၾကၤန္ပြဲေတာ္ ကာလမွာ အရင္ကဆိုရင္ေတာ့ ျမန္မာႏိုင္ငံ ေနရာေဒသအႏွံ႔မွာ ေရကစားမ႑ပ္ေတြ၊ ေဖ်ာ္ေျဖပြဲေတြနဲ႔ လူႀကီးလူငယ္ လူမ်ိဳးဘာသာမေရြး ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲၾကေပမဲ့ ဒီႏွစ္မွာေတာ့ သၾကၤန္ဟာ တမူထူးျခား ၿငိမ္သက္ေနပါတယ္။ စစ္တပ္က အာဏာသိမ္းတာကို မေက်နပ္လို႔ ခုခ်ိန္မွာ အျပင္ထြက္ ေရကစား ေပ်ာ္ပါးတာေတြ မလုပ္ဘဲ စစ္အာဏာရွင္ကို ဆန္႔က်င္တဲ့ သပိတ္ပံုစံမ်ိဳးစံုနဲ႔ ေတာ္လွန္သၾကၤန္ ဆင္ႏႊဲေနတယ္လို႔ တက္ႂကြလႈပ္ရွားသူ လူငယ္အမ်ိဳးသမီးေတြက ေျပာပါတယ္။

“အခုကေတာ့ ညီမတို႔ သပိတ္ေတြလုပ္ေနတယ္ေပါ့ေနာ္။ သၾကၤန္ အၾကိဳ၊ အက်၊ အၾကတ္၊ အတက္ အဲ့လို ၄ ရက္စလံုးကို strike ေတြနဲ႔ျဖတ္သန္းဖို႔ လုပ္ထားတာပါ။ သပိတ္တခုခ်င္းစီေပါ့။ မုန္႔လံုးေရေပၚသပိတ္တို႔၊ အတာအိုးသပိတ္တို႔။ အရင္တုန္းကဆိုရင္ေတာ့ လူေတြက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အၾကိဳေန႔ဆိုရင္လဲ အတာအိုးေတြထိုး၊ သၾကားမင္းဆင္းလာတာကို ၾကိဳတာတို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးေတြ ျဖတ္သန္းၾကတယ္။ အခု အတာအုိးသပိတ္ ကေတာ့ ဘယ္လိုျဖတ္သန္းၾကလဲဆိုရင္ ေရပတ္ေဆာ့ကစားတာမ်ိဳးမဟုတ္ဘဲ သာမန္ အတာအုိးသပိတ္ေပါ့။ အခု စစ္အာဏာရွင္ဘက္က သူတို႔က ေယၾတာေတြနဲ႔လႈပ္ရွားတယ္လို႔ ေျပာၾကတယ္ေလ။ အဲ့ဒီလိုမ်ိဳး ေျပာၾကေတာ့ ညီမတို႔ကလည္း ဒီလိုမ်ိဳး ႏွစ္သစ္ကိုေရပတ္ျပီးေတာ့ မကူးဘဲနဲ႔ အတာအုိးနဲ႔ေတာ့ ၾကိဳမယ္။ ဒါေပမဲ့ ေရမကစားဘူးဆိုတဲ့ သေဘာမ်ိဳးနဲ႔ အဲ့ဒီလို ေန႔တုိင္းေပါ့။ အက်ေန႔ဆိုရင္ေတာ့ မုန္လံုးေရေပၚသပိတ္။ အၾကတ္၊ အတက္ အဲ့ဒီလို ဆက္တိုက္သြားဖို႔ လုပ္ထားပါတယ္။”

ဒီႏွစ္သၾကၤန္ကို စစ္အာဏာရွင္ကို ေတာ္လွန္ရင္း ျဖတ္သန္းေနတဲ့အေၾကာင္း လူငယ္တက္ၾကြလႈပ္ရွားသူ မရူပါ ေျပာသြားတာပါ။ ေတာ္လွန္သၾကၤန္ ဆင္ႏႊဲေနတဲ့ လူငယ္အမ်ိဳးသမီးေနာက္တဦးကလည္း ခုလိုေျပာပါတယ္။

“သၾကၤန္ကိုေတာ့ ညီမတို႔က အရင္ႏွစ္တုန္းက ကိုဗစ္ေၾကာင့္ သၾကၤန္ကို မက်င္းပျဖစ္ခဲ့ဘူးေပါ့ေနာ္။ ဒီႏွစ္မွာ ကိုဗစ္ကလည္း တျဖည္းျဖည္းနဲ႔ ပါးလာတယ္။ ဒီ ကိုဗစ္အျပီးမွာ သၾကၤန္ကို ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲျပီးေတာ့ ညီမတို႔လူငယ္ေတြရဲ႕ ပညာေရးေတြ၊ အလုပ္အကုိင္ေတြကိုပါ အကုန္လံုးေပါ့ ႏွစ္ဆတိုးျပီးေတာ့ ၾကိဳးစားၾကမယ္။ သၾကၤန္ကိုလည္း ေပ်ာ္ၾကမယ္လို႔ စိတ္ကူးထားတဲ့အခ်ိန္မွာ ဒီ coup (စစ္အာဏာသိမ္းမႈ) က ျဖစ္သြားတယ္ေပါ့ေနာ္။ ဆိုတဲ့အခါက်ေတာ့ ညီမတို႔မွာ အခုအခ်ိန္ကေတာ့ စိတ္ေဒါသေတြ၊ နာက်ည္းခ်က္ေတြနဲ႔ေတာ့ သၾကၤန္ကုိ ျဖတ္သန္းေနၾကရတာေပါ့ေနာ္။ ဆိုေတာ့ အရင္တုန္းကလို ေပ်ာ္စရာသၾကၤန္အစားကို ညီမတို႔က အခု အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့၊ သူတို႔ လုံး၀အုပ္ခ်ဳပ္လို႔မရေစရ ဆိုတဲ့ theme တခုေအာက္မွာ လႈပ္ရွားေနတယ္ေပါ့ေနာ္။ ညီမတို႔ အတာေရအိုးေတြမွာလည္း လံုး၀ အုပ္ခ်ဳပ္လို႔မရေစရဘူး၊ လမ္းမေတြေပၚမွာလည္း လံုး၀အုပ္ခ်ဳပ္လို႔ မရေစရဘူးဆိုတဲ့ theme တခုအေနနဲ႔ သၾကၤန္ကိုေတာ့ ညီမတို႔ ျဖတ္ေက်ာ္ေနတာေပါ့ေနာ္။”

စစ္တပ္ရဲ႕ အာဏာသိမ္းလုပ္ရပ္ေၾကာင့္ သၾကၤန္ကို ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းဖို႔ အစီအစဥ္ေတြ ပ်က္ခဲ့ရသလို၊ လူငယ္ေတြရဲ႕ အိပ္မက္ စိတ္ကူးေတြ၊ အနာဂတ္ ရည္မွန္းခ်က္ေတြကို ထိခိုက္ခဲ့ရတယ္လို႔ ေတာ္လွန္သၾကၤန္ဆင္ႏႊဲေနတဲ့ မ႐ူပါက ေျပာပါတယ္။

“တကယ္လို႔ သူတို႔သာ အာဏာမသိမ္းခဲ့ဘူးဆုိရင္ ညီမတို႔က အခုဆိုရင္ ခရီးေတြထြက္ျပီ။ ခရီးဆိုတာ ကမ္းေျခလိုေနရာမ်ိဳးမွာ ေပ်ာ္ဖို႔အတြက္ စီစဥ္ထားတာ။ အဲ့ဒါေတြ ပ်က္စီးသြားတယ္ေပါ့။ ျပီးေတာ့ သူငယ္ခ်င္းေတြနဲ႔စုျပီးေတာ့ ေရပက္ခံထြက္မယ္ ဆိုတာေတြလည္း စီစဥ္ထားတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ မႏွစ္က ကိုဗစ္ေၾကာင့္ ညီမတို႔အစီအစဥ္ေတြက တႏွစ္ ေနာက္ဆုတ္လိုက္ရတယ္ေပါ့။ သၾကၤန္မက်င္းပလုိက္ရဘူး။ ဆိုေတာ့ ဒီႏွစ္သၾကၤန္ကို အားခဲထားတာေပါ့။ ညီမတို႔ ဒါမ်ိဳးလုပ္မယ္ဆိုျပီးေတာ့ စဥ္းစားထားတာေပါ့။ ဒါမပမဲ့ အခုက်ေတာ့ မထင္မွတ္ဘဲ အာဏာသိမ္းသြားတယ္။ အာဏာသိမ္းသြားေတာ့ ဒီသၾကၤန္ အစီအစဥ္ေတြကအစ ညီမတို႔ရဲ႕ အိပ္မက္ေတြေရာ အကုန္လံုး ပ်က္စီးခဲ့ရတယ္ေပါ့။”

ဒါေၾကာင့္ သူတို႔လူငယ္ေတြ အပါအ၀င္ ျပည္သူေတြကေတာ့ ရတဲ့နည္းလမ္းေပါင္းစံုနဲ႔ စစ္အာဏာရွင္ က်ဆံုးတဲ့အထိ ဆန္႔က်င္တိုက္ဖ်က္သြား မယ္လို႔လည္း မ႐ူပါက ေျပာပါတယ္။

“က်မတို႔ကေတာ့ အဆံုးထိ၊ ဒီမိုကေရစီ ရေအာင္ထိေတာ့ တိုက္ထုတ္သြားမွာပါ။ ဒီလိုပဲ အခုဆိုရင္ သူတို႔က ေက်ာင္းျပန္ဖြင့္ေတာ့မယ္လို႔ေတာင္ ေျပာတယ္။ ညီမတို႔ ေက်ာင္းမတက္ဘဲနဲ႔ ေတာ္လွန္မွာပါ။ ဒီစစ္အာဏာရွင္လက္ေအာက္မွာေတာ့ လံုး၀ သူတို႔ရဲ႕ ေပးတဲ့ ပညာေရး၊ သူတို႔အေပၚယံေပးေနတဲ့ ကိစၥေတြ၊ လူေတြကို ေပ်ာ္ေအာင္လုပ္ေပးေနတယ္ဆိုတဲ့ ကိစၥေတြကို လံုး၀ လက္မခံဘဲနဲ႔ အလုပ္ဆိုလဲ အလုပ္ထြက္။ ေက်ာင္းဆိုလည္း ေက်ာင္းပ်က္။ အဲ့ဒီလိုမ်ိဳးေတြ လုပ္ျပီးေတာ့ ဆက္ျပီးေတာ့ ေတာ္လွန္သြားမွာပါ။ အာဏာရွင္ကို လံုး၀ ျပဳတ္က်သြားတဲ့အထိ ရေအာင္ တိုက္ထုတ္မွာပါ။”

ကမ႓ာတ၀ွမ္း တိုးတက္လာေနတဲ့ ေခတ္ႀကီးမွာ လက္နက္နဲ႔ အႏိုင္က်င့္ သတ္ျဖတ္ အာဏာသိမ္းယူတာကို သူတို႔မ်ိဳးဆက္ေတြကေတာ့ လက္ခံမွာ မဟုတ္ဘူးဆိုတာ သိေစခ်င္တယ္လို႔ လက္ရွိလႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ေနၿပီး လံုျခံဳေရးအရ နာမည္မေဖာ္ျပလိုတဲ့ လူငယ္ အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ တဦးက ေျပာပါတယ္။

“ညီမတို႔ ဘာလို႔ ကန္ပိန္းေတြလုပ္ေနလဲ ဆိုေတာ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ ညီမတို႔သည္ ေသြးေအးမသြားဘူး။ ညီမတို႔သည္ ေန႔စဥ္ ေတာ္လွန္လို႔ ရသေလာက္ ေတာ္လွန္ေနမယ္။ ညီမတို႔ကို လံုး၀ အုပ္ခ်ဳပ္လို႔မရေစရဘူးဆိုတဲ့ အဓိက သူတို႔စစ္သူပုန္ေတြကို အသိရေစခ်င္တဲ့အတြက္ ညီမတို႔က ကန္ပိန္းေတြကို တခုျပီးတခု လုပ္ေနတာပါပဲ။ ဒီလို ကန္ပိန္းေတြ လုပ္ျခင္းအားျဖင့္ လူငယ္ေတြ စုစည္းမိတယ္။ လူႀကီးေတြေရာ၊ လူငယ္ေတြေရာ အကုန္လံုးပါပဲ။ ညီမတို႔ေတြက ေသြးေအးမသြားဘူး။ မရရင္ ရတဲ့ေနရာကေန တနည္းတဖံုနဲ႔ ေတာ္လွန္ေနတယ္ဆိုတာကို သိေစဖို႔အတြက္ ေန႔စဥ္ ေနရာတိုင္းမွာ လႈပ္ရွားမႈတခုျပီး တခုကိုေတာ့ ညီမတို႔က လုပ္သြားရင္းနဲ႔ လူထုကိုလည္း အၿမဲတမ္း ႏိုးေဆာ္တဲ့ပံုစံမ်ိဳးနဲ႔ ျဖတ္သန္းေနတာေပါ့ေနာ္။”

စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ အမ်ားအျပား ေရွ႕တန္းကေန တက္တက္ႂကြႂကြ ပါ၀င္ေနၾကတာပါ။ ဒီလို ပါ၀င္ရင္း ဖမ္းဆီးခံၾကရသူေတြ၊ အသက္ေပးခဲ့ၾကတဲ့ လူငယ္အမ်ိဳးသမီးေတြလည္း ရွိပါတယ္။ စစ္အာဏာရွင္ေတြဘက္က ဖိႏွိပ္မႈေတြ တိုးလုပ္လာရင္လဲ သူတို႔ကေတာ့ ေနာက္ဆံုးမွာမဟုတ္ဘဲ အာဏာရွင္ေတြ အျမစ္ျပဳတ္တဲ့အထိ တိုက္ထုတ္သြားမယ္လို႔ မ႐ူပါက ေျပာပါတယ္။

“ဘယ္ေလာက္ပဲ သူတို႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္ေနပါေစ။ ဒီလိုမ်ိဳး ဘယ္လိုပဲ ျဖိဳလာ ျဖိဳခြင္းေနပါေစ ညီမတို႔ ဘယ္ေတာ့မွ မက်႐ံႈးဘဲနဲ႔ စိတ္ဓာတ္ေရာ လူပိုင္းေရာ မက်႐ံႈးရေအာင္ လူေတြလည္း ထပ္မေသရေအာင္ နည္းလမ္းတက်နဲ႔ ပိုျပီးေတာ့ ေအာင္ေအာင္ျမင္ျမင္ တိုက္ထုတ္သြားမွာပါ။ ညီမတို႔က ႐ံႈးဖို႔မရွိဘူး။ ညီမတို႔ ႐ံႈးဖို႔ လံုး၀ မေတြးထားပါဘူး။ ညီမတို႔ က်ိန္းေသေပါက္ ႏုိင္မွာပါ။ အဲ့ဒီိလုိစိတ္နဲ႔ပဲ ဆက္ျပီးေတာ့ ေတာ္လွန္သြားၾကပါမယ္။ လူတိုင္းကေတာ့ ဒီလိုပဲ အဖမ္းခံရမွာ ေသရမွာေတာ့ ေၾကာက္ၾကတာပဲ။ ဒါေပမဲ့ ဒီအာဏာရွင္ဆိုတာၾကီး ျပဳတ္သြားမွျဖစ္မယ္ဆိုတဲ့ စိတ္နဲ႔ လူငယ္ေတြ အကုန္လံုးက တိုက္ထုတ္ေနၾကတာပဲ။ ေၾကာက္တာကေတာ့ ေၾကာက္တာေပါ့။ ဒါေပမဲ့ ဒီအာဏာရွင္ ျပဳတ္သြားခဲ့ရင္ ေသသြားတဲ့သူေတြကလည္း သူတို႔ေတြရဲ႕ အသက္ေပးသြားခဲ့ရတာနဲ႔ တန္ေအာင္လို႔ ညီမတို႔က်န္တဲ့ သူေတြက တိုက္ထုတ္ေပးမယ္။ အဖမ္းခံရတဲ့သူေတြကလည္း အဖမ္းခံရရင္ေတာင္ အတြင္းကေန ေတာ္လွန္တာ။ ေၾကာက္ေပမယ့္လဲ ရေအာင္ တိုက္ထုတ္သြားမယ္ေပါ့။”

ဒီလႈပ္ရွားမႈမွာ ပါ၀င္တဲ့အတြက္ ဖမ္းဆီးခံရႏိုင္တာ၊ အသက္အႏၲရာယ္ ျဖစ္ႏိုင္တာေတြ သိေပမဲ့လို႔လည္း၊ ေနာင္မ်ိဳးဆက္ေတြအထိ ဒီလိုအေျခအေနမ်ိဳး ဆက္မၾကံဳရေအာင္ ဒီတၾကိမ္မွာပဲ အျမစ္ျပတ္ တြန္းလွန္သြားမယ္လို႔လည္း ေျပာဆိုၾကပါတယ္။

“ညီမတို႔ရဲ႕ ရပ္တည္ခ်က္ ကေတာ့၊ အဓိက က ဒီမိုကေရစီရျပီးေတာ့ တိုးတက္ထြန္းကားတဲ့ ႏုိင္ငံေတာ္ၾကီး ျဖစ္ခ်င္တယ္။ ကမၻာ့အလယ္မွာ ဒီမိုကေရစီႏုိင္ငံ ျဖစ္ခ်င္တယ္။ ညီမတို႔ ျမန္မာႏုိင္ငံအတြင္းကလူေတြ အကုန္လံုး လူေနမႈအဆင့္အတန္းရွိတဲ့ဘ၀ကို ေနေစခ်င္တယ္။ က်မတို႔လည္း တျခားနိုင္ငံရပ္ျခား ႏုိင္ငံအနည္းအက်ဥ္းကို ေရာက္ဖူးပါတယ္။ ေလး-ငါး ႏုိင္ငံေပါ့ေနာ္။ ႏုိင္ငံေတြ အမ်ားၾကီးတိုးတက္ေနျပီ။ ဒီအခ်ိန္မွာ က်မတို႔ႏုိင္ငံမွာ အာဏာသိ္မ္းခံရတယ္ ဆိုတာက အရမ္းကိုမွ ညီမတို႔ေျပာရမယ္ဆိုရင္၊ ညီမတို႔မ်ိဳးဆက္မွာ အာဏာသိမ္းခံရတယ္ဆုိတာကို လံုး၀ အျဖစ္မခံႏိုင္ပါဘူး။ ျပီးေတာ့ ဒီစစ္အာဏာရွင္ ဆိုတာဟာ ႏွစ္ေပါင္းမ်ားစြာ ဘယ္တုန္းကမွ ျပည္သူလူထုေပၚမွာ ေစတနာထားခဲ့တာမဟုတ္ဘူး။ ဒါဟာ ညီမတို႔အတြက္က လံုး၀ သံသယျဖစ္ဖြယ္ မရွိဘူး။ ဆိုေတာ့ ဒီလို စစ္အာဏာရွင္ရဲ႕ေအာက္မွာ ညီမတို႔ ဘယ္လိုမွ ဆက္ျပီးေတာ့ မေနႏိုင္ဘူး။ ညီမတို႔ ခုခ်ိန္မွာ ငံု႔ခံလိုက္မယ္ဆိုရင္ ညီမတို႔ ျမန္မာႏုိင္ငံဟာ ေနာင္ ႏွစ္ေပါင္း ၅၀၊ ၁၀၀ အထိကို အရမ္းကို ဆိုးရြားတဲ့ အေျခအေနကို ေရာက္ရွိသြားလိမ့္မယ္။ ဆိုေတာ့ ညီမတို႔ မ်ိဳးဆက္သည္ အဓိက ျဖစ္တယ္။ အဲ့ေတာ့ ေယာက္်ား၊ မိန္းမေတြ မရွိဘူး။ ညီမတို႔သိတယ္။ ညီမတို႔မေၾကာက္ဘူးလား လမ္းေပၚထြက္ေနတာ ဆိုရင္ ညီမတို႔ ေၾကာက္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ လက္နက္ရွိတဲ့သူ တခ်က္ကေလး ဒိုင္းခနဲ တခ်က္ပစ္လိုက္လို႔ရွိရင္ က်မတို႔မွာ ဘာမွ မလုပ္ႏိုင္ဘဲ အသက္စြန္႔သြားရမွာ သိတဲ့အတြက္ေၾကာင့္ က်မတို႔ ေၾကာက္တယ္။ သုိ႔ေသာ္ က်မတို႔ ေၾကာက္တယ္ဆိုတာကို ေက်ာ္လြန္ျပီးေတာ့ လုပ္စရာရွိတာေတြကိုေတာ့ လုပ္ေနရမွာပဲ။ တြန္းလွန္စရာ ရွိတာေတြကို အဆံုးစြန္ တြန္းလွန္သြားရမယ္။ ညီမတို႔ ေနာက္ဆံုး ဘယ္ေလာက္အထိ စဥ္းစားထားသလဲ ဆိုရင္၊ အခုခ်ိန္မွာ ညီမတို႔ အဆင့္ဆင့္ လုပ္လာခဲ့တာေပါ့ေနာ္။ ညီမတို႔ လမ္းေပၚထြက္ ဆႏၵျပတယ္။ သံ႐ံုးေတြေရွ႕ ဆႏၵျပတယ္။ ျပီးတဲ့အခါ စာေစာင္ေတြ ေ၀တယ္။ လက္ကမ္းေတြ ေ၀တယ္။ ညီမတို႔ကိုယ္တိုင္ လမ္းေပၚ ဦးေဆာင္ ထြက္တယ္။ အမ်ိဳးသမီးမ်ား သပိတ္ဆိုျပီးလည္း လုပ္တယ္။ ညီမတို႔ ထဘီအလံထူတဲ့ သပိတ္ေတြလုပ္တယ္။ က်မတို႔ ေတာက္ေလ ွ်ာက္ အျပင္ထြက္လာခဲ့တယ္။ က်မတို႔ လုပ္ႏုိင္သမ ွ်ရဲ႕ ၁၀၀ % ကို လုပ္ႏုိင္ဖို႔ပဲ အျမဲတမ္းၾကိဳးစားတယ္။ ဒါဟာ ဘာျဖစ္လို႔လဲ ဆိုရင္ က်မတို႔ ဒီမ်ိဳးဆက္မွာ ဒီစစ္အာဏာရွင္ကို ေနာက္ဆံုး ျဖစ္ေစခ်င္လို႔။ ကိုယ့္မ်ိဳးဆက္အတြက္၊ ကိုယ့္ရဲ႕ ေနာင္ျမန္မာျပည္အတြက္ကို က်မ အေကာင္းဆံုး လုပ္သြားခ်င္တယ္။ အမ်ိဳးသမီးတေယာက္ အေနနဲ႔ပဲျဖစ္ျဖစ္၊ ျမန္မာျပည္သူ တေယာက္ အေနနဲ႔ပဲျဖစ္ျဖစ္ေပါ့ေနာ္။ အရင္တုန္းကလိုမ်ိဳး ဘ၀ေတြကို လံုး၀ ျပန္ေမေရာက္ ေစခ်င္ေတာ့ဘူးေပါ့ေနာ္။ အဲ့ဒါကေတာ့ ညီမရဲ႕ ဆံုးျဖတ္ခ်က္ သႏၷဌာန္ပါပဲ။”

ဒီကေန႔ စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ လူငယ္ေတြ အမ်ားအျပား ေရွ႕တန္းက ပါ၀င္ေနတယ္ဆိုေပမဲ့ ဒီလႈပ္ရွားမႈဟာ လူၾကီး လူလတ္ လူငယ္ မ်ိဳးဆက္ေပါင္းစံု၊ လူမႈအလႊာတန္းစား ေပါင္းစံုက ပါ၀င္တဲ့၊ ထူးျခားတဲ့ လႈပ္ရွားမႈၾကီး ျဖစ္ၿပီး ဒီလို မ်ိဳးဆက္အားလံုး အာဏာရွင္ေတြ က်ဆံုးတဲ့အထိ အဆံုးထိ ဆက္ၿပီး ပါ၀င္တိုက္ပြဲ၀င္ေစခ်င္တယ္လို႔လည္း ဒီလူငယ္အမ်ိဳးသမီးေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ အခုဆိုရင္ စစ္တပ္က အာဏာသိမ္းခဲ့တာ ၂ လေက်ာ္ၾကာလာေပမဲ့ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ေသြးေအးမသြားဘဲ၊ ဒီသီတင္းပတ္ ေတာ္လွန္သၾကၤန္ လႈပ္ရွားမႈေတြ အပါအ၀င္ စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ပံုစံမ်ိဳးစံုနဲ႔ ဆက္ရွိေနတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

============================

[Unicode Version]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ကျရောက်တဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဒီနှစ်တော့ ရေတောင်မပတ်ဘဲ တော်လှန်သင်္ကြန် သပိတ်ပွဲတွေ ပုံစံမျိုးစုံနဲ့ ဆင်နွှဲကြပါတယ်။ စစ်တပ်ဘက်က ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ဖိအားပေး နှိမ်နင်းနေပေမဲ့လည်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ တွန်းလှန်သွားမယ်လို့ လူငယ်အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ တော်လှန်သင်္ကြန်လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ လူငယ် အမျိုးသမီးတချို့ကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ခုလို မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကာလမှာ အရင်ကဆိုရင်တော့ မြန်မာနိုင်ငံ နေရာဒေသအနှံ့မှာ ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ လူကြီးလူငယ် လူမျိုးဘာသာမရွေး ပျော်ပျော်ပါးပါး ဆင်နွှဲကြပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ဟာ တမူထူးခြား ငြိမ်သက်နေပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ခုချိန်မှာ အပြင်ထွက် ရေကစား ပျော်ပါးတာတွေ မလုပ်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်ပုံစံမျိုးစုံနဲ့ တော်လှန်သင်္ကြန် ဆင်နွှဲနေတယ်လို့ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတွေက ပြောပါတယ်။

“အခုကတော့ ညီမတို့ သပိတ်တွေလုပ်နေတယ်ပေါ့နော်။ သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက် အဲ့လို ၄ ရက်စလုံးကို strike တွေနဲ့ဖြတ်သန်းဖို့ လုပ်ထားတာပါ။ သပိတ်တခုချင်းစီပေါ့။ မုန့်လုံးရေပေါ်သပိတ်တို့၊ အတာအိုးသပိတ်တို့။ အရင်တုန်းကဆိုရင်တော့ လူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ အကြိုနေ့ဆိုရင်လဲ အတာအိုးတွေထိုး၊ သကြားမင်းဆင်းလာတာကို ကြိုတာတို့ ပျော်ပျော်ရွှင်ရွှင်လေးတွေ ဖြတ်သန်းကြတယ်။ အခု အတာအိုးသပိတ် ကတော့ ဘယ်လိုဖြတ်သန်းကြလဲဆိုရင် ရေပတ်ဆော့ကစားတာမျိုးမဟုတ်ဘဲ သာမန် အတာအိုးသပိတ်ပေါ့။ အခု စစ်အာဏာရှင်ဘက်က သူတို့က ယေတြာတွေနဲ့လှုပ်ရှားတယ်လို့ ပြောကြတယ်လေ။ အဲ့ဒီလိုမျိုး ပြောကြတော့ ညီမတို့ကလည်း ဒီလိုမျိုး နှစ်သစ်ကိုရေပတ်ပြီးတော့ မကူးဘဲနဲ့ အတာအိုးနဲ့တော့ ကြိုမယ်။ ဒါပေမဲ့ ရေမကစားဘူးဆိုတဲ့ သဘောမျိုးနဲ့ အဲ့ဒီလို နေ့တိုင်းပေါ့။ အကျနေ့ဆိုရင်တော့ မုန်လုံးရေပေါ်သပိတ်။ အကြတ်၊ အတက် အဲ့ဒီလို ဆက်တိုက်သွားဖို့ လုပ်ထားပါတယ်။”

ဒီနှစ်သင်္ကြန်ကို စစ်အာဏာရှင်ကို တော်လှန်ရင်း ဖြတ်သန်းနေတဲ့အကြောင်း လူငယ်တက်ကြွလှုပ်ရှားသူ မရူပါ ပြောသွားတာပါ။ တော်လှန်သင်္ကြန် ဆင်နွှဲနေတဲ့ လူငယ်အမျိုးသမီးနောက်တဦးကလည်း ခုလိုပြောပါတယ်။

“သင်္ကြန်ကိုတော့ ညီမတို့က အရင်နှစ်တုန်းက ကိုဗစ်ကြောင့် သင်္ကြန်ကို မကျင်းပဖြစ်ခဲ့ဘူးပေါ့နော်။ ဒီနှစ်မှာ ကိုဗစ်ကလည်း တဖြည်းဖြည်းနဲ့ ပါးလာတယ်။ ဒီ ကိုဗစ်အပြီးမှာ သင်္ကြန်ကို ပျော်ပျော်ပါးပါး ဆင်နွှဲပြီးတော့ ညီမတို့လူငယ်တွေရဲ့ ပညာရေးတွေ၊ အလုပ်အကိုင်တွေကိုပါ အကုန်လုံးပေါ့ နှစ်ဆတိုးပြီးတော့ ကြိုးစားကြမယ်။ သင်္ကြန်ကိုလည်း ပျော်ကြမယ်လို့ စိတ်ကူးထားတဲ့အချိန်မှာ ဒီ coup (စစ်အာဏာသိမ်းမှု) က ဖြစ်သွားတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ညီမတို့မှာ အခုအချိန်ကတော့ စိတ်ဒေါသတွေ၊ နာကျည်းချက်တွေနဲ့တော့ သင်္ကြန်ကို ဖြတ်သန်းနေကြရတာပေါ့နော်။ ဆိုတော့ အရင်တုန်းကလို ပျော်စရာသင်္ကြန်အစားကို ညီမတို့က အခု အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့၊ သူတို့ လုံးဝအုပ်ချုပ်လို့မရစေရ ဆိုတဲ့ theme တခုအောက်မှာ လှုပ်ရှားနေတယ်ပေါ့နော်။ ညီမတို့ အတာရေအိုးတွေမှာလည်း လုံး၀ အုပ်ချုပ်လို့မရစေရဘူး၊ လမ်းမတွေပေါ်မှာလည်း လုံးဝအုပ်ချုပ်လို့ မရစေရဘူးဆိုတဲ့ theme တခုအနေနဲ့ သင်္ကြန်ကိုတော့ ညီမတို့ ဖြတ်ကျော်နေတာပေါ့နော်။”

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် သင်္ကြန်ကို ပျော်ပျော်ပါးပါးဖြတ်သန်းဖို့ အစီအစဉ်တွေ ပျက်ခဲ့ရသလို၊ လူငယ်တွေရဲ့ အိပ်မက် စိတ်ကူးတွေ၊ အနာဂတ် ရည်မှန်းချက်တွေကို ထိခိုက်ခဲ့ရတယ်လို့ တော်လှန်သင်္ကြန်ဆင်နွှဲနေတဲ့ မရူပါက ပြောပါတယ်။

“တကယ်လို့ သူတို့သာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ညီမတို့က အခုဆိုရင် ခရီးတွေထွက်ပြီ။ ခရီးဆိုတာ ကမ်းခြေလိုနေရာမျိုးမှာ ပျော်ဖို့အတွက် စီစဉ်ထားတာ။ အဲ့ဒါတွေ ပျက်စီးသွားတယ်ပေါ့။ ပြီးတော့ သူငယ်ချင်းတွေနဲ့စုပြီးတော့ ရေပက်ခံထွက်မယ် ဆိုတာတွေလည်း စီစဉ်ထားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က ကိုဗစ်ကြောင့် ညီမတို့အစီအစဉ်တွေက တနှစ် နောက်ဆုတ်လိုက်ရတယ်ပေါ့။ သင်္ကြန်မကျင်းပလိုက်ရဘူး။ ဆိုတော့ ဒီနှစ်သင်္ကြန်ကို အားခဲထားတာပေါ့။ ညီမတို့ ဒါမျိုးလုပ်မယ်ဆိုပြီးတော့ စဉ်းစားထားတာပေါ့။ ဒါမပမဲ့ အခုကျတော့ မထင်မှတ်ဘဲ အာဏာသိမ်းသွားတယ်။ အာဏာသိမ်းသွားတော့ ဒီသင်္ကြန် အစီအစဉ်တွေကအစ ညီမတို့ရဲ့ အိပ်မက်တွေရော အကုန်လုံး ပျက်စီးခဲ့ရတယ်ပေါ့။”

ဒါကြောင့် သူတို့လူငယ်တွေ အပါအဝင် ပြည်သူတွေကတော့ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ ဆန့်ကျင်တိုက်ဖျက်သွား မယ်လို့လည်း မရူပါက ပြောပါတယ်။

“ကျမတို့ကတော့ အဆုံးထိ၊ ဒီမိုကရေစီ ရအောင်ထိတော့ တိုက်ထုတ်သွားမှာပါ။ ဒီလိုပဲ အခုဆိုရင် သူတို့က ကျောင်းပြန်ဖွင့်တော့မယ်လို့တောင် ပြောတယ်။ ညီမတို့ ကျောင်းမတက်ဘဲနဲ့ တော်လှန်မှာပါ။ ဒီစစ်အာဏာရှင်လက်အောက်မှာတော့ လုံး၀ သူတို့ရဲ့ ပေးတဲ့ ပညာရေး၊ သူတို့အပေါ်ယံပေးနေတဲ့ ကိစ္စတွေ၊ လူတွေကို ပျော်အောင်လုပ်ပေးနေတယ်ဆိုတဲ့ ကိစ္စတွေကို လုံး၀ လက်မခံဘဲနဲ့ အလုပ်ဆိုလဲ အလုပ်ထွက်။ ကျောင်းဆိုလည်း ကျောင်းပျက်။ အဲ့ဒီလိုမျိုးတွေ လုပ်ပြီးတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ အာဏာရှင်ကို လုံး၀ ပြုတ်ကျသွားတဲ့အထိ ရအောင် တိုက်ထုတ်မှာပါ။”

ကမ္ဘာတဝှမ်း တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ် အာဏာသိမ်းယူတာကို သူတို့မျိုးဆက်တွေကတော့ လက်ခံမှာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်လို့ လက်ရှိလှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်နေပြီး လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ လူငယ် အမျိုးသမီး တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။

“ညီမတို့ ဘာလို့ ကန်ပိန်းတွေလုပ်နေလဲ ဆိုတော့ အဓိက ရည်ရွယ်ချက်ကတော့ ညီမတို့သည် သွေးအေးမသွားဘူး။ ညီမတို့သည် နေ့စဉ် တော်လှန်လို့ ရသလောက် တော်လှန်နေမယ်။ ညီမတို့ကို လုံး၀ အုပ်ချုပ်လို့မရစေရဘူးဆိုတဲ့ အဓိက သူတို့စစ်သူပုန်တွေကို အသိရစေချင်တဲ့အတွက် ညီမတို့က ကန်ပိန်းတွေကို တခုပြီးတခု လုပ်နေတာပါပဲ။ ဒီလို ကန်ပိန်းတွေ လုပ်ခြင်းအားဖြင့် လူငယ်တွေ စုစည်းမိတယ်။ လူကြီးတွေရော၊ လူငယ်တွေရော အကုန်လုံးပါပဲ။ ညီမတို့တွေက သွေးအေးမသွားဘူး။ မရရင် ရတဲ့နေရာကနေ တနည်းတဖုံနဲ့ တော်လှန်နေတယ်ဆိုတာကို သိစေဖို့အတွက် နေ့စဉ် နေရာတိုင်းမှာ လှုပ်ရှားမှုတခုပြီး တခုကိုတော့ ညီမတို့က လုပ်သွားရင်းနဲ့ လူထုကိုလည်း အမြဲတမ်း နိုးဆော်တဲ့ပုံစံမျိုးနဲ့ ဖြတ်သန်းနေတာပေါ့နော်။”

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူငယ်တွေ၊ အမျိုးသမီးတွေ အများအပြား ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေကြတာပါ။ ဒီလို ပါဝင်ရင်း ဖမ်းဆီးခံကြရသူတွေ၊ အသက်ပေးခဲ့ကြတဲ့ လူငယ်အမျိုးသမီးတွေလည်း ရှိပါတယ်။ စစ်အာဏာရှင်တွေဘက်က ဖိနှိပ်မှုတွေ တိုးလုပ်လာရင်လဲ သူတို့ကတော့ နောက်ဆုံးမှာမဟုတ်ဘဲ အာဏာရှင်တွေ အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ်သွားမယ်လို့ မရူပါက ပြောပါတယ်။

“ဘယ်လောက်ပဲ သူတို့ ဖိနှိပ်ချုပ်ချယ်နေပါစေ။ ဒီလိုမျိုး ဘယ်လိုပဲ ဖြိုလာ ဖြိုခွင်းနေပါစေ ညီမတို့ ဘယ်တော့မှ မကျရှုံးဘဲနဲ့ စိတ်ဓာတ်ရော လူပိုင်းရော မကျရှုံးရအောင် လူတွေလည်း ထပ်မသေရအောင် နည်းလမ်းတကျနဲ့ ပိုပြီးတော့ အောင်အောင်မြင်မြင် တိုက်ထုတ်သွားမှာပါ။ ညီမတို့က ရှုံးဖို့မရှိဘူး။ ညီမတို့ ရှုံးဖို့ လုံး၀ မတွေးထားပါဘူး။ ညီမတို့ ကျိန်းသေပေါက် နိုင်မှာပါ။ အဲ့ဒီလိုစိတ်နဲ့ပဲ ဆက်ပြီးတော့ တော်လှန်သွားကြပါမယ်။ လူတိုင်းကတော့ ဒီလိုပဲ အဖမ်းခံရမှာ သေရမှာတော့ ကြောက်ကြတာပဲ။ ဒါပေမဲ့ ဒီအာဏာရှင်ဆိုတာကြီး ပြုတ်သွားမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ လူငယ်တွေ အကုန်လုံးက တိုက်ထုတ်နေကြတာပဲ။ ကြောက်တာကတော့ ကြောက်တာပေါ့။ ဒါပေမဲ့ ဒီအာဏာရှင် ပြုတ်သွားခဲ့ရင် သေသွားတဲ့သူတွေကလည်း သူတို့တွေရဲ့ အသက်ပေးသွားခဲ့ရတာနဲ့ တန်အောင်လို့ ညီမတို့ကျန်တဲ့ သူတွေက တိုက်ထုတ်ပေးမယ်။ အဖမ်းခံရတဲ့သူတွေကလည်း အဖမ်းခံရရင်တောင် အတွင်းကနေ တော်လှန်တာ။ ကြောက်ပေမယ့်လဲ ရအောင် တိုက်ထုတ်သွားမယ်ပေါ့။”

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဖမ်းဆီးခံရနိုင်တာ၊ အသက်အန္တရာယ် ဖြစ်နိုင်တာတွေ သိပေမဲ့လို့လည်း၊ နောင်မျိုးဆက်တွေအထိ ဒီလိုအခြေအနေမျိုး ဆက်မကြုံရအောင် ဒီတကြိမ်မှာပဲ အမြစ်ပြတ် တွန်းလှန်သွားမယ်လို့လည်း ပြောဆိုကြပါတယ်။

“ညီမတို့ရဲ့ ရပ်တည်ချက် ကတော့၊ အဓိက က ဒီမိုကရေစီရပြီးတော့ တိုးတက်ထွန်းကားတဲ့ နိုင်ငံတော်ကြီး ဖြစ်ချင်တယ်။ ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တယ်။ ညီမတို့ မြန်မာနိုင်ငံအတွင်းကလူတွေ အကုန်လုံး လူနေမှုအဆင့်အတန်းရှိတဲ့ဘဝကို နေစေချင်တယ်။ ကျမတို့လည်း တခြားနိုင်ငံရပ်ခြား နိုင်ငံအနည်းအကျဉ်းကို ရောက်ဖူးပါတယ်။ လေး-ငါး နိုင်ငံပေါ့နော်။ နိုင်ငံတွေ အများကြီးတိုးတက်နေပြီ။ ဒီအချိန်မှာ ကျမတို့နိုင်ငံမှာ အာဏာသိမ်းခံရတယ် ဆိုတာက အရမ်းကိုမှ ညီမတို့ပြောရမယ်ဆိုရင်၊ ညီမတို့မျိုးဆက်မှာ အာဏာသိမ်းခံရတယ်ဆိုတာကို လုံး၀ အဖြစ်မခံနိုင်ပါဘူး။ ပြီးတော့ ဒီစစ်အာဏာရှင် ဆိုတာဟာ နှစ်ပေါင်းများစွာ ဘယ်တုန်းကမှ ပြည်သူလူထုပေါ်မှာ စေတနာထားခဲ့တာမဟုတ်ဘူး။ ဒါဟာ ညီမတို့အတွက်က လုံး၀ သံသယဖြစ်ဖွယ် မရှိဘူး။ ဆိုတော့ ဒီလို စစ်အာဏာရှင်ရဲ့အောက်မှာ ညီမတို့ ဘယ်လိုမှ ဆက်ပြီးတော့ မနေနိုင်ဘူး။ ညီမတို့ ခုချိန်မှာ ငုံ့ခံလိုက်မယ်ဆိုရင် ညီမတို့ မြန်မာနိုင်ငံဟာ နောင် နှစ်ပေါင်း ၅၀၊ ၁၀၀ အထိကို အရမ်းကို ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိသွားလိမ့်မယ်။ ဆိုတော့ ညီမတို့ မျိုးဆက်သည် အဓိက ဖြစ်တယ်။ အဲ့တော့ ယောက်ျား၊ မိန်းမတွေ မရှိဘူး။ ညီမတို့သိတယ်။ ညီမတို့မကြောက်ဘူးလား လမ်းပေါ်ထွက်နေတာ ဆိုရင် ညီမတို့ ကြောက်ပါတယ်။ ဘာလို့လဲ ဆိုတော့ လက်နက်ရှိတဲ့သူ တချက်ကလေး ဒိုင်းခနဲ တချက်ပစ်လိုက်လို့ရှိရင် ကျမတို့မှာ ဘာမှ မလုပ်နိုင်ဘဲ အသက်စွန့်သွားရမှာ သိတဲ့အတွက်ကြောင့် ကျမတို့ ကြောက်တယ်။ သို့သော် ကျမတို့ ကြောက်တယ်ဆိုတာကို ကျော်လွန်ပြီးတော့ လုပ်စရာရှိတာတွေကိုတော့ လုပ်နေရမှာပဲ။ တွန်းလှန်စရာ ရှိတာတွေကို အဆုံးစွန် တွန်းလှန်သွားရမယ်။ ညီမတို့ နောက်ဆုံး ဘယ်လောက်အထိ စဉ်းစားထားသလဲ ဆိုရင်၊ အခုချိန်မှာ ညီမတို့ အဆင့်ဆင့် လုပ်လာခဲ့တာပေါ့နော်။ ညီမတို့ လမ်းပေါ်ထွက် ဆန္ဒပြတယ်။ သံရုံးတွေရှေ့ ဆန္ဒပြတယ်။ ပြီးတဲ့အခါ စာစောင်တွေ ဝေတယ်။ လက်ကမ်းတွေ ဝေတယ်။ ညီမတို့ကိုယ်တိုင် လမ်းပေါ် ဦးဆောင် ထွက်တယ်။ အမျိုးသမီးများ သပိတ်ဆိုပြီးလည်း လုပ်တယ်။ ညီမတို့ ထဘီအလံထူတဲ့ သပိတ်တွေလုပ်တယ်။ ကျမတို့ တောက်လေ ျှာက် အပြင်ထွက်လာခဲ့တယ်။ ကျမတို့ လုပ်နိုင်သမ ျှရဲ့ ၁၀၀ % ကို လုပ်နိုင်ဖို့ပဲ အမြဲတမ်းကြိုးစားတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့ ဒီမျိုးဆက်မှာ ဒီစစ်အာဏာရှင်ကို နောက်ဆုံး ဖြစ်စေချင်လို့။ ကိုယ့်မျိုးဆက်အတွက်၊ ကိုယ့်ရဲ့ နောင်မြန်မာပြည်အတွက်ကို ကျမ အကောင်းဆုံး လုပ်သွားချင်တယ်။ အမျိုးသမီးတယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ မြန်မာပြည်သူ တယောက် အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ အရင်တုန်းကလိုမျိုး ဘဝတွေကို လုံး၀ ပြန်မေရောက် စေချင်တော့ဘူးပေါ့နော်။ အဲ့ဒါကတော့ ညီမရဲ့ ဆုံးဖြတ်ချက် သန္နဌာန်ပါပဲ။”

ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူငယ်တွေ အများအပြား ရှေ့တန်းက ပါဝင်နေတယ်ဆိုပေမဲ့ ဒီလှုပ်ရှားမှုဟာ လူကြီး လူလတ် လူငယ် မျိုးဆက်ပေါင်းစုံ၊ လူမှုအလွှာတန်းစား ပေါင်းစုံက ပါဝင်တဲ့၊ ထူးခြားတဲ့ လှုပ်ရှားမှုကြီး ဖြစ်ပြီး ဒီလို မျိုးဆက်အားလုံး အာဏာရှင်တွေ ကျဆုံးတဲ့အထိ အဆုံးထိ ဆက်ပြီး ပါဝင်တိုက်ပွဲဝင်စေချင်တယ်လို့လည်း ဒီလူငယ်အမျိုးသမီးတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အခုဆိုရင် စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ လကျော်ကြာလာပေမဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ သွေးအေးမသွားဘဲ၊ ဒီသီတင်းပတ် တော်လှန်သင်္ကြန် လှုပ်ရှားမှုတွေ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG