သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကို လက္နက္ေရာင္းခ်မႈ ပိတ္ပင္ဖို႔ လံုၿခံဳေရးေကာင္စီကို ႏိုင္ငံတကာအဖဲြ႔အစည္း ၂၀၀ ေက်ာ္ တိုက္တြန္း


မွတ္တမ္းဓါတ္ပံု ေဖေဖာ္၀ါရီ ၁၉ ရက္ေန႔က ဆႏၵျပပြဲအတြင္းေတြ႔ရတဲ့ လံုၿခံဳေရး ရဲတပ္သားတဦး

(Zawgyi/Unicode)

ကုလသမဂၢလုံၿခဳံေရေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ကမာၻလုံးဆိုင္ရာ လက္နက္ေရာင္းခ်မႈပိတ္ပင္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်က္ခ်င္းျပဌာန္းဖို႔ ကမာၻ႔အဖြဲ႕အစည္းေပါင္း ၂၀၀ ေက်ာ္က ဗုဒၶဟူးေန႔က ေတာင္းဆိုလိုက္ပါတယ္။

လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြစီကို အဖြဲ႕ေပါင္း ၂၀၀ ေက်ာ္က public appeal ျပည္သူ႔အသံအျဖစ္ပန္ၾကားရာမွာ- ေဖေဖၚဝါရီလ ၁ရက္ေန႔ အာဏာသိမ္းမႈနဲ႔ စစ္တပ္အုပ္ခ်ဳပ္မႈကို ဆန႔္က်င္ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ဖိႏွိပ္မႈေတြကို ရပ္တန႔္ေအာင္ စစ္ေကာင္စီကို ဖိအားေပးဖို႔ လုံၿခဳံေရးေကာင္စီအေနနဲ႔ အျမန္ဆုံးလုပ္ေဆာင္သင့္တယ္လို႔ ေဖၚျပထားပါတယ္။

ျမန္မာစစ္အုပ္စုအေပၚ လက္နက္ေရာင္းခ်မႈကို ပိတ္ပင္ဖို႔နဲ႔ ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးဖို႔ပ်က္ကြက္တာဟာ ျမန္မာျပည္သူေတြအေပၚမွာရွိေနတဲ့ သူရဲ႕တာဝန္ဝတၱရားေတြကို တကယ့္ကို ဆိုးဆိုး႐ြား႐ြား လ်စ္လ်ဴျပဳတာပဲျဖစ္တယ္လို႔ အဖြဲ႕ေပါင္း ၂၀၀ ေက်ာ္ထဲမွာ ပါဝင္တဲ့ နယူးေရာက္ အေျခစိုက္ HRW ကုလသမဂၢေရးရာ ၫြန္ၾကားေရးမႉး Louis Charbonneau ကေျပာၾကားခဲ့ေၾကာင္း ေဖၚျပထားပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြအေပၚ စစ္တပ္ရဲ႕ အၾကမ္းဖက္ဖိႏွိပ္မႈေတြနဲ႔ ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီရဲ႕ ရံဖန္ရံခါ စိုးရိမ္ပူပန္ေၾကာင္းထုတ္ျပန္ခ်က္ေတြဟာ သံတမန္ေရးသက္သက္သာျဖစ္ၿပီးေတာ့ ျပသနာေတြကိုဒီအတိုင္းထားၿပီး ထြက္သြားၾကတာျဖစ္တယ္လို႔လည္း Mr. Charbonneau ကေျပာပါတယ္။

ျမန္မာ့အေရး မူၾကမ္းေရးသားတဲ့ ၿဗိတိန္ႏိုင္ငံအေနနဲ႔ လက္နက္တင္ပို႔မႈပိတ္ပင္တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းအတြက္ လုံၿခဳံေရးေကာင္စီမွာ ညႇိဳႏႈိင္းေဆြးေႏြးမႈေတြကို ဦးေဆာင္ၿပီး ခ်က္ခ်င္းလုပ္ေဆာင္သင့္တယ္လို႔ အဖြဲ႕ဝင္ ၂၀၀ ေက်ာ္ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒါေပမယ့္ ၿဗိတိန္ဘက္ကေတာ့ အဲဒီလိုလုပ္ဖို႔ တြန္႔ဆုတ္ေနပါတယ္။ တရုတ္၊ ရုရွားနဲ႔ အျခားအဖဲြ႔၀င္ေတြက အရင္တုန္းဆန္႔က်င္ထားတဲ့ အခ်က္ေတြပါေနတဲ့ ဆံုးျဖတ္ခ်က္ကိုပဲ အားလုံးထာက္ခံ သေဘာတူညီမႈနဲ႔ ထုတ္တဲ့ ေၾကညာခ်က္ေတြျဖစ္ေအာင္ပဲ ၿဗိတိန္က ဦးစားေပးေဆာင္႐ြက္ေနတာျဖစ္တယ္လို႔လည္း HRW ကေျပာပါတယ္။

အာဏာသိမ္းခဲ့ၿပီး ရက္ေပါင္း ၉ ၀ေက်ာ္အတြင္း သတင္းသမားေတြ၊ ဆရာ၀န္ေတြ၊ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြအပါအ၀င္ လူေပါင္း ၃၆၀၀ ေက်ာ္ ကို စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းခဲ့သလို၊ ပစ္ခတ္ၿဖိဳခဲြမႈေတြေၾကာင့္ ကေလးငယ္ေတြအပါအ၀င္ လူေပါင္း ၇၆၀ ေက်ာ္ေသဆံုးခဲ့ၿပီျဖစ္ေၾကာင္းနဲ႔ လူေတြ ရာနဲ႔ခ်ီၿပီး ေပ်ာက္ဆံုးမႈေတြရွိေနတယ္လို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာ ကို လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း
(Unicode)

ကုလသမဂ္ဂလုံခြုံရေကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြဌာန်းဖို့ ကမ္ဘာ့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေစီကို အဖွဲ့ပေါင်း ၂၀၀ ကျော်က public appeal ပြည်သူ့အသံအဖြစ်ပန်ကြားရာမှာ- ဖေဖေါ်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုနဲ့ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေကို ရပ်တန့်အောင် စစ်ကောင်စီကို ဖိအားပေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်အုပ်စုအပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်ဖို့နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအပေါ်မှာရှိနေတဲ့ သူရဲ့တာဝန်ဝတ္တရားတွေကို တကယ့်ကို ဆိုးဆိုးရွားရွား လျစ်လျူပြုတာပဲဖြစ်တယ်လို့ အဖွဲ့ပေါင်း ၂၀၀ ကျော်ထဲမှာ ပါဝင်တဲ့ နယူးရောက် အခြေစိုက် HRW ကုလသမဂ္ဂရေးရာ ညွန်ကြားရေးမှူး Louis Charbonneau ကပြောကြားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ ရံဖန်ရံခါ စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ချက်တွေဟာ သံတမန်ရေးသက်သက်သာဖြစ်ပြီးတော့ ပြသနာတွေကိုဒီအတိုင်းထားပြီး ထွက်သွားကြတာဖြစ်တယ်လို့လည်း Mr. Charbonneau ကပြောပါတယ်။

မြန်မာ့အရေး မူကြမ်းရေးသားတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ လက်နက်တင်ပို့မှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် လုံခြုံရေးကောင်စီမှာ ညှိုနှိုင်းဆွေးနွေးမှုတွေကို ဦးဆောင်ပြီး ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ အဖွဲ့ဝင် ၂၀၀ ကျော်ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဗြိတိန်ဘက်ကတော့ အဲဒီလိုလုပ်ဖို့ တွန့်ဆုတ်နေပါတယ်။ တရုတ်၊ ရုရှားနဲ့ အခြားအဖွဲ့ဝင်တွေက အရင်တုန်းဆန့်ကျင်ထားတဲ့ အချက်တွေပါနေတဲ့ ဆုံးဖြတ်ချက်ကိုပဲ အားလုံးထာက်ခံ သဘောတူညီမှုနဲ့ ထုတ်တဲ့ ကြေညာချက်တွေဖြစ်အောင်ပဲ ဗြိတိန်က ဦး စားပေးဆောင်ရွက်နေတာဖြစ်တယ်လို့လည်း HRW ကပြောပါတယ်။

အာဏာသိမ်းခဲ့ပြီး ရက်ပေါင်း ၉ ဝကျော်အတွင်း သတင်းသမားတွေ၊ ဆရာဝန်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူပေါင်း ၃၆၀၀ ကျော် ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သလို၊ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၇၆၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်းနဲ့ လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးမှုတွေရှိနေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG