သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလုပ်ရပ်တွေ ပြန်မပြင်ရင် G7 နောက်ထပ်အရေးယူရန် အသင့်


G7 စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီးများ
G7 စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီးများ

(Zawgyi/Unicode)

မြန်မာစစ်တပ်အနေနဲ့ ဆက်လက်အင်အားသုံး အကြမ်းဖက်နှိမ်နင်းနေတဲ့ လမ်းကြောင်း ကို မပြောင်းလဲဘူးဆိုရင် နောက်ထပ်အရေးယူမယ့် ခြေလှမ်းတွေအတွက် အဆင်သင့်ဖြစ် နေကြောင်းကမ္ဘာ့စက်မှုထိပ်သီး ၇နိုင်ငံ G-7 နိုင်ငံခြားရေး ဝန်ကြီးတွေက ထပ်လောင်းပြောကြားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါနဲ့ စပ်လျဉ်းပြီးတော့ လက်နက်၊ခဲယမ်းတွေနဲ့ အခြားစစ်ရေးဆိုင်ရာ ဆက်စပ်နေတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ရောင်းချခြင်း၊ ဒါမှမဟုတ် လွဲှပြောင်းခြင်းနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ထောက်ပံ့ခြင်း စတာတွေကို ဆက်လက်တားဆီးသွားမယ်လို့ G-7 အဖွဲ့ဝင်နိုင်ငံတွေက ကတိပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ပူးပေါင်းဆက်ဆံခြင်းကို သတိထားရှောင်ကျဉ်မှာဖြစ်သလို အခြားသူတွေအနေနဲ့လည်း သူတို့အတိုင်း လုပ်ဆောင်ကြဖို့ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေတဲ့ ကူညီပေးရေးအစီအစဉ်တွေတားဆီးရေးမှာလည်း သူတို့နိုင်ငံတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မေလ (၅)ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာ့အရေး G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ- CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရနဲ့CDM အမိန့်မနာခံရေးလှုပ်ရှားမှုတွေကို အပြည့်အဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လု့ိ ထပ်လောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ပြီးလျှောက်လှမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)





XS
SM
MD
LG