သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးတိုင္း ထီးလင္းေဒသခံေတြနဲ႔ စစ္ေကာင္စီတပ္အျပန္အလွန္ပစ္ခတ္


မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕နယ္က ေက်းရြာမ်ား ပူးေပါင္းဆႏၵျပတဲ့ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

မေကြးတိုင္းေဒသႀကီး ထီးလင္းၿမိဳ႕အနီး ေက်း႐ြာတခုမွာ ေဒသခံေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ၂ ဘက္အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားေနၿပီး ၂ ဘက္လံုး အေသအဆုံုး ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီတိုက္ခိုက္မႈေတြေၾကာင့္ ၃ မိုင္ေလာက္သာေဝးတဲ့ ထီးလင္းၿမိဳ႕မွာ လူအသြားအလာ မရွိသေလာက္ တိတ္ဆိတ္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုသားၫြန္႔ဦး ကေျပာျပပါမယ္။

မေကြးတိုင္းေဒသဒသႀကီး ထီးလင္းၿမိဳ႕နဲ႔ ၃ မိုုင္ေက်ာ္သာေ၀းတဲ မေကြး-ဂန္႔ေဂါကားလမ္းေဘးက ထန္းတပင္ ေက်းရြာမွာ စစ္ေကာင္စီဘက္က CDM လုပ္ေနတဲ့ ေက်ာင္းဆရာေတြကို ေက်ာင္းျပန္တက္ဖို႔ ဖိအားေပးရာကေန မေန႔ ေမ ၃ ရက္ ကစၿပီး ႐ြာခံေတြနဲ႔တပ္ေတြၾကား အျပန္အလွန္ ပစ္ခတ္မႈ စတင္ခဲ့တာပါ။ ဒီကေန႔ ေမ ၄ ရက္ေန႔ မနက္ပိုင္းမွာလည္း အျပန္အလွန္ ပစ္ခတ္တာေတြ႐ွိခဲ့ၿပီး စစ္ကား ၂ စီးကို ေဒသခံေတြဘက္က မီးရိႈ႕ဖ်က္ဆီးခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ တုိက္ပြဲျဖစ္ပြားေနတဲ့ ထန္းတပင္ေက်းရြာနားအနီးက ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“မေန႔က ပစ္ခတ္မႈက မနက္ ၅ နာရီေလာက္မွာ ပစ္ခတ္ပါတယ္။ အဲ့ဒါၿပီးေတာ့ သူတို႔အခ်င္းခ်င္း အျပန္အလွန္ ပစ္ခတ္မႈျဖစ္ၿပီးတဲ့ေနာက္မွာ စစ္ေကာင္စီဘက္က ထီးလင္းဘက္ကို ျပန္ုဆုတ္လာတယ္။ ရြာသားေတြဘက္က မေန႔ကေန ဒီေန႔အထိ ၃ ေယာက္ က်ဆံုးတယ္။ စစ္ေကာင္စီဘက္ကေတာ့ ၄ ေယာက္က်ဆံုးတယ္လို႔ သတင္းရတယ္။ ဒီေန႔တိုက္ပြဲျဖစ္တဲ့အခါမွာ စစ္သားေတြကို မွ်ားၿပီးေခၚပစ္တဲ့အခါ ဆင္းပစ္ေတာ့ ကားက ဒီအတိုင္းက်န္ေနခဲ့တဲ့ အေနအထားကို ျပည္သူေတြက ဖ်က္စီးၿပီးေတာ့ မီးရိႈ႕တဲ့အေနအထားပါ။”

စစ္တပ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ စစ္သား ၂ ဦး ဒဏ္ရာရတယ္လို႔ ေျပာထားေပမဲ့ ေသဆံုးသူ ႐ွိတယ္လို႔ေတာ့ မေျပာပါဘူး။ ထီလင္း႐ြာသားေတြဟာ သူတုိ႔ကိုင္ေဆာင္ေလ့႐ွိတဲ့ တူမီးေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့ ၾကတာျဖစ္ပါတယ္။ ဒီပစ္ခတ္မႈေတြေၾကာင့္ ထီးလင္းၿမိဳ႕မွာလည္း တိတ္ဆိတ္ေနၿပီး အသြားအလာ မရွိသေလာက္ျဖစ္ေနတယ္လို႔ ထီးလင္းေဒသခံတဦးကေျပာပါတယ္။

“ထီးလင္းၿမိဳ႕ေပၚ လံုၿခံဳေရးက သိပ္အျခအေန မေကာင္းဘူးဗ်။ ဘာေၾကာင့္လည္းဆိုေတာ့ အရင္ေန႔က ျဖစ္လိုက္တဲ့လက္စေရာ၊ ဒီေန႔ျဖစ္လိုက္တဲ့လက္စေရာ ဆိုင္ေတြအကုန္လံုးပိတ္ထားတယ္။ မဖြင့္ေတာ့ဘူး။ ေစ်း၀ယ္ဖို႔ဘာဖို႔ သြားတာလာတာ နည္းနည္းေတာ့ ခဲယဥ္းသြားတာေပါ့။ ၿမိဳ႕ေပၚမွာရယ္ ျဖစ္ေနတဲ့ ေနရာအနီးနား တ၀ိုက္ကရြာေတြမွာဆိုရင္ ဘုန္းႀကီးေက်ာင္းမွာ ေနေနရတဲ့ အပိုင္းေတြရွိတယ္။ ရြာေတြအျပင္ေတြဘာေတြ ထြက္သြားတာေတာ့ မရွိေသးပါဘူး။ က်ီးလန္႔စာစားအေျခအေနေပါ့ တအားႀကီးေတာ့ လံုၿခံဳေရးက သိပ္မေကာင္းဘူးေပါ့ ျပည္သူေတြလံုၿခံဳေရးကေလ။ စစ္ေဆးတာၾကေတာ့ ထီးလင္းအ၀င္ေတာင္ဘက္မွာ တဂိတ္စစ္ေဆးတယ္။ ထီးလင္းၿမိဳ႕အေနာက္ဘက္မွာ တဂိတ္စစ္ေဆးတယ္။ ၂ ေနရာေလာက္ စစ္ေဆးေနတာေပါ့။”

မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္ ေရျပာေက်းရြာမွာလည္း ဒီကေန႔ညေနပိုင္းမွာ စစ္တပ္က လာေရာက္ ပစ္ခတ္တာေၾကာင့္ ၃ ဦးေသဆံုးခဲ့ၿပီး ရြာသားေတြ ထြက္ေျပးေနရတယ္လို႔ ေရျပာေက်းရြာ ေဒသခံတဦးကေျပာပါတယ္။

“သူတို႔က ဘုတ္ကနဲေရာက္လာၿပီးမွ သူတို႔က ေသနတ္ေတြနဲ႔ ပစ္တယ္။ ၿပီးေတာ့ လမ္းေဘးက အိမ္ေတြထဲမွာရွိတဲ့ လူမွန္သမွ်ကိုု ဆြဲေခၚသြားတယ္ရွင့္။ ေသတာ ၃ ဦးလို႔ေတာ့ၾကားတယ္။ အခုခ်ိန္က လူေတြက အကုန္ထြက္ေျပးေနရေတာ့ တိတိက်က်ေတာ့ မသိရေသးဘူး။ ရြာထဲမွာ တေယာက္မွ မရွိေတာ့ဘူး။ အကုန္ ေတာေတြထဲ ေရာက္ကုန္ၿပီ အဲ့ဒီလိုထြက္ေျပးေနရတာ။ သူတို႔က ရြာဘုရားကုန္းျမင့္ကေန ေအာက္ကို တရစပ္ပစ္ေနတာဆိုေတာ့။”

မေန႔ ေမ ၃ ရက္ေန႔ ပစ္ခတ္မႈကို စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ရာမွာေတာ့ ရြာသားေတြဘက္က လက္လုပ္မိုင္းေတြ တူမီးေသနတ္ေတြနဲ႔ ပစ္ခတ္လို႔ စစ္ေကာင္စီဘက္က ေျခာက္လွန္႔ပစ္ခတ္ၿပီး ရြာသား တခ်ိဳ႕ကို လက္လုပ္မိုင္း တူမီးေသနတ္ေတြနဲ႔ အတူ ဖမ္းဆီးရမိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မကွေးတိုင်း ထီးလင်းဒေသခံတွေနဲ့ စစ်ကောင်စီတပ်အပြန်အလှန်ပစ်ခတ်

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့အနီး ကျေးရွာတခုမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဘက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး ၂ ဘက်လုံး အသေအဆုံး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ၃ မိုင်လောက်သာဝေးတဲ့ ထီးလင်းမြို့မှာ လူအသွားအလာ မရှိသလောက် တိတ်ဆိတ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။

မကွေးတိုင်းဒေသဒသကြီး ထီးလင်းမြို့နဲ့ ၃ မိုင်ကျော်သာဝေးတဲ မကွေး-ဂန့်ဂေါကားလမ်းဘေးက ထန်းတပင် ကျေးရွာမှာ စစ်ကောင်စီဘက်က CDM လုပ်နေတဲ့ ကျောင်းဆရာတွေကို ကျောင်းပြန်တက်ဖို့ ဖိအားပေးရာကနေ မနေ့ မေ ၃ ရက် ကစပြီး ရွာခံတွေနဲ့တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့တာပါ။ ဒီကနေ့ မေ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကား ၂ စီးကို ဒေသခံတွေဘက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ထန်းတပင်ကျေးရွာနားအနီးက ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“မနေ့က ပစ်ခတ်မှုက မနက် ၅ နာရီလောက်မှာ ပစ်ခတ်ပါတယ်။ အဲ့ဒါပြီးတော့ သူတို့အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ထီးလင်းဘက်ကို ပြန်ုဆုတ်လာတယ်။ ရွာသားတွေဘက်က မနေ့ကနေ ဒီနေ့အထိ ၃ ယောက် ကျဆုံးတယ်။ စစ်ကောင်စီဘက်ကတော့ ၄ ယောက်ကျဆုံးတယ်လို့ သတင်းရတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့အခါမှာ စစ်သားတွေကို မျှားပြီးခေါ်ပစ်တဲ့အခါ ဆင်းပစ်တော့ ကားက ဒီအတိုင်းကျန်နေခဲ့တဲ့ အနေအထားကို ပြည်သူတွေက ဖျက်စီးပြီးတော့ မီးရှို့တဲ့အနေအထားပါ။”

စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ စစ်သား ၂ ဦး ဒဏ်ရာရတယ်လို့ ပြောထားပေမဲ့ သေဆုံးသူ ရှိတယ်လို့တော့ မပြောပါဘူး။ ထီလင်းရွာသားတွေဟာ သူတို့ကိုင်ဆောင်လေ့ရှိတဲ့ တူမီးသေနတ်တွေနဲ့ ပစ်ခတ်ခဲ့ ကြတာဖြစ်ပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် ထီးလင်းမြို့မှာလည်း တိတ်ဆိတ်နေပြီး အသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ ထီးလင်းဒေသခံတဦးကပြောပါတယ်။

“ထီးလင်းမြို့ပေါ် လုံခြုံရေးက သိပ်အခြအနေ မကောင်းဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ အရင်နေ့က ဖြစ်လိုက်တဲ့လက်စရော၊ ဒီနေ့ဖြစ်လိုက်တဲ့လက်စရော ဆိုင်တွေအကုန်လုံးပိတ်ထားတယ်။ မဖွင့်တော့ဘူး။ ဈေးဝယ်ဖို့ဘာဖို့ သွားတာလာတာ နည်းနည်းတော့ ခဲယဉ်းသွားတာပေါ့။ မြို့ပေါ်မှာရယ် ဖြစ်နေတဲ့ နေရာအနီးနား တဝိုက်ကရွာတွေမှာဆိုရင် ဘုန်းကြီးကျောင်းမှာ နေနေရတဲ့ အပိုင်းတွေရှိတယ်။ ရွာတွေအပြင်တွေဘာတွေ ထွက်သွားတာတော့ မရှိသေးပါဘူး။ ကျီးလန့်စာစားအခြေအနေပေါ့ တအားကြီးတော့ လုံခြုံရေးက သိပ်မကောင်းဘူးပေါ့ ပြည်သူတွေလုံခြုံရေးကလေ။ စစ်ဆေးတာကြတော့ ထီးလင်းအဝင်တောင်ဘက်မှာ တဂိတ်စစ်ဆေးတယ်။ ထီးလင်းမြို့အနောက်ဘက်မှာ တဂိတ်စစ်ဆေးတယ်။ ၂ နေရာလောက် စစ်ဆေးနေတာပေါ့။”

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရေပြာကျေးရွာမှာလည်း ဒီကနေ့ညနေပိုင်းမှာ စစ်တပ်က လာရောက် ပစ်ခတ်တာကြောင့် ၃ ဦးသေဆုံးခဲ့ပြီး ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ရေပြာကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“သူတို့က ဘုတ်ကနဲရောက်လာပြီးမှ သူတို့က သေနတ်တွေနဲ့ ပစ်တယ်။ ပြီးတော့ လမ်းဘေးက အိမ်တွေထဲမှာရှိတဲ့ လူမှန်သမျှကို ဆွဲခေါ်သွားတယ်ရှင့်။ သေတာ ၃ ဦးလို့တော့ကြားတယ်။ အခုချိန်က လူတွေက အကုန်ထွက်ပြေးနေရတော့ တိတိကျကျတော့ မသိရသေးဘူး။ ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ အကုန် တောတွေထဲ ရောက်ကုန်ပြီ အဲ့ဒီလိုထွက်ပြေးနေရတာ။ သူတို့က ရွာဘုရားကုန်းမြင့်ကနေ အောက်ကို တရစပ်ပစ်နေတာဆိုတော့။”

မနေ့ မေ ၃ ရက်နေ့ ပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ ရွာသားတွေဘက်က လက်လုပ်မိုင်းတွေ တူမီးသေနတ်တွေနဲ့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်ပြီး ရွာသား တချို့ကို လက်လုပ်မိုင်း တူမီးသေနတ်တွေနဲ့ အတူ ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG