သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရသူတွေကိုဆက်သွယ်ကူညီနိုင်ရေး အခက်အခဲများ ရှိနေ


ဖေဖော်ဝါရီလ ၂၇ ရက်နေ့တုန်းက ရန်ကုန် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတချို့။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တုန်းက ရန်ကုန် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတချို့။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေ အဖမ်းခံရတဲ့ထဲက ဘယ်အခြေအနေရောက်မှန်း မသိရ၊ အဆက်အသွယ်မရဖြစ်နေသူတွေရဲ့ သတင်းအချက်အလက်တွေကိုရဖို့နဲ့ အကူအညီတွေပေးနိုင်ဖို့ ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကြိုးစားနေကြပါတယ်။ တချို့က အကျဉ်းထောင်တွေထဲမှာလည်း မရှိ၊ စစ်ကြောရေးစခန်းတွေမှာ ရှိနေသလားဆိုတာလည်း မသိနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ အခုဆိုမြန်မာနိုင်ငံတဝန်း ၃,၆၀၀ ကျော်ပြီလို့ စာရင်းပြုစုထားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီထဲက တချို့ဟာ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ဘယ်ရောက်နေမှန်း ခုချိန်ထိ မသိရသေးပါဘူး။ စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမေးမြန်းခံနေသူတွေဆိုရင် သတင်းသိရဖို့ ပိုပြီးခက်ခဲပါတယ်။ စစ်ကြောရေးကနေ အကျဉ်းထောင်တွေထဲ ပို့ခံရသူတွေဆိုရင် သတင်းရနိုင်တဲ့ လမ်းစရှိပေမဲ့ စစ်ကြောရေးမှာ အချိန်အကြာကြီး ဖမ်းခံထားရသူတွေကို ဘယ်လိုလိုက်ရှာရမှန်းမသိ ခက်ခဲတယ်လို့ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်သူများ မဟာမိတ်အဖွဲ့က ကိုသက္ကရာဇ်က ဗွီအိုအေကို ပြောပါတယ်။

“စစ်ကြောရေးက သတင်းတွေက တော်တော်များများ မရကြဘူး။ ကျနော်တို့လည်း ရေဆုံးမြေဆုံး မလိုက်နိုင်သေးတဲ့ အခြေအနေမျိုး ဖြစ်နေတော့လေ။ သူတို့နဲ့ ဆက်သွယ်လို့ ရနိုင်ဖို့ကလည်း ပြောရရင် အင်းစိန်ထောင်ထဲ ရောက်လာမှလေ။ တခါတလေကျ ဖမ်းသွားပြီးတဲ့အခါကျ စစ်ကြောရေးမှာ အကြာကြီး ထားတာမျိုးတွေ ပြီးရင် စစ်ကြောရေးက ပြန်ရောက်လား မရောက်လား၊ ရှေ့နေတွေ လိုက်ကြတဲ့အခါမှာလည်း ဘာမှသတင်းမရဘူး ဆိုတဲ့အခါကျ ခက်ခက်ခဲခဲတော့ လိုက်ရပါတယ်။”

သူတို့အဖွဲ့က ခုလို ဖမ်းဆီးခံရသူတွေကို ဥပဒေကြောင်းကနေ မ ျှမ ျှတတ အခွင့်အရေးရနိုင်အောင် ကြိုးစားပေးနေကြတာဖြစ်ပါတယ်။ အဖမ်းခံရပြီး ပျောက်ဆုံးနေတာ၊ ဖမ်းဆီခံရသူရဲ့အခြေအနေမှန်ကို မိသားစုက မပြောရဲကြတာ ဒီလိုအခြေအနေတွေအတွက် ရှေ့နေတွေနဲ့ ချိတ်ဆက်ပြီး သူတို့က ကူညီပေးနေကြပါတယ်။ အဓိက ရန်ကုန်တိုင်းထဲမှာရှိတဲ့ သူတွေအတွက် အဓိကထား ကူညီပေးနေကြပါတယ်။

“တချို့၊ တချို့တွေက ဒီအတိုင်းလမ်းပေါ်မှာ ရပ်နေရင်းနဲ့ ဆွဲသွားတာမျိုး ခံလိုက်ရတာပေါ့၊ ဘာအထောက်အထားမှလည်း မရှိဘူး၊ အမှုတောင် ရှာလို့မရတဲ့ သူမျိုးပေါ့။ တခါတလေကျ ဖမ်းလာတာ ဟိုးရှေးရက်ကတည်းက၊ ရဲက အမှုတင်လိုက်တာက နောက်ကျမှ ဒီထောင်ထဲရောက်ပြီးမှ။ အဲဒီလိုတကယ့် ပေါက်ကရတွေပေါ့ အမှုတွေက အဲဒီလိုဖြစ်နေတဲ့ ကိစ္စမျိုးတွေကျ လွယ်လွယ်ကူကူနဲ့ ထွက်လာနိုင်အောင်လို့ ကြိုးစားနေကြပါတယ်။”

ဖမ်းဆီးခံရသူတွေဟာ အချုပ်မှာ ထားသလား၊ စစ်ကြောရေးကို ပို့ခံရသလား၊ အကျဉ်းထောင်တွေထဲ ပို့သလားဆိုတာ သိရဖို့ ခက်ခဲတယ်လို့ အဖမ်းခံရသူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ကြည်က ဗွီအိုအေကို ပြောပါတယ်။

“သက်ဆိုင်ရာက ထိန်းသိမ်းထားတဲ့ ရဲစခန်းတွေကို ကျမတို့က သွားတယ်။ သွားရင် ပြန်လွှတ်ပေးမှာလား သို့မဟုတ် စစ်ကြောရေးကို ခေါ်သွားမှာလား သို့မဟုတ် အင်းစိန်ထောင်ကို ခေါ်သွားမှာလား အဲဒီလိုကျမတို့က မေးတယ် ရဲတွေကို။ အဲဒီပေါ်မှာ မူတည်ပြီးတော့ တချို့ကျတော့ စစ်ကြောရေး ခေါ်မယ်ဆိုရင် ခေါ်သွားမယ်ဆိုတာ သိရတယ်၊ မတ်လ ၃၀ ရက်က ဖမ်းခံရသူတွေဆိုရင် ဒီနေ့မှ ရုံးထုတ်တာလေ တလတောင်ကြာတယ်။ အဲဒီတော့ အဲဒီတလလုံး ဘယ်မှာရှိလို့ရှိမှန်း မသိရဘူးလေ။ တချို့ကျတော့လည်း စစ်ကြောရေးကိုပို့တယ် တပတ်ကြာတယ်။ ပြီးမှ ဒီဘက် အင်းစိန်အကျဉ်းထောင်ကို ရောက်လာတယ်။”

စစ်ကြောရေးစခန်းမှာ အချိန်အကြာကြီး စစ်ဆေးမေးမြန်းခံနေရသူတွေထဲမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်သူလို့ စွပ်စွဲခံရသူတွေ ပါသလို၊ သတင်းသမား အများစုလည်း ပါဝင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအာဏာစယူတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မေလ ၃ ရက် အထိ ဖမ်းဆီးခံရသူအရေအတွက်ဟာ ၄,၆၀၀ ထက်မနည်းရှိနေပြီး ခုချိန်ထိ ဆက်လက် ဖမ်းဆီးခံထားရသူပေါင်း ၃,၆၀၀ ကျော်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ န.စ.က စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းတွေဟာ မမှန်ဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG