သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ေအာက္ ပညာေရးစနစ္ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ က်ယ္ျပန္႔လာ


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕က ပညာေရး သပိတ္စစ္ေၾကာင္း။ (ဓာတ္ပံု - KACHINWAVES via AFP - ေမ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအတြင္းမွာ စစ္တပ္အာဏာသိမ္းၿပီး သုံးလေက်ာ္ၾကာတဲ့အထိ စစ္ေကာင္စီတပ္ေတြက ျပည္သူအေပၚ ဖိႏွိပ္အုပ္ခ်ဳပ္ဖို႔ ႀကိဳးစားေနေပမဲ့ စစ္အာဏာရွင္ေတာ္လွန္ေရးလႈပ္ရွားမႈေတြကေတာ့ ရပ္မသြားေသးပါဘူး။ ဆႏၵျပတာေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းတာေၾကာင့္ လႈပ္ရွားမႈႀကီးႀကီးမားမရွိေတာ့ေပမဲ့ လွ်ပ္တျပက္လႈပ္ရွားမႈေတြနဲ႔ အခြင့္သာရင္သာသလို ဆႏၵျပလႈပ္ရွားမႈေတြ ရွိေနပါသးတယ္။ လတ္တေလာမွာ စစ္ေကာင္စီ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ျပင္ဆင္ေနတာမို႔ စစ္အာဏာရွင္လက္ေအာက္ပညာေရး အလိုမရွိတဲ့ ဆႏၵျပကန္႔ကြက္မႈေတြက ပိုက်ယ္ျပန္႔လာေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကုိ မဆုမြန္က တင္ျပေပးပါမယ္။

ဒီကေန႔မနက္ပိုင္း ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္နဲ႔ လႈိင္ၿမိဳ႕နယ္ေတြမွာ လူငယ္ေတြ ဦးေဆာင္တဲ့ လွ်ပ္တျပတ္သပိတ္ေတြ လုပ္ၾကပါတယ္။ စစ္ေကာင္စီတပ္ေတြ ေရာက္မလာခင္ အျမန္ဆုံးလူစုခြဲၾကတဲ့ ဆႏၵျပသပိတ္ေတြကို ဒီလအေစာပိုင္းကစၿပီး လမ္းမေတြေပၚမွာ ေန႔စဥ္ ျပန္လုပ္လာၾကတာပါ။ သဃၤန္းကြၽန္း၊ လႈိင္သာယာ၊ ဗဟန္း၊ မဂၤလာဒုံတို႔မွာလည္း စစ္ကြၽန္ပညာေရးအလိုမရွိ၊ စစ္ေကာင္စီဖြင့္မယ့္ ေက်ာင္းမတက္ဘဲ ေက်ာင္းထြက္ၾကဖို႔ စာသားေတြကို ေက်ာင္းနံရံေတြမွာ ေရးသားၿပီး ဆႏၵထုတ္ေဖာ္ၾကပါတယ္။

ရန္ကုန္မွာ လွ်ပ္တျပက္ ဆႏၵျပမႈေတြ ဆက္ရွိေနသလို ဒီကေန႔မွာ NUG အစိုးရက ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ဖြဲ႕စည္းေၾကာင္းေၾကညာတာကို ေထာက္ခံေၾကာင္း ဆႏၵျပ လႈပ္ရွားမႈေတြလည္း ရွိခဲ့ေၾကာင္း ရန္ကုန္ အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ပညာေရးနဲ႔ ပတ္သက္တာကေတာ့ ရန္ကုန္တင္မဟုတ္ဘူး။ တစ္ႏိုင္ငံလုံး ျပၾကတာပဲ။ နယ္မွာရွိတဲ့ ေက်ာင္းေပါင္းစုံတိုင္းက တစ္တိုင္းျပည္လုံးက ျပၾကတာပဲ။ စစ္ကြၽန္ပညာေရးကို လက္မခံၾကဖို႔ အတြက္။ ရန္ကုန္က သပိတ္က ၃ ေနရာေလာက္ေတာ့ ထြက္တယ္ေပါ့ေနာ္၊ ႀကီးႀကီးမားမား က်ေနာ္သိသေလာက္ေပါ့။ အမ်ိဳးသားညီၫြတ္ေရး အစိုးရက PDF ကို ဖြဲ႕စည္းေၾကာင္းေၾကညာ လိုက္တယ္ေပါ့ေနာ္။ ဒါကို ႀကိဳဆိုတဲ့ အေနနဲ႔ ရန္ကုန္လူထုက လႈပ္ရွားေနတာေတာ့ ရွိပါတယ္။ အြန္လိုင္းကေန ေထာက္ခံၾကတယ္။ ၿပီးေတာ့ ဒါကို Action တစ္ခု အေနနဲ႔ ျပန္ၿပီးေတာ့ သေဘာတူေၾကာင္းျပဖို႔ ႀကိဳးစားေနၾကတာမ်ိဳးေတြ ရွိပါတယ္။”

ေျပာက္က်ားနည္းနဲ႔ သပိတ္စစ္ေၾကာင္းေတြ ဆႏၵျပေနၾကတာကို စစ္ေကာင္စီရဲ႕ လက္နက္ကိုင္တပ္ေတြက လိုက္လံရွာေဖြဖမ္းဆီးတာ၊ လူနည္းနည္း စုတာေတြ႕တာနဲ႔ ဖမ္းတာမ်ိဳးေတြ ျဖစ္ေနတာေၾကာင့္ လက္ရွိ ရန္ကုန္မွာ ဆႏၵျပ စစ္ေၾကာင္းေတြ နည္းေနတာျဖစ္တယ္လို႔ ရန္ကုန္ဆႏၵျပပြဲေတြမွာ ပါဝင္သူ တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ေပ်ာက္ၾကားသပိတ္လုပ္ခါစတုန္းက အၾကမ္းဖက္ အင္အားစုက ေပ်ာက္ၾကား သပိတ္ရဲ႕ သေဘာသဘာဝကို အစတုန္းက နားလည္ၾကပုံမရဘူးဗ်။ လူခဏ စုတယ္၊ ၿပီးရင္ ျပန္ခြဲတယ္ေပါ့။ အဲ့ဒီလိုလုပ္ေတာ့ နည္းနည္း ေအာင္ျမင္လာတဲ့ခါမွာ သပိတ္အင္အားစုေတြရဲ႕ လုပ္တဲ့ သေဘာသဘာဝကို သူတို႔ နည္းနည္း နားလည္လာပုံရတယ္။ လူနည္းနည္းစုၿပီဆိုတာနဲ႔ သူတို႔ ေရာက္လာတယ္။ မေန႔ကဆို က်ေနာ္တို႔ ၿမိဳ႕ထဲမွာ လူစုၾကတယ္ေပါ့၊ သပိတ္မစခင္မွာပဲ သူတို႔က ဒါကို ဦးတည္ၿပီးေတာ့ ေရာက္လာတယ္ေပါ့။ ဒါက ဒလန္ေၾကာင့္ျဖစ္ႏိုင္သလို၊ CCTV ေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ က်ေနာ္တို႔ ဒီဘက္က သပိတ္အင္အားစုေတြက ဒီဟာက ဘယ္လို လုပ္မလဲဆိုတာကို ႀကိဳးစားေနၾကတာပါ။ မထြက္ဘဲ ေတာ္လွန္တာ နည္းသြားတာမ်ိဳးမဟုတ္ပါဘူး။ ဒီဟာကို ဘယ္လို ပုံစံနဲ႔ ျပရမလဲဆိုတာကို ႀကိဳးစားေနၾကတဲ့ ပုံပါပဲဗ်။”

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားမွာ ဒီကေန႔ မနက္ ၈ နာရီဝန္းက်င္က ဆိုင္ကယ္သပိတ္ျပဳလုပ္ လွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပၿပီးလို႔ လူစုခြဲေနတဲ့ အခ်ိန္ မနက္ ၁၀ နာရီခြဲဝန္းက်င္ေလာက္မွာ စစ္ေကာင္စီရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြက အိမ္စီးကားေတြနဲ႔ ဆႏၵျပသူေတြကို ဝင္တိုက္ၿပီး လူငယ္ အမ်ိဳးသမီး ၄ ဦးကို ဖမ္းဆီးသြားတယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာျပပါတယ္။

“က်ေနာ္တို႔ ျမစ္ႀကီးနားၿမိဳ႕ ပင္မ သပိတ္စစ္ေၾကာင္း၊ ျမစ္ႀကီးနား ေက်ာင္းသားသမဂၢေတြေရာ၊ က်ေနာ္တို႔ လူငယ္ေတြရဲ႕ Generation Z ဆိုတဲ့ အဖြဲ႕ေပါ့။ ပင္မသပိတ္ အဖြဲ႕နဲ႔ ဒီေန႔ ၅ ရက္ေန႔မွာ ဆိုင္ကယ္သပိတ္လုပ္တာ၊ မနက္ ၈ နာရီေလာက္ထြက္ၿပီးေတာ့ ၁၀ နာရီခြဲေလာက္ လူစုခြဲတဲ့ အခ်ိန္မွာ က်ေနာ္တို႔ေတြ လူစီးကားနဲ႔ အရပ္ကားေပါ့ေနာ္။ အဲ့ဒါေတြ သုံးၿပီးေတာ့ ရဲေတြက အေနာက္ကေနမွ ျပင္းျပင္းထန္ထန္လိုက္တိုက္တာေပါ့ေနာ္။ အဲ့ဒီမွာ မိန္းကေလး ၄ ေယာက္ ဒဏ္ရာရမယ္ထင္တယ္ သူတို႔ေတြက၊ ဆြဲၿပီးေတာ့မွ ဖမ္းသြားတယ္ေပါ့ေနာ္။ ပစ္ခတ္တာေတြေတာ့ မရွိဘူး။ ရဲေတြက ခုတေလာ။ သူတို႔ေတြက အိမ္စီးကားေတြနဲ႔ပဲ ေနာက္က ေနၿပီးေတာ့မွ အရွိန္ျပင္းျပင္း ေမာင္းၿပီး တိုက္ၿပီးေတာ့ ဖမ္းတာေပါ့ေနာ္။ ဆိုင္ကယ္လည္း ၄ စီးေလာက္ပါသြားတယ္။ က်ေနာ္တို႔ သပိတ္ဦးေဆာင္တဲ့ထဲက အမ တစ္ေယာက္ရဲ႕ ဖုန္းပါသြားတယ္။”

ဒီေန႔ မနက္ပိုင္းမွာ မူဆယ္ၿမိဳ႕ က စစ္အာဏာရွင္ဆန႔္က်င္ေရး တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ သပိတ္စစ္ေၾကာင္းကို လူ ၁၀၀ ဝန္းက်င္ေလာက္ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ အုပ္ခ်ဳပ္သူေတြ တရားမဲ့ရင္ ဆန႔္က်င္ရမွာ ငါတို႔ဝတၱရားဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ခ်ီတက္ကာ တ႐ုတ္အလံကို မီးရႈိ႕ဆႏၵျပခဲ့ၾကတယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္တဲ့ Generation Z လူငယ္တစ္ဦးက ေျပာပါတယ္။

“မနက္ ၇ နာရီစထြက္လိုက္တယ္။ စထြက္ၿပီးေတာ့ က်ေနာ္တို႔ လူအင္အား ၁၀၀ ဝန္းက်င္ေလာက္နဲ႔ က်ေနာ္တို႔ထြက္လိုက္တယ္ ခင္ဗ်။ ၁၀၀ ဝန္းက်င္ေလာက္ထြက္ၿပီးေတာ့ က်ေနာ္တို႔ နာရီစင္သြားတယ္။ ၿပီးရင္ ျပည္သူ႔ေဆး႐ုံေရွ႕သြားတယ္ခင္ဗ်၊ ၿပီးရင္ က်ေနာ္တို႔ တ႐ုတ္အလံ တ႐ုတ္ကို ဆန႔္က်င္တဲ့ အေနနဲ႔ တ႐ုတ္အလံမီးရႈိ႕လိုက္တယ္ခင္ဗ် နာရီစင္ေရွ႕မွာ။ သပိတ္စစ္ေၾကာင္းက ေအးေအးေဆးေဆးနဲ႔ပဲ ျပန္ၿပီးေတာ့ က်ေနာ္တို႔လူစုခြဲလိုက္ႏိုင္တယ္ခင္ဗ်။ သူတို႔ဘက္က အဲ့ဒီလိုမ်ိဳးအရပ္ဝတ္နဲ႔ နည္းနည္းလာၿပီး အဲ့ဒီလိုမ်ိဳးေလ့လာတဲ့ ပုံစံမ်ိဳးေပါ့ အိမ္စီးကားေတြနဲ႔ လာတာေတာ့ ရွိတယ္ခင္ဗ်။ က်ေနာ္တို႔ သပိတ္စစ္ေၾကာင္း ေဘးနားေလးေတြေပါ့.. ဟိုလိုမ်ိဳးႀကီး သူတို႔ ဝင္ၿပီး ၿဖိဳခြဲသြားတာ ဘာညာမရွိဘူး ခင္ဗ် သပိတ္စစ္ေၾကာင္းကေတာ့။ က်ေနာ္တို႔ ေႂကြးေၾကာ္သံကေတာ့ အုပ္ခ်ဳပ္သူေတြ တရားမဲ့ရင္ ဆန႔္က်င္ရမွာ ငါတို႔ဝတၱရားဆိုတဲ့ ဒီေဆာင္ပုဒ္ေပါ့ေနာ္။”

ဒီေန႔ ညေန ၃ နာရီေလာက္မွာ ပင္မသပိတ္စစ္ေၾကာင္း ခ်ီတက္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ရဲကားစီးလာေရာက္ ၿဖိဳခြဲလိုက္တာေၾကာင့္ ေနရာေျပာင္းေ႐ႊ႕ လိုက္ရေပမဲ့ မုိးေတြ ရြာေနတဲ့ၾကားကပဲ ေအာင္ေအာင္ျမင္ျမင္နဲ႔ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ဆႏၵျပစစ္ေၾကာင္းမွာ အၿမဲဝင္တဲ့ တက္ႂကြလႈပ္ရွားသူ တစ္ဦးက ေျပာပါတယ္။

“လူစုေနတုန္းမွာ ထြက္ခါနီးေပါ့ေနာ္.. ၃ နာရီထြက္မွာကို ခ်က္ခ်င္း ၃ နာရီကို ခ်က္ခ်င္းရပ္ကြက္ထဲ ဝင္လာတယ္။ ခါတိုင္းလို ႀကိဳေစာင့္ေနတာမ်ိဳးပဲနဲ႔ ေတာက္ေလွ်ာက္ေမာင္းလိုက္ ေတာက္ေလွ်ာက္ ဝင္လာေတာ့ လူစုခြဲၿပီးမွာ အိမ္ေတြမွာ ပုန္းေနလိုက္ရတာေပ့ါေနာ္ စစ္ေၾကာင္းကို။ အခုခ်ိန္ေတာ့ ဖမ္းမိတာ မရွိပါဘူး။ စစ္သားေတြ မပါဘူး... ရဲကားပဲ သုံးစီးေပါ့ေနာ္. ဝင္လာၿပီးဆိုတာနဲ႔ တစ္စီးမွာ အနည္းဆုံး ၁၅ ေယာက္၊ ၂၀ ေတာ့ ပါမွာေပါ့။ ကားသုံးစီးနဲ႔ ဝင္လာတယ္။ ခြဲလိုက္ရတဲ့ အေျခအေနမွာ တျခားေနရာကို ေျပာင္းၿပီးေတာ့ အျမန္ေ႐ႊ႕ၿပီးေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆႏၵျပလိုက္ရတာေပ့ါေနာ္။”

အလားတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕မွာလည္း လူထုေတြဟာ ထီးေတြ၊ မိုးကာအက်ီၤေတြနဲ႔ မိုးထဲေရထဲမွာပဲ အင္အားေထာင္ခ်ီ ခ်ီတက္ဆႏၵျပခဲ့ၾကတယ္။ နမ့္ခမ္းၿမိဳ႕က ျပည္သူလူထုေတြ၊ ဆရာ၊ ဆရာမေတြ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား သပိတ္စစ္ေၾကာင္းေတြ ပူးေပါင္းၿပီး စစ္လက္ ေအာက္ခံပညာေရး အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကတယ္လို႔ သပိတ္ေခါင္းေဆာင္တစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

ေန႔စဥ္မျပတ္ လမ္းေပၚထြက္ဆႏၵျပၾကတဲ့ မႏၲေလးၿမိဳ႕သပိတ္စစ္ေၾကာင္းေတြ ဒီကေန႔မနက္ပိုင္းကစလို႔ စစ္ကြၽန္ပညာေရး အလိုမရွိေၾကာင္း CDM ပညာေရးဝန္ထမ္းေတြ ဦးေဆာင္ၿပီး စုေပါင္းသပိတ္နဲ႔ ဆႏၵျပၾကပါတယ္။ မိုးကုတ္၊ လားရႈိး၊ မိုးေကာင္း၊ စစ္ကိုင္း၊ က်ိဳက္ထိုနဲ႔ ေမာ္လၿမိဳင္တို႔မွာ စစ္ကြၽန္ပညာေရး အလိုမရွိေၾကာင္း လူမဲ့သပိတ္၊ ေဆးနီသပိတ္ေတြနဲ႔ ပုံစံမ်ိဳးစုံဆႏၵထုတ္ေဖာ္ၾကပါတယ္။

ဖားကန္႔၊ ကေလး၊ မုံ႐ြာ၊ ထားဝယ္၊ ေလာင္းလုံတို႔မွာ လူရာခ်ီ ဆႏၵျပၾကသလို မေကြးၿမိဳ႕အနီးကေက်း႐ြာေတြ စုေပါင္းၿပီး စစ္အာဏာရွင္အလိုမရွိေၾကာင္း ဆႏၵျပၾကပါတယ္။ ဒါ့အျပင္ က်ိဳက္ထို၊ ဟသၤာတ၊ ပုဂံ၊ ေညာင္ဦးနဲ႔ လက္ပံေတာင္းေတာင္ေဒသေတြမွာလည္း ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္၊ အ႐ုဏ္ဦးသပိတ္ေတြ ဆင္ႏႊဲၾကၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈေတြ ေန႔စဥ္မျပတ္လုပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာရှင်အောက် ပညာရေးစနစ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ကျယ်ပြန့်လာ

မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး သုံးလကျော်ကြာတဲ့အထိ စစ်ကောင်စီတပ်တွေက ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကတော့ ရပ်မသွားသေးပါဘူး။ ဆန္ဒပြတာတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာကြောင့် လှုပ်ရှားမှုကြီးကြီးမားမရှိတော့ပေမဲ့ လျှပ်တပြက်လှုပ်ရှားမှုတွေနဲ့ အခွင့်သာရင်သာသလို ဆန္ဒပြလှုပ်ရှားမှုတွေ ရှိနေပါသးတယ်။ လတ်တလောမှာ စစ်ကောင်စီ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ပြင်ဆင်နေတာမို့ စစ်အာဏာရှင်လက်အောက်ပညာရေး အလိုမရှိတဲ့ ဆန္ဒပြကန့်ကွက်မှုတွေက ပိုကျယ်ပြန့်လာနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးပါမယ်။

ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့၊ ကမာရွတ်နဲ့ လှိုင်မြို့နယ်တွေမှာ လူငယ်တွေ ဦးဆောင်တဲ့ လျှပ်တပြတ်သပိတ်တွေ လုပ်ကြပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်မလာခင် အမြန်ဆုံးလူစုခွဲကြတဲ့ ဆန္ဒပြသပိတ်တွေကို ဒီလအစောပိုင်းကစပြီး လမ်းမတွေပေါ်မှာ နေ့စဉ် ပြန်လုပ်လာကြတာပါ။ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဗဟန်း၊ မင်္ဂလာဒုံတို့မှာလည်း စစ်ကျွန်ပညာရေးအလိုမရှိ၊ စစ်ကောင်စီဖွင့်မယ့် ကျောင်းမတက်ဘဲ ကျောင်းထွက်ကြဖို့ စာသားတွေကို ကျောင်းနံရံတွေမှာ ရေးသားပြီး ဆန္ဒထုတ်ဖော်ကြပါတယ်။

ရန်ကုန်မှာ လျှပ်တပြက် ဆန္ဒပြမှုတွေ ဆက်ရှိနေသလို ဒီကနေ့မှာ NUG အစိုးရက ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖွဲ့စည်းကြောင်းကြေညာတာကို ထောက်ခံကြောင်း ဆန္ဒပြ လှုပ်ရှားမှုတွေလည်း ရှိခဲ့ကြောင်း ရန်ကုန် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ပညာရေးနဲ့ ပတ်သက်တာကတော့ ရန်ကုန်တင်မဟုတ်ဘူး။ တစ်နိုင်ငံလုံး ပြကြတာပဲ။ နယ်မှာရှိတဲ့ ကျောင်းပေါင်းစုံတိုင်းက တစ်တိုင်းပြည်လုံးက ပြကြတာပဲ။ စစ်ကျွန်ပညာရေးကို လက်မခံကြဖို့ အတွက်။ ရန်ကုန်က သပိတ်က ၃ နေရာလောက်တော့ ထွက်တယ်ပေါ့နော်၊ ကြီးကြီးမားမား ကျနော်သိသလောက်ပေါ့။ အမျိုးသားညီညွတ်ရေး အစိုးရက PDF ကို ဖွဲ့စည်းကြောင်းကြေညာ လိုက်တယ်ပေါ့နော်။ ဒါကို ကြိုဆိုတဲ့ အနေနဲ့ ရန်ကုန်လူထုက လှုပ်ရှားနေတာတော့ ရှိပါတယ်။ အွန်လိုင်းကနေ ထောက်ခံကြတယ်။ ပြီးတော့ ဒါကို Action တစ်ခု အနေနဲ့ ပြန်ပြီးတော့ သဘောတူကြောင်းပြဖို့ ကြိုးစားနေကြတာမျိုးတွေ ရှိပါတယ်။”

ပြောက်ကျားနည်းနဲ့ သပိတ်စစ်ကြောင်းတွေ ဆန္ဒပြနေကြတာကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လိုက်လံရှာဖွေဖမ်းဆီးတာ၊ လူနည်းနည်း စုတာတွေ့တာနဲ့ ဖမ်းတာမျိုးတွေ ဖြစ်နေတာကြောင့် လက်ရှိ ရန်ကုန်မှာ ဆန္ဒပြ စစ်ကြောင်းတွေ နည်းနေတာဖြစ်တယ်လို့ ရန်ကုန်ဆန္ဒပြပွဲတွေမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ပျောက်ကြားသပိတ်လုပ်ခါစတုန်းက အကြမ်းဖက် အင်အားစုက ပျောက်ကြား သပိတ်ရဲ့ သဘောသဘာဝကို အစတုန်းက နားလည်ကြပုံမရဘူးဗျ။ လူခဏ စုတယ်၊ ပြီးရင် ပြန်ခွဲတယ်ပေါ့။ အဲ့ဒီလိုလုပ်တော့ နည်းနည်း အောင်မြင်လာတဲ့ခါမှာ သပိတ်အင်အားစုတွေရဲ့ လုပ်တဲ့ သဘောသဘာဝကို သူတို့ နည်းနည်း နားလည်လာပုံရတယ်။ လူနည်းနည်းစုပြီဆိုတာနဲ့ သူတို့ ရောက်လာတယ်။ မနေ့ကဆို ကျနော်တို့ မြို့ထဲမှာ လူစုကြတယ်ပေါ့၊ သပိတ်မစခင်မှာပဲ သူတို့က ဒါကို ဦးတည်ပြီးတော့ ရောက်လာတယ်ပေါ့။ ဒါက ဒလန်ကြောင့်ဖြစ်နိုင်သလို၊ CCTV ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျနော်တို့ ဒီဘက်က သပိတ်အင်အားစုတွေက ဒီဟာက ဘယ်လို လုပ်မလဲဆိုတာကို ကြိုးစားနေကြတာပါ။ မထွက်ဘဲ တော်လှန်တာ နည်းသွားတာမျိုးမဟုတ်ပါဘူး။ ဒီဟာကို ဘယ်လို ပုံစံနဲ့ ပြရမလဲဆိုတာကို ကြိုးစားနေကြတဲ့ ပုံပါပဲဗျ။”

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က ဆိုင်ကယ်သပိတ်ပြုလုပ် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပြီးလို့ လူစုခွဲနေတဲ့ အချိန် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေနဲ့ ဆန္ဒပြသူတွေကို ဝင်တိုက်ပြီး လူငယ် အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ မြစ်ကြီးနားမြို့ ပင်မ သပိတ်စစ်ကြောင်း၊ မြစ်ကြီးနား ကျောင်းသားသမဂ္ဂတွေရော၊ ကျနော်တို့ လူငယ်တွေရဲ့ Generation Z ဆိုတဲ့ အဖွဲ့ပေါ့။ ပင်မသပိတ် အဖွဲ့နဲ့ ဒီနေ့ ၅ ရက်နေ့မှာ ဆိုင်ကယ်သပိတ်လုပ်တာ၊ မနက် ၈ နာရီလောက်ထွက်ပြီးတော့ ၁၀ နာရီခွဲလောက် လူစုခွဲတဲ့ အချိန်မှာ ကျနော်တို့တွေ လူစီးကားနဲ့ အရပ်ကားပေါ့နော်။ အဲ့ဒါတွေ သုံးပြီးတော့ ရဲတွေက အနောက်ကနေမှ ပြင်းပြင်းထန်ထန်လိုက်တိုက်တာပေါ့နော်။ အဲ့ဒီမှာ မိန်းကလေး ၄ ယောက် ဒဏ်ရာရမယ်ထင်တယ် သူတို့တွေက၊ ဆွဲပြီးတော့မှ ဖမ်းသွားတယ်ပေါ့နော်။ ပစ်ခတ်တာတွေတော့ မရှိဘူး။ ရဲတွေက ခုတလော။ သူတို့တွေက အိမ်စီးကားတွေနဲ့ပဲ နောက်က နေပြီးတော့မှ အရှိန်ပြင်းပြင်း မောင်းပြီး တိုက်ပြီးတော့ ဖမ်းတာပေါ့နော်။ ဆိုင်ကယ်လည်း ၄ စီးလောက်ပါသွားတယ်။ ကျနော်တို့ သပိတ်ဦးဆောင်တဲ့ထဲက အမ တစ်ယောက်ရဲ့ ဖုန်းပါသွားတယ်။”

ဒီနေ့ မနက်ပိုင်းမှာ မူဆယ်မြို့ က စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားလူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းကို လူ ၁၀၀ ဝန်းကျင်လောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အုပ်ချုပ်သူတွေ တရားမဲ့ရင် ဆန့်ကျင်ရမှာ ငါတို့ဝတ္တရားဆိုတဲ့ ဆောင်ပုဒ်နဲ့ ချီတက်ကာ တရုတ်အလံကို မီးရှို့ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ Generation Z လူငယ်တစ်ဦးက ပြောပါတယ်။

“မနက် ၇ နာရီစထွက်လိုက်တယ်။ စထွက်ပြီးတော့ ကျနော်တို့ လူအင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ ကျနော်တို့ထွက်လိုက်တယ် ခင်ဗျ။ ၁၀၀ ဝန်းကျင်လောက်ထွက်ပြီးတော့ ကျနော်တို့ နာရီစင်သွားတယ်။ ပြီးရင် ပြည်သူ့ဆေးရုံရှေ့သွားတယ်ခင်ဗျ၊ ပြီးရင် ကျနော်တို့ တရုတ်အလံ တရုတ်ကို ဆန့်ကျင်တဲ့ အနေနဲ့ တရုတ်အလံမီးရှို့လိုက်တယ်ခင်ဗျ နာရီစင်ရှေ့မှာ။ သပိတ်စစ်ကြောင်းက အေးအေးဆေးဆေးနဲ့ပဲ ပြန်ပြီးတော့ ကျနော်တို့လူစုခွဲလိုက်နိုင်တယ်ခင်ဗျ။ သူတို့ဘက်က အဲ့ဒီလိုမျိုးအရပ်ဝတ်နဲ့ နည်းနည်းလာပြီး အဲ့ဒီလိုမျိုးလေ့လာတဲ့ ပုံစံမျိုးပေါ့ အိမ်စီးကားတွေနဲ့ လာတာတော့ ရှိတယ်ခင်ဗျ။ ကျနော်တို့ သပိတ်စစ်ကြောင်း ဘေးနားလေးတွေပေါ့.. ဟိုလိုမျိုးကြီး သူတို့ ဝင်ပြီး ဖြိုခွဲသွားတာ ဘာညာမရှိဘူး ခင်ဗျ သပိတ်စစ်ကြောင်းကတော့။ ကျနော်တို့ ကြွေးကြော်သံကတော့ အုပ်ချုပ်သူတွေ တရားမဲ့ရင် ဆန့်ကျင်ရမှာ ငါတို့ဝတ္တရားဆိုတဲ့ ဒီဆောင်ပုဒ်ပေါ့နော်။”

ဒီနေ့ ညနေ ၃ နာရီလောက်မှာ ပင်မသပိတ်စစ်ကြောင်း ချီတက်ဖို့ ပြင်ဆင်နေချိန်မှာ ရဲကားစီးလာရောက် ဖြိုခွဲလိုက်တာကြောင့် နေရာပြောင်းရွှေ့ လိုက်ရပေမဲ့ မိုးတွေ ရွာနေတဲ့ကြားကပဲ အောင်အောင်မြင်မြင်နဲ့ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆန္ဒပြစစ်ကြောင်းမှာ အမြဲဝင်တဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

“လူစုနေတုန်းမှာ ထွက်ခါနီးပေါ့နော်.. ၃ နာရီထွက်မှာကို ချက်ချင်း ၃ နာရီကို ချက်ချင်းရပ်ကွက်ထဲ ဝင်လာတယ်။ ခါတိုင်းလို ကြိုစောင့်နေတာမျိုးပဲနဲ့ တောက်လျှောက်မောင်းလိုက် တောက်လျှောက် ဝင်လာတော့ လူစုခွဲပြီးမှာ အိမ်တွေမှာ ပုန်းနေလိုက်ရတာပေ့ါနော် စစ်ကြောင်းကို။ အခုချိန်တော့ ဖမ်းမိတာ မရှိပါဘူး။ စစ်သားတွေ မပါဘူး... ရဲကားပဲ သုံးစီးပေါ့နော်. ဝင်လာပြီးဆိုတာနဲ့ တစ်စီးမှာ အနည်းဆုံး ၁၅ ယောက်၊ ၂၀ တော့ ပါမှာပေါ့။ ကားသုံးစီးနဲ့ ဝင်လာတယ်။ ခွဲလိုက်ရတဲ့ အခြေအနေမှာ တခြားနေရာကို ပြောင်းပြီးတော့ အမြန်ရွှေ့ပြီးတော့ အောင်အောင်မြင်မြင်နဲ့ ဆန္ဒပြလိုက်ရတာပေ့ါနော်။”

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာလည်း လူထုတွေဟာ ထီးတွေ၊ မိုးကာအကျီၤတွေနဲ့ မိုးထဲရေထဲမှာပဲ အင်အားထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြတယ်။ နမ့်ခမ်းမြို့က ပြည်သူလူထုတွေ၊ ဆရာ၊ ဆရာမတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်လက် အောက်ခံပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

နေ့စဉ်မပြတ် လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ မန္တလေးမြို့သပိတ်စစ်ကြောင်းတွေ ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း CDM ပညာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး စုပေါင်းသပိတ်နဲ့ ဆန္ဒပြကြပါတယ်။ မိုးကုတ်၊ လားရှိုး၊ မိုးကောင်း၊ စစ်ကိုင်း၊ ကျိုက်ထိုနဲ့ မော်လမြိုင်တို့မှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လူမဲ့သပိတ်၊ ဆေးနီသပိတ်တွေနဲ့ ပုံစံမျိုးစုံဆန္ဒထုတ်ဖော်ကြပါတယ်။

ဖားကန့်၊ ကလေး၊ မုံရွာ၊ ထားဝယ်၊ လောင်းလုံတို့မှာ လူရာချီ ဆန္ဒပြကြသလို မကွေးမြို့အနီးကကျေးရွာတွေ စုပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြကြပါတယ်။ ဒါ့အပြင် ကျိုက်ထို၊ ဟင်္သာတ၊ ပုဂံ၊ ညောင်ဦးနဲ့ လက်ပံတောင်းတောင်ဒေသတွေမှာလည်း ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ်တွေဆင်နွှဲကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နေ့စဉ်မပြတ်လုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG