သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟားခါးၿမိဳ႕ ကာကြယ္ေရးတပ္ စစ္ေကာင္စီကင္းစခန္းေတြကို တိုက္ခိုက္


မတ္လ ၂၉ ရက္ေန႔က ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ အာဏာရွင္ဆန္႔က်င္ဆႏၵျပ ျမင္ကြင္း။ (မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႕က်င္ေရးဆႏၵျပသူေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Chinland Defense Force အဖြဲ႕နဲ႔ စစ္ေကာင္စီ လက္နက္ကိုင္ တပ္ဖြဲ႕ဝင္ေတြအၾကား ေမလ ၄ ရက္ေန႔ ညပိုင္းမွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးခဲ့ပါတယ္။ ဒီပစ္ခတ္မႈျဖစ္ၿပီးတဲ့ေနာက္ ဟားခါးေဒသခံ သုံးဦးကို စစ္ေကာင္စီတပ္က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေဒသခံ ေတြကေျပာပါတယ္။ အေၾကာင္းစုံကို ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။

ဟားခါးၿမိဳ႕ အင္းဝဘဏ္ေရွ႕မွာ ရွိတဲ့ စစ္ေကာင္စီအဖြဲ႕ရဲ႕ လုံျခံဳေရးကင္းစခန္းတခုကို ခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႔ကေန ေမလ ၃ ရက္ေန႔ ညပိုင္းမွာ တိုက္ခိုက္ခဲ့တယ္လို႔ CDF အဖြဲ႕ေျပာခြင့္ရသူကေျပာပါတယ္။

"မေန႔ည ၈ နာရီခြဲေလာက္မွာေပါ့ေနာ္။ အင္းဝဘဏ္ေရွ႕ ေဘးနားမွာ စစ္သူပုန္ေတြအေျခခ်ထားတဲ့ တပ္စခန္းတခု ရွိတယ္။ လုံျခံဳေရးဂိတ္ေပါ့။ အဲဒီမွာ ၂ ေယာက္ရွိတယ္။ က်ေနာ္တို႔ အဖြဲ႕သားေတြ သြားပစ္တယ္။ တေယာက္က ပြဲခ်င္းေသတယ္။ တေယာက္က ဒဏ္ရာရတယ္။"

ဒီပစ္ခတ္တိုက္ခိုက္မႈအၿပီး တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာအနီးမွာ ေနထိုင္တဲ့ ဟားခါးေဒသခံသုံးဦးကို စစ္ေကာင္စီတပ္က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႕ၿမိဳ႕ခံတဦးက ေျပာပါတယ္။

"မေန႔ကေတာ့ က်ေနာ္တို႔ CDF က ကင္းရဲစခန္းတခုကို ၀င္ပစ္တာေပါ့ေနာ္။ ဒီေန႔ မနက္မွာလူ ၃ ေယာက္သူတို႔ အဲဒီ အင္းဝဘဏ္အေနာက္မွာရွိတဲ့ အိမ္တအိမ္ကို သူတို႔က မေန႔ကျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းစရာ ရွိတယ္ဆိုၿပီး ဖမ္းေခၚသြားတယ္။ ရဲစခန္းက္ို မနက္ ၈ နာရီခြဲေလာက္က။ မိန္းကေလး ႏွစ္ေယာက္နဲ႔ ေယာက်ာ္းေလးတေယာက္ေပါ့။ အိမ္ရွင္တေယာက္နဲ႔ အိမ္ငွါးလင္မယားႏွစ္ေယာက္ေပါ့။ အခုခ်ိန္ထိတာ့ ျပန္မလႊတ္ေပးေသးဘူးေပါ့ေနာ္။"

ဒါ့အျပင္ ဟားခါးၿမိဳ႕နဲ႔ ထန္တလန္ၿမိဳ႕အၾကားမွာလည္း မေန႔ညေနပိုင္းမွာ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕ကေန စစ္ေကာင္စီတပ္ဖြဲ႕ကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ CDF အဖြဲ႕ေျပာခြင့္ရသူကေျပာပါတယ္။

"ဟားခါးနဲ႔ ထန္တလန္ၾကားေတာ့ ထန္တလန္နဲ႔ နီးေတာ့နီးတယ္။ အဲဒီတေနရာမွာပဲ။ ေက်းရြာေတြမွာ ကင္းလွည့္ ၿပီးေတာ့ အဲဒီအဖြဲ႔ သူတို႔က(စစ္ေကာင္စီတပ္) အင္အားနည္းနည္းေလးနဲ႔ ၆ ေယာက္ အဲဒီလိုပုံစံမ်ိဳးနဲ႔ ေနတဲ့သူေတြက က်ေနာ္တို႔ သြားပစ္တာ။ သူတို႕ႏွစ္ေယာက္ေတာ့ ဒဏ္ရာရတယ္။ အက်ဆုံးေတာ့ မသိဘူး။ စစ္သူပုန္ဘက္က။"

ဟားခါးၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပ သပိတ္ေမွာက္စဥ္အတြင္း ဖမ္းဆီးခံထားရသူေတြ အားလုံးကို ေမလ ၂ ရက္ေန႔ ညေန ၄ နာရီေနာက္ဆုံးထားၿပီး ျပန္လႊတ္မေပးရင္ စစ္ဆင္ေရး တိုက္ခိုက္မႈေတြ လုပ္သြားမယ္လို႔ CDF အဖြဲ႕က ေၾကညာထားရာမွာ ဖမ္းဆီးခံလူငယ္ေတြကို လႊတ္ေပးတာ မရွိတဲ့အတြက္ ဟားခါးၿမိဳ႕မွာ ပစ္ခတ္မႈေတြျဖစ္ပြါးလာေနပါတယ္။

ဖမ္းဆီးသူေတြ မလြတ္မခ်င္း စစ္ေရးကို ဆက္လက္လႈပ္ရွားသြားမယ္လို႔ CDF အဖြဲ႕ေျပာခြင့္ရသူကေျပာပါတယ္။

"မရွိေသးဘူး။ ၆၀ ေက်ာ္။ ဒီေန႔လည္း ၃ ေယာက္ထပ္ဖမ္းတယ္။ ဆိုေတာ့ ဒီလိုမ်ိဳး လုပ္ရပ္ဆက္လုပ္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ထပ္မံၿပီးေတာ့ ဒီလိုမ်ိဳးထိုင္ၿပီးေတာ့ ၾကည့္ေနမွာမဟုတ္ဘူး။"ျ

ပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔ကေန စၿပီး ၄ ရက္ေန႔အထိ ဟားခါးၿမိဳ႕အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ရဲ႕ကင္းစခန္းေတြကို CDF တပ္ဖြဲ႕ေတြကေန ၃ ရက္ဆက္ တိုက္ခိုက္ေနခဲ့တာပါ။

ဒီတိုက္ခိုက္မႈေတြမွာ စစ္ေကာင္စီတပ္ဘက္က ၉ ေယာက္က်ဆုံးၿပီး အမ်ားျပားဒဏ္ရာရတယ္လို႕ CDF တပ္ဖြဲ႕ကေန သတင္းထုတ္ျပန္ထားေပမဲ့ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မေတြ႕ရေသးပါဘူး။

ခ်င္းျပည္နယ္ မင္းတပ္နဲ႔ ဟားခါးၿမိဳ႕ေတြမွာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္ေမွာက္မႈအေပၚ လုံျခဳံေရးတပ္ေတြဘက္က လက္နက္နဲ႔ အၾကမ္းဖက္ၿဖိဳခြင္း ဖမ္းဆီးမႈေၾကာင့္ ေဒသခံေတြကရရာ လက္နက္ကိုင္စြဲ ခုခံေတာ္လွန္လာခဲ့ၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟားခါးမြို့ ကာကွယ်ရေးတပ် စစ်ကောင်စီကင်းစခန်းတွေကို တိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအကြား မေလ ၄ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ဟားခါးဒေသခံ သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ တွေကပြောပါတယ်။ အကြောင်းစုံကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ဟားခါးမြို့ အင်းဝဘဏ်ရှေ့မှာ ရှိတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုံခြုံရေးကင်းစခန်းတခုကို ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ မေလ ၃ ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ CDF အဖွဲ့ပြောခွင့်ရသူကပြောပါတယ်။

"မနေ့ည ၈ နာရီခွဲလောက်မှာပေါ့နော်။ အင်းဝဘဏ်ရှေ့ ဘေးနားမှာ စစ်သူပုန်တွေအခြေချထားတဲ့ တပ်စခန်းတခု ရှိတယ်။ လုံခြုံရေးဂိတ်ပေါ့။ အဲဒီမှာ ၂ ယောက်ရှိတယ်။ ကျနော်တို့ အဖွဲ့သားတွေ သွားပစ်တယ်။ တယောက်က ပွဲချင်းသေတယ်။ တယောက်က ဒဏ်ရာရတယ်။"

ဒီပစ်ခတ်တိုက်ခိုက်မှုအပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ နေထိုင်တဲ့ ဟားခါးဒေသခံသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မြို့ခံတဦးက ပြောပါတယ်။

"မနေ့ကတော့ ကျနော်တို့ CDF က ကင်းရဲစခန်းတခုကို ဝင်ပစ်တာပေါ့နော်။ ဒီနေ့ မနက်မှာလူ ၃ ယောက်သူတို့ အဲဒီ အင်းဝဘဏ်အနောက်မှာရှိတဲ့ အိမ်တအိမ်ကို သူတို့က မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ရဲစခန်းကို မနက် ၈ နာရီခွဲလောက်က။ မိန်းကလေး နှစ်ယောက်နဲ့ ယောကျာ်းလေးတယောက်ပေါ့။ အိမ်ရှင်တယောက်နဲ့ အိမ်ငှါးလင်မယားနှစ်ယောက်ပေါ့။ အခုချိန်ထိတာ့ ပြန်မလွှတ်ပေးသေးဘူးပေါ့နော်။"

ဒါ့အပြင် ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားမှာလည်း မနေ့ညနေပိုင်းမှာ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF အဖွဲ့ပြောခွင့်ရသူကပြောပါတယ်။

"ဟားခါးနဲ့ ထန်တလန်ကြားတော့ ထန်တလန်နဲ့ နီးတော့နီးတယ်။ အဲဒီတနေရာမှာပဲ။ ကျေးရွာတွေမှာ ကင်းလှည့် ပြီးတော့ အဲဒီအဖွဲ့ သူတို့က(စစ်ကောင်စီတပ်) အင်အားနည်းနည်းလေးနဲ့ ၆ ယောက် အဲဒီလိုပုံစံမျိုးနဲ့ နေတဲ့သူတွေက ကျနော်တို့ သွားပစ်တာ။ သူတို့နှစ်ယောက်တော့ ဒဏ်ရာရတယ်။ အကျဆုံးတော့ မသိဘူး။ စစ်သူပုန်ဘက်က။"

ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်မှောက်စဉ်အတွင်း ဖမ်းဆီးခံထားရသူတွေ အားလုံးကို မေလ ၂ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြန်လွှတ်မပေးရင် စစ်ဆင်ရေး တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ CDF အဖွဲ့က ကြေညာထားရာမှာ ဖမ်းဆီးခံလူငယ်တွေကို လွှတ်ပေးတာ မရှိတဲ့အတွက် ဟားခါးမြို့မှာ ပစ်ခတ်မှုတွေဖြစ်ပွါးလာနေပါတယ်။

ဖမ်းဆီးသူတွေ မလွတ်မချင်း စစ်ရေးကို ဆက်လက်လှုပ်ရှားသွားမယ်လို့ CDF အဖွဲ့ပြောခွင့်ရသူကပြောပါတယ်။

"မရှိသေးဘူး။ ၆၀ ကျော်။ ဒီနေ့လည်း ၃ ယောက်ထပ်ဖမ်းတယ်။ ဆိုတော့ ဒီလိုမျိုး လုပ်ရပ်ဆက်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ထပ်မံပြီးတော့ ဒီလိုမျိုးထိုင်ပြီးတော့ ကြည့်နေမှာမဟုတ်ဘူး။"ြ

ပီးခဲ့တဲ့ မေလ ၂ ရက်နေ့ကနေ စပြီး ၄ ရက်နေ့အထိ ဟားခါးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ကင်းစခန်းတွေကို CDF တပ်ဖွဲ့တွေကနေ ၃ ရက်ဆက် တိုက်ခိုက်နေခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဘက်က ၉ ယောက်ကျဆုံးပြီး အများပြားဒဏ်ရာရတယ်လို့ CDF တပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်မှုအပေါ် လုံခြုံရေးတပ်တွေဘက်က လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုကြောင့် ဒေသခံတွေကရရာ လက်နက်ကိုင်စွဲ ခုခံတော်လှန်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG